← Chapters

ဓားသမားများ ကြား တိုက်ပွဲ။

Vol. 58 Ch. 803

ဓားသမားများ ကြား တိုက်ပွဲ။

Vol. 58 Ch. 803

ပြိုင်ဘက်က ဓားကို ပြန် ရုတ်သိမ်း လိုက်သဖြင့်၊ ဖုံးလွှမ်း နေသော လျှပ်စီးများ ပျောက်ကွယ် လိုက်လာသည်။

ထို့ကြောင့် ယန်လဲ့က ပါးစပ် အပြည့် သွေးများ ထွေးထုတ် လာနိုင်၏။ မဟုတ် ပါက တံတွေးပင် ထွေးနိုင်မည် မဟုတ်ချေ။

“ ကျေးဇူး တင်ပါတယ်၊ အဟွတ် ... ဟွတ် ။ ”

ယန်လဲ့ မျက်လုံးများ မှိန်ဖျော့ လာပြီး၊ သွေးချောင်း ဆိုး သွားသည်။ သူတို့ နှစ်ဦးမှာ တူညီသော အဆင့် ၌ပင်၊ မရှိ သဖြင့်၊ အကြိမ် တစ်ရာခန့် ထပ်မံ တိုက်ခိုက် ရမည် လျှင်ပင်၊ ရှုံးရ ပေဦးမည်။

သူတော်စင် ခန္ဓာကိုယ်ကြောင့်၊ တစ်ဖက် လူအား နောင်တွင်၊ ပြန်လည် အနိုင် ယူရန် အခွင့် အရေး ရှိတော့မည် မဟုတ်ချေ။

သည်ခံစား ချက်က သူ့ ခန္ဓာကိုယ် ပေါ်ရှိ ဒဏ်ရာများ ထက်ပင်၊ ပို၍ ဆိုးလှ၏။ ကျင့်ကြံမှု လမ်းမှာ၊ ရက်စက် ကြမ်းကြုတ် သဖြင့်၊ တစ်ယောက် ယောက်ကို အမီ လိုက်ရန်၊ ခက်ခဲ ချေသည်။

“ ငါ အရှုံး ပေးပါတယ်။ ”

အကြာကြီး နှုတ်ဆိတ် နေပြီးနောက်၊ ယန်လဲ့က ပြောသည်။ ထို့နောက် သူ့ ကျောက်စိမ်းပြား ထံမှ ပယင်း ရောင်ဝါများ ပြေးထွက် သွားသည်။

ယင်းကြောင့် ယန်လဲ့၏ နဂါးမှာ နှစ်ဆယ့်တစ် မီတာမှ ဆယ်မီတာ အထိ ကျုံ့ သွား၏။ ဤမြင်ကွင်းက သူ့မျက်နှာကို ပို၍ ဖြူဖျော့ သွားစေသည်။

ထို့နောက် ဘိုင်လိရွှမ် နဂါးမှာ၊ မီတာ သုံးဆယ်ခန့် ကြီးထွား သဖြင့်၊ ဘုရင် သုံးပါးနှင့် တူညီသော အဆင့်သို့ ရောက်ရှိသွားသည်။

“ တိုက်ပွဲ အတွက် ကျေးဇူး တင်ပါတယ်။ ”

နဂါး ပုံရိပ် ထံမှ အာရုံကို ပြန်လည် ဆုတ်ခွာ လိုက်ပြီး၊ လက်ဝှေ့ ယမ်းကာ နှုတ်ဆက်သည်။

“ ဘိုင်လိရွှမ်မှာ ... ၊ ထိပ်ဆုံး ဆယ်ဦး အဆင့်ကို ဝင်ဖို့၊ သေချာပေါက် အခွင့် အရေး ရှိနေတယ်။ ”

“ အထက် တန်းစား ခုနစ် ပါးကို၊ စိန်ခေါ် နိုင်မဲ့ မျိုးဆက်သစ် လူငယ်တွေ ပိုများ လာပြီ၊ တကယ့်ကို ထိတ်လန့် စရာ ပါပဲ။ ”

“ ဘိုင်းလိရွှမ်က လင်းယွန်နဲ့ ဇိုချင်းရှန် အဆင့်မှာ ရှိတယ်၊ ဖန်းဟန် လုဟွာနဲ့ ယွဲ့ဝေဝေ ကိုလည်း၊ နည်းနည်းလောက် စောင့်ကြည့်ဖို့ လိုဦးမယ် ထင်တယ်။ ”

“ ဖန်းဟန် လုဟွာနဲ့ ပတ်သက်ရင်၊ ငါတို့ မမြင်နိုင် တာတွေ များတယ်၊ ယွဲ့ဝေဝေ အတွက် ကတော့၊ ဒီပွဲ အပေါ် အလေး အနက် မထား ဖူးလို့ ခံစားမိ ပါတယ်။ ”

“ ဟဲ ဟဲ ... ဒီပွဲ တွေထက်၊ စတုတ္ထ အုပ်စုရဲ့ ချန်ပီယံ ဘယ်သူ ဖြစ်မလဲ ဆိုတာကို ပို သိချင် လာပြီ။ ”

“ အမှန်ပဲ နန်းဂွန်း ဝမ်းယူနဲ့၊ လီမူဘိုင်းက လင်းယွန်ရဲ့ ကျောက်စိမ်း ပြားကို စိုက်ကြည့် နေကြတယ်။ ”

ဘိုင်လိရွှမ် အောင်ပွဲမှာ၊ လူ အများကို သွေးဆူ လာစေ၏။ အုပ်စု ပြိုင်ပွဲ ပြီးဆုံးရန်၊ လူတစ်ဦး စီ၌၊ သုံးပွဲမှ လေးပွဲ အတွင်းသာ ကျန်ရှိ ပေတော့သည်။

ပထမ အုပ်စုတွင် ချန်ပီယံ ကျန်းဝူကျိ၊ ဒုတိယ အုပ်စု၌ ရန်လောင်ဇီနှင့် တတိယ အုပ်စု၊ ယုဟိုရှင်း တို့ဖြစ်သည်။

ဇိုချင်းရှန်၊ ဘိုင်လိရွှမ်၊ ရှောင်စီယီနှင့် ဝူရှောင်ရှင်း ကဲ့သို့သော လူများ ကသာ၊ ဘုရင် သုံးပါးကို ဖိအားပေး နိုင်ခဲ့သည်။

သို့သော်လည်း သူတို့က ခွန်အားကို ထိန်းသိမ်းရန် လက်နက် ချခဲ့ ကြသည်။ ထိပ်ဆုံး ဆယ်ဦး အဆင့် မသတ်မှတ်ခင်၊ ဝှက်ဖဲ အစစ် အမှန်ကို ထုတ်မပြ ချင် ကြချေ။

နောက်ဆုံးတွင် အရှုံးပေး ခြင်းမှာ၊ ဘုရင် သုံးပါး ကိုသာ ဖြစ်သဖြင့်၊ ခံသာ ပေသေးသည်။

စတုတ္ထအုပ်စု တွင်မူ လင်းတာအို သေဆုံးသွား ပြီးသော်မှ၊ အခြေ အနေ ရှင်းရှင်း လင်းလင်း မရှိ သေးချေ။

လင်းယွန်၊ လီမူဘိုင်းနှင့်၊ နန်းဂွန်း ဝမ်းယူမှာ၊ အခွင့် အရေး ရှိနေ ကြသည်။ သူတို့ အချင်းချင်း တွေ့ဆုံ မှုတွင် ကျန်တစ်ဦးမှာ သေချာပေါက် အကျိူး ကျေးဇူး ရနိုင် ပေမည်။

တစ်ယောက် ယောက်က ရှုံးခဲ့ လျှင်ပင်၊ နောက်ဆုံး အနိုင်ရ သူကို စိန်ခေါ်ရန် အခွင့် အရေး တစ်ရပ် ရှိနေသည်။

လင်းယွန်က နောက်ထပ် ပွဲစဉ် အဖြစ်၊ အခြားသော ထိပ်တန်း ပါရမီရှင် တစ်ဦးကို အနိုင် ယူရန် အချိန် အတော်ကြာ ခဲ့သည်။

မိုးကြိုး၊ အလင်းခွဲ ဖြတ်ခြင်းနှင့်၊ မဟာ ပေါက်ကွဲမှု တို့ကို၊ ထုတ်ဖော် မှသာလျှင် အနိုင်ရ ခဲ့သည်။

လက်ကျန် ပွဲစဉ် အဖြစ် လီမူဘိုင်း၊ နန်းဂွမ်း ဝမ်းယူ တို့နှင့် ယှဉ်ပြိုင် ရမည့်၊ ပွဲစဉ် နှစ်ပွဲသာ ကျန်ရှိ တော့သည်။ သို့သော် မည်သူအား ဦးစွာ ရင်ဆိုင်ရ မည်ကို မသိ နိုင်ပေ။

ထိုအချိန်မှာပင် ဒိုင် အဖိုးအိုက၊

“ စတုတ္ထ အုပ်စု၊ လီမူဘိုင်းနဲ့ နန်းဂွန်း ဝမ်းယူ။ ”

-ဟူ၍ ကြေညာ လာတော့သည်။

ကံတရားက သူ့ဘက်မှာ ရှိနေပုံ ရ၏။ နန်းဂွန်း ဝမ်းယူနှင့် လီမူဘိုင်း တို့မှာ အံ့အားသင့် သွားသည်။

လင်းယွန်နှင့် ဦးစွာ ရင်ဆိုင်ရန် မျှော်လင့်ထား သောကြောင့်၊ ကူကယ်ရာ မဲ့စွာ ပြုံးလိုက် ကြသည်။

“ လင်းယွန် ၊ မင်း အရမ်း ကံကောင်းတယ်။ ”

ဖန်းယီ၊ ကာကွယ်သူ မက်မွန်နှင့် ချင်အင်ပါယာ၏ အဖွဲ့သားများ အားလုံးက ပြုံးရယ် လာ ကြသည်။ ပြိုင်ဘက် နှစ်ဦးကြား တိုက်ပွဲမှာ၊ လင်းယွန် အတွက် အကျိုးရှိ နိုင်မည် ဖြစ်သည်။

လင်းယွန်က ပြုံးပြီး ငြိမ်နေ လိုက်သည်။ သူ့ဘဝ၌ ကံကောင်းခြင်း ဟူ၍ မရှိချေ။ မိုးပြာ နဂါး မူလ ပုံစံ ဖြင့်၊ သန်မာကြောင်း သက်သေ ပြခဲ့ပြီး ဖြစ်သည်။

နန်းဂွန်း ဝမ်းယူ သို့မဟုတ် လီမူဘိုင်း တို့သည် သူ့အား အသာစီး ရလိုသော်၊ ဝှက်ဖဲ ထုတ်ဖော် ရမည်မှာ သေချာသည်။

သို့သော် ပြိုင်ဘက် နှစ်ဦးတွင် သူ့အား ကိုင်တွယ် ဖြေရှင်းရန်၊ ကိုယ်ပိုင် နည်းလမ်းများ ရှိနိုင် ပေဦးမည်။

ထို့ကြောင့် သူတို့ နှစ်ဦး၏ တိုက်ပွဲ အပေါ်၊ လျစ်လျူရှု နိုင်လောက်သည် အထိ၊ မမောက်မာ ဝံ့ချေ။ ဝှက်ဖဲ များကို ဖုံးကွယ် ထားသော အင်အားကြီး ပြိုင်ဘက်များ ဖြစ်လေသည်။

သဘာဝ ဖြစ်စဉ် နှစ်ရပ်နှင့် အတူ၊ ဓားရောင်ခြည် နှစ်စင်း တောက်ပ လာသည်။ ဤသည်မှာ ပြီးပြည့်စုံသော ရှန်ရှင်းဓားများ ဖြစ်၏။ ဝိညာဉ်ရေး ဓား အဆင့်သို့ ခြေတစ်ဖက် လှမ်းလု နီးနီး ပေပင်။

“ ငါတို့ မတိုက် ရတာ ... ၊ လေးနှစ် ရှိပြီ မဟုတ်လား။ ”

လီမူဘိုင်းက ဆိုသည်။ လွန်ခဲ့သော လေးနှစ်က နန်းဂွန်း ဝမ်းယူကို ရှုံးနိမ့် ခဲ့ပြီး၊ ပထမ ဓားသမား ဘွဲ့ကို ပေးအပ် လိုက်ရသည်။

ထို့ကြောင့် ဓားဂိုဏ်း၏ အမွေကို ဆက်ခံ ထားသည့် ကောင်းကင် ဓားဂိုဏ်း အနေဖြင့် အလွန် အရှက်ရ ခဲ့သည်။

“ အင်း ... ဟုတ်တယ်၊ ငါ့တို့ တကယ်ကို လေးနှစ်ရှိ သွားပါပြီ၊ အချိန် တွေက အရမ်း အကုန်မြန် လိုက်တာ၊ စလိုက် ကြစို့ ... ။ ”

နန်းဂွန်း ဝမ်းယူက ပြန်လည် ဖြေကြား လိုက်သည်။ သူတို့ နှစ်ဦးကြား ခံစားချက်မှာ၊ လူတိုင်း မျှော်လင့်ထား သကဲ့သို့ ပြိုင်ဆိုင်မှု မပြင်း ထန်ချေ။

ဆက်ဆံရေး ကောင်းကို ပိုင်ဆိုင် ထားသည်။ ထို့အပြင် လင်ယွန်အား အဆင့်တူ၌ မသတ်မှတ် ထား သကဲ့သို့၊ အခွင့်ရေး ပေးရန်လည်း ဆန္ဒ မရှိချေ။

ထို့ကြောင့် ဖြစ်ပေါ် လာသော တိုက်ပွဲမှာ၊ လူအုပ်တိုင်း မျှော်လင့်ထား သည်ထက် ပို၍၊ ပေါ့ပါး နေလေသည်။

ချန်ပီယံ ခွဲတမ်း အတွက်၊ တိုက်ပွဲ ဝင်နေ သည်နှင့် မတူဘဲ၊ ယင်းအစား စိတ်လှုပ်ရှား စရာ ကောင်းအောင်၊ ဓားရေး လေ့ကျင့်ပြ နေသလိုမျိုး ပေပင်။

ဘိုင်လိရွှမ်နှင့် ယန်လဲ့ တို့၏ တိုက်ပွဲ လောက်ပင်၊ မပြင်းထန် ခဲ့ပေ။ သို့သော် လင်းယွန်က အလွန်အမင်း တွေးပူ မနေဘဲ၊ တိုက်ပွဲ ကိုသာ အာရုံစိုက် နေခဲ့သည်။

သူ့ မျက်လုံး ထဲတွင် နှစ်ယောက် စလုံးက အလျော့ ပေးရန် ဆန္ဒ မရှိ သောကြောင့်၊ အလွန် စိတ်လှုပ်ရှား စရာ ကောင်းပေသည်။

နှင်းဓား ရည်ရွယ်ချက်နှင့် တောင်မြစ်ဓား ရည်ရွယ်ချက် နှစ်ခုကို ကြည့်ကာ၊ ပေါင်းစပ်ဓား ရည်ရွယ်ချက် အပေါ်၊ ထိုးထွင်း နားလည် လာသည်။

“ သူတို့က တကယ် သန်မာ တာပဲ၊ နန်းဂွန်း ဝမ်းယူက ဘယ်လမ်းကို ရွေးခဲ့လဲ ဆိုတာကို၊ ငါ နားလည်ပြီ။ ”

လင်းယွန်က တီးတိုး ရေရွတ် လိုက်သည်။ ဝိညာဉ်ရေး ဓားကို မဆုပ်ကိုင် နိုင်သောကြောင့်၊ နှင်း ရည်ရွယ်ချက်နှင့် ဓားရည်ရွယ်ချက်ကို ပေါင်းစပ်ကာ၊ သိုင်းရည်ရွယ်ချက် အသစ် တစ်ခု အဖြစ်၊ ဖန်တီး ခဲ့သည်။

၎င်းတွင် ဓား တစ်လက်၏ ထက်ရှမှု နှင့်အတူ၊ နှင်း၏ အေးခဲသော ဂုဏ်ရည်များ ပါရှိ လေသည်။

သို့သော် ဝိညာဉ်ရေး ဓားနှင့် နှိုင်းယှဉ် ပါက၊ အနည်းငယ် အားနည်း နေသေး၏။ ဝိညာဉ်ရေး ဓားမှာ၊ ပိုးအိမ်မှ လိပ်ပြာ တစ်ကောင် တိုးထွက် လာ သကဲ့သို့၊ အသွင်ပြောင်း သွားခြင်း ဖြစ်သည်။

ဥပမာ အားဖြင့် ရှန်ရှင်းဓား ဟူသည်၊ သစ်ပင်အား အမှုန့် အဖြစ်သို့၊ ပြောင်းလဲ နိုင်ပြီး၊ ဝိညာဉ်ရေး ဓားမှာ သစ်ပင်၏ ရှင်သန်မှုအား ဖျက်ဆီး ပစ်ခြင်း ဖြစ်သည်။

ထို့ကြောင့် လင်းယွန်၏ ပထမဆုံး ပြိုင်ဘက်မှာ၊ သေမင်းနှင့် ထိတွေ့မိ သကဲ့သို့ ခံစား ခဲ့ရသည်။

အကြည့် တစ်ချက် ဖြင့်ပင် တကယ် သတ်ပစ် နိုင်၏။ ထို့ကြောင့် နန်းဂွန်း ဝမ်ယူနှင့် လီမူဘိုင်းတို့ သည်သာ၊ ပေါင်းစပ်ဓား ရည်ရွယ် ချက်ကို၊ နားလည် သဘောပေါက် ထားခြင်း မရှိ ပါက၊ သူအား ယှဉ်နိုင်စရာ နည်းလမ်း မရှိပေ။

နောက်ဆုံးတွင် သူ၏ ဓားမှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို ကျော်လွန် သွားပြီ ဖြစ်သည်။

“ နန်းဂွန်း ဝမ်းယူ အနိုင်ရ လိမ့်မယ်။ ”

လင်းယွန် ရုတ်တရက် ပြောလိုက်သည်။

“ ဘာက မင်းကို ဒီလောက် သေချာစေ တာလဲ။ ”

ကာကွယ်သူ မက်မွန်က ပြန်မေးသည်။

“ စောင့် ကြည့် ပါ။ ”

လင်းယွန်က ပြန်လည် တိတ်ဆိတ် သွား၏။ နှင်းဓား ရည်ရွယ်ချက်ကြောင့်၊ တောင်မြစ်ဓား အက်ကွဲ လာသည်ကို သူ ခံစား နိုင်သည်။

“ စိတ်ဝင်စား စရာပဲ၊ သူ့ နှစ်ဦး ကြားက ကွာဟ ချက်က ဘာများလဲ။ ”

ဝိညာဉ်ရေး ဓားကို အသုံး ပြုကာ၊ လီမူဘိုင်းတို့ တိုက်ပွဲထံ အာရုံစိုက် လိုက်သည်။ ထို့ကြောင့် အခြား လူများ မမြင် နိုင်သည့် အရာကို သူ မြင်၏။

တောင်မြစ်ဓားတွင် ဟာကွက်များ ပြည့်နေပြီး၊ နှင်းဓား ရောင်ခြည်ကို အသည်း အသန် တွန်းလှန် နေရသည်။

ထို့နောက် နှင်းဓားက၊ ရုတ်တရက် ပေါက်ကွဲသွား၏။ ကြည့်ရှုသူ အားလုံး မြင်လိုက် ရသည်မှာ၊ စူးရှ လွန်းသော ဓားရောင်ခြည် တစ်စင်း မျှသာ ဖြစ်ပြီး၊ ထိုထက် ပို၍ မမြင်နိုင် ခဲ့ချေ။

မှုန်းဝါး နေသော လှိုင်းများ၊ ပြန်လည် ပျောက်ကွယ် လာသော အခါတွင်၊ လီမူဘိုင်း တစ်ယောက် ဆုတ်ခွာ သွား သည်ကို မြင်လိုက် ရသည်။

သူ့ လည်ပင်းအား လက်ဖျားဖြင့်၊ တို့ထိကြည့် လိုက်ရာ၊ သွေးစများ ကပ်ပါလာ သဖြင့်၊ ကျောရိုး တစ်လျှာက် စိမ့်တက် သွားသည်။

သူတို့ နှစ်ဦးမှာ လေ့ကျင့် နေရုံ မျှသာ ဖြစ်သော်လည်း၊ အနည်း ငယ်သော အတိမ်း အစောင်း မှသည်၊ အသက်အား ဆုံးရှုံး နိုင်မည် ဖြစ်၏။

တိုက်ပွဲ ပြီးချိန်တွင် လင်းယွန်၏ မျက်လုံး များမှ သွေးများ စီးကျ လာသည်။

“ လင်းယွန် ... ၊ မင်း မျက်လုံးက ဘာဖြစ် သွားတာလဲ။ ”

ကာကွယ်သူ မက်မွန်နှင့် အခြားသူ များက ယင်းကို မြင်ပြီး လင်းယွန် အတွက် စိုးရိမ်သွား လေသည်။

***

All Chapters