← Chapters

ပျံသန်း နေသော နှင်းနှင့်၊ ပန်းသင်္ချိုင်း။

Vol. 58 Ch. 805

ပျံသန်း နေသော နှင်းနှင့်၊ ပန်းသင်္ချိုင်း။

Vol. 58 Ch. 805

မည်မျှပင် ကြိုးစား စေကာမူ၊ နတ်နဂါး ရုပ်တု အတွင်းမှ ရုန်းမထွက် နိုင်ခဲ့ချေ။

နတ်နဂါး ရုပ်တုတွင် ချိတ်ဆွဲ ခံရသည့်၊ တစ်ဦး တည်းသော ပြိုင်ပွဲဝင် အဖြစ်၊ နှစ်ပေါင်း များစွာ ကြာအောင် ပြောစမှတ် တွင်ပေ တော့မည်။

အထက် တန်းစား ခုနစ်ပါး အနက် တစ်ပါးဖြစ် သဖြင့်၊ ပို၍ ဆိုဖွယ် မရှိတော့ချေ။ ဤရလာဒ်ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားကုန်သည်။

လင်းယွန် ထံမှ အန္တရာယ် ပေးနိုင်သော အငွေ့အသက် များကို ပထမဆုံး အကြိမ် ခံစား လိုက်ရ သဖြင့်၊ ရန်လောင်ဇီ တစ်ယောက် တုန်လှုပ် သွားသည်။

လင်းယွန်အား ပြိုင်ဘက် အဖြစ်၊ တစ်ကြိမ် မျှပင် ရှုမြင် ထားခြင်း မရှိချေ။ ကျန်းဝူကျိ နှင့် ယုဟိုရှင်း သည်သာ၊ သူ့ကို ခြိမ်းခြောက် နိုင်သည်။

သို့သော် ယင်းမှာ မှားယွင်း နေကြောင်း၊ လင်းယွန်မှ သတိပေး လာ၏။ အဆိပ်ပြင်းသော မြွေ တစ်ကောင် ကဲ့သို့၊ ရုတ်တရက် ပြောင်းလဲ သွားခြင်းကို၊ နားမလည် နိုင်ခဲ့ချေ။

“ ဒီ ကောင် … ။ ”

ကျန်းဝူကျိ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။ သို့သော် လီမူဘိုင်းမှ လင်းယွန်၏ ခွန်အား အချို့ကို တူးဖော် နိုင်ခဲ့သည့် အတွက်၊ ကောင်းချေ၏။

ထို့ကြောင့် ယခု ချိန်၌ လင်းယွန် အနေဖြင့်၊ သူ့အား အငိုက်ဖမ်း တိုက်ခိုက် နိုင်တော့မည် မဟုတ်ချေ။

လူတိုင်း၏ ထိတ်လန့် မှုမှာ၊ အဆင့် သစ်သို့ ရောက်ရှိ သွားသည်။ အထက် တန်းစား တစ်ပါး ဖြစ်သော လင်းတာအိုကို သတ်ပြီး၊ လီမူဘိုင်း အပေါ်၊ ဓား တစ်ချက်ဖြင့် အနိုင်ယူ ခဲ့သည်။

ဤသို့သော စွမ်းရည် မျိုးမှာ၊ ဘုရင် သုံးပါး တွင်သာ ရှိချေ၏။ လင်းယွန်က လီမူဘိုင်းကို အေးစက်စွာ စိုက်ကြည့် လိုက်သည်။

သူက သဘောကောင်း သူ တစ်ဦး မဟုတ်ချေ။ အထက် တန်းစား ခုနစ် ပါး၏၊ မောက်မာမှု များမှာ၊ သူနှင့် မသက်ဆိုင် သော်လည်း၊ လီမူဘိုင်းက အနည်းငယ် လွန်လွန်း လေသည်။

တိမ်၊ ရွှံ့နှင့်၊ နဂါးများ အကြောင်း၊ အဓိပ္ပါယ် မဲ့စွာ ခိုင်းနှိုင်းဖွဲ့ ဆိုလာသည်။ ဤသို့ စကားကြီး စကားကျယ် ပြောဆိုသော လူ များကို၊ ရွံရှာ ပေ၏။

လင်းယွန်က အတွေး များကို ပြန်ရုတ်သိမ်း လိုက်ပြီး၊

“ လီမူဘိုင်း ... ၊ မင်းကိုယ်တိုင် ငါတို့ ရလာဒ်ကို တစ်ကြိမ် တည်းနဲ့ ဆုံးဖြတ် မယ်လို့၊ ပြောခဲ့တာ မဟုတ်လား၊ ... ”

“ ... ပထမ အကြိမ် တုန်းက၊ ငါ့ ဓားကို မဆွဲတဲ့ အတွက် အကျုံး မဝင်ဖူးလို့ ပြောတယ်၊ အခု ငါဓား ဆွဲပြီ၊ မင်း ဘာပြောချင် သေးလဲ။ ”

သူ့စကား များက လီမူဘိုင်း အပေါ်၊ ညှာတာမှု မရှိချေ။ ပထမ အကြိမ် ကတည်းက၊ ရှုံးနိမ့်မှုကို ဝန်မခံ ခဲ့သောကြောင့်၊ လီမူဘိုင်း မာနအား နင်းချေရန် ဆုံးဖြတ် ထားပြီး ဖြစ်သည်။

“ ဒါက နည်းနည်းတော့ ရက်စက်တယ် မဟုတ်လား၊ အထက် တန်းစား တစ်ပါးကို၊ လင်းယွန်ရဲ့ ဆက်ဆံ ပုံက ခွေးလေ ခွေးလွင့် တစ်ကောင်နဲ့၊ အခြားဘူး။ ”

“ ကောင်းကင်ဓား ဂိုဏ်း အတွက်၊ အရမ်း ရှက်စရာ ကောင်းတယ်။ ”

“ ငါသာ လင်းယွန် ဆိုရင်လည်း၊ ကြင်နာ နေမှာ မဟုတ်ဘူး၊ လီမူဘိုင်း စကား တွေက၊ အရမ်း လွန်တယ်။ ”

“ ဟား ဟား ဟား ... ၊ ဘာတဲ့ ကောင်းကင်မှာ ပျံနေတဲ့ နဂါး ဟုတ်လား၊ ငါ မြင်တာတော့ တံခါး ကြားမှာ ညပ်နေတဲ့ အိမ်မြောင် တစ်ကောင် ပါပဲ။ ”

အထက်ပါ ဝေဖန်သံ များကို ကြားနေ ရသဖြင့်၊ လီမူဘိုင်း တစ်ယောက် သတိလစ် ချင် သွားသည်။

“ ... ရှုံးနိမ့် တာကို ဝန်ခံတယ် ။ ”

ထို့ကြောင့် အံကြိတ်လျက် ဆိုလိုက်သည်။ သည်အခြေ အနေမှ လွတ်မြောက်ရန် အလျင်လို လာမိ၏။

ပယင်း ရောင်ဝါ တစ်ဝက်က၊ လင်းယွန် ကျောက်စိမ်းပြား အတွင်းသို့၊ ပျံသန်း ဝင်ရောက် သွားသည်။

နဂါး ပုံရိပ်မှာ၊ မီတာ (၃၀) နီးပါး ရှိနေ သဖြင့်၊ ဆက်လက် ကြီးထွား မလာဘဲ၊ ပို၍ သေးကျုံ့ သွား၏။

ဆိုလို သည်မှာ အခြား သူများ ကဲ့သို့ပင်၊ နဂါး ပုံရိပ်က ကန့်သတ်ချက်သို့ ရောက်ရှိ သွားပြီ ဖြစ်သည်။

လင်းယွန်က ကောင်းကင်ပေါ် ခုန်တက်လျက်၊ ပန်းသင်္ချိုင်း ဓားကို ပြန်ဆွဲ နှုတ်ကာ၊ ဓားအိမ်ထဲ ထည့်သိမ်း လိုက်သည်။

“ သူ့ကို မြန်မြန် ကယ် ... ။ ”

ကောင်းကင်ဓား ဂိုဏ်း၏ အကြီး အကဲ နှစ်ဦး၊ စင်မြင့်ပေါ် ချက်ချင်း ပျံသန်း ရောက်ရှိ လာပြီး၊ လီမူဘိုင်းကို ဖမ်းယူ လိုက်၏။

“ ဝှစ် ... ။ ”

လီမူဘိုင်းက နာကျင်မှုကြောင့်၊ မေ့မျော သွားပြီ ဖြစ်သဖြင့်၊ ကောင်းကင်ဓား ဂိုဏ်း၏ အကြီးအကဲ များက၊ ညင်သာစွာ ချီမ သွားသည်။

အဓိက ဒဏ်ရာမှာ၊ နှလုံးဘေး တွင် ရှိ၏။ အနည်းငယ် လွဲချော်ရုံ ဖြင့်ပင်၊ သေဆုံး သွားနိုင် ပေသည်။

“ အစ်ကိုကြီး နန်းဂွန်း၊ ဒီလင်းယွန်က ကြောက်စရာတော့ ကောင်းသားနော်၊ လီမူဘိုင်း ကို ဓား တစ်ချက် တည်းနဲ့၊ အနိုင်ယူ သွားတယ်။ ”

မြောက်ပိုင်း နှင်းစံအိမ်၏ တပည့် တစ်ဦးက၊ လင်းယွန်ကို ကြည့်ကာ ဆိုလိုက်သည်။ နန်းဂွန်း ဝမ်းယူမှ ပြုံးလျက်ဖြင့်၊

“ မင်း မြင်သမျှက၊ အမှန် မဟုတ်ဖူး ဆိုတာကို၊ ဓားသမား တစ်ယောက် အနေနဲ့၊ အမြဲ မှတ်ထားပါ။ ”

ဓားသမားများ၏ အမြင်မှာ၊ ထက်ရှ လှသဖြင့်၊ မည်သည့် လှည့်ကွက် များစွာကို မဆို မြင်တွေ့ နိုင်ပြီး၊ အမှန် တရားအား ရှာဖွေ နိုင်သည်။

ထို့ကြောင့် အဖြစ် အပျက်ကို အဖြေရှာ တွေ့ရန် မခဲယဉ်း ခဲ့ပေ။ သို့သော် ၎င်းအား ရှင်းပြ လိုချင်း မရှိ သည်မှာ အမှန်ပင်။

မဟာချင် အင်ပါယာ အဖွဲ့သား များက၊ လင်းယွန်ကို ကြည့်ပြီး၊ မှင်တက် ကုန်သည်။ ထိုစွမ်းအားမှာ သူတို့ စိတ်ကူးကို ကျော်လွန် နေ၏။

ထို့ကြောင့် မေးခွန်း များစွာ ထွက်လာ ချိန်တွင်၊ အကြောင်း အရာများကို မရှင်း ပြမီ၊ လင်းယွန် တစ်ယောက် အနည်းငယ် စဉ်းစား လိုက်သည်။

လီမူဘိုင်းမှာ အားနည်းခြင်း မရှိချေ။ နန်းဂွန်းဝမ်းယူနှင့် တိုက်ပွဲ ကိုသာ ကြည့်ခွင့် မရ ပါက၊ ဤမျှ လွယ်ကူမည် မဟုတ်ကြောင်း ပြောနိုင်သည်။

လီမူဘိုင်း၏ အားနည်းချက်ကို ရှာတွေ့ ခဲ့ခြင်း ဖြစ်သည်။ ဓားရေး တိုင်းတွင် ဟာကွက် ရှိ၏။ သခင့်ဓား သည်လည်း ချွင်းချက် မရှိချေ။

အားနည်း ချက်မှာ သေးငယ်သည် ဖြစ်စေ၊ ကြီးမားသည် ဖြစ်စေ၊ တွေ့ရှိ သူက ပြိုင်ဘက် အပေါ်၊ အသေသတ် နိုင်ပေမည်။

အုတ်မြစ်ကို ဖယ်ရှား ခံလိုက်ရ ပါက၊ အဆောက် အအုံ တစ်ခုလုံး ပြိုကျ သွားခြင်းနှင့် တူ၏။

လီမူဘိုင်းသည် ထိုအားနည်း ချက်ကို နားမလည် သဖြင့်၊ လင်းယွန် ပြောပြ သော်မှ၊ အမြဲတမ်း ရှုံးနေ ဦးမည် ဖြစ်သည်။

“ ဒါပေမယ့် မင်းရဲ့ အားနည်းချက်ကို တွေ့ခဲ့ ရင်တောင်၊ ငါ မင်းကို အနိုင်ယူ နိုင်မှာ မဟုတ် ပါဘူး၊ ဒါက စစ်မှန်တဲ့ ခွန်အားလည်း လိုတယ် မဟုတ်လား။ ”

ဖန်းယီက လင်းယွန်၏ ရှင်းပြချက်ကို နားထောင် ပြီးနောက်၊ အရေးကြီးဆုံး အရာအား ထောက်ပြ ခဲ့သည်။

“ အဲဒါတော့ အမှန်ပဲ ... ။ ”

လင်းယွန်က ဖန်းယီ အမြင်ကို မငြင်းချေ။

ယခု အချိန်၌ အင်ပါရီယန် တစ်ပါး၏ ဟာကွက် များကို၊ ရှာတွေ့ထား လျှင်ပင်၊ ဘာမျှ လုပ်နိုင်မည် မဟုတ်ကြောင်း၊ သူ သိသည်။

“ ဒါနဲ့ ... ၊ နန်းဂွန်း ဝမ်းယူကို အနိုင် ယူဖို့၊ မင်းမှာ ဘယ်လောက် အထိ ယုံကြည်မှု ရှိလဲ။ ”

ကာကွယ်သူ မက်မွန်က၊ စကားဖြတ် မေးလိုက်သည်။ နောက်ဆုံးတွင် ဤသည်မှာ၊ အရေး ကြီးသော တိုက်ပွဲ ဖြစ်သဖြင့်၊ အနိုင်ရ ပါက ထိပ်ဆုံး ဆယ်ဦး အတွင်း၊ ဝင်ရောက် နိုင်မည် ဖြစ်သည်။

“ ငါးဆယ် ရာခိုင်နှုန်း ... ၊ ယုံကြည်မှု ရှိတယ်။ ”

တစ်ရာ ရာခိုင်နှုန်း မဟုတ် သော်လည်း၊ ငါးဆယ် ရာခိုင်နှုန်း သည်ပင်၊ မဆိုးဟု ဆိုနိုင် ချေသည်။

လီမူဘိုင်းနှင့် တိုက်ပွဲမှာ၊ အန္တရာယ် ရှိပုံပေါက် သော်လည်း၊ လင်းယွန်မှ လွယ်ကူစွာ အနိုင် ရခဲ့သည်။ ထို့ကြောင့် ယင်းသို့ မဖြစ် နိုင်ဟု၊ မည်သူမျှ မပြော နိုင်ချေ။

“ စတုတ္ထ အဖွဲ့ရဲ့ နောက်ဆုံး တိုက်ပွဲ၊ လင်းယွန်နဲ့ နန်းဂွန်း ဝမ်းယူ။ ”

ကျယ်လောင်သော အသံက၊ စကား ဝိုင်းကို ပြတ်တောက် သွားစေ၏။ ယင်းမှာ နောက်ဆုံး တိုက်ပွဲ ဖြစ်ချေပြီ။

ဤတိုက်ပွဲမှာ စတုတ္ထ အုပ်စု အတွက် ချန်ပီယံကို အဆုံး အဖြတ်ပေး ရုံ သာမက၊ အပြင်းထန် ဆုံသော ဓားသမား ဘွဲ့ကိုလည်း ရရှိမည် ဖြစ်သည်။

နန်းဂွန်း ဝမ်းယူမှာ၊ တောက်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ အသန်မာ ဆုံးသော ဓားသမား တစ်ဦး ဖြစ်သည်ကို၊ မေးခွန်း ထုတ်စရာ မရှိချေ။

သို့သော် လင်းယွန်က မြင်းနက် တစ်ကောင် အဖြစ် ထွက်ပေါ် လာပြီး၊ သူ့အား ခြိမ်းခြောက် လာခဲ့သည်။

လီမူဘိုင်းအား အနိုင် ယူပြီးနောက်၊ လင်းယွန် ထံ၌ ဓားသမား တစ်ယောက်၏ ကျက်သရေနှင့်၊ လွှမ်းမိုး နိုင်စွမ်းကို မြင်တွေ့ ခဲ့ရ၏။

ယင်း မတိုင်မီ နန်းဂွန်း ဝမ်းယူကို စိန်ခေါ်ရန်၊ လင်းယွန်၌ အရည် အချင်း မပြည့်မီ သေးဟု၊ လူ အများက ထင်သည်။

“ ဝှစ် ... ။ ”

လေထဲ၌ ဓားသွားမြည် သံများ ဆူညံ လာပြီး၊ လူ နှစ်ယောက် ကောင်းကင် ပေါ်သို့ ခုန်တက်ကာ၊ စင်မြင့်ထံ ဆင်းသက် လာ၏။

ဒိုင် အဖိုးအိုက လင်းယွန်ကို လေးလေး နက်နက် ကြည့်သည်။ တွေ့စ ကတည်း ကပင် ဤလူငယ် ထက်ရှမှန်း၊ သူ သိ၏။

သို့သော် ထိုဓားကို၊ နောက်ပွဲစဉ် များ၌ မတွေ့ ရတော့ သဖြင့်၊ အမြင်မှား မိသလား ဟုပင်၊ တွေးလိုက် မိသည်။

ထို့ကြောင့် သည်တိုက်ပွဲ၌၊ ယင်းကို အတည်ပြု နိုင်လိမ့် မည်ဟု မျှော်လင့်၏။ သူသာ မမှား ပါက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ မဆိုနှင့်၊ မဟာမိတ် အဖွဲ့၏ မြေခွေးအို ကြီးများ ကိုပင်၊ တုန်လှုပ် သွားစေ ပေလိမ့်မည်။

စင်မြင့် ပေါ်ရှိ နန်းဂွန်း ဝမ်းယူ၏ အသွင်မှာ၊ မိန်းကလေး တစ်ဦး အလား၊ ထင်မှား ရအောင် ချောမော နေလေသည်။

“ လီမူဘိုင်းကို ... ၊ အနိုင်ယူ နိုင်ပြီ ဆိုတည်းက၊ ငါ့ ဓားရေးရဲ့ ချို့ယွင်းချက်ကို မင်းမြင် လိုက်ပြီ လားလို့၊ ငါ တွေးမိတယ်။ ”

လီမူဘိုင်းကို လင်းယွန်မှ တစ်ချက် တည်းဖြင့်၊ အနိုင်ယူ နိုင်ခဲ့ ရသည့် အကြောင်း ရင်းကို သူ သိသည်။ သို့သော် သူ့ ဓားရေး အပေါ်၊ အကြွင်းမဲ့ ယုံကြည်၏။

“ အင်း ... ၊ ငါ နည်းနည်းတော့ တွေ့ထားတယ်။ ”

-ဟု လင်းယွန်က ဝန်ခံ လိုက်သည်။

“ အိုး ... တကယ် ပဲလား၊ ငါ့ရဲ့ နောက်ဆုံး ဓားကို၊ ခမ်းနားသော အရိပ် ခေါ်နိုင် သလို၊ ‘ချွင်းချက် မရှိ’ လို့လည်း ခေါ်နိုင်တယ်။ ”

“ ချွင်းချက် မရှိ … လား၊ ဒီနာမည်နဲ့ ထိုက်တန် ပါတယ်။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။ နန်းဂွန်း ဝမ်းယူ၏ ဓားမှာ၊ တကယ်ပင် ရင်သပ် ရှုမော ဖွယ်ရာ ဖြစ်ပြီး၊ မဖြစ် စလောက်သော အမှား လေးသာ ပါရှိ လေသည်။

“ လီမူဘိုင်းကို မင်းက အနိုင်ယူ နိုင်ခဲ့တဲ့ အတွက်၊ ငါ ပျော်တယ်၊ မဟုတ်ရင် ပျင်းမိမှာ အမှန်ပဲ၊ အခုတော့ စိတ်လှုပ်ရှား ရပြီ။ ”

“ ငါလည်း အတူတူ ပါပဲ။ ”

လင်းယွန်က တည်ငြိမ်စွာ တုန့်ပြန် လိုက်သော်လည်း၊ တိုက်ပွဲဝင် စိတ်ဓာတ်များ ပြည့်နှက် လာသည်။

ဝိညာဉ်ရေး ဓားကို မသုံးဘဲ၊ ပြိုင်ဘက် အပေါ် အနိုင်ယူ နိုင်ခြင်း ရှိ-မရှိ သိချင် နေခဲ့ သည်။ ဤသို့ ဆိုပါက ဓားနှင့် ပတ်သက်ပြီး၊ နားလည် နိုင်စွမ်းများ၊ တိုးလာ နိုင်ပေ၏။

“ ငါ့ ဓားကို ‘ပျံသန်း နေသော နှင်း’ လို့ ခေါ်တယ်။ ”

နန်းဂွန်း ဝမ်းယူက ပခုံး နှစ်ဖက်ကို တဖြောင့်တည်း ပြင်ယူလျက်၊ ခန္ဓာကိုယ် အပေါ် ပိုင်းကို ခါးမှ စ၍ ကွေးညွှတ်ကာ၊ ဓားအား လက် နှစ်ဖက်ဖြင့် ဆန့်ထုတ် လိုက်သည်။

(ပခုံး များမှာ သာမာန် အချိန်၌ တစ်ဖက်နှင့်၊ တစ်ဖက် အနိမ့် အမြင့် မညီ သောကြောင့် ဖြစ်၏။ )

ဤသည်မှာ ဓား သမားများ၏ ကျင့်ဝတ် တစ်ခု ဖြစ်ပြီး၊ ထိုက်တန်သော ပြိုင်ဘက်နှင့် ရင်ဆိုင် ရသော အခါ မှသာ ပြုမူ ကြသည်။

( အထူး သဖြင့် ဂျပန် ဆာမူရိုင်း များ၌ တွေ့ရှိရ တက်သည်။ )

“ ငါ့ ဓားကို ပန်းသင်္ချိုင်းလို့ ခေါ်တယ်။ ”

လင်းယွန်က အလားတူ အမူအရာမျိုး ပြန်ပေးပြီး၊ ခေါင်းညိတ်လျက် ဆိုလိုက်လေ သည်။

***

All Chapters