← Chapters

ငါက မြောက်ပိုင်း နှင်းစံအိမ်က၊ နန်းဂွန်း ဝမ်းယူပါ။

Vol. 58 Ch. 806

ငါက မြောက်ပိုင်း နှင်းစံအိမ်က၊ နန်းဂွန်း ဝမ်းယူပါ။

Vol. 58 Ch. 806

လေးစားမှု ပြသ ပြီးနောက်၊ နန်းဂွန်း ဝမ်ယုက ဓား လက်ကိုင်ကို ဖြည်းညှင်းစွာ ချိန်ညှိ လိုက်သည်။

လင်းယွန်ကို ကြည့်သော မျက်လုံး များက စူးရှ လာ၏။ ဤအခိုက် အတန့် မှစ၍၊ သူ့ဓား နှင့် လင်းယွန် တို့သာ၊ တည်ရှိ တော့သည်။

လီမူဘိုင်း၏ ချို့ယွင်းချက်ကို သတိပြုမိ သော်လည်း၊ အနိုင် ယူရန် လွယ်ကူသော ကိစ္စ မဟုတ်ချေ။

ဤအချက်ကြောင့် လင်းယွန်မှာ၊ ပြသ ထားသည်ထက် များစွာ သန်မာကြောင်း သူ သိသည်။

သို့မဟုတ် ပါက သည်မျှ တည်ငြိမ် နေမည် မဟုတ်ချေ။ မည်သို့ပင် ဆိုစေ ကာမူ၊ ပြိုင်ဘက် အပေါ်၊ အနိုင် ယူရန် ဆုံးဖြတ် ထားပြီး ဖြစ်သည်။

“ ဆောင်းဦး နှင်းရည် ... ။ ”

နန်းဂွန်း ဝမ်းယူက ဓားကို လှုပ်ခါ လိုက်သည်နှင့်၊ အေးစက်သော အလင်းရောင် များ တောက်ပ လာပြီး၊ မီတာ တစ်ရာ အတွင်း၌ လေထုမှာ၊ လှိုင်းထ သွား၏။

ထိုမြင်ကွင်းကြောင့် ဘုရင် သုံးပါးပင် အံ့သြ သွား၏။ ဓားသမား မဟုတ် သော်လည်း၊ ဓား နောက်ကွယ်မှ ရည်ရွယ် ချက်ကို၊ သူတို့ ခံစား နိုင်သည်။

နှင်း ရည်ရွယ်ချက်ကို ဓားရေးတွင် ပေါင်းစပ်ပြီး၊ ‘ဆောင်ဦး နှင်းရည်’ ဟု အမည် ပေးထားခြင်း ဖြစ်သည်။

သို့သော် လင်းယွန် မျက်နှာမှာ၊ အပြောင်း အလဲ မရှိဘဲ၊ ပန်းသင်္ချိုင်း ဓားကို လျင်မြန်စွာ ခုတ်လွှဲ လိုက်၏။

ပျံသန်း နေသော နှင်း ဓားနှင့် ပန်းသင်္ချိုင်း ဓားတို့ ထိပ်တိုက် တွေ့သော အခါ၊ မီးပွားများ စင်မြင့် အပြည့် ဖြစ်ပေါ် လာသည်။

နှစ်ဦး စလုံးက ဓားရည်ရွယ် ချက်ကို ကန့်သတ် ချက်သို့၊ တွန်းထုတ် ထားသဖြင့်၊ ဆူညံသော အသံများ ပြည့်နှက် နေသည်။

ဓားမြည်သံ တိုင်းက၊ လူတိုင်း၏ ခန္ဓာကိုယ် အတွင်း ဖြတ်သန်း သွားကာ၊ တုန်လှုပ် ချောက်ချား လာစေသည်။

“ အရမ်း အေးလာတယ်၊ ငါများ မှားနေ တာလား၊ ကာကွယ်ထားတဲ့ အစီရင်ကို ဖြတ်ပြီး၊ သူတို့ ဓား ရည်ရွယ်ချက် တွေက၊ ဖောက်ထွက် လာတာလား။ ”

“ ဒီပွဲမှာ ဓားသမားတွေ အများကြီး ရှိပေမယ့်၊ ဓား သမားလို့ မခေါ် နိုင်ပါဘူး၊ သူတို့ နှစ်ဦး ကသာ ဓားသမား စင်စစ်ပါ။ ”

နှစ်ဦးသား ထိပ်တိုက် တွေ့ဆုံ မှုကြောင့်၊ ဓားရောင်ခြည်များ ပတ်ပတ် လည်သို့၊ ပျံ့လွင့် သွားခဲ့သည်။

“ လေသံကို နားထောင်ခြင်း ။ ”

အကြိမ်ပေါင်း များစွာ၊ လှုပ်ရှား သည့်တိုင် အားသာချက်ကို မရရှိ နိုင် သေးသဖြင့်၊ နန်းဂွန်း ဝမ်းယူ တစ်ယောက် စိတ်တို လာကာ၊ လှည့်၍ ထိုးလိုက်သည်။

ရုတ်တရက် လေဟာနယ် အက်ကွဲ သွားပြီး၊ ဓား ရောင်ခြည်များ ပြည့်နှက် လာ၏။ ထိုခဏ၌ ဓားရောင်ဝါက၊ ပြင်းထန်သော နှင်း မုန်တိုင်း အဖြစ်၊ ပေါင်းစပ် သွားသည်။

“ လရောင် အလင်း ပြန်ခြင်း။ ”

ကနဦး လေပြင်းများ ဝင်လာ သဖြင့်၊ လက်များကို လျင်မြန်စွာ ဆန့်ထုတ် လိုက်ပြီး၊ ဓားဖြင့် ပြန်လည် ထိုးသွင်း ပျံတက် မိသည်။

နန်းဂွန်း ဝမ်းယူ၏ တိုက်ခိုက်မှုနှင့်၊ နှိုင်းယှဉ် ရသော်၊ လင်းယွန် ဓားမှာ ပို၍ သပ်ရပ် တိကျနေ ပေသည်။

သူ့ဓားကို ဓားနှင့် ပြန်ထိုးပြီး၊ နောက်ပြန် ဆုတ်သွား သဖြင့်၊ နန်းဂွန်း ဝမ်းယူ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။

လင်းယွန်၏ ဓားအလင်း များက၊ ပြတ်ရှရာများ နှင့်အတူ၊ ဆံနွယ် အချို့အား၊ ဖြတ်တောက် လာ၏။

( သူ အရမ်း မြန်တယ် ... ၊ လီမူဘိုင်းသာ ဆိုရင် အကြိမ်ပေါင်း များစွာ သေနှင့်ပြီ။ )

လင်းယွန်က စိတ်ထဲမှ ရေရွတ် လိုက်သည်။

တစ်ဖက်တွင် သူ့မျက်နှာ ပေါ်ရှိ၊ ဒဏ်ရာ အတိမ် အနက်ကို တို့ထိ လိုက်ပြီးနောက်၊ နန်းဂွန်း ဝမ်းယူက ပြုံးသည်။

“ ဒီဓားက မြန်တယ်၊ ဒါပေမယ့် မြန်တိုင်းလည်း မကောင်း ပါဘူး၊ ငါက အခုမှ သွေးပူတုန်း ရှိသေးတယ်။ ”

“ ... လာ တိုက် ပါ။ ”

လင်းယွန်က ဖိတ်ခေါ် လိုက်သည်။ တစ်ယောက်နှင့် တစ်ယောက် စူးစမ်းမှု ပြီးသည်နှင့်၊ အရှိန် အဝါကို ကန့်သတ်ချက် အထိ တွန်းပို့ လိုက်ကြသည်။

ထို့နောက် စင်မြင့် ပေါ်၌ နှစ်ဦးလုံး ပျောက်ကွယ် သွား၏။ ဓားအလင်း နှစ်ခု ထိပ်တိုက် တွေ့ သွားပြီးနောက်၊ ပေါက်ကွဲ သံများ ဆူညံ လာသည်။

ပရိသတ်များ သတိထား လိုက်ကြည့် နေစဉ်၊ နောက်ထပ် ပြင်းထန်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ် လာပြီး၊ လူ အချို့ သွေးအန်လျက် ဒဏ်ရာ အချို့ ရရှိ ကုန်၏။

အစီရင်မှာ စွမ်းအင်လှိုင်း များကို၊ အလုံးစုံ ပိတ်ဆို့ နိုင်ခြင်း ရှိပုံ မရချေ။ သို့သော် သူတို့က ထိတ်လန့် ရမည့် အစား၊ ပို၍ တက်ကြွ လာခဲ့ သည်။

ကြောက်မက်ဖွယ် ကောင်းသော လှိုင်းများက၊ ရေ မျက်နှာပြင်ကို မြင့်တက် လာစေ၏။ ဤအဆင့် တိုက်ပွဲ၏ ပြင်းထန်မှုမှာ မယုံနိုင် စရာ ပေပင်။

ဓား ရည်ရွယ်ချက်များ ဆက်လက် တိုးမြင့်လာ သဖြင့်၊ လင်းယွန်၏ မျက်လုံးများ လင်းလက် သွားသည်။

ထို့နောက် သခင့်ဓားကို ထုတ်ဖော်ရန် ပြင်လိုက်ရာ၊ ရေကန် အနှံ့ ဓား အလင်းများ ပြည့်နှက် လာ၏။

“ သခင့်ဓား— မိုးကြိုး။ ”

ပန်းသင်္ချိုင်း ဓား ကိုယ်ထည်၌၊ လျှပ်စီးများ လက်ပြီး၊ တုန်လှုပ်ဖွယ် ကောင်းသော လေလှိုင်း တွန့်များ ဖြစ်ပေါ် လာသည်။

နမ်းဂွန်း ဝမ်းယူကို မျက်နှာမူလျက်၊ သခင့်ဓားနှင့် လရောင် ရေစင် ဓားအား ထုတ်ဖော် ပေါင်းစပ် လိုက်သည်။

ဓားရေး နှစ်ရပ် ပေါင်းစပ်မှု ကြောင့်၊ ဆန်းပြားသော ဓားရောင်ဝါ အသစ် ထွက်ပေါ် လာ၏။

“ မင်းက တကယ် သန်မာ တာပဲ ... ။ ”

နန်းဂွန်း ဝမ်းယူ၏ မျက်လုံးများ မှေးစင်း သွားသည်။ ပြိုင်ဘက် ဓားရေးမှာ ကြောက်စရာ ကောင်းကြောင်း သူ ဝန်ခံရ ပေမည်။

သခင့်ဓားကို ကြိမ်ဖန် များစွာ မြင်ဖူး ခဲ့သဖြင့်၊ ၎င်းအား ရင်ဆိုင်ရန် ပြင်ဆင် ထားခဲ့ သည်။

သို့သော် အမှန် တကယ် ရင်ဆိုင် ရချိန်၌၊ အစောပိုင်း မြင်ခဲ့ ရသည် များနှင့် ကွဲပြားနေ ပေ၏။

“ ပန်း ကြွေခြင်း။ ”

နန်းဂွန်း ဝမ်းယူက ဓားကို လေထဲ ဝှေ့ယမ်းပြီး၊ နှင်းဓားဖြင့် အားဖြည့် ထားသော နှင်းပန်း များအား ဖန်တီးသည်။

ထို့နောက် နှင်းပန်း ပွင့်များက၊ အားကောင်းသော နှင်းမုန်တိုင်း အဖြစ်သို့ ပြောင်းလဲ သွားတော့၏။

“ ဝှစ် ... ။ ”

ဓားကို ဆယ်ကြိမ် လွှဲပြီးနောက်၊ နန်းဂွန်း ဝမ်းယူအား ဗဟိုပြု ထားသော မုန်တိုင်းမှ၊ နှင်း ပန်းများ မိုးအဖြစ် ရွာချ လာသည်။

“ သခင်ဓား—အလင်း ခွဲဖြတ်ခြင်း။ ”

နှင်းမုန်တိုင်း ရောက်ရှိခါ နီးတွင်၊ လင်းယွန် ဘေးတစ်ဖက် တစ်ချက် ဆီ၌ အတောင်ပံ တစ်စုံ ကဲ့သို့၊ အလင်းများ ဖြာထွက် သွား၏။

ထို့နောက် ဓား အလင်း များက၊ ရွာကျ လာသော နှင်းပန်းများ နှင့်အတူ၊ ပေါက်ကွဲသွား လေသည်။

ယင်းက နန်းဂွန်း ဝမ်းယူ မျက်နှာကို ပြောင်းလဲ သွားစေပြီး၊ ရှောင်ဖို့ရန် အမြန် ‘ရွှေ့’ လိုက်ရ သည်။

ကံမကောင်း စွာဖြင့်၊ ပြိုင်ဘက်၏ ဓားကြောင့်၊ နှင်းဓား မုန်တိုင်းကြီး ဖျက်ဆီး ခံလိုက် ရကာ၊ ကြမ်းပြင်၌ ပြတ်ရှ ရာကြီး တစ်ခု၊ ဖြစ်ပေါ် လာ၏။

ထို့အပြင် အဖျားခတ် လှိုင်းများက ရေကန်ပေါ် ကျရောက် သွားကာ၊ ဧရာမ တံတိုင်းကြီး နှစ်ခု ကဲ့သို့ ရေမျက်နှာ ပြင်ကို မြင့်တက် လာစေသည်။

ထိုရေ နံရံ နှစ်ခု ပြန်လည် ပြိုကျ လာသော အခါတွင်၊ အချင်းချင်း တိုက်မိ ကုန်ကာ၊ အမြင့် မီတာ သုံးထောင်ခန့် ရှိသော လှိုင်းလုံးကြီး တစ်လုံး ဖြစ်ပေါ် လာ၏။

သည်တိုက်ခိုက်မှုကို မရှောင်နိုင် ပါက၊ နန်းဂွန်း ဝမ်းယူ အတွက် လွယ်ကူ တော့မည် မဟုတ်ချေ။

လင်းယွန်၏ ဓားရေး ကျွမ်းကျင် မှုမှာ၊ ကြောက်မက်ဖွယ် ကောင်းသော အဆင့်၌ ရှိနေ သောကြောင့်၊ လူတိုင်းက အံ့သြစွာ ကြည့်လာ ကြသည်။

သူ့ဓားမှာ နှင်းမုန်တိုင်းကို ဖျက်ဆီးနိုင် သည်သာ မက၊ တန်ပြန် တိုက်စစ်ပင် စတင်နိုင် ပေသည်။

စင်မြင့် ပေါ်ရှိ နက်ရှိုင်းသော ပြတ်ရှရာကို ကြည့်ပြီး၊ နန်းဝွန်း ဝမ်းယူက အံ့သြ သွားသည်။ ထို့နောက် လင်းယွန်ကို ပြန်ကြည့်ကာ၊

“ သခင့်ဓားက သရုပ်ဖော် အဆင့် မှာပဲ၊ ဒါပေမယ့် ညီအစ်ကို လင်း ... ၊ မင်းငါ့ကို အထင် သေးလွန်းတယ်၊ ဒီလောက် အင်အား လေးနဲ့၊ ... ”

“ ... တကယ် တိုက်မို့လား၊ ငါက မြောက်ပိုင်း နှင်းစံအိမ်ရဲ့ နန်းဂွန်း ဝမ်းယူပါ၊ မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို ထုတ်သင့် တယ်လို့ ငါ ထင်တယ်။ ”

ရေအောက် မီး သမုဒ္ဒရာကြီး ကဲ့သို့ မူလစွမ်းအင်များ ဆူပွက် လာသော အခါတွင်၊ နန်းဂွန်း ဝမ်းယူ၏ အရှိန် အဝါများ တဟုန်ထိုး မြင့်တက် လာသည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ တုန်လှုပ်ဖွယ် အဆင့်သို့ ရောက်ရှိ သွားပြီး၊ စင်မြင့် တစ်ခုလုံး ရေခဲ အလွှာများ လွှမ်းခြုံ လာ၏။

နှင်း ရည်ရွယ်ချက် နှင့်၊ ဓား ရည်ရွယ်ချက်၊ ပေါင်းစပ်မှုသည် ယခင် ကထက် ပို၍ သိပ်သည်း သွားသည်။ အေးစက်သော ရောင်ဝါ များက လင်းယွန်ကို အံ့အားသင့် လာစေ၏။

ဤအခိုက် အတန့်တွင် ပြိုင်ဘက်၏ အရှိန်အဝါမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူနှင့်၊ ယှဉ်နိုင် လေသည်။

ထို့နောက်တွင် နှင်းဓား ရည်ရွယ်ချက်မှာ၊ အဆင့် အသစ်သို့ ရောက်ရှိလာ သဖြင့်၊ အစီရင် အပြင်ဘက်ရှိ လူအုပ် ကြီးကိုပင် အသက်ရှူ ကြပ်သွား စေသည်။

***

All Chapters