← Chapters

ပထမ ဓားသမား။

Vol. 58 Ch. 808

ပထမ ဓားသမား။

Vol. 58 Ch. 808

လင်းယွန်၌ သွေးများဖြင့် ဖုံးလွှမ်း နေပြီး ဒဏ်ရာ များမှာ မပေါ့ ပါးပေ။ သို့သော် သူတွင် တိုက်ခိုက်ရေး စိတ်ဓာတ်များ တောက်လောင် နေဆဲ ဖြစ်သည်။

ယင်းကို ကြည့်ပြီး၊ နန်းဂွန်း ဝမ်းယူက မျက်မှောင် ကြုတ်လျက် အသက် ပြင်းပြင်း ရှူ လိုက်ကာ၊

“ မင်းလို ဓား သမားမျိုး ငါ မတွေ့ဖူး သေးဘူး၊ ငါတို့ ဆက်ပြီး တိုက်ပွဲဝင် ရမယ် ဆိုရင် ... ”

“ ... မင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက်ကို ငါ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး၊ ဒီတော့ မင်း ဒီဓားကို ခံနိုင်ရင်၊ ငါ လက်လျှော့ လိုက်မယ်။ ”

-ဟု စိတ်အနှောက် အယှက် ဖြစ်ဟန်ဖြင့် ဆိုလိုက်၏။

“ ငါ့ဓားချက် နာမည်က ချွင်းချက် မရှိတဲ့။ ”

ဤသည်မှာ လီမူဘိုင်း ကြုံခဲ့ ရသော စွမ်းအား မျိုးနှင့် မတူကြောင်း၊ နန်းဂွန်း ဝမ်းယူ မှ၊ အထူး သတိပေး ပြောကြား လိုက်သည်။

သည့်နောက်၊ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ပြီး၊ သူ့ခန္ဓာ ကိုယ်မှ အေးစက်သော အငွေ့ အသက်များ၊ ထုတ်လွှတ် လာ၏။

နှင်းဓား ရည်ရွယ် ချက်ကြောင့် ဓား ရောင်ဝါမှာ၊ ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦး နှင့်ပင်၊ ယှဉ်နိုင် လာလေသည်။

မူလ စွမ်းအင်ကို ဓားထဲ လောင်းထည့် လိုက်သော အခါတွင်၊ ကောင်းကင်ရှိ တိမ်များ တစ်ရှိန်ထိုး မည်းမှောင် လာ၏။

အကန့် အသတ် မရှိသော အမှောင်ထု အတွင်းတွင်၊ နန်းဂွန်း ဝမ်းယူနှင့် ဓား သည်သာ၊ လင်းလက် နေသည်။

တစ်ချိန်တည်း မှာပင် မိုးတိမ်များ နိမ့်ဆင့် လာပြီး၊ မည်သူ မဆို လက်လှမ်းကာ ထိတွေ့နိုင် မည်ဟု ထင်လာမိ စေ၏။

နန်းဂွန်း ဝမ်းယူ ထံမှ အေးစက်သော ရောင်ဝါက၊ လူတိုင်း၏ ကျောရိုးကို စိမ့်တက် သွားစေသည်။

ဤတိုက်ခိုက်မှုကို မမြင် နိုင်မှန်း သိသော ကြောင့်၊ ရန်လောင်ဇီ တစ်ယောက် စိတ်လှုပ်ရှား စွာဖြင့် မျက်လုံးများ မှေးစင်း လာ၏။

လင်းယွန် ထက်ခြမ်းကွဲ ပေတော့မည်။ ယင်းက သူ့အား ပို၍ စိတ်လှုပ်ရှား လာစေ၏။

နန်းဂွန်း ဝမ်းယူက ‘ချွင်းချက် မရှိ’ ကို၊ ပြင်ဆင် နေချိန်တွင်၊ လင်းယွန်က မလှုပ် ခဲ့ချေ။ ယခု အချိန် ဝင်ရောက် တိုက်ခိုက် လိုက်ပါက၊ တစ်ဖက် လူ၏ အစီစဉ်ထဲ ကျဆုံး သွားမည် ဖြစ်သည်။

အားနည်းချက်ကို ရှာ မတွေ့ခင်၊ ကိုယ့် အားနည်းချက်အား ဖော်ထုတ် မိမည် ဖြစ်သည်။ ယင်းက သူ့အား သေစေ နိုင်၏။

“ ချွင်းချက် မရှိ။ ”

နန်းဂွန်း ဝမ်းယူက ကြုံးဝါး လိုက်ပြီး၊ ဓားဖြင့် မိုးကာ ပိုင်းချ လာသည်။ ဆူညံသော လေခွင်းသံ များနှင့် အတူ၊ တိမ်တိုက်များ ပြိုကွဲ သွား၏။

ထိုတိမ်တိုက်များ အတွင်းမှ၊ မြောက်များ စွာသော ရေခဲ ဓားများ၊ ဓား နောက်သို့ လိုက်ပါ လာကာ၊ စင်မြင့် တစ်ခု လုံးကို လင်းထိန် သွားစေ ခဲ့သည်။

သည်ဓားမှာ လီမူဘိုင်း ရင်ဆိုင် ခဲ့ရသော ဓားထက်၊ များစွာ ပို၍ ကြောက်စရာ ကောင်း ပေ၏။

နန်းဂွန်း ဝမ်းယူ၏ မျက်နှာမှာ၊ ရေခဲဓား များမှ အလင်းပြန် ခြင်းကြောင့်၊ လေထု အလယ် တောက်ပ နေလေသည်။

ရင်သပ် ရှုမောဖွယ် ကောင်းသော ဤဓားသည် လူ အများ၏ နှလုံးသားကို ပြင်းစွာ လှုပ်ခတ် စေခဲ့ပြီး၊ အသက် ရှူရ ခက်လာ စေ၏။

ပြိုင်ပွဲ တစ်လျှောက် မြင်တွေ့ ရသော ဓားရေး များ အနက်၊ အမှား အယွင်း အနည်း ဆုံးသော ဓား ဖြစ်သဖြင့်၊ ‘ချွင်းချက် မရှိ’ ဟူသော အမည်နှင့်၊ အမှန် တကယ် ထိုက်တန် လေသည်။

“ အရမ်း ကောင်း တယ် ... ။ ”

လူတိုင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သော လင်းယွန်က၊ ကြောက်မက်ဖွယ် ကောင်းသည့်၊ ဓားကို စိတ်လှုပ်ရှားစွာ ရင်ဆိုင် လိုက်သည်။

သည်ဓားမှာ သူ၏ မျက်စိ သွေးကြော မျှဉ်များကို၊ ပေါက်ပြဲ ဒဏ်ရာ စေသော ဓား ဖြစ်သည်။

အမည် အရ ချွင်းချက် မရှိ သော်လည်း၊ အပြစ် အနာ အဆာ ကင်းသော ဓားရေး ဟူ၍ မရှိပေ။

ထို့ကြောင့် ကောင်းကင်ပေါ် ခုန်တက် လိုက်ကာ၊ မကြောက် မလန့် ထိပ်တိုက် ရင်ဆိုင် ရန်၊ ရွေးချယ် လိုက်၏။

“ မိုးကြိုး၊ ... ”

“ အလင်းခွဲ ဖြတ်ခြင်း၊ ... ”

“ အရုဏ်ဦး၊ ... ”

“ မဟာ ပေါက်ကွဲမှု၊ ... ”

“ သွေးအား ဖိနှိမ်ခြင်း ... ။ ”

ကောင်းကင်ပေါ် ခုန်တက် နေစဉ်၊ သခင့်ဓား၏ ပုံစံ ငါးခုကို တရစပ် ထုတ်ဖော် နေမိသည်။

၎င်းတို့ ထံမှ ဖြစ်ပေါ် လာသော ဓားအလင်း များမှာ၊ လေထု ထဲ၌ သက်ရှိ တစ်ကောင် ကဲ့သို့၊ အချင်းချင်း ပေါင်းစပ်ပြီး၊ ပုံ သဏ္ဍာန် ဖြစ်ပေါ် လာသည်။

“ မြန် မြန် ... ၊ မြန် မြန် ... ၊ ဒီထက် မြန်ဦးမှ ရမယ်။ ”

သူ့ကိုယ်သူ သေမင်းထံ ‘ဝ’ကွက် အပ်ကာ၊ နန်းဂွန်း ဝမ်းယူ၏ ဓားချက် အောက်တွင်၊ အရူး တစ်ယောက် သဖွယ်၊ ဓားချက် များကို ထုတ်ဖော် နေခဲ့သည်။

ထို့ကြောင့် လင်းယွန် နောက်ကျော၌ ရွှေအိုရောင် စက်လုံးကြီး တစ်လုံး၊ ရုတ်တရက် ဖြစ်ပေါ် လာပြီး၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။

၎င်းအတွင်းတွင် မီးလျှံများ ‘အလျှံ လျှံညီး’ တောက်လောင် နေကာ၊ အပူ ရှိန်များ ပြင်းစွာ ထုတ်လွှတ် လာလေသည်။

“ ... မဟာ ကြီးစိုးခြင်း။ ”

သခင်ဓားကို ကန့်သတ်ချက် အထိ တွန်းထုတ်ကာ၊ တည်ဆောက် ထားသော ဓား စွမ်းအင်အား လွှတ်ပေး လိုက်တော့သည်။

“ ဝုန်း ... ။ ”

၎င်းက နန်းဂွန်း ဝမ်းယူ၏ ရေခဲဓား များနှင့် တိုက်မိ သွားသော အခါတွင်၊ ကျယ်လောင်သော ပေါက်ကွဲ သံများ ဖြစ်ပေါ် လာ၏။

“ ဗြစ် ... ။ ”

ပေါက်ကွဲမှု များကြောင့်၊ ခဏ အကြာတွင် စင်မြင့်ကို ဖုံးအုပ် ထားသော အတား အဆီးမှာ၊ အက်ကွဲ သွားတော့သည်။

စွမ်း အင်လှိုင်း များက၊ ထိုအပေါက် များမှ နေ၍၊ နဂါး ကိုးကောင် ရေကန်ပေါ် ကျရောက် သွားပြီး၊ မီတာ သုံးထောင်ခန့် မြင့်သော ရေနံရံ ကြီးကို၊ ဖြစ်ပေါ် လာစေသည်။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ ဓားလဲ ... ။ ”

“ ဒါက ဘုရင် သုံးပါး ပြီးရင်၊ အပြင်း ထန်ဆုံး တိုက်ပွဲပဲ ... ။ ”

အကြီးအကဲ အများ အပြားက၊ ထိတ်လန့် ဖွယ်ရာ မြင်ကွင်းကြောင့်၊ မတ်တပ် ထရပ်လိုက် ကြသည်။

မြောက်ပိုင်း နှင်းစံအိမ်မှ အကြီး အကဲ များပင် ချွင်းချက် မရှိခေျ။ သို့သော် ရေတံတိုင်း ကြီးက၊ မမြင် နိုင်အောင် သူတို့အား၊ ကာရံ ထားပေ၏။

ရေတံတိုင်းကြီး ပြန်လည် ပြိုကျ သွားသော အခါမှ သာလျှင်၊ စင်မြင့် ပေါ်သို့ အလု အယက် ကြည့်လာ ကုန်ကြသည်။

“ နန်းဂွန်း ဝမ်းယူရဲ့ ... ၊ ဓားရောင်ခြည် ကွဲသွားပြီ။ ”

ကွဲအက် လာသော ဓား အရှိန်အဝါကို ကြည့်ကာ၊ အာမေဋိတ် သံများ ထွက်ပေါ် ကုန်သည်။

ဤမျှ ပြီးပြည့်စုံ နေသော၊ ဓားရေး တစ်ရပ်အား မည်သို့ ဖြိုခွဲ နိုင်ခဲ့ သည်ကို၊ ရှင်းရှင်း လင်းလင်း မမြင်လိုက် ကြချေ။

မြောက်ပိုင်း နှင်းစံအိမ်၏ အကြီး အကဲ များမှာမူ၊ အံသြ တိတ်ဆိတ် သွားပေ၏။

“ အရင်က ... မင်းရဲ့ ဟာကွက်ကို၊ ငါ မြင် ခဲ့လားလို့ မင်း မေးဖူးတယ် မဟုတ်လား၊ အမှန် ပြောရရင် ငါ မြင်ခဲ့ ပါတယ်၊ အဲ့ဒါက မင်းရဲ့ နှလုံးသားပဲ။ ”

ဖြူဖျော့ နေသော နန်းဂွန်း ဝမ်းယူ၏ မျက်နှာကို တစ်ချက် ကြည့်ပြီး၊ လင်းယွန်က သူ့ စကားကို ဆက်လိုက်သည်။

“ အရာရာ တိုင်းမှာ၊ ချွင်းချက် ဆိုတာ ရှိတယ်၊ ဘယ်လောက်ပဲ ပြည့်စုံ နေပါစေ ... ၊ လိုအပ်ချက် ဆိုတာ ရှိနေ တုန်း ပါပဲ၊ ဒါကို မင်း မတွေးထား ဖူးလား မဟုတ်လား။ ”

သည်ဖြစ်နိုင် ခြေကို နန်းဂွန်း ဝမ်းယူက၊ တွေးမိထား သော်လည်း၊ ပြိုင်ဘက်မှ မှန်းဆ နိုင်လိမ့် မည်ဟု၊ မထင် မိချေ။

“ ငါ ရှုံးတယ်၊ ဒါပေမယ့် မင်းကိုတော့ မဟုတ်ဘူး၊ မင်း အနိုင် ရဖို့က ဒီလောက် မလွယ် သေးပါဘူး။ ”

ကွဲအက် သွားသော အရှိန် အဝါ များကို၊ ပြန်စုစည်း လိုက် သဖြင့်၊ မူလ စွမ်းအင်များ လှိုင်းထ လာသည်။

“ မင်းမှာ ... ၊ အခွင့် အရေး မရှိ တော့ဘူး။ ”

လင်းယွန်က သက်ပြင်း ချကာ၊ ဆိုလိုက်သည်။ လွန်ခဲ့သော နှစ်များ အတွင်း၊ ဘဝနှင့် သေခြင်း ဆိုင်ရာ အခြေအနေ များကို များစွာ တွေ့ကြုံ ခဲ့ရသည်။

ယင်းကြောင့် နှလုံးသားအား၊ ဓားတစ်လက် အဖြစ်၊ အမြဲ သွေးယူ ထားခဲ့သည်။ ထိုစဉ် ကပင် နန်းဂွန်း ဝမ်းယူ အမည်ကို၊ ကြားခဲ့ ရချေ၏။

ဤလူမှာ၊ လူကောင်း တစ်ယောက် ဖြစ်သဖြင့်၊ သူ မဖျက်ဆီး လိုချေ။ ၎င်းထံ မှပင် သူ့ အတွက် အများကြီး အကျိုးရှိ ခဲ့သည်။

သို့သော် ကျင့်ကြံမှု လမ်းတွင်၊ သန်မာအား ဖယ်ပေးရ မည်မှာ သဘာဝ ပေပင်။ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ ပထမ ဓားသမား ဖြစ်နေ ခဲ့လျှင်ပင်၊ အဆုံး၌ နောက်ဆုတ် ပေးရ ပေဦးမည်။

“ တိုက်ပွဲဝင် ခန္ဓာ ... ။ ”

နဂါး ရူရ်များ တောက်ပ လာပြီး၊ ပန်းသင်္ချိုင်း ဓားထဲ စီးဝင် သွားသည်။ ထို့နောက် ခရမ်းရောင် လျှပ်စီး နဂါးကြီး၊ ထွက်ပေါ် လာ၏။

နဂါးဟောက် သံနှင့် အတူ၊ ပန်းသင်္ချိုင်း ဓားမှ၊ တောက်ပသော အလင်းများ ဖြာထွက် လာလေသည်။

ထိုအချိန်တွင် နန်းဂွန်း ဝမ်းယူ၌၊ လုံးဝ အခွင့်အရေး မရှိ တော့ချေ။ သူ့ ဓားရေးမှာ အဆုံးသတ် နေပြီ ဖြစ်ပြီး၊ ယင်းက နောက်ဆုံး မီးဇာ ပေပင်။

“ ဝှစ် ... ။ ”

ဆင်းသက် လာသော လျှပ်စီး နဂါးကို၊ နန်းဂွန်း ဝမ်းယူက မကာကွယ် နိုင်တော့ သဖြင့်၊ သွေး တစ်လုတ် အန်လျက် လွင့်စဉ် သွားသည်။

သူ့ ဓားမှာ သူ့ လက်မှ လွတ်ထွက် သွားသည်။ ယင်းသည် မယုံ နိုင်ဖွယ် မြင်ကွင်း တစ်ရပ် ဖြစ်ပေ၏။

နန်းဂွန်း ဝမ်းယူ ကဲ့သို့၊ ပုဂ္ဂိုလ် တစ်ဦး အနေဖြင့်၊ လက်မှ ဓားကို လွတ်ကျ ခြင်းသည် နာကျင်ဖွယ် ကောင်းသော အခြေနေ ပေပင်။

ဓားက ကြမ်းပြင်ပေါ် ပြုတ်ကျသည့် အရှိန်ကြောင့်၊ အကြိမ်ပေါင်း များစွာ ခုန်ပေါက် သွားပြီး၊ အပိုင်းပိုင်း ကျိုးကျ သွားသည်။

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ပြန်ရုတ်ကာ၊ လက်နှစ်ဖက် ဆန့်တန်းလျက်၊ ကောင်းကင်မှ ပြန်လည် ဆင်းသက် လာသည်။

ဒိုင် အဖိုးအိုက ငြိမ်သက် စွာဖြင့်၊ လင်းယွန်ကို အချိန် အတော်ကြာ စိုက်ကြည့် နေပြီးနောက်၊

“ အနိုင် ရသူ လင်းယွန် ... ။ ”

-ဟု ကြေငြာ လိုက်လေသည်။

***

All Chapters