← Chapters

ဘယ်သူ ကြားလဲ။

Vol. 58 Ch. 809

ဘယ်သူ ကြားလဲ။

Vol. 58 Ch. 809

နဂါး ကိုးကောင် ရေကန်ကို ဖြတ်သန်း လာသော လေပြေ များက၊ ဒိုင် အဖိုးအို အသံနှင့် အတူ၊ တဖြည်းဖြည်း ပါးလျ သွားသည်။

ခေျာင်း တဟွတ်ဟွတ် ဆိုးလျက်၊ နန်းဂွန်း ဝမ်းယူက မတ်တပ် ထရပ် လာ၏။ ပယင်းရောင် အငွေ့ အသက် အမြောက် အမြားမှာ၊ လင်းယွန် ကျောက်စိမ်းပြား ထဲသို့ ဝင်ရောက် သွားသည်။

လူတိုင်းက ဓားသမား တစ်ယောက်၏၊ ဒဏ္ဍာရီ တစ်ပုဒ်ကို မျက်မြင် ကြုံလာ ရသည်။ ယခုမှ စ၍ တောင်ပိုင်း ရှေးဟောင်း နယ်မြေ၏ ပထမ ဓားသမားမှာ၊ ဓားနန်းတော်မှ လင်းယွန် ဖြစ်သည်။

မည်သူ မဆို ၎င်းဘွဲ့အား လိုချင် ပါလျှင်၊ ပန်းသင်္ချိုင်းကို အရင်မေး ရပေမည်။ ထို့အပြင် ရှုံးပွဲ မရှိ စံချိန်ဖြင့်၊ လင်းယွန် အဆင့်မှာ၊ ဘုရင် သုံးပါးအား လိုက်မီ သွားပြီ ဖြစ်၏။

လူအုပ် ကြီးက လင်းယွန်ကို ရှုပ်ထွေးသော အကြည့် များဖြင့် ကြည့်နေ ကြသည်။ လီမူဘိုင်း နှင့် နန်းဂွန်း ဝမ်းယူအား၊ ရှင်းလင်းစွာ အနိုင်ယူ သွားသည့် အပေါ်၊ မျက်စိ ထဲမှ မထွက်ချေ။

နန်းဂွန်း ဝမ်းယူ၏ ပယင်း ရောင်ဝါကို ဝါးမြိုလိုက် ပြီးနောက်၊ လင်းယွန် နဂါး ပုံရိပ်မှာ ပို၍ တောက်ပ လာသည်။

နဂါး ပုံရုပ် ခန္ဓာကိုယ် ထဲသို့၊ ပြန်လည် ဝင်ရောက် လာ ချိန်ပ၊ ဒဏ်ရာများ မြင်သာသော အဟုတ်ဖြင့်၊ သက်သာ ပျောက်ကင်း သွားသည်။

ထို့ကြောင့် နဂါး ပုံရိပ်အား စစ်ဆေး ကြည့်ရာ၊ မမြင် နိုင်သော ဆန်းကြယ်မှု များစွာ ရှိနေကြောင်း၊ သိရှိ လိုက်သည်။

“ ကျေးဇူး တင်ပါတယ်။ ”

နန်းဂွန်း ဝမ်းယူက ရှုံးနိမ့်သွား သော်လည်း၊ လင်းယွန်အား လေးစားမှု ပြသရန် ကျင့်ဝတ်ကို လိုက်နာ နေဆဲ ဖြစ်သည်။

“ မဟုတ်ဘူး ... ၊ ငါက ပို ကျေးဇူးတင် ရမှာပါ။ ”

လင်းယွန်က နန်းဂွန်း ဝမ်းယူအား အသိအမှတ် ပြုဟန်ဖြင့်၊ လက်ဝှေ့ယမ်း နှုတ်ဆက် လိုက်သည်။

“ ညီအစ်ကို လင်း၊ မင်းရဲ့ သန်မာမှုက လေးစားစရာ ပါပဲ။ ”

နန်းဂွန်း ဝမ်းယူက ပြုံးကာ ဆိုသည်။ လူအများ အမြင်၌ တချိန်လုံး သူ့တွင် အားသာချက် ရှိနေ ပေသည်။

သို့သော် လင်းယွန်ကို ဖိနှိမ့် နိုင်ခြင်း မရှိသည့်၊ နာကျင်မှုအား သူ သာလျှင် သိ၏။ မည်မျှပင် ကြိုးစား စေကာမူ၊ ဖြတ်ကျော် မရ ခဲ့ချေ။

“ ငါ့မှာ ... ရုပ်ခန္ဓာ အားသာချက် ရှိနေ လို့ပါ။ ”

“ ဒီလောက် အထိ၊ ယဉ်ကျေး နေစရာ မလိုပါဘူး၊ မင်းရဲ့ ရုပ်န္ဓာ ကြောင့်သာ ဆိုရင်၊ ငါ မင်းကို သတ်ပြီးတာ ကြာပြီ၊ မင်းမှာ ငါ့ဓားထက် မြင့်မားတဲ့ နားလည်မှု ရှိတယ် ဆိုတာ၊ ငါတို့ နှစ်ယောက်လုံး သိပါတယ်။ ”

နန်းဂွန်း ဝမ်းယူက ခေါင်းယမ်းကာ ဆိုပြီးနောက်၊ လက်ကို ဝှေ့ယမ်းပြီး၊ စင်မြင့် ပေါ်မှ ခုန်ဆင်း သွား၏။ သို့မှသာ လင်းယွန် တစ်ယောက် စိတ် သက်သာရာ ရသွားသည်။

“ သူ အနိုင်ရ သွားပြီ ... ။ ”

“ အိုး ... ၊ နန်းဂွန်း ဝမ်းယူ ကိုတောင် အနိုင်ယူ နိုင်ခဲ့တယ်။ ”

“ ဟား ... ဟား ... ဟား ... ၊ တစ်ချိန် တုန်းက ဓားနန်းတော်ရဲ့ ဘိုးဘေး ဂျင်ဝူမင်ရဲ့ ဓားနဲ့၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို အုပ်စိုး ခဲ့တယ်၊ အခု နောက်တစ်ကြိမ် အုပ်စိုး နိုင်ပြီကွ ... ။ ”

“ လင်းယွန်မှာ ... ဘိုးဘေးရဲ့ စောင့်ရှောက် မှုတွေ ရှိတယ်။ ”

ကာကွယ်သူ မက်မွန်နှင့် ဓားနန်းတော် အကြီးအကဲ များသာ မက၊ မဟာချင် အင်ပါယာ အဖွဲ့သား တိုင်းပင်၊ တက်ကြွ လာကြသည်။

လင်းယွန်ကို လှမ်းကြည့် နေသည့်၊ ကာကွယ်သူ မက်မွန်၏ မျက်ဝန်း များတွင်၊ အရည်လည် နေခဲ့၏။

ဝမ်းနည်းစရာ ကောင်းသည်မှာ၊ ဓားနန်းတော်၏ နန်းတော် သခင်နှင့်၊ သခင် (၁၃) တို့မှ၊ သည်မြင်ကွင်းအား ကြည့်ခွင့် မရ ခဲ့ချေ။ သို့မဟုတ် သူတို့ ပျော်ကြ မည်ဟု ထင်သည်။

“ လင်းယွန်ရဲ့ နာမည်က၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံးမှာ၊ ခိုင်မာ သွားပြီဟေ့ ... ။ ”

အောင်ပွဲ အပြီးတွင် ဖန်းယီက စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်သည်။ နန်းဂွန်း ဝမ်းယူ ပရိသတ် များမှာ၊ မှုန်ကုပ်ကုပ် ဖြစ်ကုန် ၏။ အထူး သဖြင့် မြောက်ပိုင်း နှင်းစံအိမ် ပေပင်။

သို့သော် မြောက်ပိုင်း နှင်းစံအိမ်မှာ၊ ဓားသမားများ ဖြစ်သဖြင့်၊ ယန် နန်းတော်နှင့် ရန်လောင်ဇီ ကဲ့သို့ ရန်လိုခြင်း မရှိ ကြချေ။

ရုတ်တရက် ရန်လောင်ဇီ စကားကို သတိရ လာပြီး၊ ကောင်းကင် မိစ္ဆာ ခန်းမ၏ တပည့်ငယ် များက လှည့်ကြည့် လိုက် ကြသည်။

ရန်လောင်ဇီ မျက်နှာမှာ၊ အဆင် မပြေ လှချေ။ သို့သော် မည်သို့ ဆက်မည်ကို သိချင် စိတ်ဖြင့်၊ ငံ့လင့် မိဆဲ ဖြစ်သည်။

ယင်းမှာ ခဏ မျှသာ ဖြစ်ပြီး၊ ရန်လောင်ဇီ အပေါ်၊ မည်သူမျှ အချိန် အကြာကြီး စိုက်ကြည့် ဝံ့ခြင်း မရှိပေ။

“ မင်းတို့က ဘာကြည့် နေတာလဲ၊ ဒီကောင် အနိုင်ရတာ ထူးဆန်းလား ... ။ ”

သူ့ကိုယ်သူ ပါးပြန် ရိုက်ရန်၊ ရည်ရွယ်ချက် မရှိ သည်မှာ၊ ထင်ရှား ခေျပြီ။ ဘုရင် တစ်ပါး၏ အဆင့် အတန်းကြောင့်၊ မည်သူမျှ မကြည့် ဝံ့ တော့ပေ။

အနည်းငယ် စိတ်သက်သာရာ ရသွား ဟန်ဖြင့်၊ ရန်လောင်ဇီမှ သက်ပြင်း ခိုးချ မိစဉ်၊ သာယာနာ ပေျာ်ဖွယ် ကောင်းသော အသံ တစ်သံ ထွက်ပေါ် လာသည်။

“ ခစ် ခစ် ခစ် ... ၊ သူတို့ ဘာလို့ ကြည့်နေ ကြ တာလဲ ဆိုတာ၊ တကယ် မသိ ဖူးလား။ ”

ယွဲ့ဝေဝေက မျက်ဝန်းများ ပိတ် သွားသည် အထိ၊ ရယ်မော လိုက်၏။

( မိစ္ဆာမ ... ။ )

ယင်းကြောင့် ရန်လောင်ဇီ မျက်နှာမှာ မည်းမှောင် လာပြီး၊

“ ညီမလေး နင် ဘာတွေ ပြောနေ တာလဲ၊ ငါ တကယ် နားမလည်ဘူး ... ။ ”

-ဟု ဆိုလိုက် သော်လည်း၊ စိတ်ထဲမှ ပျစ်ပျစ် နှစ်နှစ် ကျိန်ဆဲ နေခဲ့သည်။

“ အဟဲ ... ၊ အစ်ကိုကြီး မင်းက မှတ်ဉာဏ် မကောင်း ဖူးပဲ၊ ကောင်းပြီ ... ငါ အစ ပြန်ဖော် ပေးမယ်၊ လင်းယွန်သာ နန်းဂွန်း ဝမ်းယူကို အနိုင်ယူ နိုင်ရင်၊ ကိုယ့်ကိုယ်ကိုယ် ... ”

“ ... ဆယ်ကြိမ် ပါးရိုက်ပြ မယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား၊ ဒါကြောင့် သူတို့က စောင့်နေ ကြတာပါ။ ”

တပည့်ငယ် များက ရန်လောင်ဇီကို ကြောက်ပြီး၊ ပြောမထွက် ခဲ့ကြ သော်လည်း၊ သူမမှ သေချာပေါက် မကြောက်ချေ။

“ ငါက ယောက်ျား တစ်ယောက်ပါ၊ ငါ့ စကားကို ငါ အလေး ထားတယ်၊ ဒါပေမယ့် မင်း အပြင် ... ”

“ ... တစ်ယောက် ယောက်က ငါပြော တာကို ကြားမိ လို့လား ... ဟမ့်၊ ဘယ်သူ ကြား သေးလဲ ပြောပါ၊ ကြားတယ် ဆိုတဲ့၊ ဘယ် သူ့ကို မဆို ငါ ဆုချမယ်၊ ဟား ... ဟား ... ဟား ... ။ ”

ရန်လောင်ဇီက ရယ်မောကာ၊ လှည့်မေး လိုက်သည်။ ယွဲ့ဝေဝေမှာ ငယ်ပေ၏။ သူ့အား မည်သူမျှ အရှက် မခွဲ ဝံ့ သည်ကို၊ ဤကလေးမ သိပုံ မရချေ။

“ ငါ ကြား တယ်။ ”

သို့သော် ပြတ်သားသော အသံ တစ်သံ၊ ရုတ်တရက် ထွက်ပေါ် လာသည်။ ထိုအသံကြား သည်နှင့်၊ သတ်ဖြတ် လိုသော အကြည့်ဖြင့်၊ ရန်လောင်ဇီက လှည့်ကြည့် လိုက်သည်။

( တိရစ္ဆာန် မသား ... ကျန်းဝူကျိ။ )

အသံ ပိုင်ရှင်ကို မြင်သော အခါ၊ စိတ်ထဲမှ ကျိန်ဆဲပြီး၊ မျက်နှာ ပြောင်းလဲ သွားသည်။

ခရမ်းရောင် မိုးကြိုး ဂိုဏ်းနှင့်၊ ကောင်းကင် မိစ္ဆာ ခန်းမ တို့မှာ၊ ဝေးကွာ သော်လည်း၊ ဘုရင် သုံးပါး အတွက်မူ၊ ထိုအကွာ အဝေးမှာ ဘာမျှ မရှိချေ။

“ ငါကို ဆုချဖို့ မလို ပါဘူး၊ ဒီစကားကို မင်း ကိုယ်တိုင် ပြောခဲ့တာ ငါ ကြားတယ်။ ”

ကျန်းဝူကျိက ရန်လောင်ဇီ အကြည့်ကို တစ်ချက်သာ ပြန်လည် လက်ခံ ကြည့် လိုက်ပြီး၊ ရှေ့ တူရှုသို့ ချက်ချင်း လှည့် သွားသည်။

“ မင်း ... ဝေါ့ ။ ”

ရန်လောင်ဇီမှာ ပေါက်ကွဲလု နီးနီး ဒေါသများကို မြိုသိပ် ထားရ သောကြောင့်၊ သွေး တစ်လုတ် အန်ချ ထွက် လာ၏။

“ လုံ လောက် ပြီ ... ။ ”

ကောင်းကင် မိစ္ဆာ ခန်းမ သခင်က၊ ဝင်ပြော လာသည်။ ထို့ကြောင့် ရန်လောင်ဇီမှ သူ့ အရှိန် အဝါကို အမြန်ပြန် ရုတ်ပြီး၊

“ ဆရာ ... ။ ”

“ ရှက် ရမှန်း မသိဘဲ၊ ရဲရင့်ချင် နေတာပဲ၊ မဆိုး ပါဘူး။ ”

ကောင်းကင် မိစ္ဆာ ခန်းမ သခင်က၊ မျက်ဝန်းများ မှိတ်လျက် တုန့်ပြန် လိုက်သည်။

ထိုစကားကြောင့် ရန်လောင်ဇီ မျက်နှာ ဖျော့တော့ သွား၏။ သူ့၌ ရွေးချယ်စရာ မရှိ တော့ချေ။

“ ယွဲ့ဝေဝေ ... မင်းမှာ၊ အကြင်နာ တရား မရှိဘူး။ ”

-ဟု အံကြိတ်ကာ အပြစ်တင် လိုက်သည်။

“ အစ်ကိုကြီး၊ ငါက ရက်စက် တက်တဲ့ သူတော့ မဟုတ် ပါဘူး၊ ဟီး ဟီး ... ၊ အနည်း ဆုံးတော့ ငါ့ ကိုယ်ငါ ပါးရိုက်ဖို့၊ မဝံ့ ရဲတာ အမှန်ပဲ ။ ”

မျက်လုံးများ မှိတ်ကျ သွားသည် အထိ၊ ရယ်မောပြီး တုန့်ပြန် လိုက်သည်။ ထို့ကြောင့် မကျေနပ် သော်လည်း၊ ရန်လောင်ဇီက အားနှင့် လွှဲကာ၊ ပါးရိုက် ချ လိုက်သည်။

“ ဖြန်း ... ၊ ဖြန်း ...၊ ဖြန်း ... ။ ”

ကျယ်လောင် လွန်းသော အသံ အရ၊ လူအုပ်ကို၊ လှည့်ကြည့် လာစေ၏။ အများစုမှာ နားမလည် ဟန်ဖြင့်၊ အချင်းချင်း ပြန်မေး ကုန် ကြသည်။

“ ဖြန်း ... ၊ ဖြန်း ...၊ ဖြန်း ... ။ ”

ကတိ အတိုင်း ပါးရိုက်သံ ဆယ်ကြိမ် ထွက်ပေါ် လာသည်။ ကြေကွဲ ဖွယ်ရာ မြင်ကွင်း တစ်ခု ဖြစ်သော်လည်း၊ မြင်သူတိုင်း ပြုံးရယ် လာမိ ကြ၏။

ဘုရင် သုံးပါး၏ အဆင့် အတန်း အရ၊ ပထမဆုံး အကြိမ်၊ အရှက်ခွဲ ခံရခြင်း ဖြစ်သည်။ ပါးရိုက် ပြီးသည်နှင့် ယွဲ့ဝေဝေအား စိုက်ကြည့်ကာ၊

“ ငါ ရိုက်ခဲ့တဲ့ ဆယ်ချက် အတွက်၊ လင်းယွန် ဆီကနေ ပြန်ယူမယ်။ ”

ထိုစကားကို ကြားသော အခါ၊ ယွဲ့ဝေဝေ မျက်နှာမှာ အေးစက် သွားပြီး၊ လှည့် မကြည့်ဘဲ၊

“ ဒါဆို စောင့်ကြည့် ရအောင် ... ။ ” -ဟု တုန့်ပြန် လာခဲ့သည်။

ရန်လောင်ဇီ သတင်းက တောမီးလို ပျံ့နှံ့ သွား၏။ အဆုံးတွင် ဘုရင် သုံးပါးမှာ၊ လူတိုင်း၏ အာရုံ စူးစိုက်မှု ဗဟိုချက် ဖြစ်သည်။

ဒိုင် အဖိုးအိုက ယင်းကို လျစ်လျူရှုပြီး၊

“ စတုတ္ထ အုပ်စု ချန်ပီယံက လင်းယွန်ပဲ၊ ဘယ်သူ မဆို သူ့ကို စိန်ခေါ် နိုင်ပါတယ်၊ ရှုံးရင် မင်း တို့ရဲ့ နောက်တစ်ဆင့် တက်နိုင်မယ့် အခွင့် အရေးကို လက်လွှတ် ရလိမ့်မယ်၊ ဒါကြောင့် လေးလေး နက်နက် စဉ်းစားပါ။ ”

အဖိုးအို စကားဆုံး သည်နှင့်၊ ပြိုင်ပွဲဝင် များက တွေးတော လာကြသည်။ အထူးသဖြင့် ရုပ်တုတွင် ချိတ်ဆွဲခံ ခဲ့ ရသော လီမူဘိုင်း ဖြစ်၏။

လင်းယွန်မှာ ဘုရင်သုံးပါး မဟုတ် သော်လည်း၊ စတုတ္ထ အုပ်စု၏ ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်သည်။

သို့သော် ဝှက်ဖဲ များကို ထုတ်ဖော် ပြသ ခဲ့ပြီးသည့် အပြင်၊ ဒဏ်ရာ အနည်းငယ် ရရှိထား သည်။

ထို့ကြောင့် အခွင့် အရေး ရှိနိုင် မည်ဟု၊ ခံစားလာ မိ၏။ သို့သော် ဦးဆောင်ရန် တစ်စုံ တစ်ယောက် လိုနေသည်။

မျက်လုံး များစွာက လီမူဘိုင်းထံ၊ ကျရောက် သွားသည်။ လီမူဘိုင်း ဒဏ်ရာမှာ မပြင်းထန် လှ သဖြင့်၊ မူလ စွမ်းအင် များကို ပြန်လည် ရရှိ ထားပြီ ဖြစ်သည်။

လီမူဘိုင်း သည်လည်း အတွေး များနှင့်၊ လွန်ဆွဲ နေသည်။ သူက လင်းယွန်၏ ပြိုင်ဘက် မဟုတ်ကြောင်း သိ၏။

သို့သော် နောက်ထပ် လူ အနည်းသာ၊ ပါ၀င်လာ ပါက ကွဲပြား ခြားနားသော အဓိပ္ပါယ် တစ်ခု ဖြစ်နိုင် ပေမည်။

နန်းဂွန်း ဝမ်းယူကို ကြည့်လိုက်သော အခါတွင်၊ နောက်ကွယ်မှ တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိ သည်ကို တွေ့လိုက် ရသည်။

ထို့နောက် ယန်နန်းတော် ရှိရာ အရပ်ထံ၊ လှည့်ကြည့် လိုက်သော အခါ၊ လင်းတာအို သေဆုံး သွားပြီ ဖြစ်ကြောင်း၊ သတိရ သွား၏။

“ အဲဒါကို တွေး မနေ ပါနဲ့ ... ။ ”

ကောင်းကင်ဓား ဂိုဏ်း၏ ဂိုဏ်းချုပ်က၊ သူ့အား သတိပေး လာခဲ့သည်။

ဒိုင် အဖိုးအိုမှ အချိန် အတော် ကြာအောင် စောင့်ကြည့် နေပြီးနောက်၊

“ ဘယ်သူမှ စိတ်မဝင် စားတဲ့ အတွက်၊ အလင်း အမှောင် လမင်း ကမ္ဘာက ယုဟိုရှင်း၊ ခရမ်းရောင် မိုးကြိုး ဂိုဏ်းက ကျန်းဝူကျိ၊ ... ”

“ ... ကောင်းကင် မိစ္ဆာ ခန်းမက ရန်လောင်ဇီနဲ့၊ ဓားနန်းတော်က လင်းယွန် တို့က၊ ပဏာမ ချန်ပီယံ အဖြစ် ထိပ်ဆုံး ဆယ်ဦး အဆင့်ကို၊ ... ”

“ ... တက်လှမ်း သွားပါပြီ၊ ... ဂုဏ်ယူ ပါတယ်၊ ကျန်တဲ့ ခြောက်ယောက် ကိုတော့၊ သုံးရက် နေရင် ဆုံးဖြတ် ပေးပါမယ်။ ”

-ဟု ဆိုလျက် ပြိုင်ပွဲအား ရပ်နား လိုက်တော့သည်။

***

All Chapters