ဘုန်းကျက်သရေ ကြီးသော ဓား။
Vol. 58 Ch. 811
ကျင့်ကြံ သူများ အတွက် သုံးရက်မှာ တိုတောင်း လွန်းလှ၏။ နန်းဂွန် ဝမ်းယူနှင့် တိုက်ရာမှ ရခဲ့သော နားလည်မှု များကို တတ်နိုင် သမျှ၊ သုံးသပ် နေမိသည်။
သူ၏ ထိုးထွင်း သိမြင်မှုမှာ၊ များစွာ တိုးလာပြီ ဖြစ်သောကြောင့်၊ ဤအရာမှ လုံလောက် ပေ၏။
နောက်ဆုံးတွင် သိုင်း ရည်ရွယ်ချက် ကိုသာ၊ နားလည် နိုင်ပါလျှင်၊ ပို၍ အားကောင်း လာမည် မှာ သေချာသည်။
ဓားသုတ္တန်၏ ဂုဏ် သတ္တိမှာ ရေခဲ ဖြစ်ပြီး၊ မိုးပြာ နဂါး မူလ ပုံစံသည် လျှပ်စီး ဖြစ်၏။ ဆိုလို သည်မှာ ရေခဲနှင့် လျှပ်စီး နှစ်ရပ် စလုံးတွင် သမ္ပတ္တိများ ရှိသည်။
( သမ္ပတ္တိ= နားလည် သဘောပေါက်မှု။ )
သို့သော် အချိန် အနည်းငယ် အတွင်း အရည်အချင်း နှစ်ခုလုံးကို၊ သိုင်း ရည်ရွယ်ချက် အဆင့်သို့၊ နားလည်အောင် ကြိုးစား ခြင်းသည်၊ လက်တွေ့ မကျချေ။
ထို့အပြင် ၎င်းရည်ရွယ်ချက် နှစ်ရပ် လုံးကို ပေါင်းစည်းရန် ပြဿနာလည်း ရှိနိုင်၏။ နှင်းဓား အား နန်းဂွန်း ဝမ်းယူ ထုတ်ဖော် ချိန်ကို ပြန် အမှတ်ရ လာပြီး ကြိုးစား မိသည်။ ထိုစဉ်က နန်းဂွန်း ဝမ်းယူ၏ အရှိန်အဝါမှာ ကောင်းကင် ဝိညာဉ် အဆင့်သို့ ရောက်ရှိ သွားခဲ့၏။
ရလဒ် အနေဖြင့်၊ ကနဦး ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင်သူ များကိုပင် လုံးဝ ဖိနှိပ် နိုင် ခဲ့သည်။
တစ်ပိုင်း ကောင်းကင်း ဝိညာဉ် နယ်မြေနှင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေ အကြား ကွာဟ ချက်မှာ ကြီးမားလှ သောကြောင့်၊ ယင်းသည် အထင်ကြီး လောက်စရာ ပေပင်။
နောက်တဖန် ကောင်းကင် ဝိညာဉ် ကျမ်းကျင်သူများ ကြား၌၊ ခြားနားချက် တစ်ခု ရှိသည်။
ဥပမာ လမ်းလွဲ ကျင့်ကြံသူ များနှင့် မဟာ ချင် အင်ပါယာမှ ကောင်းကင် ဝိညာဉ် နယ်မြေမှ ကျွမ်းကျင်သူ များပင် ဖြစ်သည်။
၎င်းတို့သည် အုပ်စိုးရှင် များကဲ့သို့၊ လိုက်ဘက်သည့် နည်းစနစ်မျိုး ကင်းမဲ့ပြီး ရတနာ များစွာကို အသုံးပြု နိုင်စွမ်း မရှိ ကြပေ။
ထို့ကြောင့် သူတို့၏ အခြေခံ အုတ်မြစ်မှာ၊ သစ်သားအိမ် မျှသာ ရှိ၏။ မုန်တိုင်း ဒဏ်ကို မခံ နိုင်ချေ။
နန်းဂွန်း ဝမ်းယူ အမူ၊ ထိုအဆင့် ကျွမ်းကျင်သူ များကို သာမက၊ အုပ်စိုးရှင် များကိုပင် နှိမ်နင်း နိုင်သည်။
ယင်းကို တွေးနေ လျက်မှ၊ ရုတ်တရက် တစ်စုံ တစ်ရာကို သတိရ မိသည်။ ဘုရင် သုံးပါး အနေဖြင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိရန် ဖြစ်နိုင်ချေ ရှိသည်။ သာမာန် လူတွေ အတွက်၊ မဖြစ် နိုင်သော စွမ်းဆောင် ရည်မျိုး၊ ၎င်းတို့တွင် ရှိလေသည်။
“ သူတို့ အားလုံးသာ ... ၊ ကောင်းကင် ဝိညာဉ် နယ်မြေမှာ ဆိုရင်၊ ပြဿနာ နည်းနည်း ရှိနိုင်တယ်။ ”
မေးစေ့ကို ပွတ်လျက် အလေး အနက် ဆိုမိသည်။ ယင်း အတွက် နှင်းဓားမှာ၊ အဖြေ တစ်ခု ဖြစ်နိုင်၏။ အဆုံးတွင် သူ့ကိုယ်ပိုင် လမ်းကို ဖောက်လုပ် ရပေ တော့မည်။
မျက်လုံးများ မှိတ်ချ လိုက်ပြီး၊ ကျင့်ကြံ ထားသော ပညာရပ် အားလုံးကို ပြန်လည် သုံးသပ် လိုက်သည်။
လျှို့ဝှက် နည်းစနစ်၊ လက်သီး နည်းစနစ်၊ ဓား နည်းစနစ်နှင့် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်၊ စသည် တို့ထက် မည်သည့် လမ်းကို ရွေးရမည် မသိချေ။
မိုပြာ နဂါး။ ရုတ်တရက် သတိရ သွားပြီး မျက်လုံး ဖွင့်ကြည့် လိုက်သည်။ သူ့တွင် မိုးပြာ နဂါး ဓား အရှိန် အဝါ ရှိ၏။
နှင်း ရည်ရွယ်ချက် သို့မဟုတ်၊ လျှပ်စီး ရည်ရွယ် ချက်ကို ပုံဖော်ရန် အချိန် မလောက် သော်လည်း၊ နဂါး ဓား အရှိန် အဝါ ကိုမူ ကွဲပြား နိုင်သည်။
ကောင်းကင် တောင်ကုန်းတွင် ၎င်းကို ကြိမ်ဖန် များစွာ အသုံးပြု ခဲ့ဖူးသည်။ သို့သော် ယင်းမှာ အပေါ်ယံ မျှသာ ဖြစ်ပြီး၊ ရှန်ရှင်ဓား မှသည် ဝိညာဉ်ရေး ဓားသို့၊ ပြောင်းလဲသွား ခြင်းမျိုးနှင့် တူသည်။ ထို့ကြောင့် ယခု စတင် ပါက၊ ချောမွေ့ လာနိုင်သည်။
နောက်ဆုံးတွင် နဂါးဓား အရှိန် အဝါ ကိုသာ ရွေးချယ် ရပေမည်။ ယင်းကို တွေးမိ ပြီးနောက်၊ သူ့ မျက်နှာ ပေါ်၌ စိတ် လှုပ်ရှားမှုများ ဖြစ်ပေါ် လာတော့သည်။
ဓားသေတ္တာကို မြေကြီးပေါ် ချလိုက် သည်နှင့်၊ စိတ်ထဲ၌ မြင်ကွင်းများ ပေါ်ပေါက် လာ၏။
ထိုမြင်ကွင်း များမှာ လီမူဘိုင်း၏ တောင်မြစ်ဓား ရည်ရွယ်ချက်၊ နန်းဂွန်း ဝမ်းယူ၏ နှင်းဓား ရည်ရွယ်ချက်၊ ဘိုင်လိရွှမ်၏ လျှပ်စီးဓား ရည်ရွယ်ချက်တို့ ဖြစ်သည်။
လင်းယွန်၏ နှလုံးသားက၊ တဟုန်ထိုး ခုန်လာပြီး၊ သွေးများ ပွက်ပွက် ဆူလျက်၊ ခန္ဓာ ကိုယ် အနှံ့ စီးဆင်း သွား၏။
လှုံ့ဆော်မှု မီးတစ်စကြောင့်၊ အတွေး ရထားမှာ ချောမွေ့ လာသည်။ ထို့အပြင် နဂါး ဓား လမ်းကြောင်းကို ပို၍ ရှင်းလင်စွာ မြင်သာ စေ၏။
သူ့စိတ်ထဲ အတွေးများ ရှင်းလင်း လာသည်နှင့် အမျှ၊ မျက်လုံးများ တောက်ပ လာပြီး၊ မရေရာ မှုများ မှေးမှိန် သွားသည်။
ဓားသေတ္တာ ရုတ်တရက် ပွင့်လာကာ၊ ပန်းသင်္ချိုင်း ဓားက သူ့လက်ထဲ ပြေးဝင် လာ၏။ ဓားကို ဖမ်းယူလိုက် ချိန်၌ နဂါး တစ်ကောင်က အရေပြား ပေါ်တွင် ပြေးလွှား နေ သကဲ့သို့၊ လျှပ်စီး ရူရ်များ တောက်ပ လာ၏။
ဓားကို လွှဲယမ်း နေစဉ် လျှပ်စီး နဂါး ရူရ်များမှ ဆက်လက် တောက်ပနေ ခဲ့သည်။ ၎င်းတို့က ဓား ရည်ရွယ်ချက်ဖြင့် အပြည့် အ၀ ပေါင်းစပ် သွားရန် အချိန် အတော်ကြာ ခဲ့သည်။
ကြီးမားသော ရုန်းရင်း ဆန်ခတ်မှုကို မဖြစ်ပေါ် စေသော်လည်း၊ ပတ်ဝန်းကျင် လေထု အပေါ်သို့၊ အကန့် အသတ်မဲ့ ဖိအားများ ကျရောက် လာပေသည်။
ဓား ရောင်ဝါနှင့် နဂါး ရောင်ဝါ တို့မှာ လွယ်လင့် တကူ ပေါင်းစပ်ရန် သွား၏။ သီးခြား အရည် နှစ်ခွက်ကို ခွက်လွတ် တစ်လုံးထဲ ပေါင်းထည့် လိုက်သလို ပေပင်။
“ သူတို့ကို လုံးလုံး ပေါင်းစည်း ရမယ်။ ”
အဖြေ ဆက်ရှာရန် သူ့ဓားကို ထပ်မံ လွှဲယမ်း နေခဲ့သည်။ သူ့ ဓားမှာ အလင်းများ မထွက်ပေါ် တော့ဘဲ၊ အသံ လှိုင်း များသာ ဖြစ်ပေါ် လာ၏။
“ ဒီက ခံစားချက်က အမှန်ပဲ။ ”
လင်းယွန်က ပြုံးကာ ဆိုလိုက်သည်။ ဓားသမား တစ်ဦး အနေဖြင့် ကိုယ်ပိုင် ဓား တစ်လက် တစ်ခု ရှိလာပြီ ဖြစ်သည်။
ထို့အတွက် ပျော်ရွှင်မှုမှာ၊ အတိုင်း အဆ မရှိချေ။ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌ ပေါင်းစပ်ဓားကို ဖန်တီး နိုင်သော စတုတ္ထ မြောက် ဓားသမား ဖြစ်လာခဲ့ လေပြီ။
မျက်စိ တစ်မှိတ် အတွင်း သုံးရက် ကုန်လွန် သွား၏။ အခြားသော ပြိုင်ပွဲဝင်များ သည်လည်း များစွာ အကျိုးရှိ ခဲ့သည်။
သို့သော် လင်းယွန် ကဲ့သို့၊ မည်သူမျှ ကြီးကြီး မားမား ရိတ်သိမ်း နိုင်ခြင်း၊ မရှိ ခဲ့ချေ။ နဂါးဓား အရှိန် အဝါကို ကန့်သတ်ချက်သို့ တွန်းထုတ် လိုက်သော အခါတွင်၊ နဂါး အော်သံများ ထွက်ပေါ် လာ၏။
ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါက နဂါး တစ်ကောင် ကဲ့သို့ ပတ်ဝန်းကျင် အပေါ်၊ လွှမ်းခြုံ သွားသည်။
အခြားသော ပါရမီရှင်များ ဖန်တီး ထားသည့် ဖြစ်စဉ် များနှင့် ယှဉ်ပါက၊ ၎င်းမှာ ကွဲပြားပုံ မပေါ် သော်လည်း၊ နဂါးကြီး ပေါ်ရှိ ရူရ် တစ်လုံး ချင်းတွင် လျှပ်စီး စွမ်းအင်များ ပြည့်နှက် နေပေသည်။
မြည်ဟည်း သံနှင့် လျှပ်စီး တို့မှာ၊ မိုးပြာ နဂါး၏ အမှတ် အသားများ ဖြစ်၏။ ၎င်းအလယ် ဗဟိုတွင် လေပြင်း များဖြင့်၊ မျောနေသော ဓား တစ်လက်ကို မြင်နိုင်သည်။
ယင်းမှာ ဝိညာဉ်ရေး ဓား ဖြစ်သဖြင့်၊ လျှပ်စီးနဂါး ကြီးကို သက်ရှိ တစ်ကောင် ကဲ့သို့၊ ထင်မြင် စေ၏။
ထိုဓားသည် နှစ်ပေါင်း သုံးထောင်ကြာ၊ တည်ရှိ နေခဲ့သော နဂါးပျောက် တောင်စောင်းရှိ ဓား ရည်ရွယ်ချက်အား မမီ သော်လည်း၊ အလို ရှိပါက သုံးရက် တိုင်တိုင် တည်ရှိစေ နိုင်သည်။
ထိုကာလသည် ကြာရှည်ခြင်း မရှိချေ။ သို့သော် ပြိုင်ပွဲ အတွက် ယင်းမှာ လုံလောက် ပေသည်။
သူ့ဓားကို ရုတ်သိမ်း လိုက်ချိန်၌၊ လျှပ်စီး နဂါးက ခန္ဓာကိုယ် အတွင်းသို့ ပြန်ဝင် လာကာ၊ နဂါး ရူရ်များ အဖြစ် ပြောင်းလဲ သွားသည်။
“ ဒါ ... ကနဦး ပေါင်းစပ်မှု အဆင့်ပဲ၊ ပြီးပြည့်စုံအောင် ပေါင်းစပ်ဖို့ သွားရမယ့် လမ်းက ရှည်ပါ သေးတယ်၊ ဒါပေမယ့် အခုလည်း မဆိုးသေး ပါဘူး။ ”
လင်းယွန်က တီးတိုး ရေရွတ် လိုက်၏။ ဤအဆင့်သို့ ရောက်ရှိရန် များစွာ အားထုတ် ခဲ့ရသည် မှန်သော်လည်း၊ ယင်းမှာ အစသာ ဖြစ်ပေသည်။
ပြီးပြည့် စုံသော ပေါင်းစပ်မှု ဟူသည် သူ့ ဓားအား နဂါး တစ်ကောင် အဖြစ် ပြောင်းလဲရန် ဖြစ်သည်။ ထိုအချိန်၌ လက်သီးများ ဖြင့်ပင် နဂါးဓားကို အသုံးချ နိုင်၏။
ရေချိုး ကိုယ်လက် သန့်စင် ပြီးနောက်၊ စောင့်ဆိုင်း နေသော အခြားသူ များထံ ဦးတည် လာခဲ့သည်။
ကာကွယ်သူ မက်မွန်က လင်းယွန်ကို မြင်ချိန်၌၊ သိသိ သာသာ ပြောင်းလဲ သွားသည် ဟု၊ ခံစား လိုက်ရသည်။
“ ဟမ့် ... ။ ”
အသွင် အပြင် အရ ပြောင်းလဲခြင်း မရှိ သော်လည်း၊ အန္တရာယ် ရှိကြောင်း သတိထား မိလာ စေသည်။
လူတိုင်း အမြင်၌ နဂါး တစ်ကောင်အား အတင်း အကြပ် ချုပ်နှောင်ထား သကဲ့သို့၊ ခံစား မိ၏။
အဘယ့်ကြောင့် ဆိုသော် လေ့ကျင့် ပြီးနောက်၊ အရှိန် အဝါအား အပြည့် အဝ မဆုတ်ခွာ နိုင်ခဲ့ သဖြင့်၊ ဤသို့ ခံစား ရခြင်း ဖြစ်သည်။
“ လင်းယွန် ... ၊ မင်းကို ကြည့်ရတာ လွန်ခဲ့တဲ့ သုံးရက်နဲ့ မတူတော့ သလိုပဲ၊ တစ်ခုခု ရခဲ့ပုံ ရတယ်။ ”
ကာကွယ်သူ မက်မွန်က မေးစေ့ ပွတ်လျက်ဖြင့်၊ ပြုံးကာ မေးသည်။ ကောင်းကင် ဝိညာဉ် နယ်မြေ၊ ကျွမ်းကျင်သူ တစ်ယောက် အနေနှင့်၊ ဤပြောင်းလဲ မှုကို သဘာဝ ကျကျ မြင်နိုင်သည်။
“ ဟုတ်ကဲ့ ... ”
လင်းယွန်က ခေါင်းညိတ်ကာ ပြန်ဖြေ၏။ ဖန်းယီ တစ်ယောက် ကြောက်လန့် တကြားဖြင့်၊
“ မင်းက အရမ်း နှိမ့်ချ လွန်းတယ်၊ ဒါက အသေး အမွှား မဟုတ်ဘူး၊ မင်းရဲ့ အရှိန်အဝါက ငါ့ကို ကိုက်စား တော့မယ့်၊ နဂါး တစ်ကောင်လို ခံစား ရစေတယ်၊ မင်းမျက်လုံး ထဲမှာ ဓား အလင်း တွေတောင် ရှိနေတုန်းပဲ၊ ”
“ ဟုတ်တယ် ဒါက နည်းနည်းတော့ အံ့သြ စရာပဲ မဟုတ်လား။ ”
လင်းယွန်ထံ လှမ်းကြည့်ပြီး၊ စီရွယ်ယီ၊ လရောင် ရေစင်နှင့် ကျန်လူ များက၊ ခေါင်းညိတ် လိုက်ကြသည်။
ယင်းမှာ ကောင်းမွန်သော အရာ မဟုတ်သဖြင့်၊ လင်းယွန် တစ်ယောက် မျက်မှောင်ကြုတ် သွားသည်။
နဂါးဓား အရှိန် အဝါကို၊ အပြည့် အဝ နားလည် ထားခြင်း မရှိသေး သဖြင့်၊ အားနည်း ချက် များနှင့် ပြည့်နေခြင်း ဖြစ်၏။
ဘုရင် သုံးပါး နှင့် အခြားသော ပါရမီရှင် များသာ ၎င်းကို သတိပြု မိပါက၊ အဆုံးသတ် သွားပေ လိမ့်မည်။
လင်းယွန်၏ ထိုအတွေး များကို ကာကွယ်သူ မက်မွန်မှ မြင်နိုင် သဖြင့်၊ လက် ဝှေ့ယမ်းကာ အချက်ပြ လိုက်သည်။
သူ့နောက်တွင် ဓားသေတ္တာ တစ်လုံးကို ကိုင်ဆောင် ထားသော ဓားထမ်း အကြီး အကဲ နှစ်ယောက်က၊ ရှေ့တိုး လာပြီး ဓား သေတ္တာအား ဖွင့်ပေး လိုက်၏။
“ အလင်း သတ် ဓား ။ ”
ယင်းကို လင်းယွန်က ချက်ချင်း အသိ အမှတ်ပြု လိုက်၏။ စီနီယာ အစ်မ ရှင်းယန်အား ကယ်တင်ရန် ကြိုးစား ချိန်၌၊ သူ့ကို ကာကွယ်ရန်၊ သည်ဓားကို ကာကွယ်သူ မက်မွန်က ဆွဲခဲ့ ဖူးသည်။
ဘိုးဘေး ဂျင်ဝူမင် အမည်သည် ဓားနန်းတော်၏ ဒဏ္ဍာရီနှင့် ဘုန်း အသရေကို ကိုယ်စား ပြုပြီး၊ ၎င်းဓား အပေါ်၊ သူ့ကိုယ်စား အလေးအနက် ထားကြ ပေ၏။
“ လာ ... ၊ ကိုင်...။ ”
ကာကွယ်သူ မက်မွန်က ဓားကို ကိုင်ရန် အချက်ပြ လိုက်သည်။
“ ဒါက မသင့်တော် ပါဖူး၊ နန်းတော် သခင်။ ”
လင်းယွန်က တုံ့ဆိုင်း သွားသည်။ နောက်ဆုံးတွင် ဤဓားကို ဓားနန်းတော်၏ နန်းတော် သခင်နှင့်၊ အမွေ ဆက်ခံသူ သာလျှင်၊ ထိကိုင်ရန် အခွင့်အရေး ရှိပေ၏။
***