ပုံမှန် မဟုတ်သော ပြိုင်ဘက်။
Vol. 58 Ch. 812
“ အဆင်ပြေ ပါတယ်။ ”
လင်းယွန် တုံ့ဆိုင်း နေသည်ကို တွေ့လိုက် ရသည်နှင့်၊ ကာကွယ်သူ မက်မွန်က ပြုံးကာ ဆိုလိုက် သည်။
သည်ဓားသည် နဂါးဓား အရှိန် အဝါကို ဆုတ်ခွာ စေနိုင် မည်လောဟု၊ အတွေးပေါက် သွားကာ၊ တုံ့ဆိုင်း မနေဘဲ၊ ဓားကို လှမ်းကိုင် လိုက်သည်။
သို့သော် ထိတော့မည့် အချိန်၌၊ ရုတ်တရက် ရပ်လိုက်မိ ပြန်သည်။ ဓားတွေကို ကျိုးစေသော အဖြစ် အပျက်အား သတိရ သွားခြင်း ဖြစ်၏။
ယင်းမှာ အတော်ကြာ နေပြီမို့၊ ပုံမှန် မဟုတ်သော သူ့ ခန္ဓာအား မေ့လု နီးပါး ပေပင်။ မတော် တဆ ဖျက်ဆီး မိပါလျှင်၊ ကြီးစွာသော အပြစ် ဖြစ်ပေ တော့မည်။
“ ဓားကို ကိုင်စရာ မလို ပါဘူး၊ ကိုင်ထား သလိုမျိုး ခံစား လိုက်ရုံ ပါပဲ။ ”
ကာကွယ်သူ မက်မွန်က ပြုံးကာ ဆိုသည်။ ထို့ကြောင့် ပင့်သက် ရှိုက်ပြီး၊ ဓားကို ထိလျက်၊ မျက်လုံးများ မှိတ်ချ လိုက်သည်။
ဓားသွားနှင့် ထိတွေ့ လိုက်သည့် အခိုက်၊ အအေး ဓာတ်များ ခန္ဓာကိုယ် အတွင်း တိုးဝင် လာကာ၊ အပူ ရှိန်အား ဝါးမျို သွားသည်။
တစ်ကိုယ်လုံး အေးစက် လာချိန်၌၊ မျက်လုံးပြန် ဖွင့်ကြည့် လိုက်ရာ၊ လူတိုင်းက ထူးဆန်းစွာ ကြည့်နေ သည်ကို တွေ့လိုက် ရသည်။
လွန်ခဲ့သော အခိုက် အတန့်က အငွေ့အသက်များ အားလုံး လုံးဝ ပျောက်ကွယ် သွားပြီး၊ သာမာန် လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲ လာ၏။
ဤပုံမှန် မဟုတ်သော ခံစား ချက်ကို၊ ခံစားလိုက် ရသော အခါတွင် အလင်းသတ် ဓားအား၊ ချက်ချင်း ပြန်လွှတ် လိုက်သည်။
“ ဘာဖြစ် သွားတာလဲ ... ။ ”
လင်းယွန်က မေးသည်။ ဓားကို သိမ်းရန် အချက်ပြ ပြီးနောက်၊ ကာကွယ်သူ မက်မွန်မှ၊
“ ဒီဓားကို ‘ရေခဲ အလင်းမြူ’ လို့လည်း ခေါ်တယ်၊ ဘိုးဘေး ဂျင်ဝူမင်က ခရီး ထွက်ရင်း ရှာဖ ွေတွေ့ရှိ ခဲ့တဲ့၊ ရှေးဟောင်း ရတနာ ဓား တစ်လက်ပဲ၊ ... ”
“ ... ကမ္ဘာ ပေါ်မှာ ရှိတဲ့၊ အလင်း တိုင်းကို ဝါးမျို နိုင်တယ်၊ ဒါကြောင့် အလင်းသတ် ဓားလို့ ခေါ်ခဲ့ တာပဲ၊ ဓားရဲ့ အသိ အမှတ် ပြုမှုကို မရရှိ ထားလို့၊ ... ”
“ ... မင်းရဲ့ အရှိန်အဝါ တစ်ခု လုံးကို ဖုံးကွယ်ထား နိုင်မှာတော့ မဟုတ်ဘူး၊ ဒါပေမယ့် တစ်ရက်လောက် ဆိုရင်တော့ အဆင်ပြေ မှာပါ။ ”
ကာကွယ်သူ မက်မွန်၏ စကားကို ကြားသော အခါ၊ ရပ်စောင့် နေသူ တိုင်းက၊ နှုတ်ခမ်းများ သပ်လိုက် ကြသည်။ သူတို့ သိသော ဓားနန်းတော်၌၊ သူတို့ မသိသော လျှို့ဝှက်ချက်များ ရှိေန ပေ၏။
“ သွား ရ အောင်၊ ဒီနေ့ တိုက်ခိုက်ဖို့ မလိုသေးဘူး၊ အနား ယူပြီး တိုက်ပွဲ တွေကို စောင့်ကြည့် နိုင်တယ်။ ”
“ ... ထိပ်တန်း ဆယ်ယောက် အတွက် တိုက်ပွဲ တွေက၊ ရက်စက် ကြမ်းကြုတ်တယ်၊ မင်းရဲ့ လျှို့ဝှက် ပညာရပ်ကို ပြီးပြည့် စုံအောင် လုပ်ဖို့၊ အခွင့် အရေး ရနိုင် လိမ့်မယ်။ ”
ကာကွယ်သူ မက်မွန်က၊ လင်းယွန် ထံမှ ထိုအရာကို မမြင်နိုင် သောကြောင့်၊ လျှို့ဝှက် ပညာရပ် ဟုသာ အမည်တပ် နိုင်သည်။
“ ဟဲ ဟဲ ချန်ပီယံ ဖြစ်ရတာ အရမ်း ကောင်းတယ်၊ အခြား လူတွေရဲ့ ပြိုင်ပွဲကို ကြည့်ပြီး၊ ထိုးထွင်း နားလည်မှု ရနိုင်တယ်။ ”
“ ပြီးတော့ ပြိုင်ဘက် တွေရဲ့၊ အားနည်းချက်ကို မင်း မြင်နိုင်တယ်၊ ဒါက စိတ်ဝင် စားစရာပဲ၊ ဟား ဟား ဟား ...။ ”
ဖန်းယီက ရယ်မော လိုက်သည်။ ကာကွယ်သူ မက်မွန် ဦးဆောင်သော မဟာချင် အင်ပါယာ အဖွဲ့မှာ၊ နဂါး ကိုးကောင် ရေကန်သို့၊ ဦးတည် လိုက် ကြသည်။
နဂါး ကိုးကောင် ရေကန် အနှံ့၊ လူများ ပြည့်ကျပ်နေ ပေ၏။ လင်းယွန်ကို မြင်သည် နှင့်၊ ထိုလူအုပ်က တပြိုင် နက်တည်း အော်ဟစ် အားပေး လာ ကြသည်။
ဤအချိန်တွင် လင်းယွန်၏ ပရိသတ်မှာ၊ ဘုရင် သုံးပါးထက် သာလွန်၏။ ယင်းသည် ပို၍ သန်မာ ခြင်းကြောင့် မဟုတ်ဘဲ၊ ကြိုးစားမှုကို အသိအမှတ် ပြုကြခြင်း ဖြစ်သည်။
လူများ စွာက လင်းယွန်၏ မူလကို စူးစမ်း ခဲ့သည်။ မိုးကောင်းကင် မြို့၌၊ ဓားကျွန် အဖြစ် စတင်ပြီး၊ နေသာ စီရင်စု မြို့၏ အကယ်ဒမီ ငါးခု ပြိုင်ပွဲတွင်၊ ချန်ပီယံ ဖြစ်လာသည်။
မြောက် ပင်လယ်၌ ကောင်းကင် ဝိညာဉ် နယ်မြေ ကျွမ်းကျင် သူပင်၊ မျက်စိ စပါးမွေး စူး သဖြင့်၊ သတ်ရန် ကြိုးစား တော့သည်။
ထို့ထက် ပို၍ စိတ်လှုပ်ရှား စရာ ကောင်းသည်မှာ၊ ကောင်းကင် တောင်ကုန်း မြို့၏၊ ပထမ တန်းစား ပါရမီရှင် ခုနစ်ပါးကို သတ်ပစ်ခြင်း ဖြစ်၏။
ဤအချင်းအရာ များသည်၊ လင်းယွန် ထိုင်ခုံ၌ ထိုင်ပြီးသည့် နောက်တွင်ပင်၊ လူတိုင်း အတွက် ဆွေနွေး စရာများ ဖြစ်လာ ခဲ့သည်။
ယင်းက လင်းယွန်ကို မနာ လိုသော ရန်လောင်ဇီ ကဲ့သို့ လူများ အတွက်၊ ပို၍ မျက်နှာ ညိုမဲ လာစေ၏။
ဤသို့ မြင့်တက် လာပြီးနောက် ကျရှုံးခဲ့ ပါက၊ ပို၍ နာကျင် ရစေသည်။ တစ်ဖက် လူ၏ မာနနှင့် အရှက်ကို၊ ယွဲ့ဝေဝေ ရှေ့တွင် နင်းချေ ပြလိုသည်။
ရုတ်ရုတ် သဲသဲ အုံကြွ မှုများ ပြန်လည် ငြိမ်သက် သွားသော အခါတွင်၊ ဒိုင် အဖိုးအိုက စင်မြင့် ပေါ်သို့ ဆင်းလာသည်။
လူတိုင်း၏ အာရုံက၊ အဖိုးအိုထံ အလို အလျောက် ရောက်ရှိ သွားသည်။ ပဏာမ ချန်ပီယံ လေးဦး မပါဝင် သော်ငြား၊ ကျန် (၆) နေရာ အတွက် တိုက်ပွဲ များမှာ စိတ်ဝင်စား စရာ ကောင်းဆဲ ဖြစ်၏။
နောက်ဆုံးတွင် ယခု ပြိုင်ပွဲဝင် (၁၆) ယောက် အတွင်းမှ၊ (၁၀) ယောက်ကို ထပ်မံ ထုတ်ပယ်မည် ဖြစ်သည်။
တစ်စုံ တစ်ဦးသည်၊ အထက် တန်းစား ခုနစ်ပါးနှင့်၊ ဝူရှောင်ရှင်း ကဲ့သို့ ကျွမ်းကျင်သူ များဖြင့် ရင်ဆိုင် ရပါက၊ အနိုင် ယူရန် အခွင့် အရေး နည်းပါး သွားမည် ဖြစ်သည်။
ထို့အပြင် ဇိုချင်းရှန်၊ ဖန်းဟန် လုဟွာ၊ ယွဲ့ဝေဝေနှင့် ဘိုင်လိရွှမ် တို့သည်၊ လီမူဘိုင်း၊ ရှောင်စီယီ၊ ဂျူးချန်နှင့် ယန်လဲ့ တို့အား၊ ရင်ဆိုင် ရမည့် အခြေ အနေ ဖြစ်သောကြောင့်၊ စိတ်လှုပ်ရှား ကုန်သည်။
ဤပြိုင်ပွဲများ မစခင် အထက် တန်းစား များကို မျိုးဆက်သစ် များက၊ ရင်ဆိုင်ရန် အခွင့် အလမ်း မရှိဟု၊ လူတိုင်းက ထင်ခဲ့ကြ ဖူးသည်။
စောင့်ကြည့် နေဆဲ ၌ပင်၊ သည်နေ့၏ ပထမဆုံး ပွဲစဉ် အဖြစ်၊ ဇိုချင်းရှန်နှင့် လီမူဘိုင်း တို့က စတင် ခဲ့သည်။
လင်းယွန်ကို ရှုံးနိမ့် ပြီးနောက်၊ လီမူဘိုင်းအား ယခင် ကဲ့သို့၊ လူ စိတ်ဝင်စားမှု မရှိ တော့ချေ။ နန်းဂွန်း ဝမ်းယူ မှာမူ လူကြိုက်များ နေဆဲ ဖြစ်သည်။
သူတို့ နှစ်ဦး တိုက်ပွဲမှာ၊ ပြင်းထန်လွန်း သောကြောင့်၊ အားနည်းသူ အဖြစ် မည်သူမျှ မထင် မိကြချေ။
အထက် တန်းစား ခုနစ်ပါးတွင်၊ လီမူဘိုင်း ခွန်အားမှာ အနိမ့်ပါး အဖြစ်၊ လူတိုင်း ထင်ကြေး ပေးလာသည်။
“ ချေး ပဲ ... ။ ”
လီမူဘိုင်း၏ တိုက်ပွဲဝင် ဆန္ဒ များက၊ ယခင်ထက် များစွာ အားနည်းသွား သည်ကို လူတိုင်း မြင်နိုင်သည်။
ထို့ကြောင့် ဇိုချင်းရှန် ကိုသာ၊ လူတိုင်း အာရုံစိုက် လာတော့၏။ တစ်ယောက်ကို တစ်ယောက် အပြန် အလှန် ဦးညွှတ်ပြီး၊ တိုက်ပွဲအား စတင် လိုက်သည်။
ဇိုချင်းရှန်၏ တိုက်ခိုက်မှုမှာ၊ အနည်းငယ် အားပျော့ သွားသော်လည်း၊ ယခင် ကထက် တည်ငြိမ် လာသည်။
လှုပ်ရှားမှုပေါင်း တစ်ရာကျော် လဲလှယ် ပြီးနောက်၊ တိုက်ပွဲက အန္တရာယ် ကြီးမားသော အဆင့်သို့၊ ရောက်ရှိ သွားသည်။
အနက်ရောင် မြူများ ရစ်သိုင်းလျက်၊ ဇိုချင်းရှန်၏ အသွင်မှာ ပို၍ ရက်စက်ကြောင်း၊ ဖော်ပြ လာသည်။
ရုတ်တရက် လေထဲ၌ (鬼) ဟူသော ရေှးဟောင်း အက္ခရာ တစ်လုံး ဖြစ်ပေါ် လာပြီး၊ လီမူဘိုင်း ပေါ်သို့ ဖိအားများ သက်ဆင်း သွားသည်။
ယင်းမှာ တစ္ဆ ဟူသော အဓိပ္ပါယ် ဖြစ်ပြီး၊ လေထု ထဲတွင် ထိတ်လန့်ဖွယ် ညည်းသံများ ပဲ့တင် ထပ်လာကာ၊ များမကြာခင် လီမူဘိုင်း တစ်ယောက် ဓား လွတ်ကျ သွား၏။
ရူရ် များဖြင့် လင်းလက် နေသော ဆေဘာဓားကို မြှောက်လျက်၊ ဇိုချင်းရှန်က ထပ်မံ ခုတ်ပိုင်း ချလိုက်သည်။
“ အူး ... ဟူး ဟူး ... ။ ”
လေဟာနယ်ကို ဖြတ်သန်း လာသော ဆေဘာဓား မြည်သံမှာ၊ သရဲ တစ္ဆေပေါင်း များစွာ အော်ဟစ် နေသကဲ့သို့၊ ပြောင်းလဲ လာ၏။
လက်နက်ကို ဆုံးရှုံး ပြီးနောက်၊ လီမူဘိုင်းအား ကာကွယ်ပေး ထားသော မူလ စွမ်းအင် အလွှာကို ဖြတ်ရန် သုံးကြိမ်သာ လုပ်ဆောင် ခဲ့ရသည်။
ရင်ဘတ် ပေါ်၌ ကြီးမားသော ပြတ်ရှရာ တစ်ချက်နှင့် အတူ၊ အနက်ရောင် အခိုးအငွေ့ များ ဖွဲ့တည် လာသည်။
“ အူး ဟီး ဟီး ... ။ ”
နောက်ထပ် ဓား တစ်လက် ထပ်မံ ကျဆင်းလာ သဖြင့်၊ လီမူဘိုင်း မျက်နှာ ဖြူဖျော့ သွားကာ၊ လက်ဖဝါးအား အစွမ်းကုန် တွန်းလိုက် မိသည်။
သို့သော် ချက်ချင်း ပြန်လည် လွင့်စင် လာသောကြောင့်၊ “ ငါ အရှုံး ပေးတယ်” -ဟု ထိတ်လန့်စွာ အမြန် ဝန်ခံ လိုက်တော့သည်။
မျက်နှာ တစ်ဝက်ကို ဖုံးလွှမ်း ထားသော၊ ဝတ်ရုံစ အောက်ရှိ ဇိုချင်းရှန် မျက်လုံး များတွင်၊ စိတ်ပျက်မှုများ ဝင်ရောက် လာသည်။
လီမူဘိုင်း၏ ပယင်း ရောင်ဝါ တစ်ဝက်ကို ဝါးမျို ပြီးနောက်၊ အထင် အမြင် သေးစွာဖြင့်၊
“ လင်းယွန် မှန်တယ် ... ၊ မင်းက အမှိုက် တစ်စပဲ၊ ငါ့ကိုယ်ငါ ဖိနှိမ်ထား လို့သာ မဟုတ်ရင် ဆယ်ကြိမ် အတွင်း၊ မင်း သေလိမ့်မယ်။ ”
“ ဝေါ့ ... ။ ”
ဇိုချင်းရှန်၏ မှတ်ချက်ကို ကြားသော အခါတွင်၊ လီမူဘိုင်း တစ်ယောက် သွေးအန် သွားသည်။
သို့သော် ချေပရန် စကားလုံး မရှိပေ။ တစ်ချိန်က မည်မျှပင် သန်မာ နေပါစေ၊ ယနေ့ ခွန်အား သည်သာ အသုံးဝင် ချေပြီ။
လင်းယွန်က နဂါးဓား အရှိန် အဝါကို၊ ပေါင်းစပ်ရန် အတွက်၊ သည်တိုက်ပွဲ အပေါ်၊ သဘာဝ အတိုင်း အာရုံစိုက် ထားသည်။
ကံမကောင်း စွာဖြင့်၊ ဇိုချင်းရှန်က ယခင် တိုက်ပွဲ များထက် ပို၍၊ သူ့ အစွယ်ကို ဝှက်ရန်၊ သတိထား လာ၏။
သူ၏ ဓားရေးမှာ အမှန် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းပြီး၊ မိစ္ဆာ အငွေ့ အသက် များကို သန့်စင်သည့်၊ နည်းလမ်း မှာလည်း၊ ထူးဆန်း ပေသည်။
ဝူရှောင်ရှင်း နှင့်ပင် မတူချေ။ ယင်းကို သတိထား မိသဖြင့်၊ ဤလူသည် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ ရှေးဟောင်း မျိုးနွယ်စုဝင် တစ်ဦး လားဟု၊ တွေးတော လာမိသည်။
တိုက်ပွဲပြီး ဆုံးပြီးနောက်၊ ဒိုင် အဖိုးအိုက ဒုတိယ ပွဲစဉ်ကို ဆက်လက် ကြေငြာ ခဲ့သည်။
“ ဖန်းဟန် လုဟွာနဲ့ ဂျူးချန်။ ”
ကြေငြာလိုက် သည်နှင့် တပြိုင်နက် ရယ်မော သံများ ကြားလိုက် ရသည်။ ဂျူးချန် အပေါ် ဓားသွေးကျောက် သဖွယ်၊ အသုံး ပြုခဲ့ သည်ကို၊ လူတိုင်း ပြန်သတိရ လာကြ၏။
ထိုအချိန်က ဂျူးချန် မျက်နှာသည်၊ ဒေါသနှင့် အရှက် တရား တို့ကြောင့်၊ မည်းမှောင် နေခဲ့ သည်။
“ ဟား ဟား ဟား ... ၊ အစ်ကို ဂျူးချန် ငါတို့ ပြန်တွေ့ကြ ပြန်ပြီနော်၊ ဒီ တစ်ခါတော့ မင်း သတိ ထားရမယ်။ ”
ဖန်းဟန် လုဟွာက ပြုံးလျက် ဆိုလေရာ၊ ဂျူးချန် တစ်ယောက် ဒေါသ ထွက်လာ၏။ သူက ကံတရားကို မယုံ ကြည်ခေျ။
ဘဝနှင့် သေခြင်း ကမ်းပါးတွင် လျှောက်လှမ်းကာ၊ အောင်မြင်မှုများ အကြိမ် ကြိမ် ပြုလုပ် နိုင်သော လူမျိုး၊ ဤလောက၌ မရှိကြောင်း ပြောနိုင်သည်။
သို့သော် ဖန်းဟန် လုဟွာသည် ပြိုင်ပွဲ အတွင်း၊ အောင်မြင်မှု ဆယ်ကြိမ်ထက် မနည်း ပြုလုပ် ထားခဲ့သည်။ ယင်းအခြေ အနေနှင့် ပတ်သတ်၍၊ တစ်စုံ တစ်ရာ ထူးခြား နေသည်ကို သူ သိသည်။
***