← Chapters

အတိတ်က ရန်ငြိုး။

Vol. 59 Ch. 813

အတိတ်က ရန်ငြိုး။

Vol. 59 Ch. 813

ဂျူးချန်က ယခင် တိုက်ပွဲကို သင်ခန်းစာ ယူခဲ့ပြီး၊ ပြင်းထန်သော တိုက်ခိုက်မှု များအား ဆက်တိုက် ပြုလုပ် လာသည်။

ဖန်းဟန် လုဟွာကို သေသည် အထိ၊ တိုက်ခိုက် ပစ်ရန် ဆုံးဖြတ် ထားသည်။ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ စင်မြင့် အနှံ့ အပြာ အလင်း များဖြင့်၊ ဖုံးလွှမ်း သွားသည်။

သူ့နောက်တွင် ပေ ရာဂဏန်းမျှ မြင့်သော သစ်ပင်ကြီး တစ်ပင် ထွက်ပေါ် လာ၏။ ပင်စည် တစ်လုံး ယိမ်းနွဲ့ လာပြီး၊ ရာသီ ဥတု အပြောင်း အလဲများ၊ ဖြစ်ပေါ် လာသည်။

သဘာဝ ဖြစ်စဉ် များကို ဖန်တီးနေ သူမှာ၊ ဂျူးချန် ဖြစ်သော်လည်း၊ လင်းယွန်က ဖန်းဟန် လုဟွာ ကိုသာ၊ အာရုံစိုက် ခဲ့သည်။

တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ ပြီးနောက်၊ ဖန်းဟန် လုဟွာမှ ဂျူးချန် အပေါ်၊ အသာ အယာပင် ရင်ဆိုင် နေသည်။

“ ထူး ဆန်း တယ် ... ။ ”

ဖန်းဟန် လုဟွာနှင့် ပတ်သက်၍ တစ်စုံ တစ်ရာကို ခံစားနေ ရသော်လည်း၊ ထိုအာရုံ မည်သည့် နေရာမှ လာမှန်း သူ မသိပေ။

ဝိညာဉ်ရေး ဓား ရည်ရွယ် ချက်မှာ၊ ဓားသမားများ အတွက်သာ အသုံးဝင် လေသည်။

နဂါး မျက်ဝန်းကို တွေးမိ သော်လည်း ၊ မတော် တဆ တစ်စုံ တစ်ယောက်မှ သတိ ပြုမိ သွားနိုင်မည်။

နောက်ဆုံးတွင် ထိုနည်းလမ်း များကို စွန့်လွှတ် လိုက်ပြီး၊ တတ်နိုင် သမျှ အနီးကပ် စောင့်ကြည့်ရန်၊ ဆုံးဖြတ် လိုက်သည်။

အာရုံစိုက် ကြည့်ပါလျှင် သဲလွန်စ အနည်းငယ် ရရှိ နိုင်မည်ဟု ယုံကြည်သည်။

“ သုံးကြိမ် ... လေးကြိမ် ... ငါးကြိမ် ... ။ ”

ဖန်းဟန် လုဟွာနှင့် ပတ်သက်သော အချက်အလက် များကြောင့်၊ လူအုပ် ကြီးက လှုပ်ရှား စွာဖြင့်၊ အကြိမ် ရေကို ရေတွက် လာကြသည်။

ဆယ်ကြိမ် အတွင်း မချိုးနှိမ် နိုင်ပါက၊ ဘုရင်သုံးပါး ပင်လျှင် သူ့အား ကိုင်တွယ်ရန် အခက်တွေ့ လာနိုင် ပေမည်။

ဆိုလို သည်မှာ ဆယ်ကြိမ် ပြီးနောက်၊ ဂျူးချန် ရှုံး မည်ဟု အဓိပ္ပါယ် ရ၏။ ထို့ကြောင့် လူအုပ် ကြီးက တိတ်တိတ်လေး ရေတွက် နေကြခြင်း ဖြစ်သည်။

“ နေ ဦး … ။ ”

ရုတ်တရက် ဖန်းဟန် လုဟွာနှင့် ပတ်သက်၍၊ ထူးခြားမှု တစ်စုံ တစ်ရာကို တွေ့ရှိ လိုက်သဖြင့်၊ လင်းယွန် မျက်ဝန်းများ မှေးစင်း သွားသည်။

ဦးတည် ရာကို ပြောင်းချိန် တိုင်းတွင် လေထဲ၌၊ အားနည်းသော စွမ်းအင် အတက် အကျ လှိုင်းများ ထွက်ပေါ် လာ၏။

ဂရု တစိုက် ဖုံးကွယ်ထား သောကြောင့်၊ သတိ မထား ပါက တွေ့ရှိရန် မဖြစ် နိုင်ပေ။ ဝိညာဉ်ရေး ဓားကို အသုံး ပြု၍ ထပ်မံ ခွဲခြမ်း စိတ်ဖြာ နေမိသည်။

“ တွေ့ ပြီ ... ။ ”

သူလှုပ်ရှား လိုက်တိုင်း၊ ပြိုင်ဘက်၏ စွမ်းအင်များကို ချေဖျက် ပစ်ခဲ့သည်။ ထို့ကြောင့် ဘဝနှင့် သေခြင်း အခြေ အနေမှ၊ အကြိမ်ကြိမ် ရုန်းထွက် နိုင်ခြင်း ဖြစ်၏။

ဖန်းဟန် လုဟွာ၏ ရုပ်ခန္ဓာမှာ၊ မြင်ရ သည်ထက် ပို၍၊ လျှို့ဝှက်ချက်များ ရှိနေ ကြောင်း၊ သတိ ထားမိ လိုက်သည်။

ချူးဂျန်က သတိ ထားမိ သော်လည်း၊ လင်းယွန်လောက် မမြင် နိုင်ချေ။ သူ့ ပြိုင်ဘက် အပေါ်၊ ဝှက်ဖဲ ထုတ်ဖော် ရသည် အထိ၊ ဖိအား မပေး နိုင်ဘဲ၊ ရှုံးနိမ့် လုနီးပါး ဖြစ်လာ ခဲ့ရသည်။

(၁၀) ကြိမ် လှုပ်ရှား ပြီးနောက်၊ လင်းယွန် ခန့်မှန်းထား သကဲ့သို့၊ ဂျူးချန် တစ်ယောက် အရေး နိမ့်လာ ခဲ့သည်။

“ ကောင်းကင်ဘုံ ရေခဲ လက်သီး- ရေခဲ ကမ္ဘာ။ ”

ဖန်းဟန် လုဟွာက မူလ စွမ်းအင် များကို စက်လုံးကြီး အသွင် ဖွဲစည်း လိုက်ပြီး၊ လက်သီး များဖြင့် ပစ်ထုတ် လိုက်သည်။

“ ဝုန်း ... ။ ”

စွမ်းအင် စက်လုံး ကြီးက ဂျူးချန်ကို ထိမှန် ပေါက်ကွဲ သွား တော့သည်။

“ တကယ်ပဲ ဆယ်ကြိမ် အတွင်း၊ မဖိနှိမ် နိုင်လို့ သူ ရှုံးသွားပြီ။ ”

“ ဂျူးချန်ရဲ့ အုတ်မြစ်ကို ထိသွားပြီ၊ ပြိုင်ပွဲ ကနေ ထွက်ရမယ့် အခြေ အနေပဲ။ ”

“ လီမူဘိုင်း တုန်းက ဇိုချင်းရှန်ရဲ့ ဓားနဲ့၊ နှစ်ပိုင်းဖြတ် လုနီး ပါးပဲ၊ အခု ဂျူးချန် အုတ်မြစ် ထိခိုက် သွားပြီ ဆိုတော့၊ အထက် တန်းစား နှစ်ဦးကို၊ ဖယ်ထုတ် လိုက်တာနဲ့ တူတူ ပါပဲ။ ”

မယုံ နိုင်စရာ မြင်ကွင်းကြောင့်၊ လူအုပ် ကြားတွင် ရုတ်ရုတ် သဲသဲ ပေါက်ကွဲ သွားသည်။ ထိပ်ဆုံး ဆယ်ဦး အတွက် တိုက်ပွဲ များမှာ၊ ကြမ်းတမ်း လှသဖြင့် ဒဏ်ရာ အပြင်းအထန် ရပါက၊ ပြီးဆုံး သွားမည် ဖြစ်သည်။

“ ငါ နိုင် ပြီ ... ။ ”

ဖန်းဟန် လုဟွာက ပြုံးပြီး ဆိုသည်။ ရလဒ်ကို ဆုံးဖြတ် လိုက်ပြီဖြစ် သဖြင့်၊ စကား တစ်ခွန်းမှ မဆို တော့ဘဲ၊ ဂျူးချန်က စင်မြင့် ပေါ်မှ ခုန်ဆင်း သွားသည်။

သို့သော် ရေကန် ထဲသို့၊ သတိလစ် လဲကျ သွား လေရာ၊ သူ့ဂိုဏ်း၏ အကြီး အကဲ များက အပြေး အလွှား တုံ့ပြန် လာကြသည်။

သမိုင်း တစ်လျှောက်တွင် နဂါး ကိုးကောင် ရေကန် ထဲသို့၊ ပြုတ်ကျ ခဲ့သည့် ပထမ ဆုံးသော အထက် တန်းစား တစ်ပါး၊ ဖြစ်လာ သည်။

“ အဲဒီ အတွက် တောင်းပန် ပါတယ်။ ”

ဖန်းဟန် လုဟွာက ရယ်မောပြီး၊ ထွက်သွားသည်။ ဂျူးချန်ကို သူ့ အကြီး အကဲ များမှ ကူညီခြင်း မရှိ ပါက၊ ရေကန်ထဲ နစ်မြှပ် သေဆုံး သွားနိုင် ပေသည်။

နောက်ဆုံးတွင် အရာ အားလုံးမှာ၊ ခွန်အား အပေါ် ၌သာ မူတည် ပေ၏။ ဖန်းဟန် လုဟွာ ထွက်သွားပြီး သည်နှင့်၊ တင်းမာသော အငွေ့ အသက်များ ပျောက်ကွယ် သွားသည်။

“ ဘယ်လောက်တောင် ရက်စက် လိုက်လဲ။ ”

ရေကန် ထဲမှ ဆယ်ထုတ် လာသော ဂျူးချန်ကို ကြည့်ပြီး၊ ဖန်းယီက သက်ပြင်းချ လိုက်သည်။ ထို့နောက် လင်းယွန်ကို တစ်ချက် ပြန်ကြည့် မိ၏။

ဤအခိုက် အတန့်တွင် ထိုမြင်ကွင်းကို ကြည့်ပြီး၊ လင်းယွန်မှ သက်ပြင်းချ လိုက်မိ သော်လည်း၊ အရှုံး ပေးရန် ဆန္ဒ မရှိချေ။

တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး၊ အထက် တန်းစား ခုနစ်ပါး၏ ဘုန်း အသရေ ကုန်ဆုံး တော့မည်ဟု၊ လူတိုင်း ခံစားမိ လာသည်။

သို့သော် နန်းဂွန်း ဝမ်းယူနှင့် ရှောင်စီယီ တို့က အောင်ပွဲများ ရယူ ပြကာ၊ ထိုအမြင် မှားကြောင်း သက်သေပြ ခဲ့သည်။

ရှောင်စီယီ၏ တိမ်လွှာ သုံးဆင့် စွမ်းအင် ကျင့်ကြံမှု နည်းစနစ်ဖြင့်၊ မိုင်ပေါင်း တစ်သောင်း ကျော် ရှည်လျားသည့်၊ တောင်တန်းကြီး တစ်ခုကို ဆင့်ခေါ် ပြသ နိုင်ခဲ့သည်။

ထို့ကြောင့် ထိပ်ဆုံး ဆယ်ယောက်သို့ မည်သူ တက်လှမ်း နိုင်မည်ကို၊ တွက်ထုတ်ရန် မသေချာ တော့ချေ။

အခွင့် အရေး အများဆုံး ရှိသူ များမှာ၊ ရှောင်စီယီ၊ ဖန်းဟန် လုဟွာ၊ နန်းဂွန်း ဝမ်းယူ၊ ဝူရှောင်ရှင်း၊ ယန်လဲ့၊ ဘိုင်လိရွှမ်နှင့် ယွဲ့ဝေဝေ တို့ဖြစ်သည်။

တစ်စုံ တစ်ရာ အတိမ်း အစောင်းသာ မရှိ ပါက သူတို့ ထဲမှ၊ ခြောက်ယောက် တက်လှမ်း နိုင်မည် ဖြစ်သည်။

ဤစာရင်းတွင် မျိုးဆက်ဟောင်း သုံးဦးသာ ပါရှိပြီး၊ ကျန်သူ များမှာ မျိုးဆက်သစ် ပါရမီရှင် လူငယ်များ ဖြစ်ပေ သည်။

သည်စာရင်း ထဲသို့ ဝင်ရောက်ရန်၊ ကြိုးစားနေ သူမှာ၊ ချင်ရို့ယူ ဖြစ်သည်။ ယွဲ့ဝေဝေထံ ရှုံးနိမ့် ခဲ့သော်လည်း၊ စိတ်ဓာတ် မကျချေ။

ထိုပွဲ ပြီးနောက် သူမ မျက်နှာကို ပဝါဖြင့် ဖုံးအုပ် ပစ်ပြီး၊ မျက်လုံးနှင့် နဖူး တို့သာ လှစ်ဟ ထားတော့သည်။

“ ဝူရှောင်ရှင်းနဲ့ ရှောင်စီယီ ... ။ ”

ဒိုင် အဖိုးအို၏ နောက်တစ်ကြိမ် ကြေညာ သံကြောင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်သွား ပြန်သည်။ လူတိုင်းက သူတို့ နှစ်ဦး၏ ရန်ငြိုးကို ကြားသိ ထားပေ၏။

“ အစ်ကိုကြီး သတိ ထားပါ။ ”

စိတ်လှုပ်ရှား နေသော ဝူရှောင်ရှင်းကို ကြည့်ပြီး၊ ဂျီဝူယီက သတိပေး လိုက်သည်။

“ လွန်ခဲ့တဲ့ လေးနှစ် တုန်းက၊ ငါ မဟုတ် တော့ဘူး၊ စိတ် မပူနဲ့ သတိထား ရမယ့် လူက၊ သူမ ကိုယ်တိုင် ဖြစ်နေပြီ။ ”

ဝူရှောင်ရှင်းက ပြုံးပြီး၊ ကောင်းကင်ပေါ် ခုန်တက်ကာ စင်မြင့်ပေါ် ဦးစွာ ဆင်းသက် လိုက်သည်။

စင်မြင့်ပေါ် ဆင်းသက် လာသည့် အဟုန်ကြောင့်၊ နဂါး ကိုးကောင် ရေကန်တွင်၊ ကြီးမားသော လှိုင်းလုံးကြီး ဖြစ်ပေါ် လာသည်။

“ ဒီတိုက်ပွဲကို ငါ မျှော်နေတာ ကြာပြီ၊ လွန်ခဲ့တဲ့ လေးနှစ်က မင်းပေး ခဲ့တဲ့ အရှက် တရား အတွက်၊ ငါ ပြန်ယူမယ်။ ”

“ ငါက မေ့တောင် နေပြီ၊ ပြီးတော့ မင်းက ငါ့ကို အရှက်ခွဲ နိုင်တဲ့ အဆင့်မှာ မရှိ သေးဘူး။ ”

-ဟု ရှောင်စီယီက တည်ငြိမ်စွာ တုန့်ပြန့် လိုက်သည်။

“ မင်း စကားကို၊ ငါ ဂရုစိုက် လိမ့်မယ်လို့ မင်းထင်လား ... ။ ”

ဝူရှောင်ရှင်း၏ မျက်လုံး များတွင်၊ လွန်ခဲ့သော လေးနှစ်မှ၊ အရှက် တရားကို သန့်စင် လိုသည့် ဆန္ဒများ တောက်လောင် လာသည်။

“ ဟိတ် ... ။ ”

ကြက်သွေးရောင် အငွေ့ အသက် များနှင့် အတူ၊ မျက်စိ တစ်မှိတ် အတွင်း ရှောင်စီယီ ရှေ့ ထွက်ပေါ် လာ၏။

လက်ဖဝါးကို တွန်းထုတ် လိုက်ချိန်၌၊ ကြက်သွေးရောင် တိမ်တိုက်များ ဖြစ်ပေါ် လာသည်။

ယင်းမှာ ဝူရှောင်ရှင်း၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု၊ ‘သွေးတိမ် ဖျက်ဆီးခြင်း’ ထဲမှ၊ ပုံစံ တစ်ခု ဖြစ်သည်။

“ ဖြို ခွဲ ... ။ ”

ရှောင်စီယီ သည်လည်း၊ မျက်နှာ ပြောင်းလဲခြင်း မရှိဘဲ၊ လက်ညှိုးကို ရှေ့သို့ ညင်သာစွာ ထိုးညွှန် လိုက်သည်။

ကြီးမားသော ပေါက်ကွဲသံ နှင့်အတူ သွေးတိမ် များမှာ ရပ်တန့် သွားပြီး၊ နှစ်ဦးသား နောက်သို့ ပြိုင်တူ ဆုတ်ခွာ မိကြသည်။

“ သွေး အရိပ် ... ။ ”

ဝူရှောင်ရှင်းက ကြမ်းပြင်ပေါ် မဆင်းမီ၊ ကြက်သွေးရောင် အငွေ့ အသက်များ လှိုင်းထ လာပြီး၊ စပါးအုံး မြွေ အဖြစ် ဖွဲ့တည် လိုက်သည်။

ကြက်သွေးရောင် အရှိန် အဝါမှာ၊ ပြိုင်ဘက် အာရုံကို နှောက်ယှက် နိုင်သောကြောင့်၊ တိုက်ပွဲ အတွင်း များစွာ အားသာချက် ရှိစေသည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင် လက်သီး ခုနစ်လုံးခန့် အပြန် အလှန် ထိုးနှက် ရင်ဆိုင် လိုက်ကြသည် ။

“ ဖြန့် ကျက် စမ်း ... ။ ”

တစ်ဖက် လူမှ အညှာအတာ ကင်းမဲ့နေ သည်ကို မြင်ချိန်၌ ရှောင်စီယီက သူ့ကိုယ်သူ ပို၍ တည်ငြိမ်စေ လိုက်သည်။

အရှိန် အဝါကို တွန်းထုတ် လိုက်ပြီး၊ တိမ်လွှာများ ကဲ့သို့ ဖွဲ့စည်း ပစ်၏။ မူလ နေရာ၌ သူမ မတ်တပ် ရပ်နေ သေးသော်လည်း၊ အာကာပြင် ကွာခြား သွားသကဲ့သို့ ထင်မြင် လာစေ၏။

“ စု ရုံး ပစ် ... ။ ”

ဝူရှောင်ရှင်း တစ်ယောက် အံ့အားသင့် နေချိန်တွင်၊ တိမ်လွှာ များက တောင်တန်းကြီး တစ်လုံး အသွင် ဖွဲစည်းပြီး၊ သူ့ အပေါ် ပြိုကျ လာသည်။

“ တိမ်လွှာ သုံးဆင့် ... ။ ”

“ တကယ် နက်နဲပြီး၊ နား မလည် နိုင်တဲ့ နည်းစနစ်ပဲ။ ”

“ ဝူရှောင်ရှင်းရဲ့ ကြက်သွေးရောင် တိမ်တွေက အလုပ် မဖြစ် တော့ဘူး။ ”

လေးနှစ် ကုန်လွန် ပြီးနောက်၊ တိမ်လွှာ သုံးဆင့် ပညာ ရပ်ကို၊ ပြိုင်ဘက်မှ အဆင့် (၁၃) အထိ၊ ပြီးမြောက် နေလိမ့် မည်ဟု မထင် ထားကြောင့်၊ ဝူရှောင်ရှင်း မျက်နှာ၊ ပြောင်းလဲ သွားသည်။

“ မင်းရဲ့ တိမ်လွှာ သုံဆင့် ပညာ ရပ်ကို၊ ငါဘယ်လို ချိုးဖျက် မလဲ ဆိုတာ စောင့်ကြည့် လိုက်ပါ။ ”

ဝူရှောင်ရှင်း၏ မျက်လုံးများ တောက်ပ လာသည်။ လွန်ခဲ့သော လေးနှစ်ကို အလဟသ မဖြုန်းတီး ခဲ့ချေ။ ပြိုင်ဘက် အတွက် အဖြေ တစ်ခု ရရှိ ခဲ့သည်။

“ သူ့မှာ ဝှက်ဖဲ ရှိနေတယ် ထင်တယ်။ ”

ပို၍ တောက်ပ လာသော ကြက်သွေးရောင် အငွေ့ အသက် များကို ကြည့်ပြီး၊ လူတိုင်း၏ မျက်လုံး များတွင် မျှော်လင့် ချက်များ ဖြစ်ပေါ် လာတော့သည်။

***

All Chapters