← Chapters

သစ္စာဖောက် ခံရခြင်း။

Vol. 59 Ch. 814

သစ္စာဖောက် ခံရခြင်း။

Vol. 59 Ch. 814

“ သွေးနီရောင် နဂါး မိစ္ဆာ လက်သီး။ ”

ကြက်သွေးရောင် အငွေ့ အသက် များက၊ လျှပ်စီးများ တဖျပ်ဖျပ် ခတ်နေသော နဂါးကြီး အဖြစ်၊ ပေါင်းစပ် လာသည်။

ကြက်သွေးရောင် အရှိန် အဝါကြောင့်၊ ဖြစ်ပေါ် လာသော မြူ များမှာ၊ စင်မြင့် တစ်ခု လုံးကို ဖုံးအုပ် သွား၏။

လက်သီးမှ နဂါး များစွာကို ဖြစ်ပေါ် စေသော်လည်း၊ ပြီးပြည့် စုံခြင်း မရှိသေး သည်ကို မြင်နိုင်သည်။

နဂါး များမှ ထုတ်လွှတ်သော အငွေ့ အသက်ဖြင့်၊ ဝူရှောင်ရှင်းက ကောင်းကင်ပေါ် ခုန်တက်ကာ ပြိုင်ဘက်ထံ ဦးတည်သွား လိုက်သည်။

ထို့နောက်တွင် တစ်ဒါဇင်ထက် ပိုသော လှုပ်ရှားမှု အကြိမ် များကို ဖလှယ်လိုက် ကြပြီး၊ ပတ်ဝန်းကျင် အနှံ့ ကြက်သွေးရောင် မြူများဖြင့် ပြည့်နှက် သွားစေ၏။

“ သွေး ပျက် စေ ခြင်း။ ”

ဝူရှောင်ရှင်း၏ လက်သီး များက၊ နေမင်းကြီး တစ်စင်း ကဲ့သို့ တိမ်တောင် တန်းကို ကျော်ဖြတ် ထွက်လာသည်။

စက္ကန့်ပိုင်းလေး အတွင်း မှာပင်၊ တိမ်တောင်တန်း ကြီး တစ်ခုလုံး အနီရောင် ပြောင်းလဲ သွား၏။

ပြင်းထန်သော တိုက်ခိုက် မှုကြောင့်၊ ရှောင်စီယီ၏ အရှိန် အဝါမှာ၊ သိသိ သာသာ အားနည်း သွားခဲ့သည်။

“ ဟီး ဟီး ... ၊ ဟား ဟား ဟား ၊ ဟား ဟား ဟား ... ။ ”

ဝူရှောင်ရှင်းက ကျယ်လောင်စွာ ရယ်မော လိုက်ပြီး၊

“ ဟား ဟား ဟား ၊ ဒါက ကျေနပ် စရာပဲ၊ ဒီမှာ နောက်တစ်ကြိမ် လာ ဦးမယ်။ ”

လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာကာ၊ ကြက်သွေးရောင် အလင်း များက ဝူရှောင်ရှင်း မျက်နှာကို၊ ပို၍ ကြောက်စရာ ကောင်းလာ စေ၏။

ဤလက်သီးကို သားရဲ ဒီရေ၌၊ လင်းယွန် မြင်ဖူး ချေသည်။ ထိုစဉ် ကပင်၊ တုန်လှုပ် စရာ ကောင်းသော်လည်း၊ ယခု ပို၏။

နဂါး ကိုးကောင် လှုပ်ရှား လာပြီး၊ ဝူရှောင်အား ဗဟို ပြုလျက် အရိုး လက်များ အဖြစ်၊ ပေါင်းစည်း လာသည်။

“ နဂါး ကိုးကောင် ကောင်းကင်ကို ဖျက်ဆီခြင်း။ ”

ကြက်သွေးရောင် အရှိန် အဝါမှာ၊ အထွတ်အထိပ်သို့ ရောက်ရှိ သွားပြီးနောက်၊ အရိုးစု လက်ချောင်း ငါးချောင်းက၊ ရှောင်စီယီ ကို လှမ်းဆုပ်ကိုင် လိုက်သည်။

ရှောင်းစီယီ တစ်ယောက် ချက်ချင်း ရှောင်ရှား လိုက်ရပြီး၊ မူလ စွမ်းအင် များကို လှိုင်း အဖြစ် ဖန်တီးကာ၊ ပြိုင်ဘက်၏ စွမ်းအင်အား အားပျော့ စေ လိုက်သည်။

ဝူရှောင်ရှင်း၏ တိုက်ခိုက်မှုသည်၊ ကောင်းကင် ထက်ဝက်အား နီရဲ စေပြီး၊ ကန်ရေ များကို အငွေ့ပျံ လာစေ၏။

“ ဝှစ် ... ။ ”

ကြီးမားသော ဖိအားကို ခံစားရ သဖြင့်၊ ကြမ်းပြင်ကို စောင့်နင်းကာ၊ နောက်ဆုတ်ပေး လိုက်ရသည်။

ခြေတစ်လှမ်း လှမ်း လိုက်တိုင်း၊ ကောင်းကင်၌ တိမ်များ ပြောင်းလဲလာ သည်ကို သတိကြည့် ပါက မြင်နိုင်သည်။

ဝိုးတဝါး အော်မြည် သံများ ထွက်ပေါ်မှ သာလျှင်၊ လူတိုင်းက တိမ် များကို မော့ကြည့် လိုက်မိသည်။

တစ်စုံ တစ်ရာ ဖြစ်ပွား နေကြောင်း၊ သိသော်လည်း၊ မည်သည့် အရာ ဖြစ်ပျက် နေမှန်း၊ နား မလည် နိုင်ကြချေ။

တိုက်ပွဲအား အဆုံး သတ်ရန်၊ အခွင့် အရေးကို စောင့်ဆိုင်း လျှက်ဖြင့်၊ တဆုတ်တည်း ဆုတ်ခွာကာ၊ အရှိန် အဝါကို ဖြည့်တင်း နေခဲ့ သည်။

ယင်းကို သတိထား မိပြီး၊ တိမ်များ နောက်ကွယ်၌ မည်သည့် အရာများ ရှိမည်ကို၊ လင်းယွန် တစ်ယောက် သိချင်စိတ် ဖြစ်လာ သည်။

“ ကောင်းကင်ဘုံ ကိုးလွှာ၌၊ အကျဉ်းချ ခံထား ရသော လက်ချောင်း။ ”

အဆုံးတွင် ကောင်းကင်ပေါ် ခုန်တက် သွားပြီး၊ တိမ်များကို ဖယ်ခွာစေ လိုက်၏။

အသက်ရှူ ကြပ် စေသော ဖိအား အချို့ နှင့်အတူ၊ ကြောက်စရာ ကောင်းသည့် လက်ညိုး ကြီး တစ်ချောင်း၊ တိမ်များ ကြားမှ တိုးထွက် လာ တော့သည်။

လက်ချောင်း ဆင်းသက် လာသော အခါ၊ နဂါး ကိုးကောင်ဖြင့် ဖန်တီး ထားသော လက်မှာ ပြန်လည် ပြိုကွဲ သွား၏။

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာပြီး၊ သွေးအန်လျက် ကောင်းကင်မှ ပြုတ်ကျသွား တော့သည်။

တစ်ချိန်တည်း မှာပင်၊ ထိန်းချုပ်မှုမှ လွတ်မြောက် သွားသော ကြက်သွေးရောင် နဂါး ကိုးကောင်က၊ သူ့ကို ပြန်ကိုက် လိုက်သည်။

ဤသည်မှာ မိစ္ဆာ ကျင့်စဉ်ကို ကျင့်ကြံ မိသော ရလာဒ် ဖြစ်သည်။ လူအုပ်က ၎င်းကို မြင်ချိန်၌ ကျောရိုးများ စိမ့်တက် လာ၏။

မိစ္ဆာ ကျင့်စဉ် များ၏ သဘော သဘာဝမှာ၊ ပေါက်ကွဲ စွမ်းအား ပြင်းထန်လှ သော်လည်း၊ ထိန်းချုပ်မှု ဆုံးရှုံးသွား ပါက၊ အသက် အန္တရာယ် ရှိချေပြီ။

ဝူရှောင်ရှင်း၏ နည်းစနစ်မှာ၊ အားကောင်း လှသဖြင့်၊ ကြောက်စရာ ကောင်းသော သေခြင်း ဖြင့်၊ အဆုံးသတ် ရပေ တော့မည်။

“ မ ဟုတ် ဘူး … ။ ”

ဝူရှောင်ရှင်း တစ်ယောက် ကြောက်ရွံ့မှု ကြောင့်၊ မျက်လုံးများ မှိတ်ချ လိုက်သည်။ သူ၏ ကြက်သွေးရောင် အငွေ့ အသက် များမှာ၊ မိစ္ဆာ ကျင့်ကြံသူ များကို သတ်ဖြတ် ခြင်းမှ၊ ရရှိ ထားခြင်း ဖြစ်သည်။

ထို့ကြောင့် ညင်သာသည့် သေခြင်းမျိုး မဟုတ်ဘဲ၊ အလွန် နာကျင်ဖွယ် ကောင်းသော သေခြင်းဖြင့်၊ အဆုံးသတ် ရပေ လိမ့်မည်။

“ စီနီယာ အစ်ကို ... ။ ”

ဂျီဝူယီက စိုးရိမ် တကြီးနှင့်၊ ထိုင်ခုံမှ ထရပ် လိုက်သည်။ သို့သော် ပိုးပုဝါ တစ်စက သက်တံ တစ်စင်း ကဲ့သို့၊ ကြက်သွေးရောင် နဂါး များကို၊ ရုတ်တရက် ဖျက်ဆီး ပစ်တော့သည်။

“ ဝှစ် ... ။ ”

ထို့နောက် ဝူရှောင်ရှင်း ခါးကို ဆက်လက် ရစ်ပတ် လာ၏။ ရှောင်စီယီက ကယ်တင်ရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

အံ့အားသင့် နေသော ဝူရှောင်ရှင်းကို၊ ညင်သာစွာ ဆွဲတင်ပြီး၊ သူမ ရင်ခွင်ထဲ ဆွဲသွင်း လိုက်သည်။

“ မင်း ... တိရစ္ဆာန်မ၊ ငါ့ကို လွှမ်စမ်း။ ”

ဝူရှောင်ရှင်း၏ မျက်လုံး များတွင် အရှက် တရားနှင့်၊ ဒေါသများ တဖျပ်ဖျပ် တောက်ပ လာပြီး၊ ရုန်းကန် လေသည်။

“ မင်းကို ငါလွှတ် လိုက်ရင်၊ မင်း သေလိမ့်မယ်။ ”

“ လွှတ်ပါ ... ၊ ငါ သေရမယ် ဆိုရင်တောင်၊ မင်း ငါ့ကို ကယ်ဖို့ မလို ပါဘူး။ ”

“ ကျွတ် ... ကျွတ် ... ၊ မင်းက ဘယ်လို လူစား မျိုးလဲ၊ လွန်ခဲ့တဲ့ နှစ်နှစ် တုန်းက မိစ္ဆာ ကျင့်ကြံသူ ဆယ်ဦးရဲ့ လက်ထဲ ကနေ၊ ဘယ်သူ ကယ်ခဲ့ တာလဲ ဆိုတာ၊ မင်း မေ့သွား ပြီလား။ ”

အထင် သေးသော မျက်ဝန်း များဖြင့်၊ ဝူရှောင်ရှင်းကို ငုံကြည့်ကာ၊ ရှောင်စီယီက ဆိုသည်။

ထို့ကြောင့် ဝူရှောင်ရှင်း တစ်ယောက်၊ ဆက်လက် ရုန်းကန်ခြင်း မရှိ တော့ဘဲ၊ မှင်တက် သွား၏။

လွန်ခဲ့သော နှစ်နှစ်က ရူးသွပ်ပြီး၊ များစွာသော မိစ္ဆာ ကျင့်ကြံသူ များကို သတ်ပစ် ခဲ့သည်။ ဤလုပ်ရပ် များကြောင့်၊ အင်အားစု များစွာက သူ့အား အမဲလိုက် တော့၏။

တစ်ကြိမ်တွင် ထိုသူ များ၏၊ ဝိုင်းရံ တိုက်ခိုက်ခြင်း ခံလိုက် ရသည်။ သတိ မလစ်ခင်၊ အမျိုးသမီး တစ်ဦး ဝင်ရောက် လာသည်ကို၊ နောက်ဆုံး လှမ်းမြင် မိ၏။

သတိ ပြန်ရလာ ချိန်၌ သွေး ခန်းမသို့၊ ပြန်ရောက် နေခဲ့ပြီ ဖြစ်သည်။ ကယ်တင် ရှင်ကို ရှာဖွေရန် ကြိုးစားခဲ့ သော်လည်း၊ မအောင်မြင် တော့ချေ။

ထို့ကြောင့် ရှောင်စီယီ စကားကို ကြားရသည့် အခိုက်တွင်၊ သူ အံသြ သွားခြင်း ဖြစ်သည်။ ထို့ထက် ပို၍ မတွေး နိုင်ခင်၊ ရှောင်စီယီမှ သူ့အား ပစ်ချ လိုက်တော့သည်။

“ ဝှစ် ... ။ ”

သွေး ခန်းမ၏ အကြီး အကဲ များမှာ၊ ဝူရှောင်ရှင်း ဒဏ်ရာ များကို စစ်ဆေးရန်၊ အလျင် အမြန် ရောက်ရှိ လာခဲ့၏။

ဒဏ်ရာက မစိုးရိမ် ရကြောင်း၊ အတည်ပြု ပြီးသည်နှင့်၊ သက်ပြင်း ကိုယ်စီ ချလိုက် မိသည်။ အခြေခံ အုတ်မြစ်ကို ထိခိုက်ခြင်း မရှိချေ။ ခေတ္တ အနားယူ ပြီးနောက်၊ တိုက်ပွဲ ပြန်ဝင်နိုင် ပေမည်။

ရှောင်စီယီ၏ လုပ်ရပ်မှာ လူတိုင်းကို အံ့အားသင့် စေခဲ့ ကြသည်။ နောက်ဆုံးတွင် သွေးခန်းမ ဟူသည်၊ ဖြောင့်မတ်သော ဂိုဏ်း တစ်ဂိုဏ်း မဟုတ်ချေ။

ပုံမှန် အားဖြင့် ဝူရှောင်ရှင်း သေဆုံး သွားလျှင်ပင်၊ မည်သူမျှ သနား နေမည် မဟုတ်ကြောင်း၊ ပြောနိုင်သည်။

“ ခွေး ကောင် ... ။ ”

ရန်လောင်ဇီက ဤမြင်ကွင်းကို မြင်သော အခါတွင်၊ အံကြိတ် လိုက်သည်။ ရှောင်စီယီမှာ အချိန် အတော်ကြာ၊ သူ အာရုံစိုက် ခဲ့သော အမျိုး သမီး တစ်ဦး ဖြစ်သည်။

အကြိမ်ကြိမ် ရည်းစား စကား ပြောခဲ့ သော်လည်း၊ မအောင်မြင် ချေ။ သို့သော် သူ့ အမျိုး သမီး အဖြစ်သာ၊ သတ်မှတ် ထားသည်။

ထို့ကြောင့် သူမ လုပ်ရပ် များက၊ သူ့ကို သစ္စာ ဖောက်ခြင်း ဖြစ်သည်ဟု ခံစားမိ စေ၏။ ရန်လောင်ဇီတွင် ရှောင်စီယီ တစ်ယောက် တည်းသာ မဟုတ်ချေ။

ကောင်းကင် မိစ္ဆာ ခန်းမ၏ ခန်းမ သခင် ကပင်၊ တားယူ ရသည် အထိ၊ ယွဲ့ဝေဝေ အပေါ်၊ နှောက်ယှက် ခဲ့ဖူးသည်။

ပြိုင်ပွဲ၏ ရလာဒ်ကို ကြေငြာ ပြီးနောက်၊ ဒိုင်အဖိုးအိုက၊ ယန်လဲ့နှင့် ဘိုင်လိရွှမ် ပွဲကို ဆက် လိုက်သည်။

ယန်လဲ့ ရှုံးနိမ့် သွားကဲ့သို့၊ နောက်ပွဲ အဖြစ် ဂေါ့ယွီ သည်လည်း၊ ယွဲ့ဝေဝေကို အနိုင် မရ ခဲ့ချေ။

၎င်းတို့မှာ အထက် တန်းစား နှစ်ပါး ဖြစ်သော်လည်း၊ ယွဲ့ဝေဝေနှင့် ဘိုင်လိရွှမ်၏ အနိုင်ယူ ခြင်းကို ခံခဲ့ ရသည်။ ထို့ကြောင့် သူတို့ နှစ်ဦး၏ ခရီးစဉ်မှာ၊ ပြီးဆုံး သွားရ၏။

သည့်နောက် နန်းဂွန်း ဝမ်းယူနှင့် ဇိုချင်းရှန် တို့ပွဲ ဖြစ်သည်။ လှုပ်ရှားမှုပေါင်း တစ်ရာကျော် ယှဉ်ပြိုင် ပြီးနောက်၊ ဓား နှစ်ချက် အထိုး ခံကာ၊ ဇိုချင်းရှန်က အနိုင်ယူ သွားသည်။

ဒဏ်ရာမှာ ဆိုးရွားလွန်း သဖြင့်၊ နန်းဂွန်းဝမ်းယူ တစ်ယောက် လဲကျ သတိလစ် သွား တော့၏။ သူ့၌ ဆက်ရန် အင်အား မရှိ တော့ပေ။

ဇိုချင်းရှန် ခန္ဓာကိုယ် တွင်လည်း၊ သွေး များဖြင့် ဖုံးလွှမ်း နေကာ ကြောက်မက်ဖွယ် ကောင်းလေသည်။

ခေါင်းခြုံ ထားသော အနက်ရောင် ဝတ်ရုံ စမှာ စုတ်ပြဲ သွားပြီး၊ စူးရှသည့် အကြည့်များ ထွက်ပေါ် လာ၏။ တောက်ပလွန်း သဖြင့် လူ အချို့က သူ့ကို မကြည့်ဝံ့ တော့ချေ။

မျိုးဆက်သစ် ပါရမီရှင် များ၏ ခွန်အားမှာ အသိ အမှတ်ပြု ဖွယ်ရာ ပေပင်။ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး၊ မကြာခင် ချင်ရို့ယူအား ထုတ်ပယ်ခံ လိုက်ရသည်။

ထို့ကြောင့် ရှောင်စီယီ၊ ဝူရှောင်ရှင်း၊ ဘိုင်လိရွှမ်၊ ဖန်းဟန် လုဟွာ၊ ဇိုချင်းရှန်နှင့် ယွဲ့ဝေဝေ တို့သည်သာ၊ ရှေ့ဆက်ရန် အခွင့် အရေး ရှိပေ တော့သည်။

နောက်ဆုံးတွင် သူတို့၏ နဂါး ပုံရိပ်မှာ၊ အခြား သူများနှင့် နှိုင်းယှဉ် ရပါလျှင်၊ ပို၍ စူးရှ လေသည်။

၎င်းတို့မှာ ထိပ်ဆုံး ဆယ်ဦး စာရင်းသို့၊ ဝင်ရောက် နိုင်မှန်း သိသည့်နှင့်၊ တိုက်ပွဲ များက ပျင်းစရာ ကောင်းလာ တော့သည်။

ဘုရင် သုံးပါးက သူတို့၏ သဘောထား များကို မြင်ပေ၏။ လက်ရှိ ပြိုင်ပွဲဝင် များက သူတို့ အပေါ်၊ ပစ်မှတ်ထား နေခြင်း ဖြစ်သည်။

နောက်ဆုံးတွင် ဘုရင် သုံးပါးနှင့် မတွေ့မီ၊ ဝှက်ဖဲ များကို မည်သူမျှ မထုတ်ဖော် ချင်သည် မှာ၊ သဘာဝ ပေပင်။

သို့သော် တစ်ဦး စီ၏ သဘော ထားကို သတိပြု မိ သောကြောင့်၊ ဘုရင် သုံးပါးမှာ အသာစီး ရနေဆဲ ဖြစ်သည်။

လင်းယွန်က လူတိုင်း၏ ချို့ယွင်းချက် များကို သိမြင် ခဲ့ပြီး၊ သူ့အား မကြုံ စဖူးသော အားသာ ချက်များ၊ ပေးစွမ်း လေသည်။

တစ်နေ့တာ ကုန်လွန် တော့မည့် အချိန်၌၊ နောက်ဆုံးပွဲ အဖြစ် ဇိုချင်းရှန်နှင့်၊ ဘိုင်လိရွှမ် တို့ နှစ်ဦး ရင်ဆိုင် ရလေသည်။

သူတို့ ပန်းတိုင်မှာ မည်သည့် အရပ်တွင်၊ ရှိနေမှန်း သိထားကြ သဖြင့်၊ ဝှက်ဖဲ များကို ထုတ်ဖော်ခြင်း မရှိ တော့ချေ။

ခဏ အကြာတွင် ဒိုင် အဖိုးအိုက ကောင်းကင်မှ ဆင်းလာပြီး၊ ဇိုချင်းရှန်နှင့် ဘိုင်လိရွှမ်ထံ မျက်မှောင် ကြုတ်ကာ၊ ကြည့် လိုက်သည်။

ထို့နောက် လက်ဝှေ့ယမ်းကာ၊

“ ထိပ်ဆုံး ဆယ်ဦးကို၊ ငါတို့ အတည်ပြု နိုင်ပြီ၊ အုပ်စု ချန်ပီယံ လေးဦး အပြင် ရှောင်စီယီ၊ ဝူရှောင်ရှင်း၊ ဖန်းဟန် လုဟွာ၊ ဘိုင်လိရွှမ်၊ ... ”

“ ... ဇိုချင်းရှန်နဲ့ ယွဲ့ဝေဝေ တို့ပဲ၊ ဒီနေ့ အတွက် ပွဲစဉ်တွေ ပြီးပြီ၊ နှစ်ရက် အကြာမှာ ထိပ်ဆုံး ဆယ်နေရာ အတွက်၊ ယှဉ်ပြိုင်ဖို့ ပြန်လာ ခဲ့ပါ။ ”

-ဟု ကြေငြာ ပေးလိုက်သည်။

ရလာဒ် မထွက် ပေါ်ခင်၊ ပွဲစဉ်ကို ရပ်လိုက်သော ဒိုင် အဖိုးအို၏ ဆုံးဖြတ်ချက် အပေါ်၊ လူများ စွာက မကျေ နပ်ကြောင်း၊ ထင်ရှား လေသည်။

တစ်ဖက်တွင် လင်းယွန်က ဂရု မစိုက်ချေ။ နောက်ဆုံး တိုက်ပွဲ မတိုင်ခင် ဝှက်ဖဲ များကို မည်သူမျှ ထုတ်ပြမည် မဟုတ်ချေ။

ထို့ကြောင့် ဘိုင်လိရွှမ်နှင့် ဇိုချင်းရှန်တို့ ပြိုင်ပွဲမှာ၊ ရလာဒ် ထွက်ပေါ် လာခဲ့ လျှင်ပင်၊ အစစ် အမှန် မဟုတ်ကြောင်း သူ သိသည်။

***

All Chapters