ထိပ်ဆုံး ဆယ်ဦး၏ ပထမဆုံး တိုက်ပွဲ။
Vol. 59 Ch. 815
မျက်စိ တစ်မှိတ် အတွင်း နှစ်ရက် ကုန်လွန် သွားသည်။ တစ်မြို့လုံး ရင်ခုန်သံများ ပြည့်နှက် လာ၏။
ဘုရင် သုံးပါးကို မည်သူက အနိုင်ယူ နိုင်မည်ကို သိချင် လာ သကဲ့သို့၊ မျိုးဆက်သစ် များ အတွင်း၊ အသန် မာဆုံး ပါရမီရှင် ဖြစ်မည့် သူကိုလည်း၊ မှန်းဆ ကုန်သည်။
ရှောင်စီယီမှာ အထက် တန်းစား ဟူသော သူ့ဂုဏ်သိက္ခာ အပေါ်၊ ဆက်လက် ကာကွယ်နိုင် မည်လော။
သည်တစ်ကြိမ် ဝူရှောင်ရှင်း တစ်ယောက် မည်မျှ သွားနိုင် မည်နည်း။ စသည့် အတွေးများ နှင့် အတူ၊ ရှုံးပွဲ မရှိ စံချိန်ကို ထိန်းထား နိုင်သော လင်းယွန်မှာ၊ သဘာဝ အတိုင်း ပို၍ တောက်ပ နေခဲ့သည်။
ထို့ကြောင့် လင်းယွန်ကို ထိပ်တန်း ဆယ်ယောက် အတွင်း၊ တစ်နေရာစာ ချန်လှပ် ထားပြီး ဖြစ်သည်။
သို့သော် ရှုံးပွဲ မရှိ ဒဏ္ဍာရီကို ဆက်လက် ရေးထိုး လိုပါက၊ ဘုရင် သုံးပါးအား အနိုင်ယူ ရမည် ဖြစ်သည်။
ဘုရင် သုံးပါး အနက် ရန်လောင်ဇီနှင့်၊ ယုဟိုရှင်းက သူ့အား လွယ်လွယ်ဖြင့်၊ မလွှတ် သည်ကို၊ လူတိုင်း နားလည်၏။
သူတို့ နှစ်ဦးက လင်းယွန် အပေါ်၊ နက်ရှိုင်းသော အာဃာတ ထားရှိ ပေသည်။ ထို့ပြင် ကျန် (၆) ဦး သည်လည်း၊ ကိုင်တွယ်ရ လွယ်မည် မဟုတ်ချေ။
လင်းယွန် ဂုဏ် အသရေမှာ၊ ဇိုချင်းရှန်၊ ဖန်းဟန် လုဟွာနှင့်၊ ဘိုင်လိရွှမ် တို့ကို မနာလို ဖြစ်စေသည် အထိ၊ မြင့်မား ခဲ့သည်။
သူတို့ သုံးယောက်က လင်းယွန် ကဲ့သို့၊ လင်းလက် တောက်ပ နေဖို့ရန် အခွင့်အရေး မရှိ တော့ချေ။
မနက်လင်းသည် အခါတွင်၊ လူတိုင်းက ပြိုင်ပွဲ စင်မြင့် ထံသို့၊ ဦးတည် သွားနေသော ခြေသံ များကို ကြားလာ ရသည်။
မဟာချင် အင်ပါယာ ခြံဝင်း အတွင်း၌၊ ကာကွယ်သူ မက်မွန်နှင့်၊ အဖွဲ့သား များမှာ လင်းယွန် ထွက်လာမည့် အချိန်အား စောင့်မျှော် နေ၏။
အပြာရောင် အ၀တ် တစ်စုံကို လဲယူ လိုက်ပြီး၊ ဓားသေတ္တာအား လှမ်းဆွဲ လိုက်သည်။ အိပ်ခန်း ဆောင်မှ လှမ်းထွက် လိုက်သည်နှင့်၊ သူ့ ထံမှ သန့်စင်သော အရှိန် အဝါကို၊ လူတိုင်း ခံစား ရမိသည်။
အရှိန် အဝါမှာ လွန်ခဲ့သော နှစ်ရက် ကထက် ပို၍ တည်ငြိမ် လာ၏။ အမည်မဲ့ စွမ်းအား တစ်ခု ကိန်းဝပ်နေ သကဲ့သို့၊ ထင်မြင် မိစေသည်။
“ မင်းရဲ့ လျှို့ဝှက် ပညာရပ်က၊ အခြေနေ ဘယ်လို ရှိလဲ။ ”
ကာကွယ်သူ မက်မွန်က မုတ်ဆိတ်မွေးကို ပွတ်ကာ၊ စူးစမ်း လိုက်သည်။
“ တိုးတက်မှု နည်းနည်းပဲ ရှိတယ်၊ မပြည့် စုံသေး ပါဘူး။ ”
နဂါးဓား အရှိန် အဝါကို၊ ပေါင်းစည်းရန် ခြေ တစ်လှမ်း မျှသာ လိုပေ တော့၏။ အလို ရှိသည့် အတိုင်း ထိန်းချုပ် နိုင်ခြင်း မရှိပေ။
စစ်မှန်သော တိုက်ပွဲ တစ်ပွဲကို လိုနေပုံ ရ၏။ ထို့ကြောင့် စိတ်ဓာတ် မကျခြင်း ဖြစ်သည်။
“ စိတ်အေးအေး ထားပါ၊ ကိုယ့်ကိုကိုယ် ဖိအား အရမ်း မပေးနဲ့၊ မင်း အသက် ရှင်လျက် လွတ်မြောက် လာဖို့က၊ အရေးကြီး ပါတယ်။ ”
ကာကွယ်သူ မက်မွန်က၊ လေးနက်သော အမူအရာဖြင့် သူ့ သဘော ထားကို ပြသသည်။ လင်းယွန် အောင်မြင်မှု များ မှာ၊ ထိတ်လန့်ဖွယ် ဖြစ်ပြီး၊ ဓားနန်းတော် အတွက်၊ မြင့်မားသော အသရေကို ရရှိ ထားပြီ ဖြစ်သည်။
ထို့ကြောင့် သည်နေ့ လင်းယွန် သည်သာ၊ သေဆုံး သွားပါက နှမျှော စရာ ဖြစ်ပေမည်။
“ ငြိမ်သက် နေရ တာကို မကြိုက်ဘူး၊ နောင်တ ကင်းကင်း နဲ့ပဲ၊ ဖြတ်သန်း ချင်တယ်၊ ဒါပေမယ့် ဘေးကင်းအောင် ကြိုးစား ပါ့မယ်။ ”
လင်းယွန်က ပြန်ဖြေ လိုက်သည်။ ဤသည်မှာ သူ့ ပုံစံ ဖြစ်၏။ ပြိုင်ပွဲ ဝင်ပြီး သည့်နောက်၊ သူ့ ပန်းတိုင်မှာ၊ ချန်ပီယံ ဖြစ်ရန် ပေပင်။
ခံယူချက်၊ ဤမျှ ပြင်းထန် နေလိမ့် မည်ဟု၊ မမျှော်လင့် ထားသဖြင့်၊ ကာကွယ်သူ မက်မွန်က အနည်းငယ် အံ့အားသင့် သွားသည်။
“ ... သွား ရ အောင် ။ ”
ဆယ့်ငါး မိနစ် အကြာတွင်၊ စိတ်လှုပ်ရှား နေသော လူအုပ် ကြီးက စီးကြို နေသည်ကို၊ တွေ့မြင် လာရ၏။
နောက်ဆုံး ပွဲစဉ်များ ဖြစ်သဖြင့်၊ ပြိုင်ပွဲ စင်မြင့်မှာ၊ ထပ်မံ ပြောင်းလဲ သွားသည်။ ဒိုင် အဖိုးအို ဆယ်ဦး လုံးက စင်မြင့် ပေါ်တွင်၊ ရပ်နေ ကြပြီး၊ လူစုံ သည်နှင့် ပြိုင်ပွဲအား စတင် လိုက်တော့ ၏။
“ ပထမ တိုက်ပွဲ၊ ဝူရှောင်ရှင်းနဲ့ ဖန်းဟန် လုဟွာ။ ”
ဖန်းဟန် လုဟွာမှာ၊ ပြိုင်ပွဲ တစ်လျှောက် အလျှို့ဝှက် ဆုံးသော ပြိုင်ပွဲဝင် တစ်ဦး ဖြစ်သည်။
သူ၏ ကျင့်ကြံမှု နည်းစနစ်၊ လှုပ်ရှားမှု နည်းစနစ်နှင့်၊ မည်သည့် ပညာရပ်ကို မဆို၊ မည်သူမျှ မမြင် နိုင်ပေ။
ထို့အပြင် သူ့ နောက်ခံကို တစ်ဦး တစ်ယောက်မျှ မသိ သဖြင့်၊ လျှို့ဝှက် မှုခြင်း ယှဉ်ရသော်၊ ဇိုချင်းရှန် သည်သာ ယှဉ်နိုင် ပေမည်။
ဥပမာ အားဖြင့်၊ ပွဲ အစတွင် နိမ့်ကျသော အသွင်ယူ ထားသည့် လင်းယွန် အကြောင်းများ သည်ပင်၊ နောက်ဆုံး၌ ထွက်ပေါ် လာခဲ့၏။
ဖန်းဟန် လုဟွာနှင့် ဇိုချင်းရှန် မှာမူ၊ မည်သည့် အချက် အလက်မျှ မရှိချေ။ ပြိုင်ပွဲ၌ ကျပန်း နာမည်မျိုး ပေးထား ပုံ ရ၏။
ဝူရှောင်ရှင်းမှာ ရှောင်စီယီကို ရှုံးထား သော်လည်း၊ ကြောက်စရာ ကောင်းနေဆဲ ဖြစ်သည်။
ထို့အပြင် ရှောင်စီယီနှင့် ပွဲ ပြီးနောက်၊ ကြက်သွေးရောင် နဂါး မိစ္ဆာ လက်သီးတွင်၊ တိုးတက် မှုများ ပြုလုပ် ထားနိုင် ခဲ့သည်။
“ အစ်ကိုကြီး ဝူ၊ ကျေးဇူးပြုပြီး အကြံ ဉာဏ်လေး ပေးပါဦး။ ”
ဖန်းဟန် လုဟွာက ထုံးစံ အတိုင်း၊ အပြုံး တစ်ပွင့်ဖြင့် ပြောလာသည်။
“ ငါ မဝံ့ ပါဘူး၊ ဆယ်ကြိမ် ပြီးရင်တောင်၊ မင်း ရှုံးနိုင် သေးတယ် ဆိုတာကို သက်သေပြ ချင်ရုံပါ။ ”
သတ်ဖြတ် လိုသော ဆန္ဒကို ထုတ်ပြပြီး၊ ဝူရှောင်ရှင်းက ဆိုသည်။ သူ့ လက်သီး များကို တိုးတက်မှုများ ပြုလုပ် ထားနိုင် သဖြင့်၊ အနိုင် ရမည်ဟု ယုံကြည်သည်။
“ ဟဲ ဟဲ၊ ငါ အဲဒါကို သိပ် ဂရု မစိုက်ဘူး အစ်ကိုကြီး ဝူ၊ ဒီလက်သီးကို မြည်း ကြည့်စမ်းပါ ... ။ ”
ဖန်းဟန် လုဟွာက ပြုံးလျက်၊ မည်သည့် နည်းစနစ်မျှ မပါ ဝင်သော၊ အရိုင်း သက်သက် လက်သီး များကို၊ ထုတ်ဖော် လာသည်။
“ ... ဝှစ် ။ ”
ဝူရှောင်ရှင်း ကလည်း အားကျမခံ လက်သီးဖြင့်၊ ပြန်လည် ထိုးနှက် လိုက်၏။ နှစ်ဦးသား လက်ရည် ညီ နေသဖြင့်၊ ကျေနပ်စွာ ပြုံးရယ် လာမိသည်။
“ ဘုန်း ... ။ ”
မျက်လုံး တစ်မှိတ် အတွင်း လက်သီး ချက်ပေါင်း၊ တစ်ဒါဇင်ခန့် ဖလှယ် လိုက်ကြ သည်။
ဖန်းဟန် လုဝါ လက်သီးတွင်၊ နှင်း ရည်ရွယ်ချက် ပါရှိပြီး၊ ပြိုင်ဘက်၏ ခန္ဓာကိုယ် အတွင်း အင်္ဂါ များအား အေးခဲ ပစ်သည်။
သို့သော် တိုက်ဆိုင် စွာပင်၊ ဝူရှောင်ရှင်း၏ လက်သီး များ သည်လည်း၊ တူညီသော အကျိုး သက်ရောက်မှု ရှိလေ၏။
အချိန်ကြာ လာသည်နှင့် အမျှ၊ ဖန်းဟန် လုဟွာ၏ လက်သီး များမှာ၊ ရေခဲတောင်ကြီး တစ်လုံး ကဲ့သို့ ပြင်းထန် လာ၏။
“ အသက် ငယ်ငယ်နဲ့၊ မင်းမှာ နက်ရှိုင်းတဲ့ အုတ်မြစ် ရှိတယ်၊ မင်းက တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ် ထဲကို၊ ထိုးဖောက် နိုင်ခဲ့ ရုံတင် မကဖူး မဟုတ်လား ... ။ ”
လက်သီးချက် တစ်ရာ နီးပါး ရင်ဆိုင် ပြီးနောက် တွင်ပင်၊ အားပျော့ သွားမည့် လက္ခဏာ မပြ သောကြောင့်၊ ဝူရှောင်ရှင်းက လေးနက်စွာ ဆိုသည်။
ဆန့်ကျင်ဘက် အနေဖြင့်၊ ဖန်းဟန် လုဟွာ၏ လက်သီး များမှာ၊ ပို၍ အားကောင်း လာပြီး၊ သူ့လက်သီး များကို၊ အချက်တိုင်း တန်ပြန် နိုင်ခဲ့သည်။
“ အဟဲ ... ၊ လာ ဦး မယ် အစ်ကိုကြီး ဝူ။ ”
ဖန်းဟန် လုဟွာက ရေခဲတောင် ကြီးကို ရေခဲမြစ် အသွင်၊ ပြောင်းလဲ နိုင်သော လက်သီး တစ်ချက်အား ပစ်ချ လိုက်သည်။
လေထဲမှ ပျံသန်း လာနေစဉ်၊ မီတာ (၁၀၀) အကွာရှိ ဝူရှောင်ရှင်း မျက်နှာထံ တစ်ချက် ပြန် ကြည့် မိသည်။
တိုက်ပွဲဝင် ပုံစံမှာ၊ ယခင် ကနှင့် လုံးဝ မတူတော့ သောကြောင့်၊ ဖန်းဟန် လုဟွာကို လူအုပ်ကြီးမှ အာရုံစိုက် လာကြ၏။
တစ်ချိန်က ပြိုင်ဘက် များကို အနိုင်ယူ ရာတွင်၊ ဒဏ်ရာ များနှင့် အမြဲ ဖုံးလွှမ်း နေခဲ့ ဖူးသည်။ ဤတစ်ကြိမ် ဒဏ်ရာ ကင်းစွာဖြင့်၊ အုပ်စီး ထားပေ၏။
“ နဂါး ကိုးကောင် ကောင်းကင် ဘုံကို ဖျက်ဆီးခြင်း။ ”
ဖန်းဟန် လုဟွာနှင့် ပတ်သက်ပြီး၊ အန္တရာယ် ရှိသော အငွေ့ အသက် များကို ရရှိလာ သဖြင့်၊ အဆုံး သတ်ရန် ပြင်လိုက်သည်။
ယခု တစ်ကြိမ်တွင် နဂါး ကိုးကောင်မှာ၊ ယခင် ကထက် ပိုမို အားကောင်း လာခဲ့သည်။ ထိုနောက် အကြမ်းတမ်း ဆုံးသော တိုက်ခိုက်မှု များဖြင့်၊ လက်သီး မိုးများ ရွာပစ် လိုက်သည်။
ပြင်းထန် လွန်းသော အရှိန်ကြောင့်၊ စင်မြင့်် အနှံ့ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာတော့ သည်။
“ တွေ့ ပြီ ... ။ ”
ရုတ်တရက် ဆိုသလိုပင်၊ ဖန်းဟန် လုဟွာ၏ မျက်လုံးများ တောက်ပ လာကာ၊ အေးစိမ့်သော အရှိန် အဝါများ ပေါက်ကွဲ ထွက်လာသည်။
“ ဝုန်း ... ။ ”
လက်သီး နှစ်လုံး ထိပ်တိုက် တွေ့သွား ပြီးနောက်၊ ပေါက်ကွဲ မှုများ အဆက် မပြတ် ဖြစ်ပွား လာ၏။
နဂါး ကိုးကောင်က လေထုထဲ အေးခဲ သွားပြီး၊ ကြက်သွေးရောင် အရှိန်အဝါ များကို ထပ်မံ မစုဝေး စေရန်၊ တားဆီး ခံလိုက် ရသည်။
သွေးများဖြင့် ဖုံးလွှမ်း သွားသော ဝူရှောင်ရှင်း တစ်ယောက် ကောင်းကင်မှ ပြုတ်ကျ လာ၏။
“ ငါ့ရဲ့ ဟာကွက်ကို မင်း တကယ် တွေ့ခဲ့ တာပဲ၊ ရှုံးနိမ့် တာကို ဝန်ခံ ပါတယ်။ ”
“ အစ်ကိုကြီး ဝူရဲ့ လမ်းညွှန်မှု အတွက် ကျေးဇူး တင်ပါတယ်။ ”
ဝူရေှာင်ရှင်း ထံမှ၊ ပယင်း ရောင်ဝါ အား ဝါးမြို လိုက်သော အခါတွင်၊ ဖန်းဟန် လုဟွာ၏ နဂါး ပုံရိပ်၌၊ အကြေး ခွံများ ဖြစ်ပေါ် လာသည်။
တစ်ဆက်တည်း မှာပင်၊ ခြေသည်း သုံးချောင်း မှသည် လေးချောင်း အထိ၊ ကြီးထွား လာ တော့၏။
လင်းယွန်၏ မျက်ဝန်းများ မှေးစင်း သွားသော်လည်း၊ ဤဖြစ်စဉ် အပေါ် အံ့သြခြင်း မရှိချေ။
ယင်း အစား၊ ဖန်းဟန် လုဟွာ၏ မျက်လုံး များ၌၊ ရုတ်တရက် တောက်ပ လာသော အရိပ် အယောင် အချို့ ကို၊ ရင်းနှီးနေ သကဲ့သို့ ခံစား လာမိ လေသည်။
***