← Chapters

လမင်းနှင့် တိမ်တိုက်။

Vol. 59 Ch. 816

လမင်းနှင့် တိမ်တိုက်။

Vol. 59 Ch. 816

ဖန်းဟန် လုဟွာ၏ မျက်ဝန်း များတွင်၊ တောက်ပ နေသော ထိုအလင်းမှာ၊ အသူရာ နဂါး မျက်ဝန်းနှင့်၊ ဆင်တူသော လျှို့ဝှက်နည်း စနစ် တစ်ရပ် ဖြစ်နိုင် ပေမည်။

ထို အလင်းသည် ဓား ရည်ရွယ်ချက် ဖြစ်မည်လော။ လင်းယွန်က အတွေးနက် သွားခဲ့ သည်။ နောက်ပိုင်း၌ ဤလူ အပေါ်၊ မမြင်နိုင် တော့သဖြင့်၊ မရိုး ရှင်းကြောင်း နားလည် မိသည်။

ဝူရှောင်ရှင်း ထံမှ အန္တရာယ်ကို ခံစား ရသောကြောင့်၊ ၎င်း ဝှက်ဖဲကို အသုံးပြု ခဲ့ခြင်း ဖြစ်ပေမည်။

ယင်းကို အခြား လူများ သတိ မထားမိ သော်လည်း၊ အသူရာ နဂါး မျက်ဝန်းနှင့် ဓား ရည်ရွယ်ချက် ရှိသော လင်းယွန်က မြင်သည်။

တစ်ခုမှာ သူ၏ မွေးရာပါ စွမ်းရည် ဖြစ်ပြီး၊ ကျန် တစ်ခုမှာ သူ့ နားလည်မှုဖြင့်၊ မွေးမြူထား သော စွမ်းရည် ဖြစ်၏။

ဝေဟင် သားရဲ များမှာ သဘာဝ အရ လေထဲတွင်၊ ပျံသန်း နိုင်သော်လည်း၊ သန်မာ စေရန် လေ့ကျင့် ရပေသည်။

နဂါး မျက်ဝန်းဖြင့်၊ ဝိညာဉ် စွမ်းအင်ကို စောင့်ကြည့် နိုင်ကာ၊ ပုံရိပ်ယောင် များအား ခွဲခြား နိုင်သည်။ ဝူရှောင်ရှင်း ရှုံးနိမ့်မှုမှ၊ သူ့အား များစွာ အကျိုးရှိ စေခဲ့၏။

“ ဖန်းဟန် လုဟွာရဲ့ နဂါး ပုံရိပ်မှာ၊ ခြေသည်း လေးချောင်း ထွက်လာပြီ။ ”

“ ကြည့်ရတာ ခြေသည်း ငါးချောင်း အထိ၊ ကြီးထွား လာတော့မယ် ထင်တယ်၊ တကယ်လို့ ခြေသည်း ငါးချောင်းက၊ ကိုးပေ အထိ ရှည်သွား ရင်၊ နဂါး အားလုံးရဲ့ ဘုရင် ဖြစ်ပြီ။ ”

“ ဒါဆို ချန်ပီယံက ဘုရင် အဆင့် နဂါး တစ်ကောင်ကို ရမှာပေါ့၊ ဒီလိုလား ... ၊ ဒါဆို အဲ့ဒီ နဂါး အငွေ့ အသက်ကို၊ ပြန်လည် သန့်စင် တဲ့အခါ၊ မယုံ နိုင်စရာ အကျိုး အမြတ် တွေရ လာနိုင်တယ်။ ”

“ နဂါး အငွေ့ အသက်က သူတို့ အပေါ်၊ ကြီးကြီး မားမား သက်ရောက် နိုင်တယ် ဆိုရင်၊ ဘုရင် သုံးပါးကြား တိုက်ပွဲက၊ ပြင်းထန်လာ လိမ့်မယ်၊”

“ ပွဲက ခုမှ စမှာ ... ။ ”

ဖန်းဟန် လုဟွာ၏ နဂါး ပုံရိပ်ကို ကြည့်ပြီး၊ လူတိုင်းက အမျိုးမျိုး ထင်ကြေး ပေးလာ ကြသည်။

“ ပုရွက်ဆိတ် တွေက၊ သူတို့ရဲ့ မသုံး မဝင်မှုကို နောက်ဆုံးမှာ၊ သဘော ပေါက်သွား ကြလိမ့်မယ်။ ”

ယုဟိုရှင်းက အထင် အမြင် သေးစွာဖြင့် ပြုံးကာ တိုးတိုး ဆိုလိုက်သည်။ သူ့ မျက်လုံးများ ထဲတွင်၊ လူတိုင်းက အလွယ် တကူ နှိပ်စက် နိုင်သော၊ အမှိုက် များသာ ဖြစ်ပေသည်။

ရန်လောင်ဇီမှာ မီးနဂါး မျိုးဆက် သွေးကို ပိုင်ဆိုင်ထား သောကြောင့်၊ ရင်ခုန် လာသည်။ ထိုနဂါး ရောင်ဝါမှာ သူ့ အတွက် အလွန် အရေးကြီး ပေ၏။

ကျန်းဝူကျိ ပင်လျှင် စိတ်လှုပ်ရှား ခြင်းကို ထိန်းမရ ခဲ့ချေ။ ထိပ်ဆုံး ဆယ်ယောက် အတွက် ပြိုင်ပွဲ ဝင်များ အားလုံး ပထမ ပွဲ၏ ရလဒ်ကို မြင်သော အခါ စိတ်ဓာတ် ကျလာသည်။

ရုတ်တရက် ဒိုင် အဖိုးအိုက၊ နောက်ထပ် ပွဲစဉ်ကို ထပ်မံ ကြေညာ လိုက်သည်။

“ နောက်တစ်ပွဲ ... ၊ ယွဲ့ဝေဝေနဲ့ ရှောင်စီယီ။ ”

ထိပ်ဆုံး ဆယ်ဦးတွင်၊ အမျိုးသမီး နှစ်ဦးသာ ပါဝင် နိုင်ပြီး၊ ထိုနှစ်ဦး လုံး၌ ပရိသတ်များ အခိုင် အမာ ရှိပေသည်။

ယွဲ့ဝေဝေမှာ အလှကြောင့်၊ အလွန် ရေပန်းစားသည်။ ထို့အပြင် ရက်စက်မှုခြင်း ယှဉ်ပါက ချင်ရို့ယူ အောက် မလျော့ချေ။

ရှောင်စီယီ ကမူ လှသည် မှန်သော်လည်း၊ ယွဲ့ဝေဝေနှင့် စိတ်နေ စိတ်ထား လုံးဝ ကွဲပြား ပေ၏။

သူရဲကောင်း အမျိုးကောင်း သမီး တစ်ဦး ကဲ့သို့၊ အမြဲတမ်း ပြုမူ ကျင့်သုံး တက်ပေသည်။ ၎င်းတို့မှာ မည်သူ မဆို အလွယ် တကူ ချဉ်းကပ် နိုင်သော၊ အမျိုး သမီးများ မဟုတ်ပေ။

ယွဲ့ဝေဝေနှင့် လင်းယွန်တွင်၊ ရင်းနှီးသော ဆက်ဆံရေး ရှိသကဲ့သို့၊ ရှောင်စီယီ သည်လည်း ဝူရှောင်ရှင်း အပေါ်၊ မရေ ရာသော သဘောထား ရှိချေပြီ၊။

သူတို့၏ အတွေး များမှာ၊ နားလည်ရ ခက်ပေ၏။ ထို့အပြင် နှစ်ဦး လုံးက သန်မာပြီး၊ အမျိုးသား များစွာကို၊ လွှမ်းမိုး နိုင်သည်။

“ ဘယ်သူ နိုင်မယ် ထင်လဲ။ ”

“ ယွဲ့ဝေဝေကို ဘယ်သူမှ မမြင် နိုင်ဘူး၊ ဒါပေမယ့် သူ့ ကြည့်ရတာ ဒီပွဲ အပေါ် အလေး အနက် ထားပုံ မရဘူး။ ”

“ ဟုတ်တယ်၊ ရှောင်စီယီက ဒီပွဲကို အာရုံ ပိုစိုက်တယ်၊ သူ ဘယ်လောက်ထိ သန်မာတယ် ဆိုတာ ဘယ်သူမှ မသိ သေးဘူး၊ တစ်ချိန်က ရန်လောင်ဇီနဲ့ လှုပ်ရှားမှုပေါင်း တစ်ရာကျော် ဖလှယ်ခဲ့ တယ်လို့ ကြားဖူးတယ်။ ”

“ ဟဲ ဟဲ ... ၊ မင်းက ဘာလို့ ဒါတွေ လိုက်တွေး နေရ တာလဲ၊ ဘယ်သူ နိုင်နိုင် အရေး မကြီး ပါဘူး၊ တိုက်ပွဲ ကိုပဲ ခံစားပါ၊ သူတို့က ငါတို့ကို စိတ်ပျက် စေမှာ မဟုတ်ဘူး။ ”

“ မှန်တယ်၊ ဒီတိုက်ပွဲက ယွဲ့ဝေဝေနဲ့ ချင်ရို့ယူထက်၊ စိတ်ဝင် စားစရာ ပိုကောင်း လိမ့်မယ်။ ”

လူအုပ်ကြီး၏ တက်ကြွ မှုမှာ၊ ပထမ ပွဲစဉ် များထက် များစွာ မြင့်မား ပေ၏။ သည်ပွဲတွင် ယွဲ့ဝေဝေ၏ ခွန်အားကို မြင်ရ နိုင်မည်ဟု ယူဆ လာကြသည်။

ထို့ကြောင့် လင်းယွန်ပင် စိတ်ဝင်စား လာခဲ့သည်။ ဤအခိုက် အတန့်တွင်၊ ယွဲ့ဝေဝေ အတွေး များကို၊ သူ မမှန်းဆ နိုင်ချေ။

ယွဲ့ဝေဝေသည် ဆုစီယာ၊ လီဝူယုနှင့် လွင့်မျော နေသော ရေခွက်၊ ကဲ့သို့သော ‘ကမ္ဘာ’ ကြီးမှ ဖြစ်ကြောင်း၊ သူ သိသည်။

မင်္ဂလာ ပွဲကြောင့်၊ ထွက်ပြေး လာသည် ဟူသော ယွဲ့ဝေဝေ စကားကို၊ လုံးဝ မယုံချေ။ အကြောင်းရင်း အမှန်မှာ ကောင်းကင် လမ်းကြောင့် ဖြစ်ရ ပေမည်။

“ ညီမလေး ယွဲ့ဝေဝေ၊ ကျေးဇူးပြုပြီး ... ငါ့ကို ခွင့်လွှတ်ပါ၊ ငါက ‘မက’ တတ်ပါဘူး။ ”

ရှောင်စီယီက ယွဲ့ဝေဝေနှင့် စကားဆို ရာတွင် လေသံ လျော့ချ ထားသည်။ ယခင်က ရင်ဆိုင် ခဲ့ကြ သော်လည်း၊ နှစ်ဦး စလုံးမှ ခွန်အား အပြည့် မသုံးခဲ့ ကြခေျ။

ယခု အကြိမ်သည်၊ အဆင့် သတ်မှတ်ချက် တိုက်ပွဲ ဖြစ်သောကြောင့်၊ ရက်စက်မှု များကို ရှောင်လွှဲ၍ မရပေ။

“ အဲဒါက အစ်မ ကြီးရဲ့ နာခံမှု ရှိ-မရှိ အပေါ်မှာ၊ မူတည် ပါတယ်၊ ခစ် ခစ် ခစ် ။ ”

ယွဲ့ဝေဝေက ရယ်မော လိုက်သည်။

“ တောင်းပန် ပါတယ်၊ ဒါပေမယ့် ငါ မလုပ် နိုင်ဘူး။ ”

ရှောင်စီယီက ပြုံးပြီး ဦးစွာ တိုက်ခိုက် လိုက်၏။ သူမ ထံမှ ထွက်ပေါ် လာသော ဖိအားကို ခံစား လိုက်ရ သဖြင့်၊ ယွဲ့ဝေဝေမှ ပလွေအား ထုတ်ယူ လိုက်သည်။

မျက်စိ တစ်မှိတ် အတွင် မှာပင်၊ သံစဉ် လှိုင်းများ လေထဲ ပြည့်လျှံ လာပြီး၊ ရှောင်စီယီ အနား သိုင်းခြုံ လာသည်။

“ တိမ်ပေါ်က ဆင်းလာတဲ့ လက် ... ။ ”

ရှောင်စီယီက လက်ကို ဆန့်တန်း လိုက်သည်။ တိမ်လွှာများ ကောင်းကင်တွင် လူးလိမ့် လာပြီး၊ မယုံနိုင် လောက်အောင် ပြင်းထန်သည့် စုပ်ဝဲ တစ်ခု ထွက်ပေါ် လာ၏။

ပေါက်ကွဲ သံများ လေထဲ ပြည့်လျှံ လာချိန်တွင်၊ ယွဲ့ဝေဝေ တစ်ယောက် မျက်နှာ ပြောင်းလဲ သွားသည်။

လျင်မြန်စွာ ပြန်လည် ဆုတ်ခွာ လိုက်သော်လည်း၊ သူမ၏ ပုံရိပ်များ အားလုံးကို ရှောင်စီယီ လက်ဝါးက၊ စုပ်ယူသွား ခဲ့သည်။

ဖမ်းမိသွား ပါက၊ မတွေးဝံ့ စရာ ပေပင်။ နောက်ဆုံးတွင် ရှောင်စီယီမှာ၊ တိမ်ရည်ရွယ် ချက်ကို၊ နားမလည် နိုင်သော အဆင့်သို့၊ ဆုပ်ကိုင် ထားပေသည်။

“ ဖြတ် ပစ် စမ်း ... ။ ”

တိုက်ခိုက်မှုမှာ အသုံး မဝင်ကြောင်း မြင်လိုက်ရ သဖြင့်၊ ကျက်သရေ ရှိသော ပန်းပွင့် တစ်ပွင့် ကဲ့သို့ လေထု ထဲတွင်၊ လှည့်ပတ် ပစ်လိုက်သည်။

မြစိမ်းရောင် ပုလွေကို အသုံး ပြု၍ ရှောင်စီယီ ထံသို့၊ ပျံသန်း သွားသော အနီရောင် အခုံး ကြီးကို ဖန်တီး လိုက်သည်။ (အခုံးကြီး = စက်ဝိုင်းခြမ်း အသွင်။)

စက်ဝိုင်းခြမ်း အသွင်၊ အနီရောင် အလင်း အကွေးကြီး၊ ဆင်းသက် လာသော အခါတွင်၊ စင်မြင့် တစ်ခုလုံး သွေးနီရောင် အဆင်းများ ဖုံးလွှမ်း သွားသည်။

“ စု စည်း လိုက် ... ။ ”

ရှောင်စီယီက ဂရု မစိုက် မနေ ဝံ့ဘဲ၊ သူမ ပတ်ဝန်း ကျင်၌ တိမ်များကို အလွှာ အထပ်ထပ် ဖွဲ့စည်း ထားလိုက်သည်။

တိမ်များ စုပုံ လာပြီးနောက်၊ ခရမ်းရောင် လျှပ်စီး များက သူ့ ပတ်ဝန်းကျင်၌ လင်းလက် စပြု လာတော့၏။

“ မိုးကြိုး တိမ်လွှာများ ... ၊ ချိုး ဖြတ် စမ်း ... ။ ”

လျှပ်စီး မိုးကြိုး တစ်ခု ဆင်းလာပြီး၊ အသံ လှိုင်းဖြင့် ပြုလုပ် ထားသော အနီရောင် အလင်း အကွေး ကြီးကို၊ အပိုင်းပိုင်း ဖြတ်တောက် ပစ်သည်။

“ အစ်မကြီး ... ၊ မင်းက လုံးဝ မနာ ခံဘူး ... ။ ”

ယွဲ့ဝေဝေက လေထဲမှ ပြုတ်ကျလာ ပြီးနောက် ငြီးတွား လိုက်သည်။ မြစိမ်းရောင် ပုလွေကို ဓား တစ်လက် ကဲ့သို့၊ ပြုမူလျက် ချက်ချင်း တိုက်ခိုက် လိုက် တော့၏။

တိုက်ခိုက်မှု များက၊ တစ်စ တစ်စ ပြင်းထန် လာပြီး၊ ဓား နည်းစနစ်များ အပေါ် မြင့်မားစွာ ဆုပ်ကိုင် ထားကြောင်း၊ ပြသ လာ၏။

သို့သော် ရှောင်စီယီမှာ၊ ပို၍ပင် တုန်လှုပ်ဖွယ် ကောင်းပေသည်။ မိုး၊ မြူ၊ လျှပ်စီးနှင့် လေ တို့ကို တိမ် အတွင်း ဆင့်ခေါ်ကာ၊ ခြယ်လှယ် နေလေ သည်။

ဤသည်မှာ တိမ် ရည်ရွယ်ချက်ကို၊ လှုပ်ရှားမှု နည်းစနစ် များနှင့် ပေါင်းစပ် ထားခြင်း ဖြစ်ပေ ၏။

“ ထွန်းသစ်စ လမင်း။ ”

ရှောင်စီယီက လေထုကို ရုတ်တရက် ရိုက်ချ လိုက်ရာ၊ ကောင်းကင်မှ တိမ်များက လတစ်စင်း အသွင် ဆင်းသက် လာသည်။ ထို့နောက် ယွဲ့ဝေဝေအား တွန်းထုတ် လိုက်၏။

လေထဲ လွင့်စဉ် နေစဉ်၊ ကိုယ်ဟန်ကို ပြင်ကာ၊ မြစိမ်းရောင် ပုလွေကို ပါးစပ်တွင် တေ့ပြီး၊ ပြန်လည် စတင် လိုက်သည်။

ဆံပင်များ တဖျပ်ဖျပ် ခတ်လာပြီး၊ ပလွေ သံစဉ်များ ထွက်ပေါ် လာ၏။

“ ကောင်းကင် ဘုံ၌ အကျဉ်းချ ခံထား ရသော လက်ချောင်း ... ။ ”

တိမ်တိုက်များ ဖယ်ခွာ သွားပြီး၊ လက်ချောင်းကြီး တစ်ချောင်း ထိတ်လန့် စရာ ကောင်းသော အသွင်ဖြင့်၊ ကျဆင်း လာသည်။

“ ဖောင်း ... ဖောင်း ။ ”

ထို့နောက်တွင် ပုလွေသံ ပျောက်ကွယ် သွားကာ၊ ပေါက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ် လာ၏။

“ လက်လျှော့ လိုက်ပြီ ... ၊ အစ်မကြီး မင်း အနိုင် ရတယ်။ ”

ယွဲ့ဝေဝေက သူမ နှုတ်ခမ်းကို စူလျက်၊ သက်ပြင်း ချကာ ဆိုလိုက်သည်။

“ ငါ့ကို အနိုင် ယူခွင့် ပေးလို့၊ ကျေးဇူးတင် ပါတယ်။ ”

ရှောင်စီယီက ပြုံးကာ တုန့်ပြန် လိုက်သည်။ ယွဲ့ဝေဝေ တစ်ယောက် အဆုံးထိ၊ မသွားခဲ့ သည်ကို၊ သိ ပေသည်။

“ ဟဲ ဟဲ ... ၊ အစ်မ ကြီးက တော်တော် ယဉ်ကျေး တာပဲ။ ”

မျက်နှာ ပေါ်ရှိ ဝမ်းနည်း မှုများ ချက်ချင်း ပျောက်ကွယ် သွားကာ၊ အပြုံး တစ်ပွင့် အစား ထိုး လာသည်။

ဤတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ သော်လည်း၊ ၎င်းကို စိတ် မဝင်စားချေ။ ယင်း အစား၊ ရှောင်စီယီ၏ အပြု အမူ အပေါ်၊ ကျေနပ်သွား ပုံရသည်။

တိုက်ပွဲကို ကြည့်ပြီးနောက်၊ လင်းယွန် တစ်ယောက် အတွေးထဲ နစ်မျော သွားသည်။ ဂီတနှင့် ပေါင်းစပ် ထားသော၊ ဓားပေါင်း (၁၀၈) လက်ကို၊ သူ တွေ့ခဲ့သည်။

ထိုဓားကို သူ့ ချည်သာ ထုတ်လွှတ်မည် ဆိုပါလျှင်၊ သခင့်ဓားထက် အားနည်း နေမည် မဟုတ်ပေ။

သို့သော် ယွဲ့ဝေဝေ၏ ဓားတာအို အပေါ် ထိုးထွင်း နားလည်မှုမှာ၊ မလုံလောက် သဖြင့်၊ ၎င်းကို ဆောင်ရွက် နိုင်မည် မဟုတ်ကြောင်း၊ ပြောနိုင်သည်။

“ ဒီ ကောင်မလေးက စိတ်ဝင် စားစရာပဲ …။ ”

ဖန်းဟန် လုဟွာက၊ ထိတ်လန့်စွာ ရေရွတ် လိုက်သည်။ သူ သည်လည်း လင်းယွန် ကဲ့သို့ မြင်၏။

“ နောက်ထပ် တိုက်ပွဲ၊ ဘိုင်လိရွှမ်နဲ့ ကျန်းဝူကျိ။ ”

နောက်ဆုံးတွင် ဘုရင် သုံးပါး အနက် တစ်ပါးနှင့်၊ မြင်းနက် တစ်ကောင် တို့၏ တိုက်ပွဲ စတင် လာပြီ ဖြစ်လေသည်။

***

All Chapters