သုံးကြိမ် ပြည့်ပြီ။
Vol. 59 Ch. 817
တိုက်ပွဲများ ပြန်လည် စတင် နေပြီ ဖြစ်သည့် အတွက်၊ ယွဲ့ဝေဝေနှင့် ရှောင်စီယီ တို့၏ တိုက်ပွဲ အကြောင်း စဉ်းစား ဖို့ရန်၊ အချိန် မရှိ တော့ချေ။
မြင်းနက်များ အနက် ဘိုင်လိရွှမ်မှာ၊ ဇိုချင်းရှန် နီးနီး သန်မာကာ၊ လင်းယွန်ထက် အနည်းငယ်သာ အားနည်း လေသည်။
တစ်ဖက်တွင်၊ ဒေါသ ကြီးသော ရန်လောင်ဇီနှင့်၊ မောက်မာသည့် ယုဟိုရှင်းတို့ ကဲ့သို့ မဟုတ်ဘဲ၊ ကျန်းဝူကျိသည် နိမ့်ကျသော ပုံရိပ်ကို ရယူ ထားသည်။
“ လင်းယွန်၊ ဘယ်သူ နိုင်မယ် ထင်လဲ ... ။ ”
ကာကွယ်သူ မက်မွန်က မျက်မှောင် ကြုတ်လျက် မေးသည်။ ကာကွယ်သူ မက်မွန်၏ ပထမ ဆုံးသော မေးခွန်း ဖြစ်သည့် အတွက်၊ လင်းယွန် တစ်ယောက် အံ့သြ သွား၏။
သို့သော် ထိုခံစားချက် အပေါ်၊ နားလည် နိုင်သည်။ တစ်ချိန်က ဘိုင်လိရွှမ်၏ ဆရာ ဖြစ်ခဲ့ ဖူးသဖြင့်၊ ဘဝလုံး မေ့ပျောက် နိုင်မည် မဟုတ် ချေ။
ဓားနန်းတော်မှ ထွက်သွား ပြီးနောက် တွင်ပင်၊ တစ်ချိန်က ဂုဏ်ယူခဲ့ ရသော တပည့် အား၊ အပြစ် မမြင် သည်ကို သူ သိသည်။
ထိုမေးခွန်းကြောင့် လင်းယွန်က အနည်းငယ် တုံ့ဆိုင်း သွားသည်။ အမြင် အရ ဘိုင်လိရွှမ်တွင် အနိုင် ရရန် အလား အလာ မမြင့်မား ချေ။
သည်အထိ ရောက်လာ နိုင်သည်မှာ၊ သူတော်စင် ခန္ဓာကိုယ် ကြောင့်သာ ဖြစ်ပြီး၊ ဘုရင် သုံးပါး အပေါ်၊ ယင်းက အကျိုး သက်ရောက်မှု မရှိ သည်ကို သူ ပြောနိုင်သည်။
ထို့အပြင် ဘိုင်လိရွှမ်၏ လျှပ်စီးဓား ရည်ရွယ်ချက်မှာ၊ ကျန်းဝူကျိအား ခြိမ်းခြောက် နိုင်သော အဆင့်၌ မရှိချေ။
ခရမ်းရောင် မိုးကြိုး ဂိုဏ်းသား များ၏၊ လျှပ်စီးပေါ် နားလည် နိုင်မှုမှာ၊ မခန့် မှန်းနိုင် လောက်အောင် မြင့်မား ပေသည်။
ထို့ကြောင့် သူတို့ နှစ်ဦးကြား ခြားနားချက် ကြီးမား လှပြီး၊ ကျန်းဝူကျိက အလေးသာ နေ ပေသည်။
ဘိုင်လိရွှမ် အတွက် တစ်ခု တည်းသော မျှော်လင့်ချက်မှာ၊ မိုးပြာ နဂါး ဓား သုတ္တန် ဖြစ်သည်။
သို့သော် ဘုရင် တစ်ပါး ဖြစ်သည့် ကျန်းဝူကျိ တွင်လည်း၊ မိုးပြာ နဂါး ဓားသုတ္တန်ထက် နိမ့်ကျ ခြင်း မရှိသော၊ ဝှက်ဖဲများ ရှိနိုင်မည်။
“ ဘိုင်လိရွှမ်မှာ အနိုင် ရဖို့ ... ၊ မျှော်လင့် ချက်တော့ ရှိပါ သေးတယ် ... ။ ”
လင်းယွန်က ဆိုသည်။ အောင်ပွဲ ရနိုင်ချေ ရှိသော်လည်း၊ အလား အလာ များမှာ နည်းပါး လွန်းလေသည်။
ယင်းကို သိမြင် နိုင်သော ကာကွယ်သူ မက်မွန်က၊ လေးနက်သော အမူ အရာဖြင့် ခေါင်းခါ လိုက်ပြီး၊
“ ခရီး အဝေး ကြီးကို၊ သူ ရောက်လာ ပြီး ပါပြီ၊ ဒီလောက် မလွယ်တော့ ပါဘူး။ ”
တစ်ချိန်တည်း မှာပင်၊ ဘိုင်လိရွှမ်နှင့် ကျန်းဝူကျိ တို့က၊ စင်မြင့် ပေါ်၌ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြသည်။
ကျန်းဝူကျိက တည်ငြိမ် စွာဖြင့်၊ ဘိုင်လိရွှမ်ကို ကြည့်ပြီး၊
“ မင်း ငါ့ကို အနိုင် ယူဖို့ ခက်မယ်၊ ” - ဟု သတိပေး လိုက်၏။
ဘုရင် သုံးပါး အနက်၊ တစ်ပါးကို ရင်ဆိုင် ရတော့မည် ဖြစ်သဖြင့်၊ ဘိုင်လိရွှမ် တစ်ယောက် လေးလံသော ဖိအားကို ခံစား လာရသည်။
သို့သော် သူ့ မျက်ဝန်း များ၌ တိုက်ပွဲဝင် ဆန္ဒများ ပြည့်လျှံ လာပြီး၊ နှလုံးသားအား ငြိမ်သက် စေ လိုက်သည်။
“ ငါတို့က မတိုက်ရ သေးတြ့ အတွက် ... ၊ ဘာမဆို ဖြစ်သွား နိုင်တယ် မဟုတ်လား။ ”
“ ကောင်းပြီ ...၊ ငါ မင်းကို လှုပ်ရှားမှု သုံးကြိမ် အခွင့် အရေး ပေးမယ်၊ မဟုတ်ရင် မင်း အတွက် အခွင့် အရေး၊ လုံးလုံး ရှိတော့မှာ မဟုတ်ဘူး။ ”
ကျန်းဝူကျိ စကား များက အနည်းငယ် လွန်ကဲ နေသောကြောင့်၊ ပရိသတ်များ အံသြ ကုန်သည်။
“ အဲဒီ လူရဲ့ ပါးစပ်က၊ တကယ် မလွယ်ဘူး။ ”
ဖန်းယီက နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ ဆိုသည်။
“ ဒါ လှည့်စား နေတာ၊ မယုံနဲ့ ... ။ ”
လင်းယွန် တစ်ယောက် မျက်မှောင်ကြုတ် သွားကာ၊ တီးတိုး ရေရွတ် လိုက်သည်။ ဖိအား ပေးရုံ သာမက၊ လှည့်စားရန် ကြိုးစား နေခြင်း ဖြစ်သည်။
ယင်းမှာ ထောင်ချောက် တစ်ခု ဖြစ်ပြီး၊ သုံးကြိမ် လှုပ်ရှား ပြီးနောက်၊ အသာစီး မရနိုင် ပါက၊ ဘိုင်လိရွှမ် စိတ်ပျက်သွား မည်မှာ သေချာ၏။
ထိုအချိန်တွင် ကျန်းဝူကျိမှ မည်သည့် အခက် အခဲမှ မရှိဘဲ၊ အလွယ် တကူ အနိုင်ယူ နိုင်ပေမည်။
ဘိုင်လိရွှမ် မျက်နှာက အေးစက် သွားပြီး၊ အသက် ပြင်းပြင်း ရှူကာ၊
“ ငါ့ကို ငုံ့ ကြည့်နေ တာလား၊ ရွံစရာ ကောင်းတဲ့ မင်းရဲ့ ပါးစပ်ကို ပိတ်ပြီး၊ ဒီဟာကို ယူ ... ။ ”
ဓားကို ဆွဲထုတ်လိုက် သည်နှင့်၊ လျှပ်စီး နဂါးကြီး တစ်ကောင် ပြေးလွှား နေ သကဲ့သို့၊ အသံများ ဆူညံ လာလေသည်။
ဤသည်မှာ မိုးပြာ နဂါး ဓားသုတ္တန်၏ အထွတ် အထိပ် စွမ်းအား ဖြစ်သည်။ ထို့အဆင့် တွင် ဓားကို နဂါး အဖြစ်သို့၊ ပြောင်းလဲ နိုင်သည်။
အလင်းရောင် တစ်ချက် နှင့်အတူ၊ ဘိုင်လိရွှမ်က စဉ် ပေါ်မှ ပျောက်သွားသည်။ ပြိုင်ဘက်အား အငိုက် ဖမ်းရန်၊ ‘အဟုန်’ အပေါ်၊ အားကိုး လိုက်၏။
“ နည်းနည်း နှေးသေးတယ်။ ”
ကျန်းဝူကျိက သူ့ လက်ချောင်း များကို လှုပ်ရှားလိုက် သည်နှင့်၊ ဓားတစ်လက် ငိုညည်း သံများ ပဲ့တင်ထပ် လာကာ၊ ဘိုင်လိရွှမ်အား ပျံသန်းလျက် အနေ အထားဖြင့်၊ ပြန်လည် တွေ့မြင် လာရသည်။
ဓားကို ကျန်းဝူကျိမှ ဖမ်းယူရန် ဟန်ပြင် နေသဖြင့်၊ နောက်သို့ ချက်ချင်း ဆွဲယူ လိုက်ရ သည်။
နေရာ တိုင်းတွင် ဓား မြည်သံများ ပဲ့တင်ထပ် လာပြီး၊ ရေဝဲ ကြီးများ ကောင်းကင်ပေါ် ပျံတက် သွား၏။
ယင်းကြောင့် လူများ စွာက၊ အရေး ကြီးသော မြင်ကွင်း များကို၊ လွတ်သွား မည်ကို စိုး သဖြင့်၊ မျက်တောင် မခတ်ဝံ့ ကြတော့ပေ။
လှိုင်းလုံး ကြီးများ အကြိမ်ကြိမ် ရိုက်ခတ် လာသော်လည်း၊ ကျန်းဝူကျိမှာ စင်မြင့် ပေါ်၌ တည်ငြိမ်စွာ ရပ်နေမြဲ ဖြစ်သည်။
ထို့နောက် တဖျပ်ဖျပ် လက်နေသော လျှပ်စီးများ အောက်တွင်၊ တိမ်များ နှင့်အတူ၊ ပုံပျက် နေသော ဘိုင်လိရွှမ် တစ်ယောက် ပြန်လည် ထွက်ပေါ် လာသည်။
“ မိုးကြိုး လက်ခုပ်သံ။ ”
ဤသည်မှာ ဘိုင်လိရွှမ်၏ စစ်မှန်သော အင်အား ဖြစ်၏။ ကြုံးဝါးသံ အချို့နှင့် အတူ၊ နဂါး တစ်ကောင် ကဲ့သို့၊ ကျန်းဝူကျိအား တိုက်ခိုက် လိုက်သည်။
“ စိတ်ဝင်စား စရာပဲ၊ ဒါပေမယ့် မင်း တစ်ယောက်တည်း၊ လျှပ်စီးကို နားလည်နိုင် တာတော့ မဟုတ်သေး ပါဘူး။ ”
ကျန်းဝူကျိက လက်ဖဝါးကို ဖွင့်ပြီး၊ တိမ်တိုက်များ ကြားရှိ လျှပ်စီး များအား ဖမ်းယူ လိုက်သည်။
ထို့ကြောင့် လျှပ်စီးကို ခြုံလျက် ဆင်းလာသော ဘိုင်လိရွှမ်ကို နောက်ပြန် လွင့်စဉ် သွားစေ၏။
“ လျှပ်စီး ဓား ရည်ရွယ်ချက်က၊ တကယ်ပဲ နက်ရှိုင်း နေပြီပဲ။ ”
လင်းယွန် မျက်မှောင် ကြုတ်ကာ ဆိုလိုက်သည်။ ဘိုင်လိရွှမ်၏ ပေါင်းစပ် ဓားမှာ၊ ကြောက်စရာ ကောင်းသော်လည်း၊ ပြိုင်ဘက်သည် ကျန်းဝူကျိ ဖြစ်နေ၏။
ကျန်းဝူကျိ၏ လျှပ်စီး ရည်ရွယ်ချက်က၊ လျှပ်စီးဓားရှိ လျှပ်စီး ရည်ရွယ်ချက်ကို ချက်ချင်း တိုက်စား သွားကာ၊ ဓားရည်ရွယ် ချက်အား၊ ဖျက်ဆီး တော့သည်။
“ ဘာ စွမ်းအားလဲ။ ”
“ ဒါက ဘုရင် သုံးပါးရဲ့ ... ၊ ခွန်အား အစစ် အမှန် ပဲလား။ ”
ဤမြင်ကွင်းကြောင့် လူတိုင်း အံသြ သွားကြသည်။ ဘိုင်လိရွှမ်က ကြမ်းပြင်ပေါ် ပြန်လည် ဆင်းသက် လိုက်ပြီး၊ ပို၍ လေးနက် လာသည်။
ဘုရင် သုံးပါးသည် ဂုဏ် သတင်းနှင့် လျော်ညီ လှပေ၏။ သူ့ အနေဖြင့် ပြိုင်ဘက်အား ဝှက်ဖဲ သုံးအောင်ပင်၊ စွမ်းဆောင် နိုင်ခြင်း မရှိ ခဲ့ချေ။
“ မိုးပြာ နဂါး၏ ဒေါသ။ ”
မိုးပြာ နဂါး ဓားသုတ္တန်ကို ကန့်သတ်ချက် အထိ တွန်းတင်လိုက် သဖြင့်၊ မျက်ဝန်း များ၌၊ လျှပ်စီး လက်လာပြီး၊ သူ့ဓား တစ်ဝိုက်တွင် နဂါး တစ်ကောင် ရစ်ခွေ လာသည်။
ဤတစ်ကြိမ် လျှပ်စီး ဓားမှာ၊ များစွာ အစွမ်းထက် လာလေသည်။ ဝူရှောင်ရှင်း၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှုထက်၊ ပို၍ အားကောင်း ပေ၏။
“ လေ ... ။ ”
ထို့နောက် လေပြင်းများ ရုတ်ချည်း တိုက်ခတ် လာကာ၊ လှိုင်းလုံး ကြီးများ ဖြစ်ပေါ် လာတော့သည်။
လေ ရည်ရွယ်ချက်ကို နားမလည် သော်လည်း၊ မူလ စွမ်းအင် သုံး ကာ၊ ခြယ်လှယ် လိုက်ခြင်း ဖြစ်သည်။
စက္ကန့်ပိုင်း အတွင်း လေပြင်း များကို ဆင့်ခေါ် နိုင်ခဲ့ သောကြောင့်၊ သူ၏ ကျင့်ကြံမှုမှာ၊ နားမလည် နိုင်လောက်အောင် မြင့်တက်လာ တော့သည်။
“ အရမ်း မိုက် တယ်။ ”
လင်းယွန်က ၎င်းကို မြင်သည်နှင့်၊ တအံ့တဩ ချီးကျူး လိုက်သည်။ မိုးပြာ နဂါး များသည် လေနှင့် လျှပ်စီး တို့ကို ထိန်းချုပ်နိုင် ပေ၏။
ထို့ကြောင့် မိုးပြာ နဂါး၏ စွမ်းပကားကို အပြည့် အဝ ထုတ်လွှတ် လိုသော် လေနှင့် လျှပ်စီး စွမ်းအင်အား ပေါင်းစပ် နိုင်ရ ပေမည်။
ပြင်းထန်သော မိုးသက် မုန်တိုင်း ကြီးကြောင့်၊ မိုပြာ နဂါးမှာ ပို၍ပင် ထင်ရှား လာတော့သည်။
“ မဆိုး ဘူး။ ”
ကျန်းဝူကျိက လှမ်းကြည့်ပြီး၊ တည်ငြိမ်စွာ ဆိုလိုက်သည်။ သူ့ခန္ဓာကိုယ် ပေါ်၌ လျှပ်စီး များ ကို၊ အလွှာ ကိုးထပ် ပါသော ပိုးအိမ် တစ်ခု သဖွယ်၊ ဖွဲ့တည် လိုက်သည်။
နဂါးက ပိုးအိမ်နှင့် တိုက်မိ သည်နှင့်၊ ပိုးအိမ်ကွဲ သွားပြီး၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာကာ၊ ဖြူဖျော့ နေသော မျက်နှာဖြင့်၊ ကျန်ဝူကျိ တစ်ယောက်၊ လွင့်စဉ် သွား လေသည်။
“ အံ့သြ စရာပဲ ...၊ ဘိုင်လိရွှမ်က ကျန်းဝူကျိကို အမှန် တကယ် ဒဏ်ရာ ရအောင် လုပ်နိုင်ပြီ။ ”
“ မိုးပြာ နဂါးနှင့် ထိတွေ့ခြင်း။ ”
ဘိုင်လိရွှမ်က ဓားကို ထပ်မံ ဆွဲကာ၊ ခုတ်ပိုင်းချ လိုက်သည်၊ ကျန်းဝူကျိအား အသက် ရှူခွင့် ပေးရန် ဆန္ဒ မရှိချေ။ သူ့ ဓားမှာ တောက်ပ လာပြီး၊ နဂါး လက်သည်း ကဲ့သို့ အလင်းများ ဖွဲ့တည် လာသည်။
အကယ်၍ ဤတိုက်ခိုက် မှုကို ခံရ ပါက၊ ကောင်းကင် ဝိညာဉ် နယ်မြေရောက်၊ နတ်ဆိုး သားရဲ တစ်ကောင်၊ ကုပ်ဆွဲခြင်း ခံရ ကဲ့သို့၊ ဖြစ်လာ ပေလိမ့်မည်။
အလွန် လျင်မြန် သောကြောင့် ရှောင်တိမ်းရန် အခွင့် အရေး မရှိ တော့ဘဲ၊ ကျန်ဝူကျိ ရင်ဘတ်ကို ထိုးဖောက် သွားသည်။
သို့သော်၊ “ တိမ်များ၏ ဖရို ဖရဲ ဖြစ်စဉ်၊ ပျောက်ကွယ် ခြင်းနှင့် ဖွဲ့စည်းခြင်း။ ” ဟူသော အသံနှင့် အတူ၊ ကျန်းဝူကျိ တစ်ယောက် ကွယ်ပျောက် သွားသည်။
“ ဝှစ် ... ။ ”
နှုတ်ခမ်း ပေါ်ရှိ သွေးများကို သုတ်ပြီး၊ သူ့ခန္ဓာ ကိုယ်တွင် မည်သည့် ဒဏ်ရာမှ မရှိဘဲ၊ စင်မြင့်ထက် အဝေး တစ်နေရာ၌၊ ပြန်လည် ထွက်ပေါ် လာခဲ့သည်။
“ ဒါက တိမ် ရည်ရွယ်ချက်ပဲ၊ သူ့ ကျွမ်းကျင်မှုက၊ ရှောင်စီယီထက် လုံးလုံး မနိမ့် ကျဘူး။ ”
“ သူငယ်ချင်း၊ မင်း သုံးကြိမ် ပြည့်သွားပြီ ... ။ ”
ကျန်းဝူကျိက ပြုံးကာ ဆိုလိုက်သည်။ သူ့ အသွင်မှာ လုံးဝ ခြားနားသော လူ တစ်ယောက် အဖြစ်သို့၊ ပြောင်းလဲ သွားသည်။
ထိုစကားများ အရ၊ သူ၏ ခွန်အား အစစ် အမှန်ကို ထုတ်ဖော် တော့မည်ဟု၊ လူတိုင်းက ထင်မြင် လာမိ လေသည်။
***