နဂါးဓား အရှိန် အဝါ။
Vol. 59 Ch. 818
လူတိုင်းက ကျန်းဝူကျိ မျက်လုံးများ ထဲရှိ၊ သတ်ပစ် လိုသော ရောင်ဝါ၏ ဖိအားကို အဝေးမှ ပင်၊ ခံစား ရသည်။
မိုးပြာ နဂါး ဓားသုတ္တန်ကို ဓားရေးနှင့် ပေါင်းစပ်ကာ၊ ဘိုင်လိရွှမ်က ကျန်းဝူကျိအား ဒဏ်ရာ ရအောင် စွမ်းဆောင် ခဲ့သည်။
တိမ် ရည်ရွယ်ချက်သာ မရှိ ပါက၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိ မည်မှာ သေချာသည်။
သို့သော် ဘိုင်လိရွှမ်၏ ဒုတိယ ဓား၌ပင်၊ ကျန်းဝူကျိမှာ ကန့်သတ် ချက်သို့ ရောက်ရှိ သွား သဖြင့်၊ တတိယ ဓားကို၊ ထိပ်တိုက် ရင်ဆိုင် ရဲခြင်း မရှိ တော့ကြောင်း၊ လင်းယွန်က သိ၏။
သို့သော် ကျန်းဝူကျိ စကားကြောင့်၊ ကျန်းဝူကျိမှာ သည်ထက် ပို၍ သန်မာ သည်ဟု၊ လူတိုင်းကို ထင်မြင် လာစေ ခဲ့သည်။
အနည်းငယ် အံ့သြသွား ပြီးနောက်၊ ဘိုင်လိရွှမ် မျက်နှာက မည်းကျ သွားသည်။ ကျန်းဝူကျိမှ အခွင့် အရေး အမှန် တကယ် ပေးလိမ့် မည်ဟု မထင်ထား ခဲ့ချေ။ မာနကြောင့် အရှက် တရားကို ခံစား မိသည်။
ထို့ကြောင့် နှလုံးသားမှာ၊ တည်ငြိမ်မှု ပျောက်ဆုံး သွားပြီး၊ အရှိန် အဝါမှာ ဖရိုဖရဲ ဖြစ် လာတော့၏။
အခြေ အနေ အပေါ်၊ မျက်ခြည် မပြတ် စောင့်ကြည့် နေသော လင်းယွန်က၊ ဘိုင်လိရွှမ် တစ်ယောက် ပြိုင်ဘက်၏ ပရိယာယ် အတွင်း၊ ကျဆင်းသွား သည်ကို သတိထား မိလိုက်သည်။
“ တိမ်နဲ့ လျှပ်စီး တစ်သားတည်း ... ။ ”
ကျန်းဝူကျိက လျှပ်စီးနှင့် တိမ် ရည်ရွယ်ချက်ကို ပေါင်းစပ်ကာ၊ ရုတ်တရက် ကြုံးဝါး လိုက်သည်။
တိမ်တိုက် များက လျှပ်စီး များကြောင့်၊ အနီရောင် ပြောင်းလဲ သွားပြီး၊ ဘိုင်လိရွှမ်ထက် များစွာ ပြင်းထန်သော အရှိန် အဝါကို ထုတ်ပေး လေသည်။
ထို့နောက် ဘိုင်လိရွှမ်၏ လျှပ်စီး ရည်ရွယ်ချက်ကို စုပ်ဝဲကြီးက ဝါးမျိုသွား သဖြင့်၊ လျှပ်စီးဓားမှာ၊ တဖြည်းဖြည်း ပြိုပျက် လိုက်လာ လေသည်။
“ မ ဟုတ် ဘူး … ။ ”
ဘိုင်လိရွှမ်က လျှပ်စီးဓားကို ထပ်မံ စုဆောင်းရန်၊ မူလ စွမ်းအင်များ တွန်းထုတ် လိုက်သော်လည်း၊ မမီ တော့ချေ။
“ ငါတို့ ... အဆုံးသတ် ရအောင်။ ”
ကျန်းဝူကျိ ထံမှ လျှပ်စီးတိမ် ရည်ရွယ်ချက်က၊ ကြယ်တစ်လုံး ကဲ့သို့ ပေါက်ကွဲ သွားကာ၊ ဘိုင်လိရွှမ်ကို လွင့်စဉ် သွားစေ၏။
နောက်ဆုံး အားကိုးရာ အဖြစ်၊ သူ့ဓား အတွင်းသို့၊ သူတော်စင် ခန္ဓာ၏ သန့်စင်သော အရှိန် အဝါကို လောင်းထည့် လိုက်သည်။
“ ဝှစ် ... ။ ”
ဤသည်မှာ နောက်ဆုံးသော ရုန်းကန်မှု ဖြစ်သဖြင့်၊ အငိုက်မိ စေသော်လည်း၊ ခေါင်းကို ဘေးသို့ စောင်းငဲ့ လိုက်ခြင်းဖြင့်၊ ကျန်းဝူကျိက ရှောင်တိမ်း နိုင်ခဲ့သည်။
အဆုံးတွင် ဘိုင်လိရွှမ်မှာ ကျန်းဝူကျိ၏ ဆံပင် အနည်းငယ် ကိုသာ ဖြတ်တောက် နိုင်ပြီး၊ ပါးပြင်၌ အစင်းကြောင်း တစ်ခုသာ ချန်ထားနိုင် တော့၏။
ဘေးမှ ဖြတ်သွားသော ဓားကို လှည့်ကာ ဖမ်းယူလျက်၊ ဘိုင်လိရွှမ်အား နောက်ပြန်တွန်း ထုတ်ပစ် လိုက်သည်။
ဘိုင်လိရွှမ်မှာ ကြမ်းပြင်ပေါ် ပြုတ်ကျ သွားပြီးနောက်၊ လက်ထဲရှိ ဓားလွတ် သွားကာ၊ သူ့ မျက်နှာနှင့် တစ်လက်မ အကွာသို့၊ ထိုးစိုက် ကျလာသည်။
“ ဒုတ် ... ။ ”
နားထဲ၌ ဓားမြည် သံများ ကြားနေ ရဆဲ ဖြစ်ပြီး၊ သေခြင်းနှင့် တစ်လက်မ အကွာသို့ ရောက်ရှိ ခဲ့ကြောင်း၊ သိလိုက် ရသည်။
ပြိုင်ဘက်မှာ သူ့အား လွယ်လွယ်ဖြင့်၊ အနိုင်ယူ သွားသည်ကို သိလိုက် ရသောကြောင့်၊ မျက်နှာ တစ်ခုလုံး ဖြူဖျော့ လာသည်။
“ အနိုင် ရသူ ကျန်းဝူကျိ။ ”
ဘိုင်လိရွှမ်အား တွေဝေချိန် မပေးဘဲ၊ ဒိုင်အဖိုးအိုက ရလဒ်ကို ကြေညာ လိုက်သည်။ ထိုနောက် ပယင်း ရောင်ဝါကို ရရှိပြီး၊ ကျန်းဝူကျိ နဂါးတွင်၊ စတုတ္ထမြောက် လက်သည်း ဖြစ်ပေါ် လာခဲ့သည်။
“ ဒါက စိတ်လှုပ်ရှား စရာ ကောင်းလွန်းတယ်၊ ကျန်းဝူကျိက တကယ့်ကို သန်မာ တာပဲ။ ”
“ သူ့ရဲ့ လျှပ်စီး ရည်ရွယ်ချက်နဲ့၊ တိမ် ရည်ရွယ်ချက်က ရှန်ရှင်း အဆင့်မှာ ရှိတယ်၊ ဝိညာဉ်ရေး အဆင့် ရောက်ဖို့၊ ခြေ တစ်လှမ်း ပဲလို တော့တယ်။ ”
“ ဝိညာဉ် အဆင့် လား၊ ဒီလမ်းက ဝေးပါသေးတယ်၊ အောင်မြင်မှု ရဖို့ ဆိုတာ မလွယ်ဘူး၊ ကောင်းကင် ဝိညာဉ် နယ်မြေ မတိုင်ခင်၊ ... ”
“ ... ဝိညာဉ် အဆင့် ဆိုတာ ရောက်ဖို့ ခက်ခဲတယ်၊ မဟုတ်ရင် ကျန်းဝူကျိက တိမ် ရည်ရွယ်ချက်ကို၊ လေ့ကျင့်မှာ မဟုတ်ဘူး။ ”
“ သူက သန်မာတယ် ဒါပေမယ့်၊ ဘိုင်လိရွှမ်လည်း အားမနည်း ပါဘူး၊ အနိုင်ရ လုနီးနီး ပါပဲ။ ”
“ ဒုတိယ ဓားက ကျန်းဝူကျိကို ဒဏ်ရာ ရရှိ စေတဲ့ အတွက်၊ ဘိုင်လိရွှမ်ကို အထင် သေးလို့ မရဘူး၊ ရှုံးသွား တာတော့ နှမျော စရာပဲ။ ”
“ ဘုရင် သုံးပါးကို ... ၊ ဘယ်သူမှ အနိုင် မယူ နိုင်တော့ မှာကို၊ ငါ ကြောက်မိတယ်။ ”
ပရိသတ်များ ရုတ်ရုတ် သဲသဲ ဖြစ်လာ ကုန်ကြသည်။ တိုက်ပွဲကို ကြည့်ပြီး၊ သူတို့ နှလုံး သားများ တင်းကျပ် လာ၏။
ကျန်းဝူကျိသည် နိမ့်ကျသော ကိုယ်ရေး အကျဉ်းကို ထိန်းသိမ်းထား သော်လည်း၊ အနိုင် ယူ၍ မရ၊ ဟူသည့် ခံစား ချက်ကို ပေးစွမ်း နေသည်။
ဘုရင် သုံးပါးနှင့် မြင်းနက်များ အကြား၊ ကွာဟ ချက်မှာ ကြီးမား ပေ၏။ ရှောင်စီယီ ကဲ့သို့သော သူသည် သာလျှင်၊ ဘုရင် သုံးပါးကို စိန်ခေါ် နိုင်မည် ဖြစ်သည်။
“ နောက်ထပ် တိုက်ပွဲ၊ လင်းယွန်နဲ့ ဝူရှောင်ရှင်း။ ”
လင်းယွန် နာမည်ကို၊ အော်ဟစ် အားပေးမှုများ ဖြစ်ပွား လာခဲ့သည်။ ဝူရှောင်ရှင်း အမည်မှာ၊ လင်းယွန်အာ မမီ သော်လည်း၊ သူ့ကို အားနည်း သည်ဟု၊ မည်သူမျှ မမြင် မိချေ။
သို့သော် ဝူရှောင်ရှင်း၏ အဆုံး စွန်သော လှုပ်ရှားမှုမှာ၊ ဘိုင်လိရွှမ်၏ မိုးပြာ နဂါး ဒေါသ ထက်၊ များစွာ အားနည်း လေသည်။
ယခင် တိုက်ပွဲတွင် ဝူရှောင်ရှင်း၏ အားနည်းချက်ကို၊ တွေ့ရှိခဲ့ သောကြောင့်၊ ဖန်းဟန် လုဟွာက တိုက်ပွဲ အပေါ်၊ အုပ်စီးနိုင် ခဲ့သည်။
ယင်းကို လင်းယွန်မှ မည်ကဲ့သို့ ကိုင်တွယ် မည်ကို လူ အများက သိချင်လာ မိ၏။ စင်ပေါ်၌ လင်းယွန်ကို ကြည့်ပြီး၊ ဝူရှောင်ရှင်းက သူ့ အမှားအား ဝန်ခံ လိုက်သည်။
“ ဒီလမ်းကို ဆက်လျှောက်ရင်၊ အဝေးကြီး မရောက် နိုင်ဖူးလို့ ငါ ပြောခဲ့ မိတယ်၊ ဒါပေမယ့် ငါ မှားကြောင်း မင်းက သက်သေပြ လာတယ်၊ ... ”
“ ... ဖန်းဟန် လုဟွာရဲ့ ကျေးဇူးကြောင့်၊ ငါ့ နည်းစနစ်ကို ပိုပြီး ပြည့်စုံအောင် ပြုပြင်နိုင် ခဲ့ပြီ၊ မင်းငါ့ကို အနိုင် ယူဖို့ လွယ်တော့မှာ မဟုတ်ဖူး ဆိုတာ၊ သတိ ပေးပါ ရစေ။ ”
အနိုင် ရရန် အလား အလာ မမြင့်မား သည်ကို သိသော်လည်း၊ ဝူရှောင်ရှင်းက အရှုံး ပေးရန် စိတ်ကူး မရှိချေ။
“ ဒီလောက်လည်း မခက် ပါဘူး ။ ”
လင်းယွန်က တုန့်ပြန် လိုက်သည်။ သူ့နှင့် ဝူရှောင်ရှင်းမှာ ကောင်းမွန်သော ဆက်ဆံရေး ရှိသောကြောင့် မလိမ် ချင်ချေ။
ဝူရှောင်ရှင်း၏ ဝှက်ဖဲမှာ မည်မျှပင် ကြောက်စရာ ကောင်း စေကာမူ၊ သူ့အား ခြမ်းခြောက်ရန် မလုံလောက် တော့ကြောင်း၊ သတိ ပေးလိုသည်။
ဝူရှောင်ရှင်း အပြုံးမှာ၊ အေးခဲ သွားပြီး၊ ရက်စက်သော အငွေ့ အသက်များ ထွက်ပေါ် လာသည်။
“ ပြိုင်ပွဲမှာ မပေါ့လျော့ဖို့ ... ၊ မင်းကို သတိပေး ပါရစေ၊ ဒါက ငါ့ကို အခွင့်အရေး ပေးမိစေ လိမ့်မယ်။ ”
“ မင်း ... အရမ်း မျှော်လင့် နေတာပဲ၊ လာ စရအောင်။ ”
လင်းယွန်က ခေါင်းယမ်းကာ ဆိုသည်။
“ သွေး ဖျက်ဆီးခြင်း ... ။ ”
ကြက်သွေးရောင် အခိုး အငွေ့များ တဟုန်ထိုး ပေါက်ကွဲ လာပြီး၊ ယခင်ထက် ပို၍ အားကောင်းသော နဂါး တစ်ကောင် အဖြစ် ဖွဲ့တည် သွားသည်။
အဆိုပါ နဂါး ကြီးက၊ သူ့ခန္ဓာ ကိုယ်အား ရစ်ပတ် လာချိန်တွင်၊ လင်းယွန်ထံ ဦးတည် ပြေးဝင် လိုက်သည်။
သို့သော် ခြေ တစ်လှမ်း မလှမ်း နိုင်မီ၊ ထက်ရှသော ဓားတစ်လက် ကောင်းကင်မှ ကျဆင်း လာသည်။
ယင်းမှာ ဓား မဟုတ်ချေ။ လင်းယွန်၏ လက်သီး တစ်လုံးသာ ဖြစ်ချေသည်။ သူ့ဓားကို ဆွဲထုတ် ဖို့ရန် စိတ်မ၀င် စားဘဲ၊ လက်သီးနှင့် ထိုးချ လိုက်ခြင်း ဖြစ်သည်။
ဓား အလင်းများ ကျဆင်း လာပြီး၊ ဝူရှောင်ရှင်း၏ နဂါးပေါ် ဖြတ်သန်း သွားသည်။
နဂါး ကြီးမှာ နောက်တစ်ကြိမ် မဖွဲ့စည်း နိုင်မီ၊ လေနှင့် လျှပ်စီး များက ဖုံးအုပ် လာတော့ သည်။
ဤသို့ဖြင့် ခြေတစ်လှမ်း မလှမ်း နိုင်မီ၊ ဝူရှောင်ရှင်း၏ ကြက်သွေးရောင် အငွေ့ အသက် များ၊ ပြိုကွဲ သွားကာ နောက်ဆုတ် ပေးလိုက် ရသည်။
လင်းယွန် ခွန်အားမှာ၊ သူ ထင်ထား သည်ထက် များစွာ သန်မာ သောကြောင့်၊ အံ့အားသင့် သွားသည်။
“ ဘာ လဲ ကွာ ... ။ ”
ဝူရှောင်ရှင်း၏ မျက်လုံးများ မှေးစင်း သွားပြီး၊ အံကြိတ်လျက် ရှေ့သို့ ထပ်မံ အားယူ လိုက်ပြန်သည်။
ထို့နောက်တွင် လှုပ်ရှားမှု တစ်ဒါဇင်ခန့်၊ ဖလှယ် လိုက်ကြ၏။ လင်းယွန်မှာ ဓား မဆွဲ ထား သော်လည်း၊ ဓား အလင်းများ နေရာ တိုင်း၌ ရှိနေ လေသည်။
သူ၏ တိုက်ခိုက်မှု တိုင်းတွင်၊ လေဟာ နယ်ကို ပုံပျက် စေသော နဂါး လက်သည်း ကြီးက၊ ထင်ရှား လာသည်။
ဆယ်ကြိမ်ခန့် အပြန် အလှန် တိုက်ခိုက် လိုက်ကြ ပြီးနောက်၊ လင်းယွန်၏ ခန္ဓာကိုယ်မှ လျှပ်စီးများ လက်လာကာ၊ ဓား ကဲ့သို့ လက်ချောင်း များဖြင့် ထိုးသွင်း လာသည်။
နဂါး ဟောက်သံများ ပဲ့တင်ထပ် လာပြီး၊ ဝူရှောင်ရှင်း တစ်ယောက်၊ သွေး အန်လျက် လွင့်စဉ် သွားသည်။
ဓား မဆွဲဘဲ ဝူရှောင်ရှင်းကို၊ အမှန် တကယ် အနိုင်ယူ နိုင်ခဲ့ သောကြောင့်၊ ဤမြင်ကွင်းသည် လူ အများကို အံ့အား သင့်စေ ခဲ့သည်။
ရက် အနည်းငယ် အတွင်း လင်းယွန်မှာ၊ ပို၍ အားကောင်း လာချေ၏။
“ နဂါး ကိုးကောင်၊ ကောင်းကင်ကို ဖျက်ဆီးခြင်း။ ”
ဝူရှောင်ရှင်းက ကြုံးဝါး လိုက်ပြီး၊ သူ့ လက်ဖဝါးကို ကြမ်းပြင်ပေါ် ဖိချ၏။ အသန်မာ ဆုံးသော လှုပ်ရှားမှုကို၊ လုပ်ဆောင် လိုက်ခြင်း ဖြစ်သည်။
ဝူရှောင်ရှင်း၏ လက်သီးတွင်၊ နဂါး ကိုးကောင်က ရစ်ပတ် လိုက်ပါ သွား၏။ နဂါး များက ကြက်သွေးရောင် အဆင်းကို၊ စင်မြင့် အပြည့် ထုတ်လွှတ် လိုက်သည်။
ဝူရှောင်ရှင်း တစ်ယောက် မီတာ တစ်ရာ အကွာသို့၊ ရောက်ရှိ လာသည် အထိ၊ မလှုပ်ရှား သေးဘဲ၊ လင်းယွန်မှ စောင့်ကြည့် နေသည်။
ထို့နောက် လေနှင့် လျှပ်စီး များကို ဆင့်ခေါ်ကာ၊ မီတာ (၃၀၀)ခန့် ရှည်လျားသော အပြာရောင် နဂါးကြီး တစ်ကောင်ကို ထုတ်ဖော် လိုက်၏။
ထိုမြင်ကွင်းကို မော့ကြည့်ပြီး၊ ဝူရှောင်ရှင်း တစ်ယောက် ပါးစပ် ဟောင်းလောင်း ပွင့်သွား သည်။
အဆိုပါ နဂါး ကြီးနှင့် နှိုင်းယှဉ် ရသော်၊ ကြက်သွေးရောင် နဂါး များက၊ ငါးရှဉ့် အဆင့် ၌သာ၊ ရှိပေသည်။
ပြိုင်ဘက်မှ တစ်ချက် ကြည့်လိုက် ရုံဖြင့်၊ ကောင်းကင်ကို ဖျက်ဆီး မည်ဟု ကြွေးကြော် ထားသော၊ ထို ငါးရှဉ့် ကိုးကောင်က၊ ပြိုကျ လာတော့၏။
လင်းယွန်က မလှုပ်ရှား ခဲ့သော်လည်း၊ ရင်ဘတ်အား ထိုးကြိတ်ခံ လိုက်ရ သကဲ့သို့၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာပြီး၊ ကောင်းကင်မှ ပြုတ်ကျ သွားသည်။
“ အဟွတ် ဟွတ် ... ဟွတ် ။ ”
သွေးများ အန်လျက် ခေျာင်း အဆက် မပြတ်ဆိုး လာကာ၊ ဒူး တစ်ဖက် ထောက်ကျ သွား၏။ ထို့နောက် လင်းယွန်အား တွန့်ဆုတ် စွာဖြင့်၊ ပြန်လည် မော့ကြည့် လိုက်သည်။
လျှပ်စီးများ တဖျပ်ဖျပ် လက်နေသည့် နဂါးကြီးကို နောက်ခံ ပြုလျက်၊ ရပ်နေသော လင်းယွန် အသွင်မှာ၊ နတ်ဘုရား တစ်ပါး အလား၊ ထင်မှား လာမိ စေ၏။
သူ့ ဆံပင် များက၊ လေထဲ လွင့်မျော နေပြီး၊ ထက်ရှသော ဓား တစ်လက် ကဲ့သို့၊ ငြိမ်သက်နေ ပေသည်။
***