← Chapters

ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။

Vol. 59 Ch. 819

ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။

Vol. 59 Ch. 819

“ အနိုင် ရသူ လင်းယွန်။ ”

ဝူရှောင်ရှင်းကို ကြည့်ပြီး၊ အဖိုးအိုက ရလဒ်အား ကြေညာ လိုက်၏။ တိုက်ခိုက်မှု ပြိုပျက် သွားသည့်နောက်၊ ဆက်လက် တိုက်ပွဲ ဝင်ပါက၊ အချိန်ဖြုန်း ခြင်းသာ ဖြစ်ပေမည်။

ဝူရှောင်ရှင်း၏ တိုက်ခိုက်မှု နောက် ကွယ်တွင်၊ ဟာကွက် များစွာ ရှိသောကြောင့်၊ လင်းယွန်အား တစ်ချက် မျှပင် ထိအောင် တိုက်နိုင်မည် မဟုတ်ကြောင်း၊ အဖိုးအိုက သိသည်။

ပုံမှန် အားဖြင့် ဆိုသော်၊ မူလ စွမ်းအင်ပင် မစုစည်းဘဲ၊ အကြည့် တစ်ချက်ဖြင့်၊ ပြိုင်ဘက် ကို နောက်ပြန် လွင့်စဉ် စေရန် မဖြစ် နိုင်ချေ။

ယင်းသည် ကြက်သွေးရောင် နဂါးနှင့်၊ အပြာရောင် နဂါး တို့ကြား ခြားနား ချက်လည်း ဖြစ်ပေသည်။

အစော ပိုင်းတွင် ဘိုင်လိရွှမ် အပေါ်၊ ကျန်းဝူကျိမှ တစ်ချက် တည်းဖြင့်၊ အနိုင်ယူ နိုင် ခဲ့သည့် အတွက်၊ လူအုပ်ကြီးက တုန်လှုပ် သွား ဖူးသည်။ ယခုမူ လင်းယွန်မှာ၊ ထို့ထက် ပို၍ တုန်လှုပ် စရာ ကောင်းပေသည်။

ဘိုင်လိရွှမ်နှင့် ဝူရှောင်ရှင်း ခွန်အားကို ထည့်မတွက် လျှင်ပင်၊ အကြည့် တစ်ချက်ဖြင့် အနိုင်ယူ ခြင်းသည်၊ ထိတ်လန့်ဖွယ် ဖြစ်၏။

ကြေငြာချက် ထုတ်ပြီးနောက်၊ ဝူရှောင်ရှင်း၏ ပယင်း ရောင်ဝါမှာ၊ လင်းယွန် ဆီသို့ ပျံသန်း သွားသည်။

သို့သော် ယင်း ပမာဏမှာ၊ နဂါး ပုံရိပ်ကို စတုတ္ထ ခြေသည်း ထွက်ရန် အထိ၊ မလုံလောက် ခဲ့ချေ။

တိုက်ပွဲတွင် ဖြစ်ပျက်ခဲ့ သမျှကို လူ အနည်းငယ် ကသာ၊ သဘောပေါက် ပေ၏။၊ အများ စုမှာ နားမလည် နိုင်ခဲ့ ကြချေ။

“ ဒါက ကြောက်စရာ ကောင်းလွန်းတယ်၊ ဘာဖြစ် သွားတာလဲ၊ ဝူရှောင်ရှင်းကို ဘယ်လို အနိုင်ယူ ခဲ့တာလဲ။ ”

“ သူတို့က တူညီတဲ့ အဆင့် မှာမှ မဟုတ်တာ၊ လင်းယွန်က သူ့ဓား ကိုတောင် မဆွဲ ခဲ့ဘူး၊ ဓားဆွဲတဲ့ အချိန် ဘယ်လောက်ထိ၊ အစွမ်းထက် လာမလဲ ဆိုတာ သိချင် လာပြီ။ ”

ခရမ်းရောင် မိုးကြိုး ဂိုဏ်း၏ တပည့်ငယ် တစ်ဦးက၊ ကျန်းဝူကျိကို ကြည့်ပြီး၊

“ စီနီယာ အစ်ကို ကျန်း၊ လင်းယွန်က ဘယ်လို လုပ်လိုက် တာလဲ၊ နန်းဂွန်း ဝမ်းယူနဲ့ ရင်ဆိုင် တုန်းက၊ သူ့ လက်သည်း ဝှက်ထား ခဲ့လို့လား။ ”

“ မဟုတ်ဘူး၊ သူတို့က ... ၊ တူညီတဲ့ အဆင့်မှာ မရှိ လို့ပါ၊ နန်းဂွန်း ဝမ်းယူနဲ့ တုန်းက၊ သူ့အစွမ်းကို ဖုံးကွယ် ထားတယ်၊ မြင်းနက်တွေ အားလုံး ထဲမှာ၊ သူက ငါ မမြင် နိုင်တဲ့ တစ်ဦး တည်းသော လူပဲ။ ”

ဘိုင်လိရွှမ်၏ လျှပ်စီးဓားကို အနိုင်ယူ နိုင်ခဲ့ သော်လည်း၊ လင်းယွန် အကြောင်း ပြောသော အခါတွင်၊ ကျန်းဝူကျိ တစ်ယောက် သတိထား လာသည်။

လင်းယွန် ကဲ့သို့သော ပြိုင်ဘက်သည်၊ တခြား သူ များထက် များစွာ ရင်ဆိုင်ရ ခက်ပေ ၏။

“ အစ်ကို ကြီးတောင် မမြင်နိုင် ဖူးလား၊ ဒါပေမယ့် သူ့ရဲ့ ဝှက်ဖဲ၊ ကျင့်ကြံမှု နည်းစနစ်၊ ဓားရေးနဲ့၊ ခန္ဓာ ကိုယ် သန့်စင်ခြင်း နည်းစနစ် တွေကို၊ ထုတ်ဖော် ထားပြီး သားလေ။ ”

ဘုရင် သုံးပါးနှင့် မတူဘဲ၊ ဝှက်ဖဲများ အများအပြားကို လင်းယွန်မှ ဖော်ပြ ထားပြီး ဖြစ်သည်။

“ တစ်ယောက် ယောက်ကို မြင်ခြင်း မမြင်ခြင်း ဆိုတာ၊ သူတို့ရဲ့ ဝှက်ဖဲ တွေကို သိတာနဲ့၊ တိုင်းတာလို့ မရဘူး၊ ... ”

“ ... သူ့ မှာ ဝှက်ဖဲတွေ မကျန်တော့ ရင်တောင် ငါ မမြင်နိုင် သေးဘူး၊ ငါ ဆိုလိုချင် တာက၊ သူရဲ့ တိုက်ခိုက်မှု တစ်ခုစီ တိုင်းကို မြင်နိုင် မှသာ၊ စိတ်ချ ယုံကြည် ရမယ်၊ ... ”

“ ... အခုတော့ မမြင် နိုင်တဲ့ အပြင်၊ နည်းနည်း လေးတောင် ကြောက်ရွံ့နေ သလို ခံစား ရတယ်၊ ဒါမျိုး အရင်က မခံစား ဖူးဘူး။ ”

ထိုစကား များကို ပြောနေသော ကျန်းဝူကျိ၏ မျက်လုံး များတွင်၊ စိတ်လှုပ်ရှား မှုများ ပြည့်နှက် နေသည်။

သန်မာသော ပြိုင်ဘက် သည်သာ၊ စိတ်ကျေနပ်မှု ပေးနိုင်၏။ ယုဟိုရှင်း မတိုင်မီ လင်းယွန်ကို အနိုင်ယူ လိုသည်။ ယင်က သူ့ ယုံကြည် ချက်ကို ပို၍ မြင့်မား စေ၏။

အထူး သဖြင့် နဂါး ဓား ရောင်ဝါကို၊ ထုတ်လွှတ်လိုက် သောအခါတွင်၊ လေးလေး နက်နက် စောင့်ကြည့် စရာ ဖြစ်လာသည်။

တိုက်ပွဲ အပြီး၌ ပတ်ဝန်းကျင်မှ အကြည့် များကို လင်းယွန်က လျစ်လျူရှု ပြီး၊ ထွက်ခွာ သွားသည်။

နဂါး ဓားကို ထုတ်ပြရန်၊ တွေဝေခြင်း မရှိချေ။ ယင်းမှာ မပြီးမြောက် သေးသည့် အတွက်၊ တိုက်ပွဲ များတွင် သတိထား နေရ သည်။

ထို့ကြောင့် မည်သူ မဆို ချို့ယွင်း ချက်ကို မြင်ပါက၊ ပြီးပြည့်စုံ စေရန် ကူညီပေး နိုင်မည် ဖြစ်သည်။

ထို့နောက် ယုဟိုရှင်းနှင့် ရှောင်စီယီတို့ တိုက်ပွဲကို ကြေညာသံ ထွက်ပေါ် လာသည်။ ယခင် ပြိုင်ပွဲ၌ ယုဟိုရှင်း မှာ၊ (၁၆) နှစ်သား အရွယ်ဖြင့်၊ ချန်ပီယံ ဖြစ်ခဲ့သော အစစ် အမှန် ပါရမီရှင် တစ်ဦး ဖြစ်သည်။

ကျန်ဘုရင် နှစ်ပါးနှင့် အထက် တန်းစား ခုနစ်ပါး တို့ကို အနိုင် ယူရန်၊ ခွန်အား တစ်ဝက် နီးပါး မျှပင် အသုံး မပြု ခဲ့ကြောင်း၊ ကောလာ ဟလများ ရှိခဲ့ ဖူး၏။

ထိုစဉ်က သူ့ အရည် အချင်းမှာ၊ လက်ရှိ လင်းယွန်၏ စွမ်းဆောင် မှုထက်၊ ပို၍ တောက်ပ ချေ၏။

ယခု အချိန်၌ အသက် နှစ်ဆယ်သာ ရှိသေးသောကြောင့်၊ လူငယ် မျိုးဆက် အဖြစ် သတ်မှတ် ခံခဲ့ ရသည်။

သူ့ အသက် အရွယ်နှင့် ခွန်အားမှာ၊ အလင်းအမှောင် လမင်း ကမ္ဘာကို ဂုဏ်တက် စေသည်။

ထက်မြက် လွန်းသော အရည် အချင်း များကြောင့်၊ လူတိုင်းက နောက်ထပ် တစ်ကြိမ် ချန်ပီယံ ဖြစ်နိုင် မည်ဟု ယူဆ ကြ၏။

မြင်းနက် များမှာ ကျန်းဝူကျိနှင့် ရန်လောင်ဇီကို အနိုင်ယူ နိုင်ခဲ့ လျှင်ပင်၊ ယုဟိုရှင်းအား တိုက်ခိုက်ရန် အရည်အချင်း မရှိ သေးချေ။

ရှောင်စီယီ သည်လည်း အလားတူ ပေပင်။ ဘုရင် သုံးပါးနှင့် ပြိုင်ဆိုင်ရန်၊ အထက် တန်းစား ခုနစ်ပါး အနက်၊ နောက်ဆုံး ကျန်ရစ်သူ ဖြစ်၏။

ထို့ပြင် ရန်လောင်ဇီနှင့်၊ လှုပ်ရှားမှုပေါင်း တစ်ရာကျော် ဖလှယ် ခဲ့ကြောင်း၊ သတင်းများ ထွက်ပေါ် ဖူးသည်။

သို့သော်လည်း ယုဟိုရှင်းမှာ၊ ပြိုင်ပွဲ နှစ်ရပ်လုံး တွင်ပင်၊ တစ်ကြိမ်မျှ ရှုံးပွဲ မရှိ သေးချေ။ မည်သူမျှ မကျော်ဖြတ် နိုင်သော တောင်ကြီး တစ်လုံး နှင့် တူ၏။

စင်မြင့် ပေါ်၌ အလင်း နှစ်ခု လင်းလက် သွားပြီး၊ ယုဟိုရှင်းနှင့် ရှောင်းစီယီတို့ ဆင်းသက် လာသည်။

ယုဟိုရှင်းမှာ စင်ပေါ် အကြိမ်ကြိမ် တက်ဖူး သော်လည်း၊ အရည် အချင်း ရှိသော ပြိုင်ဘက် မျိုးဖြင့်၊ တစ်ကြိမ်မျှ မတွေ့ဖူး သေးချေ။

ထို့ကြောင့် သူ့ခွန်အား အပေါ် မည်သူမှ မတွက်ဆ နိုင်ခြင်း ဖြစ်သည်။ ဤသည်ပင် လူအုပ်ကို ပို၍ စိတ်ဝင်စား လာစေ၏။

ထို့ပြင် ရှောင်စီယီမှာ ဘုရင် သုံးပါးကို မကြောက်ကြောင်း၊ လူတိုင်း သိ၏။ သူမ ပန်းတိုင်မှာ၊ ချန်ပီယံ ဖြစ်ရန် ပေပင်။

“ မင်းကို အနိုင်ယူ နိုင်ရင်၊ ချန်ပီယံ ဖြစ်ဖို့ သေချာတယ်၊ ငါက မင်းကို ပထမဆုံး ရင်ဆိုင် ရတဲ့ သူမို့၊ နည်းနည်းတော့ အံ့သြမိ ပါတယ်။ ”

ရှောင်စီယီ၏ မျက်ဝန်း များတွင်၊ တိုက်ပွဲဝင် ဆန္ဒများ ပြည့်လျှံ လာပြီး၊ အရှိန် အဝါကို စတင် စုဆောင်း တော့သည်။

“ မှန်တယ် ... ၊ ငါ့ကို အနိုင်ယူ နိုင်တဲ့ သူက၊ ပထမ ရလိမ့်မယ်။ ”

ယုဟိုရှင်းက ယုံကြည်ချက် ရှိရှိဖြင့်၊ ခေါင်းညိတ် ပြလိုက်ပြီး၊

“ ဒါပေမယ့် ... ၊ အဲ့ဒီ လူက ကျန်းဝူကျိ မဟုတ် သလို၊ ရန်လောင်ဇီ လည်း မဟုတ်ဘူး၊ မင်း အတွက်တော့ စိတ် မကောင်း စရာ ပါပဲ ။ ”

ရှောင်စီယီနှင့် အချိန် အတော်ကြာ သိထား ကြသော်လည်း၊ သူ၏ ပင်ကိုယ် စရိုက်ကြောင့်၊ သူမအား အသိ အမှတ် မပြုချေ။

ယင်းကို ရှောင်စီယီက စိတ် မ၀င်စားဘဲ၊

“ ဒီကမ္ဘာမှာ ... မင်း မမြင်နိုင် သေးတဲ့ အရာတွေ ရှိတယ်၊ ငါ့ကို မင်း စိတ်ဝင်စား စရာ မလို ပါဘူး၊ ငါ လုပ်စရာ ရှိတာက မင်းကို အနိုင်ယူ ဖို့ပဲ။ ”

“ တိမ်နဂါး လက်ချောင်း ... ။ ”

ရှောင်စီယီက လက်ညှိုး ညွှန်လိုက်ရာ၊ တိမ်လွှာ များက သူမ လက်ချောင်း တစ်ဝိုက် နဂါး တစ်ကောင် အသွင် ဖြစ်ပေါ် လာသည်။

ထို့နောက်တွင် နဂါးက ပါးစပ် ဟကာ၊ ယုဟိုရှင်းကို ကိုက်ရန် ပြေးဝင် သွား၏။

“ ဒါ ပဲ လား။ ”

ယုဟိုရှင်းက အထင် အမြင် သေးစွာနှင့်၊ တိမ်နဂါး လည်ပင်းကို ဖမ်းကုပ် လိုက်၏။ ဖမ်းဆုပ် ခံလိုက် ရသော၊ တိမ်နဂါးမှာ အော်ဟစ်ပြီး၊ ယုဟိုရှင်း လက်၌ ကျုံ့ဝင်သွား တော့သည်။

တစ်ချိန်တည်း မှာပင် ရှောင်စီယီက အနားရောက် လာပြီး၊ လက်သုံး ချောင်းကို ရှေ့သို့ တွန်းချ လိုက်သည်။

လက်ချောင်း တစ်ချောင်း စီသည် တောင်တန်း ကြီးများ အဖြစ် ဖွဲ့တည် သွားကာ၊ စင်မြင့် တစ်ခု လုံးကို ပြင်းစွာ ယိမ်းထိုး လာစေ၏။

“ အရမ်း ကောင်းတယ် ... ၊ မရဏ လမင်း- နှလုံးချွေ လက်သည်း။ ”

ဤသည်မှာ ယွဲ့ဝေဝေ အပေါ်၊ ချင်ရို့ယူ အသုံး ပြုခဲ့သော မရဏ သုတ္တန်တွင် ပါဝင်သည့်၊ ပညာရပ် တစ်ခု ဖြစ်၏။

“ ဝှစ် ... ။ ”

သို့သော် ယုဟိုရှင်း အသုံးပြု လိုက်သော အခါတွင်၊ လုံးဝ ကွဲပြားသွား လေသည်။ သူ့ လက်သည်း များက တောင်တန်း ကြီးကို၊ ချက်ချင်း ဖြိုခွဲ ပစ်လိုက်၏။

တိမ်တောင် များကို ဖြတ်သန်း နေရ သောကြောင့်၊ ထို လက်သည်းမှာ အတော်ပင် အားနည်း သွားပြီ ဖြစ်သော် လည်း၊ ရှောင်စီယီ အား အလွယ်တကူ တွန်းထုတ် နိုင်ဆဲ ဖြစ်သည်။

ဤတိုက်ခိုက် မှုကြောင့် ရှောင်စီယီ တစ်ယောက်၊ အငွေ့ အသက်များ ဆုံးရှုံးသွား သည်ကို မြင်လိုက် ရသဖြင့်၊ လူအုပ် ကြီးမှာ ထိတ်လန့် သွားတော့သည်။

“ ကောင်းကင် ဘုံ၌ အကျဉ်းချ ခံထား ရသော လက်ချောင်း ... ။ ”

ရှောင်စီယီက တိမ်များကို ဖယ်ခွာ စေပြီး၊ လက်ချောင်းကြီး များဖြင့်၊ ယုဟိုရှင်းထံ တိုက်ခိုက် လိုက်သည်။

လက်ချောင်း များကို ကြည့်ပြီ၊ ဆုံးဖြတ်ချက် တစ်ခု ချလိုက် ဟန်ဖြင့်၊ ယုဟိုရှင်း မျက်နှာ အနည်းငယ် ပြောင်းလဲ သွားသည်။

“ ဟိတ် ... ။ ”

ထို့နောက် ကမ္ဘာကြီးကို အုပ်စိုးသူဟု ထင်ရစေမည့်၊ လက်သီး တစ်လုံးအား ပစ်ထုတ် လိုက်၏။

“ သခင့် လက်သီး — ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။ ”

ကောင်းကင်မှ ဆင်းသက် လာသော လက်ချောင်း များကို၊ ထိုလက်သီးက ဖျက်ဆီး ပစ်ပြီး၊ ပြိုင်ဘက်ကင်း အရှိန်အဝါကို ပေးစွမ်း လာလေသည်။

ယင်းကြောင့် ရှောင်စီယီမှာ နောက်သို့ လွင့်စဉ်ကာ၊ သွေးအန် သွားသည်။ ပြိုင်ဘက်၏ လက်သီး တစ်ချက်က၊ တိမ်ရည်ရွယ်ချက် ကိုပင် ပျက်စီး စေ၏။

“ သခင့် လက်သီးပဲ။ ”

“ ဓားဂိုဏ်းရဲ့ အစွမ်း အထက်ဆုံး ပညာ ရပ်တွေ ထဲက တစ်ခု မဟုတ်လား၊ သူ ဘယ်လို ရထား တာလဲ။ ”

“ ဒါက အံ့သြ စရာမှ မဟုတ်တာ၊ မိုးကြိုး စီရင်စုကို အုပ်စိုးရှင်က အလင်း အမှောင် လမင်း ကမ္ဘာပဲ၊ ... ”

“ ... ဓားဂိုဏ်း ပျက်စီး ရတဲ့၊ အကြောင်း အရာ တွေနဲ့ သူတို့က၊ ဆက်စပ် နေတယ်လို့ ငါ ကြားတယ်၊ ဒါကြောင့် သခင့် လက်သီးကို ပိုင်ဆိုင် ထားတယ် ဆိုတာ မဆန်း ပါဘူး။ ”

“ နေဦး ... ၊ လင်းယွန်ရဲ့ သခင့်ဓား နဲ့ ယှဉ်ရင်၊ ဘယ်လို နေမယ် ထင်လဲ။ ”

သက်ရောက်မှု အရ၊ ယုဟိုရှင်းအား စွမ်းအားရှင် အဖြစ် ထင်မှား လာစေသည်။ လင်းယွန် ပင်လျှင် ဤလက်သီး ချက်ကြောင့် အံ့အားသင့် သွားရ၏။

***

All Chapters