← Chapters

မိစ္ဆာဓား ဇိုချင်းရှန်။

Vol. 59 Ch. 820

မိစ္ဆာဓား ဇိုချင်းရှန်။

Vol. 59 Ch. 820

တိုက်ပွဲ ပြီးဆုံးတော့ မည်ဟု လူတိုင်းက ထင်နေကြ ချိန်တွင်၊ ရှောင်စီယီက လက်များကို တွန်းထုတ် လိုက်သည်။ သူ့နှုတ်ခမ်းရှိ သွေး စများ ကိုပင်၊ မသုတ်အား ခဲ့ချေ။

“ ကောင်းကင်က တိမ်လွှာကို ဖျက်ဆီးမယ့် လက် ... ။ ”

ကောင်းကင်မှ တိမ်တိုက် များက၊ ကြီးမားသော လက်ဖဝါးကြီး တစ်ဖက် အဖြစ်၊ ပြိုကျ လာသည်။

ယုဟိုရှင်း အပါ အဝင်၊ မည်သူမျှ လွတ်မြောက် နိုင်မည် မဟုတ်ဟု ထင်မြင် သွားစေသည်။

ထိုလက်ဖဝါး အောက်တွင် လေထုမှာ ပေါက်ကွဲ သွားပြီး၊ လှိုင်းလုံးများ အလိမ်းလိမ်း ထလာ၏။

ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကို ရှောင်စီယီက၊ ထုတ်ဖော် နိုင်လိမ့် မည်ဟု မည်သူမျှ မမျှော်လင့် ထားပေ။

သို့သော် အဆိုပါ တိုက်ခိုက်မှုသည်၊ သူမ မျက်နှာ ကိုပင် ဖြူဖျော့ သွားစေ ခဲ့သည်။ အရှိန် အဝါမှာ များစွာ အားနည်း လာသော်လည်း၊ တိုက်ပွဲဝင် လိုဆဲ ဖြစ်၏။

ရုတ်တရက် စင်မြင့် ပေါ်၌ တောက်ပသော အလင်းရောင် တစ်ခု ထွက်ပေါ် လာသည်။

“ မရဏ ကမ္ဘာကြီး ။ ”

မရဏ သုတ္တန်ကို ကျင့်ကြံ သူတိုင်း၊ ခရမ်းရောင် လမင်းကို ဆင့်ခေါ် နိုင်ပေသည်။ ထိုလမင်းက လက်ဖဝါး ကြီးကို ချက်ချင်း ဖျက်ဆီးကာ၊ အလင်းများ ဖြာကျ လာ၏။

အလွန် တောက်ပ လွန်းသဖြင့် မည်သူမျှ အာရုံစိုက် မကြည့် နိုင်တော့ပေ။ တိမ်လက်ဝါး မှာ ပြိုင်ဘက်ကို အန္တရာယ် မပေးနိုင် တော့မှန်း သိလိုက် သဖြင့်၊ ဒုတိယ အကြိမ် တိုက်ခိုက်မှုကို၊ ရှောင်စီယီက ဆက်တိုက် လွှတ်လိုက်သည်။

ပိုးထည်စ ပေါင်းများ စွာက၊ မျက်စိ တစ်မှိတ် အတွင်း ပျံသန်း လာပြီး၊ ယုဟိုရှင်းအား ရစ်ပတ် တော့သည်။

“ ဘယ်လောက်တောင် မြန်လိုက်တဲ့ တိုက်ခိုက်မှုလဲ။ ”

ရှောင်စီယီ၏ ဝှက်ဖဲမှာ၊ ထွက်ပါ် လာပြီ ဖြစ်သည်။ အဝတ်စ တစ်ဖက်အား ဆုပ်ကိုင် ထားပြီး ယုဟိုရှင်းကို စင်ပေါ်မှ တွန်းထုတ်ရန် ကြိုးစား လိုက်၏။

“ ဟိတ် ... ။ ”

ဤသည်မှာ ပရိယာယ် တစ်ခု ဖြစ်သည်။ တွန်းထုတ် သလိုနှင့် ဆွဲယူ လိုက်ခြင်း ဖြစ်၏။ သို့သော် ကျောက်ရုပ်ကြီး ကဲ့သို့၊ ယုဟိုရှင်းက မလှုပ်ချေ။

“ မဖြစ် နိုင်တာ … ။ ”

ရှောင်စီယီမှာ အံ့သြ တုန်လှုပ် သွားသည်။ ထိတ်လန့်မှု မပျောက် ကွယ်မီ၊ ခရမ်းရောင် လမှ အလင်းများ ဖြာကျ လာပြီး၊ ပိုးထည်ကို လောင်ကျွမ်း စေ လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး၊ မှောင်မိုက် သွားကာ၊ ယုဟိုရှင်း တစ်ဦး တည်းသာ လင်းနေ ခဲ့၏။ အမှောင် အတွင်းမှ သွေးများ စီးကျလျက်၊ ရှောင်စီယီ တစ်ယောက် လွင့်စင် သွားသည်။

“ မရဏ လမင်း - မြင့်မြတ်သော ရောင်ခြည်။ ”

“ ဒါဟာ မြင့်မြတ်သော ရောင်ခြည်ပဲ၊ မရဏ သုတ္တန်ကို မြင့်မားတဲ့ အဆင့် ရောက်ရှိ ပြီးမှသာ ဆင့်ခေါ်လို့ ရတဲ့ စွမ်းအားပါ၊ ... ”

“ ... အဲ့ဒီ အဆင့် ရောက်ရင် နယ်ပယ် တူချင်းတောင် ပြိုင်ဘက် မရှိတော့ ဖူးလို့၊ ငါ ကြားဖူးတယ်။ ”

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ၊ အဲဒီ အဆင့်ကို ဘယ်သူမှ မရောက် ခဲ့တာ၊ နှစ်ပေါင်း တစ်ထောင်ကျော် သွားပြီ။ ”

ပြသ လာသော ယုဟိုရှင်း၏ အင်အားကြောင့်၊ လူတိုင်း အံ့ဩသွား ကြသည်။

“ မင်း ငါ့ကို ဒီလောက် အထိ၊ အတင်း အကျပ် ဖိအားပေး နိုင်တာ တကယ် လေးစား စရာ ပါတယ်၊ ... ”

“ ... ရန်လောင်ဇီနဲ့၊ ကျန်းဝူကျိသာ ဆိုရင်တော့ အနိုင် ရဖို့၊ မင်းမှာ အခွင့် အရေး ရှိ နိုင်တယ်၊ ဒါပေမယ့် ငါနဲ့ တွေ့တာ၊ မင်း ကံဆိုးတယ်။ ”

ခရမ်းရောင် အလင်း များက၊ ယုဟိုရှင်း မျက်နှာအား ရောင်ပြန် ဟပ်ကာ၊ နတ်ဘုရား တစ်ပါး အလား၊ ခံစား လာရ စေ၏။

“ အနိုင် ရသူ ... ၊ ယုဟိုရှင်း ။ ”

ဒိုင် အဖိုးအိုက စင်မြင့်ပေါ် ဆင်းလာကာ၊ ကြေညာ လိုက်သည်။ ယုဟိုရှင်း မျက်နှာရှိ အလင်းများ ပျောက်ကွယ် သွားပြီး၊ ရှောင်စီယီ ၏ ပယင်း ရောင်ဝါ တစ်ဝက်ကို၊ ဝါးမြို လိုက်သည်။

“ ရှောင်စီယီရဲ့ ဝှက်ဖဲ တွေက၊ အစွမ်းထက် ပေမယ့်၊ ယုဟိုရှင်း ဒီလောက် သန်မာ နေလိမ့် မယ်လို့၊ ဘယ်သူက ထင်မှာလဲ။ ”

“ ဒါကို ကြည့်ပြီး ကျန်ပွဲ တွေမှာ၊ ယုဟိုရှင်းက သူ့ခွန်အား တစ်ဝက်ကျော် အထိ အသုံး ပြုဖို့၊ မလိုအပ် ဖူးလို့၊ ငါ ထင်ပါ တယ်။ ”

ယုဟိုရှင်း ခွန်အားမှာ၊ တုန်လှုပ် စရာ ကောင်းလွန်း ပေ၏။ ရှောင်စီယီ သန်မာ သော်လည်း၊ တစ်ခု တည်းသော ရလဒ်မှာ ရှုံးနိမ့်ခြင်း ဖြစ်သည်။

ဤသို့ အကူ အညီ မဲ့သော၊ အခြေ အနေ အပေါ် မည်သူ မဆို၊ စိတ်ပျက် အားငယ် မိပေ မည်။

တိုက်ပွဲကြောင့် ဖြစ်ပေါ် လာသော ပျက်စီးမှုသည်၊ အလွန် ကြီးမား လှသဖြင့်၊ မဟာမိတ် အဖွဲ့က စင်မြင့်အား ပြုပြင်ရန် အချိန်ယူ လိုက် ရသည်။ သည်တစ်ကြိမ်၌ စတုတ္ထတန်း ဝိညာဉ်ရေး ဆရာ သခင် အနည်းငယ်ကို စေလွှတ် ခဲ့သည်။

အုပ်စိုးရှင် အင်အားစု များတွင်၊ နက်ရှိုင်းသော အခြေခံ အုတ်မြစ် ရှိသဖြင့်၊ ထိုအချိန် ကပင် အထွတ် အထိပ် ခွန်အားမျိုး ပြန်လည် ရရှိရန်၊ လုံလောက် ပေသည်။

နာရီဝက် ကြာပြီးနောက်၊ ဇိုချင်းရှန်နှင့် ဘိုင်လိရွှမ် တို့၏ တိုက်ပွဲဖြင့်၊ ပြန်လည် စတင် ခဲ့သည်။

နှစ်ဦး စလုံးကို မြင်းနက်များ အဖြစ်၊ သတ်မှတ် ကြပြီး၊ သဘာဝ အတိုင်း အာရုံ စူးစိုက်မှု အများ အပြား ရှိလာ ကြသည်။

ဘိုင်လိရွှမ်မှာ ကျန်းဝူကျိကို ရှုံးနိမ့်ထား သော်လည်း၊ ပြသ ခဲ့သော ခွန်အား အရ၊ အထင် ကြီးဖွယ် ကောင်းနေဆဲ ပေပင်။

ကျန်းဝူကျိကြောင့် ဘိုင်လိရွှမ်၏ လျှပ်စီး ရည်ရွယ်ချက်မှာ၊ လုံးလုံး လျားလျား ဖိနှိမ် ခံခဲ့ ရသည်။ သို့သော် ဇိုချင်းရှန် နှင့်မူ ကွဲပြားသော ရလာဒ် ဖြစ်လာ ပေမည်။

လူတိုင်း ကြောက်ရွံ့ ရသော မိစ္ဆာ အငွေ့ အသက်သည်၊ လျှပ်စီးဓား ရည်ရွယ်ချက် ရှေ့၌၊ အလုပ်လုပ် နိုင်မည် မဟုတ်ချေ။

အကြိမ် တစ်ရာခန့်၊ အပြန်အလှန် တိုက်ခိုက်ကြ ပြီးနောက်၊ တိုက်ပွဲ အဟုန်မှာ ပြောင်းလဲ သွားသည်။

နဂါးဓား သုတ္တန်နှင့် လျှပ်စီး ဓား ရည်ရွယ်ချက် တို့ကို ပေါင်းစပ်ပြီး၊ ဘိုင်လိရွှမ် တစ်ယောက် စင်မြင့် ထက်၌ မှုန်ဝါး ပျောက်ကွယ် သွား၏။

“ မိုးကြိုး လက်ခုပ် သံ ... ။ ”

“ ဝိညာဉ် ဝါးမျိုခြင်း။ ”

ဇိုချင်းရှန်က တည်ငြိမ် စွာဖြင့်၊ ဆေဘာဓားအား လွှဲကာ၊ ဓား အလင်း ကိုးဆယ် ကျော်ကို၊ လွှတ်တင် လိုက်သည်။

ဘိုင်လိရွှမ် ဖန်တီး ထားသော ဖြစ်စဉ်ကို ထိမှန် သွားပြီး၊ မာရ်နတ်မှ အရာ အားလုံးကို ဖျက်ဆီး နိုင် သကဲ့သို့၊ လျှပ်စီးဓားကို ဝါးမျို သွား၏။

“ သွေး ဝါးမျိုခြင်း။ ”

လှောင်ပြုံး တစ်ပွင့်နှင့် အတူ၊ နောက်ထပ် ဓားချက် တစ်ချက်ကို ဇိုချင်းရှန်က လွှတ်ထုတ် လိုက်သည်။

ထိုဓားက အစောပိုင်း ဓားချက် များကို အနက်ရောင် ပိုက်ကွန်ကြီး သဖွယ်၊ ဖွဲ့စည်း ပစ်ကာ၊ ဘိုင်လိရွှမ်ထံ ပြေးဝင် သွားစေသည်။

အနက်ရောင် ပိုက်ကွန်ဖြင့်၊ ဖမ်းဆီး ခြင်းမှ ကာကွယ်ရန်၊ မူလ စွမ်းအင် များကို ဘိုင်လိရွှမ် က၊ လျင်မြန်စွာ သိုင်းခြုံ လိုက်၏။

အနက်ရောင် ပိုက်ကွန် သူ့ အနား ရောက်လာ ချိန်၌ သွေး လည်ပတ်မှု နှေးကွေး သွားသည်ကို၊ သတိထား မိလိုက်ရာ၊ အံ့အားသင့် သွားသည်။

သည်ဖြစ်စဉ်က အနည်းငယ် ဆန်းကြယ်လွန်း လေသည်။ ပိုက်ကွန်ကို ပြတ်သားစွာ တားဆီးထား နိုင် သော်လည်း၊ သူ့သွေး များမှာ စုပ်ယူ ခံနေ ရဆဲ ဖြစ်၏။

“ ဟိတ် ... ။ ”

ထို့ကြောင့် လေးနက်သော အမူ အရာဖြင့်၊ လျှပ်စီးဓား ရည်ရွယ်ချက်ကို ကန့်သတ် ချက်သို့ ချက်ချင်း တွန်းထုတ် လိုက်ပြီး၊ အနက်ရောင် ပိုက်ကွန်အား ပြာ အဖြစ်သို့၊ ပြောင်းလဲ ပစ် လိုက်သည်။

သို့သော် နောက်ကျ သွားလေပြီ။ သူ့ သွေးသား ဆယ်ပုံ တစ်ပုံကို ဝါးမြို ခံလိုက် ရ၏။ ရုတ်တရက် ဆုံးရှုံး ခြင်းကြောင့် မူးဝေ လာကာ၊ လှုပ်ရှားရန် အနည်းငယ် လေးလံ သွားသည်။

အနည်းငယ် ယိမ်းယိုင် နေသော အချိန်ကို ခွင့်ကောင်း ယူပြီး၊ ဝိညာဉ် များကို ဆေးကြော သန့်စင် ပေးနေသော အသူရာ တစ်ပါး ကဲ့သို့၊ ဇိုချင်းရှန်က ကောင်းကင်ပေါ် ခုန်တက် သွားသည်။

“ ဟိတ် ... ။ ”

(အသူရာ ဟူသည် နတ်ဘုရား အမျိုး အစား ဖြစ်ပြီး၊ ဤနေရာ၌ မိစ္ဆာ နတ်ဘုရား အဖြစ် ယူဆ နိုင်ပေမည်။ )

တစ်ချိန်တည်း မှာပင် သူ့ ဆေဘာဓားက၊ မိစ္ဆာ လက်တစ်ဖက် အဖြစ်သို့ ပြောင်းလဲ သွား၏။

ဤတိုက်ခိုက် မှုကို ရင်ဆိုင် ရာ၌၊ ဘိုင်လိရွှမ် တစ်ယောက် နှုတ်ခမ်းမှ သွေးများစီးကျ လာပြီး၊ ဆုတ်ခွာ ပေးလိုက် ရသည်။

“ အသူရာ အလင်း ခုနစ်သွယ်။ ”

တစ်ချိန်တည်း မှာပင်၊ ဇိုချင်းရှန် တစ်ယောက် အရိပ် တစ်ရိပ် ကဲ့သို့၊ ဘိုင်လိရွှမ် အနား ကပ်လျက် လိုက်ပါ လာ၏။

မည်မျှ ကြိုးစား စေကာမူ၊ ထိုအရိပ်အား ပြတ်ကျန်အောင်၊ ဘိုင်လိရွှမ်မှ မစွမ်းဆောင် နိုင်ခဲ့ချေ။

“ ချွမ် ... ကလန် ချွမ် ... ။ ”

ဆေဘာဓားကို ခုနစ်ကြိမ် တိုင်တိုင်၊ လွှဲပြီးနောက်၊ ဘိုင်လိရွှမ် အပေါ်၊ ထပ်မံ ဖိအား ပေးလိုက်သည်။ ခဏ အကြာတွင် ဘိုင်လိရွှမ် ဓားကိုင် လက်မှာ၊ ထုံကျင် လာတော့၏။

ပြန်လည် တိုက်စစ် ဆင်လို သော်လည်း၊ ပြိုင်ဘက်၏ ဓားချက် တိုင်းက လျင်မြန်ကာ၊ သူ့အား အခွင့်အရေး မပေး ခဲ့ချေ။

သွေး ဝါးမျို ခြင်းဖြင့်၊ ကောင်းကင်မှ အုပ်မိုးခံရ ပြီးနောက် ဇိုချင်းရှန်က၊ ဆက်တိုက် ဖိအားပေး နိုင်ခဲ့သည်။

“ ချွမ် ... ကလန် ။ ”

အရှိန် အဟုန်ဖြင့် တိုက်ခိုက် နေရာမှ၊ ဇိုချင်းရှန်က ရုတ်တရက် ရပ်ပစ် လိုက်သည်။ သူ့ မျက်နှာရှိ ဝတ်ရုံ စကို မြွေပါးပြင်း အသွင် ပြန်လည် ပြင်ယူ လိုက်ကာ၊

“ မင်း ရှုံး ပြီ။ ” -ဟု တည်ငြိမ်စွာ ဆိုလိုက် တော့၏။

သူ့ စကားဆုံး သည်နှင့်၊ ဘိုင်လိရွှမ်၏ အဝတ် အစားများ ပေါက်ကွဲ သွားပြီး၊ ခန္ဓာ ကိုယ်မှ အနက်ရောင် အခိုး အငွေ့များ၊ ထွက်လာ တော့သည်။

ဒဏ်ရာ တစ်ခု စီသည် ပြင်းထန်လှ သောကြောင့်၊ ဘိုင်လိရွှမ် တစ်ယောက် အံ့သြ သွား ခဲ့သည်။ တိုက်ပွဲ ဝင်နေ ချိန်၌၊ ၎င်းကို သူ သတိ မထား မိလိုက်ချေ။

ယင်းကို မြင်ချိန်၌၊ မှင်တက် နေသော လူအုပ် ကြီးမှာ၊ ကြောက်စိတ်ဖြင့်၊ အသက်ရှူ ကြပ်လာ တော့၏။

***

All Chapters