← Chapters

ဖန်းဟန် လုဟွာ။

Vol. 59 Ch. 821

ဖန်းဟန် လုဟွာ။

Vol. 59 Ch. 821

“ အနိုင် ရသူ ဇိုချင်းရှန် ။ ”

ဒိုင် အဖိုးအိုက အောင်နိုင် သူအား ကြေငြာလိုက် သဖြင့်၊ ရုတ်ရုတ် သဲသဲ ဖြစ်သွား ကုန်သည်။ တိုက်ပွဲသည် တစ်ဖက်သတ် ဖြစ်နေ သော်လည်း၊ ဘိုင်လိရွှမ်မှာ မိုးပြာ နဂါး ဒေါသကို အသုံး မပြုရ သေးချေ။ ထို့ကြောင့် လူအုပ်မှာ ပွက်လော ရိုက်ကုန်ခြင်း ဖြစ်၏။

“ ဘာဖြစ် လို့ လဲ။ ”

ကာကွယ်သူ မက်မွန်နှင့်၊ ကျန်သူများ သည်လည်း၊ မျက်မှောင်ကြုတ် သွားကြသည်။

“ ဇိုချင်းရှန်က ဘိုင်လိရွှမ်ကို အသက်ရှင် ခွင့်ပြု လိုက်တာပဲ၊ ဒီလိုမှ မဟုတ်ရင် ဘိုင်လိရွှမ် သုံးပိုင်း ကွဲ သွားလိမ့်မယ်၊ ဒါကြောင့် ဒိုင်က ရလာဒ်ကို ကြေညာ ရတာပါ။ ”

လင်းယွန်က သက်ပြင်း ချကာ ဆိုသည်။ မည်သည့် အတွက်ကြောင့် သူ ရှုံးနိမ့် ရသည်ကို ဘိုင်လိရွှမ်မှ တဖြည်းဖြည်း နားလည် လာ၏။

ပထမ ဓားချက် ဝိညာဉ် ဝါးမျို ခြင်းကြောင့်၊ သူ ရှုံးခြင်း ဖြစ်သည်။ ထိုဓား ရောက်လာ ချိန်၌ သတိ မထား နိုင်ခင်၊ သူ့ခန္ဓာ ကိုယ်ထဲ စိမ့်ဝင် ခဲ့သည်။

ထို့ကြောင့် ဒုတိယ အကြိမ် တိုက်ခိုက်မှုဖြင့်၊ သွေး ဆယ်ပုံ တစ်ပုံကို ဝါးမျို နိုင်ခြင်း ဖြစ်သည်။ ဓား ရည်ရွယ်ချက် သည်သာ၊ ခိုင်မာခြင်း မရှိ ပါက၊ ခန္ဓာ တစ်ခုလုံး ခမ်းခြောက်သွား နိုင်သည်။

“ ဝိညာဉ် ဝါးမျိုခြင်း၊ သွေး ဝါးမျိုခြင်း ... ။ ”

၎င်းတို့ အပြင် နောက်ထပ် အလားတူ တိုက်ခိုက်မှု တစ်ခု ရှိကောင်း ရှိနိုင် မည်ဟု လင်းယွန်က ယူဆ မိ၏။

“ မင်း အနိုင် ရတယ်။ ”

ဘိုင်လိရွှမ်က ရှုပ်ထွေးသော အကြည့်ဖြင့် ဇိုချင်းရှန်ကို ကြည့်ပြီး၊ သက်ပြင်း ချကာ ဆိုမိ သည်။

သည်တိုက်ပွဲတွင် နဂါး ဒေါသကို စောလျင်စွာ ထုတ်ဖော် ခဲ့ပါက၊ အောင်နိုင် ပေမည်။ ယင်းကို သတိထား မိလာပြီး၊ ရှုံးနိမ့်ခဲ့ ရသည့် အပေါ်၊ အလွန် တရာ နောင်တရ သွားသည်။

နှစ်ပွဲ ရှုံးပြီးနောက် ထိပ်ဆုံး ဆယ်ယောက်တွင်၊ သူ့ အဆင့်မှာ မြင့်မားနိုင် တော့မည် မဟုတ်ချေ။

ထို့နောက်တွင် ရန်လောင်ဇီနှင့်၊ ယွဲ့ဝေဝေ တို့ကြား တိုက်ပွဲအား ကြေငြာ လိုက်၏။ ဘုရင် သုံးပါး ထဲမှ တစ်ပါး အနေဖြင့်၊ ရန်လောင်ဇီတွင် မျှော်လင့်ချက် ကြီးကြီး မားမား ရှိလေသည်။

သူတို့ နှစ်ဦးမှာ ဂိုဏ်တူ မောင်နှစ်မများ ဖြစ်သဖြင့်၊ မည်သို့ မည်ပုံ အဆုံးသတ် မည်ကို လူတိုင်းက သိချင် လာ၏။

“ မင်းသမီး ... ၊ ပုံမှန်ဆို မင်းသမီး လုပ်ချင် တာကို လုပ်လို့ ရပါတယ်၊ ဒါပေမယ့် ဒါက ပြိုင်ပွဲ ဖြစ်လို့၊ ရှုပ်ပွအောင် မလုပ် ပါနဲ့။ ”

မိစ္ဆာ ခန်းမ သခင်က၊ မတ်တပ် ထရပ် လာသော ယွဲ့ဝေဝေ ထံသို့၊ သူ့ အသံကို ပေးပို့ လိုက်သည်။ လေသံ အရ ခြိမ်းချောက် လိုသည်ထက်၊ တောင်းဆို လိုသည်က ပို၏။

ယွဲ့ဝေဝေ ဟူသည် ဆန္ဒ ရှိချိန်၌၊ မည်သည့် အရာ ကိုမျှ၊ ဂရုမစိုက် တက်သော မိန်းကလေး တစ်ဦး ဖြစ်မှန်း၊ သူ သိသည်။

စင်မြင့် ပေါ် ဆင်းသက် လာသော ယွဲ့ဝေဝေကို ကြည့်နေသည့်၊ ရန်လောင်ဇီ၏ မျက်လုံး များတွင် ဖုံးကွယ် မရသော ဆန္ဒ များဖြင့်၊ တောက်ပ လာသည်။

ယွဲ့ဝေဝေ၏ စွဲမက်ဖွယ် ကောင်းသော ကျက်သရေကို မည်သူ မဆို ခုခံ နိုင်မည် မဟုတ် သည်မှာ သဘာဝ ပေပင်။

“ ဝေ …”

ရန်လောင်ဇီက စကား စပြောရန်၊ ပြင်နေ ရာမှ ရုတ်တရက် စကားကို ရပ်ကာ၊ ပြုံးရယ် လိုက်ပြီး၊

“ ညီမလေး ... ၊ မင်းက ဘယ်လို တိုက်ချင်လဲ၊ ငါက မိန်းကလေး တွေကို ကြင်နာ တတ်တဲ့ သူ တစ်ယောက်ပါ၊ ဒီပွဲကို အရှုံး ပေးဖို့ တောင်းဆို ရင်တောင်၊ ဖြည့်ဆည်း ပေးဖို့ ငါ တွန့်ဆုတ် နေမှာ မဟုတ်ဘူး။”

“ ကောင်းပြီ၊ ဒါဆို အခု ရှုံးနိမ့်ကြောင်း ဝန်ခံ လိုက်ပါ။ ”

ချက်ချင်းပင် လှောင်ပြောင်သော လေသံဖြင့် ယွဲ့ဝေဝေက ပြုံးကာ ဆိုလိုက်သည်။ ထို့ကြောင့် သဘောထား ကြီးဟန် အစပျိုး နေဆဲ ဖြစ်သော ရန်လောင်ဇီကို အဆင် မပြေ ဖြစ်သွား စေ၏။

“ ညီမလေး ... ၊ မင်းက ဟာသတွေ ပြောတက် တာပဲ၊ တစ်ပွဲ ရှုံးသွားရင် ချန်ပီယံ အတွက်၊ တိုက်ပွဲဝင် နိုင်မှာ မဟုတ် တော့ဘူး၊ ဒါကြောင့် အရှုံး မပေး နိုင်ပေမယ့်၊ မင်းကို လှုပ်ရှားမှု အချို့တော့၊ ခွင့်ပြုပေး နိုင်ပါတယ်။ ”

“ အိုး ... ၊ ဒါဆို ရင်တော့ အစ်ကို ကြီးကို ကျေးဇူး တင်ရ မှာပေါ့။ ”

ယွဲ့ဝေဝေက ပြုံးလျက် ပျောက်ကွယ် သွားကာ၊ ရန်လောင်ဇီ ရှေ့ ရုတ်တရက် ပြန်ပေါ် လာပြီး၊ လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။

“ ဒါက ပထမဆုံး လှုပ်ရှားမှု ပါပဲ။ ”

-ဟု ဆိုလိုက်သည်။

ထိုလက်ဝါး ချက်ကြောင့်၊ ခြေလှမ်း ပေါင်းများစွာ နောက်ပြန် ဆုတ်သွား ရသည်။ တုံ့ပြန်ရန် ပြင်လိုက် သော်လည်း၊ ယွဲ့ဝေဝေ စကား ကြားချိန်၌၊ လက်ကို အမြန် ပြန်ရုတ် လိုက်မိ၏။

ထို့နောက် ယွဲ့ဝေဝေက ပလွေကို ထုတ်ယူကာ၊ ရန်လောင်ဇီ ခေါင်းအား ရိုက်ခွဲ ပစ် လိုက်သည်။

“ ခွပ် ... ။ ”

ကွဲသွားခြင်း မရှိ သော်လည်း၊ ရိုက်လိုက်သည့် အသံ အရ၊ မည်မျှ နာကျင် မည်ကို၊ တွေးကြည့် နိုင်သဖြင့်၊ ကြားရ သူတိုင်း၊ နှုတ်ခမ်းများ တုန်ယင် သွား၏။

( ဒီတိရစ္ဆာန်မ ... ။ )

ရန်လောင်ဇီက ချက်ချင်းပင်၊ ဒေါသ တကြီး ပြေးလာသည်။

“ နောက်ဆုံး တစ်ချက်၊ ခစ် ခစ် ခစ် ... ။ ”

ရန်လောင်ဇီ မျက်လုံး များရှိ ဒေါသကို မမြင်ချင် ယောင်ဆောင်ကာ၊ ရယ်မောလျက် ပလွေအား၊ ညာဘက် ပခုံး ထဲသို့၊ ဓားတစ်လက် အသွင် ထိုးသွင်း လိုက်သည်။

“ ဝှစ် ... ။ ”

ပလွေဖြင့် ထိုးခံရ ခြင်းသည် ဓားထက် ပို၍ နာကျင် စေသောကြောင့်၊ ရန်လောင်ဇီ မျက်နှာ နီရဲ သွား၏။

“ အစ်ကိုကြီး ... ၊ မင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက်က၊ တကယ့်ကို အထင်ကြီး စရာပဲ၊ ငါ အရှုံးပေး ပါတယ်။ ”

ယွဲ့ဝေဝေ နောက်ပြန်ဆုတ် သွားသဖြင့်၊ ဒေါသ ထွက်နေသော အမူ အရာကို၊ အတက် နိုင်ဆုံး ဖုံးကွယ်ရန်၊ ရန်လောင်ဇီက ကြိုးစား လိုက်၏။

“ မင်းရဲ့ ချီးကျူးမှု အတွက်၊ ကျေးဇူး တင်ပါတယ် ညီမလေး ... ။ ”

“ ငါ မင်းကို ပြောတာ မဟုတ်ဘူး ... ။ ”

ယွဲ့ဝေဝေက ရန်လောင်ဇီကို လျစ်လျူရှု လိုက်ပြီး၊ လင်းယွန်ဘက် လှည့်ကာ၊ ပြုံးလျက် မျက်စိ တဖက် မှိတ်ပြ လာသည်။

“ အိုး ... ၊ သူ ငါ့ကို ပြုံးပြ နေတယ် ... ။ ”

“ မင်း ရုပ်ကိုလား ပြုံးပြမှာ ... ။ ”

သူမ အပြုံး လွင့်ဝဲ လာရာ၊ လမ်းကြောင်း ပေါ်ရှိ လူအုပ်မှာ၊ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်သည်။ ထိုအပြုံးကြောင့် ရန်လောင်ဇီ တစ်ယောက် ပို၍ နာကျင် သွား၏။

သူအား ခေါင်းရိုက် ခွဲကာ၊ အခြားသူ တစ်ဦးကို ပြုံးပြ နေခြင်းသည်၊ အရှက် ခွဲခြင်း မည်၏။

ရှောင်စီယီမှ ဝူရှောင်ရှင်းကို ကယ်တင် လိုက်သည် ထက်ပင်၊ ကြည့်ရ ပိုဆိုး ချေပြီ။

ရန်လောင်ဇီ၏ ဒေါသနှင့် သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို သတိပြုမိ လိုက်သော အခါ၊ လင်းယွန် တစ်ယောက် ကူကယ်ရာ မဲ့စွာ ပြုံး မိသည်။

ယွဲ့ဝေဝေ ကြောင့်၊ ရန်လောင်ဇီမှ သူ့အား လွယ်လွယ်ဖြင့် လွှတ်ပေး တော့မည် မဟုတ် ကြောင်း၊ နားလည် လိုက်၏။

“ နောက်ထပ် တိုက်ပွဲ၊ လင်းယွန်နဲ့ ဖန်းဟန် လုဟွာ။ ”

ကြေငြာ ချက်ကြောင့်၊ လူအုပ်ကြီးက စိတ်လှုပ်ရှား စွာဖြင့်၊ ဖန်းဟန် လုဟွာကို ကြည့်သည်။ လင်းယွန်ကို ဖြုတ်ချ နိုင်ခြင်း ရှိ-မရှိ သိချင် လာကြ၏။

သူ၏ တိုက်ခိုက် ပွဲဝင် ပုံစံမှာ၊ မကြာမီ အသက် ဆုံးရှုံးရ လိမ့်မည်ဟု၊ ထင်မြင်မိ ခဲ့ကြ သော်လည်း၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ထိတိုင်၊ တက်လှမ်း ပြခဲ့သည်။

တစ်ဖက်တွင် လင်းယွန် ကျင့်ကြံ မှုမှာ၊ ဖန်းဟန် လုဟွာထက် နိမ့်ကျ ပေ၏။ သို့သော် ဆန္ဒရှိ ပါလျှင်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်သို့ ထိုးဖောက် ဝင်ရောက် နိုင်သည်။

လင်းယွန်ကို စိုက်ကြည့် လာသော၊ ဖန်းဟန်လုဟွာ မျက်လုံး များတွင်၊ တိုက်ပွဲဝင် ဆန္ဒများ တောက်ပ လာသည်။

“ နောက်ဆုံးတော့ ... မင်းကို ငါ တိုက်ရ တော့မယ် ... ။ ”

“ ငါလည်း ဒီပွဲကို၊ မျှော်လင့် ထားပါတယ် ... ။ ”

လင်းယွန်က ပြုံးကာ တုန့်ပြန်သည်။ ယန်းဖန်ကို ရှုံးနိမ့် ကတည်း ကပင်၊ ဖန်းဟန် လုဟွာ အပေါ်၊ သတိထား မိခဲ့သည်။

သည့်နောက် ပွဲစဉ် တစ်လျှောက် တက်၍ ကြီးထွား လာပြီး၊ ထိတ်လန့်ဖွယ် အုတ်မြစ်ကို ပြသ ခဲ့သည်။

‘ကံ’ ဟူသည် လုပ်နိုင်စွမ်း ဖြစ်ကြောင်း၊ အောင်မြင်မှု များ ရယူကာ၊ သက်သေပြ လာခဲ့ သည်။

“ နန်းဂွန်း ဝမ်းယူနဲ့ ပွဲပြီး ကတည်းက၊ ငါမင်းကို အနိုင် ယူဖို့၊ စိတ်ပိုင်းဖြတ် ထားတာ။ ”

ဖန်းဟန် လုဟွာက၊ မျက်လုံးများ တောက်ပလျက် ဆိုသည်။ လက်ရှိ အချိန်တွင် လင်းယွန်ထက် အားနည်း သော်လည်း၊ သူ့ အမူအရာ အရ အားကုန် ထုတ်တော့ မည်ကို၊ လူတိုင်း ပြောနိုင်သည်။

“ အင်း ၊ ... ”

လင်းယွန်က စကား ဆက် မပြောခင်၊ အတွေး အချို့ ဝင်လာပြီး၊ ဖန်းဟန် လုဟွာကို ပြန်ကြည့် ကာ၊

“ ... ဒါဆို မင်းမှာ၊ အရည် အချင်း ရှိ-မရှိ၊ ငါ ကြည့်မယ် ။ ”

သူတို့ နှစ်ဦး၏ တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း လာပုံမှာ၊ လူတိုင်း၏ မျှော်လင့် ချက်ကို၊ ကျော်လွန် သွားသည်။

လင်းယွန်က ဖန်းဟန် လုဟွာနှင့် တိုက်ခိုက်ရန်၊ မျှော်လင့်နေပုံ ရပြီး၊ ဖန်ဟန် လုဟွာ သည်လည်း၊ ပထမဆုံး အကြိမ် အဖြစ် လေနက်သော အမူ အရာကို ပြသ လာခဲ့သည်။

“ နှင်းခဲကြယ် ပေါက်ကွဲခြင်း။ ”

ဖန်းဟန် လုဟွာက လင်းယွန် အပေါ်၊ လေးနက်သော ခံစားချက် ရှိပြီး၊ ဘုရင် သုံးပါး နှင့် တူညီစွာ ရှုမြင် ထားသည်။

“ ဟူး ... ။ ”

ထို့ကြောင့် နှင်းဓား ရည်ရွယ်ချက်ကို၊ ပွဲစ သည်နှင့်၊ ကန့်သတ် ချက်သို့ တွန်းပို့ လိုက်ခြင်း ဖြစ်သည်။ အအေးလှိုင်း များက ဟိန်းဟောက် နေသော သားရဲ ကဲ့သို့၊ တိုးထွက် လာ၏။

ထိုလက်သီးမှာ ဝူရှောင်ရှင်းနှင့် တိုက်ခိုက်သော အချိန် ကထက် ပို၍ ပြင်းထန် ၏။ ရောင်ဝါ အရ၊ ရှောင်စီယီ၏ ‘ကောင်းကင် ဘုံ၌ အကျဉ်းချ ထားသော လက်ချောင်း’ ထက်ပင်၊ သာလွန် လေသည်။

သို့သော် လင်းယွန်က နဂါးဓား အရှိန် အဝါကို ထုတ်ဖော်ကာ၊ ထိုအအေးလှိုင်း များကို အလွယ် တကူ ချေဖြတ် လိုက်သည်။

တစ်ချိန်တည်း မှာပင် ပြိုင်ဘက်၏ အားနည်းချက်ကို လှမ်းမြင်ပြီး ဓားဆွဲ ကာ၊ မိုးကြိုးအား ထုတ်လွှတ် မိ၏။

“ ဂျလိန်း လိန်း ... ။ ”

နဂါး ဓားဖြင့် မိုးကြိုးကို ကန့်သတ်ချက် အထိ၊ တွန်းပို့ကာ ပိုင်းချ လိုက်သည်။ လျှပ်စီး နဂါး တစ်ကောင်က၊ ဓားနှင့် အတူ ပျံသန်း သွား၏။

ထိုဓားကို ဖန်းဟန် လုဟွာ လက်သီးက၊ မတွန်းလှန် နိုင် ခဲ့ချေ။ လျှပ်စီးနှင့် လေပြင်း များကြောင့်၊ ချက်ချင်း ပြိုကျ လာသည်။

ယင်းကို ကြည့်ပြီး၊ ဖန်းဟန် လုဟွာ တစ်ယောက် လျင်မြန်သော အဟုန်ဖြင့်၊ အမြန် ပြန်ဆုတ် သွားသည်။

တစ်ဆက်တည်း မှာပင်၊ ဓားချက် နောက်ကွယ်မှ လိုက်ပါ လာသော စွမ်းအင် များကို ဖြေရှင်းရန်၊ လေထဲသို့ ခုန်ထွက် လိုက်ရသည်။

သို့သော် လှုပ်ရှားခါ နီးတွင်၊ သူ့ အမြင် အာရုံထဲ လျှပ်စီး တစ်စ ဝင်ရောက် လာပြန်၏။ တစ်ဖက် လူက ထိုလမ်းကို တိကျစွာ ခန့်မှန်းပြီး၊ ကြိုစောင့် နေခဲ့သည်။

ဆုတ်ခွာရာ လမ်း အားလုံးကို၊ ပိတ်ဆို့ခံ လိုက်ရ သောကြောင့်၊ ဖန်းဟန် လုဟွာ မျက်လုံး များတွင်၊ ပြင်းပျသော အရိပ် အယောင်များ၊ တောက်ပ လာခဲ့သည်။

သူ၏ ရက်စက် ခိုင်မာ လွန်းသော ဆုံးဖြတ်ချက်ကြောင့်၊ လင်းယွန် အပါ အဝင်၊ လူ များစွာက၊ ထိတ်လန့် တုန်လှုပ် သွားတော့၏။

***

All Chapters