ပိုးစုန်းကြူးများ။
Vol. 59 Ch. 824
ဘုရင် သုံးပါးနှင့် ရင်ဆိုင်ရ သူတိုင်း၊ မည်သူမျှ ကံမကောင်း ခဲ့ချေ။ ရှောင်စီယီကို ကျန်းဝူကျိမှ အလွယ် တကူ အနိုင်ယူ ခဲ့ပြီး၊ ယွဲ့ဝေဝေမှာ သတိလစ် လုနီးပါး ထိုးနှက် ခံထား ရ၏။
သို့သော် ဖန်းဟန် လုဟွာမှာ အနည်းငယ် ကွဲပြား ချေသည်။ လင်းယွန်အား ရှုံးနိမ့်ထား သော်လည်း၊ ပြိုင်ပွဲ အတွင်း အောင်မြင်မှု များစွာ ရယူ ထားသည်။ သူ့ကဲ့သို့ မည်သူမျှ မပြုလုပ် နိုင်ချေ။
တစ်ဖက်တွင် ရန်လောင်ဇီ ခွန်အားကို အပြည့် အဝ မမြင်ဖူး ကြသောကြောင့်၊ ရလာဒ် အပေါ်၊ မခန့်မှန်း သည်မှာ သဘာဝ ပေပင်။
ကောင်းကင် မိစ္ဆာ ခန်းမ၏၊ ထိုင်ခုံ များတွင် ထိုင်နေသော လင်းယွန်က၊ ရန်လောင်ဇီ အပေါ် သူ့ ဂျူနီယာ များမှ မည်မျှ ယုံကြည်မှု ရှိ သည်ကို၊ ကြားသိ လာရသည်။
ဖန်းဟန် လုဟွာတွင်၊ ဝှက်ဖဲ အနည်းငယ် ရှိနေသေး သဖြင့်၊ တိုက်ပွဲ ရလဒ်မှာ မသေချာဟု သူ ထင်သည်။
“ ကောင်လေး ... ၊ မင်း နောက်ထပ် တိုက်ပွဲတွေ ထပ်ပြီး ယှဉ်ပြိုင်ချင် သေးတယ် ဆိုရင်တော့ ... ”
“ ... အရှုံးပေး လိုက်ဖို့၊ ငါ အကြံပေး ပါရစေ၊ အခု ငါ စိတ် မကြည်တဲ့ အတွက်၊ ဒေါသ မထိန်း နိုင် တော့မှာ၊ ကြောက်မိတယ်။ ”
ရန်လောင်ဇီက ခြိမ်းခြောက် လိုသော အကြည့်ဖြင့်၊ သတိပေး လိုက်သည်။
“ မင်းရဲ့ ဒေါသကို နားလည် ပါတယ်၊ ငါ ဆိုရင်လည်း၊ ဒီအနေ အထား မျိုးမှာ ရှိနေရင်၊ ပျော်နိုင် မှာ မဟုတ်ဘူး၊ အဟီး ။ ”
ဖန်းဟန် လုဟွာက သဘောကျ စွာဖြင့်၊ ရယ်မော လိုက်သည်။ ထိုစကားကြောင့် ရန်လောင်ဇီ နှလုံးသားမှာ၊ ပူလောင် သွား၏။ သူက ဒေါသ တကြီးနှင့်၊
“ လာ စမ်း ... ၊ ငါ မင်းကို ပါး မရိုက် နိုင်ရင်၊ အရှုံးလို့ သတ်မှတ် ပေးမယ်။ ”
“ ဟဲ ဟဲ ...၊ ဒါက မင်း အရည် အချင်း ရှိ-မရှိ ပေါ်မှာပဲ၊ မူတည် လိမ့်မယ်။ ”
ဖန်းဟန် လုဟွာက မရဏ ရေခဲ ခန္ဓာ ကိုယ်နှင့်၊ နှင်း ရည်ရွယ်ချက်ကို တစ်ပြိုင် နက်တည်း၊ ထုတ်ဖော် လိုက်သည်။
“ မီးနဂါး လက်သီး ... ။ ”
သို့သော် ရန်လောင်ဇီ မျက်လုံး များတွင်၊ အထင် အမြင် သေးသော အရိပ် အယောင်များ တဖျပ်ဖျပ် တောက်ပ လာ၏။
မီးနဂါး လက်သီးမှာ၊ သူ၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု မဟုတ် သော်လည်း၊ စွမ်းအားက တုန်လှုပ်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။
လက်သီးတွင် ဝိုင်းရံ နေသော မီးလျှံ များက၊ နဂါး တစ်ကောင် အဖြစ် ဖွဲ့တည် လာပြီး၊ ဖန်းဟန် လုဟွာ၏ အရှိန်အဝါကို ကွဲကြေ သွားစေ သည်။
“ နှင်းခဲကြယ် ပေါက်ကွဲခြင်း။ ”
ယင်းကို ဖန်းဟန် လုဟွာက၊ လက်သီး နှင့်ပင် တုံ့ပြန် လိုက်သည်။ ရေခဲ မြူများ ပြေး ထွက် လာပြီး၊ ရန်လောင်ဇီ၏ မီးလျှံ များကို၊ ငြိမ်းသတ် တော့၏။
“ ဗြစ် ... ။ ”
တစ်ချိန်တည်း မှာပင် အအေးဓာတ်က၊ ရန်လောင်ဇီ ခန္ဓာကိုယ် အနှံ့ ရေခဲ အလွှာ အဖြစ်၊ ပြေးတက် လာလေသည်။
သို့သော် သူ့ ပတ်ဝန်းကျင်ရှိ၊ မီးလျှံများ ပြင်းစွာ တောက်လောင် လာပြီး၊ ၎င်းအား ခုခံ ကာကွယ် လိုက်၏။
လျင်မြန် စွာဖြင့်၊ နှင်း ရည်ရွယ်ချက်အား၊ ဖန်းဟန် လုဟွာမှ ပြန်ခေါ် လိုက်သည်။ လေထဲ ဆုတ်ခွာ နေသော ပြိုင်ဘက် နောက်သို့၊ ရန်လောင်ဇီ တစ်ယောက် အော်ဟစ်လျက်၊ လိုက်ပါ တိုက်ခိုက် တော့သည်။
မပေါ့ဆ ဝံ့ဘဲ၊ မရဏ ရေခဲ ခန္ဓာကို ကန့်သတ်ချက် အထိ တွန်းတင် လိုက်ကာ၊ မီးနဂါး ကြီးအား ရင်ဆိုင် လိုက်သည်။
လက်သီး များက ခန္ဓာ ကိုယ်ကို၊ ထိမှန်လာပြီး ၊ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား သွား၏။
သို့သော် အမှုန် အမွှားများ ရှင်းလင်း သွားချိန်၌၊ အန္တရာယ် ကင်းကင်းဖြင့်၊ ဆုတ်ခွာ နေသော ဖန်းဟန် လုဟွာကို၊ မြင်လိုက် ရသည်။
ပြိုင်ဘက် ထံမှ အင်အား အများ စုကို၊ ချေဖျက် နိုင်သော ရွေ့လျားမှု နည်းစနစ်အား အသုံး ပြုကာ၊ ဆုတ်ခွာနိုင် ခဲ့ခြင်း ဖြစ်သည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နှစ်ယောက်သား လှုပ်ရှားမှုပေါင်း တစ်ဒါဇင်ခန့် အပြန် အလှန် ဖလှယ် လိုက်ကြ၏။
ရန်လောင်ဇီ၏ လက်သီးချက် တိုင်းသည် မီးတောင် ပေါက်ကွဲနေ သကဲ့သို့၊ ကြောက်စရာ ကောင်းသော အပူလှိုင်း များဖြင့်၊ ပြိုင်ဘက် အပေါ် ဖိနှိမ် လာသည်။
ဆယ်ကြိမ် ပြီးနောက်၊ ဖြူဖျော့ နေသော မျက်နှာ နှင့်၊ ဖန်းဟန် လုဟွာ တစ်ယောက် လွင့်စဉ် သွားသည်။
သို့သော် မရဏ ရေခဲ ခန္ဓာဖြင့်၊ မည်သည့် ဒဏ်ရာမှ မရ ခဲ့ချေ။ ထို့ကြောင့် ပရိသတ်များက၊ အံ့အားသင့် ကုန်ကြသည်။
“ ဒီလှည့်ကွက် လေးနဲ့၊ ငါ့ကို အနိုင်ယူ နိုင်မယ် ထင်နေလား၊ စစ်မှန်တဲ့ ခွန်အား တွေရဲ့ ရှေ့မှာ၊ ဒါက အလုပ် မဖြစ် ပါဘူး။ ”
-ဟု ရန်လောင်ဇီက ပြောလိုက်သည်။
ဘုရင် သုံးပါး လုံးသည်၊ ဖန်းဟန် လုဟွာ၏ ရွေ့လျားမှု နည်းစနစ်ကို သတိပြု မိသော်လည်း၊ ၎င်းတို့က သိပ်ပြီး အလေး မထား ခဲ့ကြပေ။
“ ဒါပေမယ့် ... ၊ မင်းလည်း ငါ့ကို ဒဏ်ရာ ရအောင် မလုပ်နိုင် သေးပါဘူး။ ”
ဖန်းဟန် လုဟွာက ပြုံးလျက် ပြန်လည် ချေပလိုက် ပြီးနောက်၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။
“ ဟိတ် ... ။ ”
သူ၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု တစ်ခြ ဖြစ်သည့်၊ “ ကောင်းကင်က နှင်းကမ္ဘာ ပျက်စီးခြင်း။ ” ကို အသုံး ပြုကာ၊ ပြိုင်ဘက်ထံ ထိုးချပစ် လိုက်သည်။
ကောင်းကင်၌ နှင်းမုန်တိုင်းကြီး ဖြစ်တည် နေချိန်တွင်၊ ကျင့်ကြံမှုကို ကန့်သတ်ချက် အထိ တွန်းပို့ လိုက်ပြီး၊ ရူးသွပ်စွာ ကြံရွယ် တော့၏။
နှင်းမုန်တိုင်း မှသည် နှင်း-လေ ဆင်နှာမောင်း အသွင်၊ ဖြစ်တည်လာ သည်နှင့်၊ အစီရင် ပေါ်၌ အက်ကြောင်းများ၊ ပြန့်ကျဲ လာသည်။
မီး ရည်ရွယ် ချက်မှာ၊ နဂါးဓား အရှိန် အဝါလောက် မပြင်းထန် လှသဖြင့်၊ ၎င်းနှင်း-လေ ဆင်နှာ မောင်းကို၊ ချက်ချင်း မဖျက်ဆီး နိုင်ခဲ့ပေ။ ယင်းအစား ဖြေရှင်းရ ခက်ခဲ နေခဲ့၏။
“ ဘယ်လောက် တောင် ... ၊ စိတ် အနှောက် အယှက် ဖြစ်စရာ၊ ကောင်းလိုက်လဲ။ ”
နောက်ဆုံးတွင် ရန်လောင်ဇီ၏ စိတ်ရှည် သည်းခံနိုင်မှု ပျောက်ဆုံး သွားပြီး၊ မျက်ဝန်း၌ ကြက်သွေးရောင် အလင်းများ တောက်ပ လာသည်။
မူလ စွမ်းအင် များက၊ ခန္ဓာကိုယ် အတွင်း ပွက်ပွက် ဆူပြီး၊ ကြမ်းရှသော စွမ်းအင် များက ဆေးကြိုအိုး ဆယ်လုံးစာ အထိ၊ ဆက်ပြီး တိုးနေခဲ့ လေသည်။
ဤမြင်ကွင်းက လင်းယွန်ကို အံ့သြ စေ၏။ ရန်လောင်ဇီမှာ ထောင်ချောက် တစ်ခု ပြင်ဆင် နေကြောင်း၊ သူ ပြောနိုင်သည်။
“ ဝှစ် ... ။ ”
ဖန်းဟန် လုဟွာ၏ တိုက်ခိုက်မှု များကို၊ ရန်လောင်ဇီက လေထု အလယ်၌၊ တရှောင် တည်း ရှောင်ရှား နေသည်။
အခွင့် အရေးကို အမိ အရ ဆုပ်ကိုင်ပြီး၊ ရန်လောင်ဇီ၏ မီး ရည်ရွယ်ချက်ကို ဖိနှိပ်ရန်၊ ဖန်းဟန် လုဟွာက နှင်း ရည်ရွယ်ချက် အပေါ် အားကိုး ခဲ့သည်။
“ မြေကမ္ဘာ နှင်း မုန်တိုင်း။ ”
ထို့နောက်တွင် ဖန်းဟန် လုဟွာ၏ မူလ စွမ်းအင် များက၊ နေ ရောင်ခြည်များ ကဲ့သို့၊ သူ့ ခန္ဓာ ကိုယ်မှ ပေါက်ကွဲ ဖြာကျ လာသည်။
မရဏ ရေခဲ ခန္ဓာမှာ၊ ကန့်သတ် ချက်သို့ ရောက်ရှိ လာပြီး၊ မျက်စိ တစ်မှိတ် အတွင်း ရန်လောင်ဇီထံ လက်သီးများ ပြိုကျ သွားသည်။
သို့သော် ပြေးဝင် သွားသည့် အရှိန် ထက်ပင် ပို၍ မြန်ဆန်သော အဟုန်ဖြင့်၊ ဖန်းဟန် လုဟွာ တစ်ယောက် ပြန်လည် ကန်ထွက် လာသည်။
“ ဝုန်း ... ။ ”
အစီရင် ပေါ်တွင် အက်ကြောင်းများ ပေါ်လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော လှိုင်း လုံးကြီး တစ်လုံးက၊ ထို့ထက် ဝေးအောင် တွန်းပို့ တော့သည်။
တစ်ချိန် တည်း မှာပင်၊ အစီရင်ကို ဖြတ် ကျော်လာသော လှိုင်း အချို့ဖြင့်၊ ကြည့်ရှုသူ အများ အပြား၊ ရိုက်ခတ် ခံလိုက် ရသည်။
ပေါက်ကွဲ စွမ်းအား များနှင့်၊ ပြည့်နှက် နေသည့်၊ ရန်လောင်ဇီ၏ ဗလာကျင်း နေသော ခန္ဓာကိုယ် အပေါ် ပိုင်းမှာ၊ ထွက်ပေါ် လာသည်။
ကြွက်သား တိုင်းတွင် ကြမ်းတမ်းသော သားရဲ အရေခွံ ကဲ့သို့၊ ရွှေရောင် အလွှာ တစ်ထပ် ဖုံးအုပ် ထား၏။
ဖန်းဟန် လုဟွာကို နောက်ဆုတ် စေခဲ့သော အဆိုပါ လက်သီးတွင်၊ ဆေးကြိုအိုး (၁၀၀) မျှ ရှိသည့် ခွန်အားများ ပါရှိ လေသည်။
အစွမ်း ထက်သော မီးနဂါး သွေး အဆီအနှစ်ကို လောင်ကျွမ်း စေလျက်၊ ‘ကြမ်းရှသော စွမ်းအင်’အား၊ ဖန်းဟန် လုဟွာ အပေါ်၊ အောင်မြင်စွာ ပေါက်ခွဲနိုင် ခဲ့၏။
စွမ်းအင် အကြွင်း အကျန် လှိုင်း များက၊ လေထုအား ဆက်လက် ရိုက်ခတ် နေဆဲ ဖြစ် သဖြင့်၊ စင်မြင့် တစ်ခုလုံး ယိမ်းနွဲ့ လာလေပြီ။
တုန်လှုပ် စရာ ကောင်းသည်မှာ၊ မူလ စွမ်းအင် မပါဘဲ၊ ရုပ်ခွန်အား သက်သက်နှင့်၊ ဤဖြစ်စဉ်ကို ဖော်ဆောင် ခဲ့ခြင်း ဖြစ်သည်။
ကြမ်ပြင်ပေါ် ခြေချ ချချင်း၊ ခြေဖျားကို အသာ နင်းကာ၊ ဖန်းဟန် လုဟွာထံ လက်သီး တစ်ချက်၊ ထပ်မံ ပစ်လွှတ် လိုက်သည်။
လက်သီး နည်းစနစ် များကို အသုံး မပြုဘဲ၊ လူရိုင်းကြီး တစ်ယောက် ကဲ့သို့၊ ကြီးစိုး နိုင်စွမ်း အား ပြသ လာခဲ့သည်။
“ ငါ ပြောခဲ့တယ် မဟုတ်လား၊ မင်းရဲ့ လှည့်ကွက် တွေက၊ အစစ် အမှန် ခွန်အား တွေရဲ့ ရှေ့မှာ၊ ဘာမှ မဟုတ် ပါဖူးလို့ ... ။ ”
ရန်လောင်ဇီက ကြမ်းကြုတ် ရိုင်းစိုင်းသော အသွင်ဖြင့် ဆိုသည်။ ပြိုင်ဘက်၏ ကျင့်ကြံမှုနှင့် လှုပ်ရှားမှု နည်းစနစ် များကို လျစ်လျူရှုပြီး၊ ပြန်လည် တိုက်ခိုက် လိုပါက၊ သားရဲများ ကဲ့သို့ ပြုမူ ရပေမည်။
၎င်တို့တွင် မူလ စွမ်းအင် မရှိဘဲ၊ ရိုင်းစိုင်းသော တိုက်ခိုက်မှု ပုံစံနှင့်၊ ကြမ်းရှသော စွမ်းအင်သာ ရှိသည်။
“ သေ ပြီ လား။ ”
လူတိုင်းက ဖန်းဟန် လုဟွာ သေဆုံး သွားခြင်း ရှိ-မရှိ၊ သိချင် လာသည်။ ရန်လောင်ဇီ လက်သီး မထိ မှန်ခင်၊ မရဏ ရေခဲ ခန္ဓာကိုယ် ကျိုးပျက် သွားသည်ကို၊ မြင်လိုက် ရသော ကြောင့် ဖြစ်၏။
ယင်းသာ အမှန် ဖြစ်ပါက၊ ဖန်းဟန် လုဟွာမှာ၊ အသားပုံကြီး အဖြစ်သို့ ပြောင်းလဲ နိုင်ချေ များသည်။
သို့သော် အပျက် အစီး ပုံ အတွင်းမှ၊ အလင်းမှုန်များ ရုတ်တရက် ထတောက် လာပြီး၊ ပိုးစုန်းကြူး များအသွင်၊ စတင် အသက်ဝင် လာသည်။
တစ်ချိန်တည်း မှာပင် ထက်ရှသော ဓားတစ်လက်၊ ဆူညံ စွာဖြင့် ကောင်းကင်ပေါ် ထိုးတက် သွားသည်။
“ ဒါ ... ၊ တစ်ပိုင်း ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ပဲ။ ”
မဟာမိတ် အဖွဲ့၏ လူအိုကြီး များက၊ ဤမြင်ကွင်းကို မြင်သည်နှင့်၊ အာမေဋိတ် သံ များဖြင့်၊ အော်ဟစ် ထရပ် လာကြသည်။
***