← Chapters

နောက်ဆုံး ဓား။

Vol. 59 Ch. 825

နောက်ဆုံး ဓား။

Vol. 59 Ch. 825

“ ဝှစ် ... ။ ”

ဓား ရည်ရွယ် ချက်ကြောင့်၊ ဓားသမား များထံမှ၊ ဓား များက နဂါး ကိုးကောင် ရေကန် သို့၊ ပျံသန်း သွား တော့သည်။

တစ်ပိုင်း ဝိညာဉ်ရေး ဓား၏ ဆင့်ခေါ် ခံရမှုကို မည်သည့် ဓားမျှ မလွန်ဆန် နိုင်ချေ။

လင်းယွန် ဘေးတွင် ထိုင်နေသော ကောင်းကင် မိစ္ဆာ ခန်းမ၏ တပည့်ငယ် များမှာ၊ အဝေးသို့ ပျံသန်း သွားသည့်၊ သူတို့ ဓား များကို ကြည့်ပြီး၊ မျက်နှာများ မည်းမှောင် ကုန်သည်။

တစ်ပိုင်း ဝိညာဉ်ရေး ဓားကို မြင်ချိန်၌ လူတိုင်းက ထိတ်လန့် ကြသည်မှာ သဘာဝ ပေပင်။

သို့သော် ယင်းကို ဝူရှောင်ရှင်းနှင့် တိုက်ခိုက်စဉ် ကပင်၊ လင်းယွန်က သတိပြု မိပြီး ဖြစ်သည်။

တွက်ချက်မှု များအရ၊ ဖန်းဟန် လုဝါ၏ ဓားမှာ၊ သားရဲ ဒီရေ မတက်မီ၊ သူ၏ ဓားနှင့် တူညီသော အဆင့်တွင်၊ ရှိနေ နိုင်သည်။

ဝိညာဉ်ရေး ဓား အဆင့်သို့ ရောက်ရှိရန် ဝေးကွာ နေသေး၏။ သူ့ အတွက်မူ ဝိညာဉ်ရေး ဓားကို၊ လုံး၀ ဆုပ်ကိုင် ထားနိုင် ရုံသာ မက၊ ကျွမ်းကျင်မှု အနည်းငယ်ပင် ရရှိ ထားသည်။

ထို့အပြင် ၎င်းကို မငြိမ်း သတ်ဘဲ၊ သုံးရက် တိတိ တည်ရှိ စေနိုင်သည်။

“ ချွင်းချက် မရှိ ... ။ ”

ဖန်းဟန် လုဟွာက ကောင်းကင်ပေါ် ခုန်တက်ပြီး၊ အော်ဟစ် လိုက်သည်။ ထိုကြုံးဝါး သံကြောင့်၊ လင်းယွန် သည်ပင် စိတ်ရှုပ်ထွေး သွားသည်။

ဤသည်မှာ နန်းဂွန်း ဝမ်းယူ၏ နောက်ဆုံးဓား ဖြစ်သည်။ ယင်းကို ဖန်းဟန် လုဟွာမှ၊ ဝှက်ဖဲ အဖြစ် အသုံးပြု လာ၏။

ရန်လောင်ဇီ တစ်ယောက် မျက်နှာ ပြောင်းလဲ သွားကာ၊ ချက်ချင်း နောက်ပြန် ဆုတ်လိုက်သည်။

“ ဝှစ် ... ။ ”

ဓားပေါင်း တစ်သောင်းကျော် ခန့် နဂါး ကိုးကောင် ရေကန်ကို ဖြတ်၍၊ ပျံသန်း နေစဉ် အလင်းမှုန် များက ကောင်ကင်၌ ဓားအသွင် စုဖွဲ့ လာသည်။

ထိုအချိန်တွင် ဓား တကာထက်၊ ပို၍ ထက်ရှ လွန်းသော ဓား တစ်လက်၊ လေထုကို ဖြတ်သန်း လာသည်။

“ ရွှပ် ... ။ ”

ယင်းမှာ နန်းဂွန်း ဝမ်းယူ၏ ‘ပျံသန်း နေသော နှင်း ကလေး’ နှင့်၊ တစ်ထေ ရာတည်း တူနေသည့်၊ ဓား တစ်လက် ဖြစ်သည်။

ဖန်းဟန် လုဟွာက ဓားကို ဆုပ်ကိုင် လိုက်ပြီး၊ ကြောက်မက်ဖွယ် အေးစက် နေသော ရောင်ဝါကို၊ ထုတ်လွှတ် လိုက်သည်။

“ ချွင်းချက် မရှိ ... ။ ”

ဓား ရောင်ဝါကို အချိန် အတော်ကြာ၊ စုဆောင်း ထားပြီး ဖြစ်သဖြင့်၊ နောက်ဆုံးတွင် ဓားအား လွှတ်ချ လိုက်တော့သည်။

စူးရှသော အလင်းများ ပေါက်ကွဲ ကုန်ကာ၊ ကောင်းကင် တခွင်လုံး ချက်ချင်း လင်းထိန် သွား၏။

ထိုဓားသည် နန်းဂွန်း ဝမ်းယူ အသုံး ပြုစဉ် ကထက် များစွာ ပြည့်စုံပြီး၊ ကြောက်စရာ ကောင်းပေ သည်။

နောက်ဆုတ် နေရသော ဟန်ချက်ကို တည်ငြိမ်စွာ ထိန်းနေ ရသည့်၊ ရန်လောင်ဇီမှာ ထိုဓားအား မရှောင်နိုင် တော့ချေ။

ထို့ကြောင့် ရှေ့တစ်လှမ်း ပြန်တိုးကာ၊

“ မီးနဂါး တိုက်ပွဲဝင် ခန္ဓာ ... ။ ”

-ဟု အော်ဟစ် လိုက်လေသည်။

နဂို ကပင် ထွားကြိုင်း လွန်းသော ခန္ဓာကိုယ်ကြီးမှာ၊ ပို၍ ဖောင်းကား လာပြီး၊ ကြွက်သား များက၊ သတ္တုရည် သွန်းလောင်း ထားသကဲ့သို့ တင်းရင်း လာ၏။

ဓားက သူ့ ရင်ဘတ်ပေါ် ကျရောက် လာသော အခါတွင်၊ ပြင်းထန်သည့် ပေါက်ကွဲ မှုများ၊ ဖြစ်ပွား လာတော့သည်။

“ တစ်ပိုင်း ဝိညာဉ်ရေ ဓား ... ၊ တစ်ပိုင်း ဝိညာဉ်ရေး ဓား၊ ဒါက အထင်ကြီး လောက်စရာ ပါပဲ၊ နောက်ဆုံးတော့ မင်း ဘယ်သူလဲ ဆိုတာ ငါ သိပြီ၊ ... ”

“ ... မြောက်ပိုင်း နှင်းစံအိမ်က တကယ့်ကို လျှို့ဝှက် လွန်းပါတယ်၊ ဒါပေမယ့် ငါပြော သလို ပေါ့၊ စစ်မှန်တဲ့ ခွန်အားတွေ ရှေ့မှာ၊ အတု အယောင် တွေက အသုံး မဝင် ပါဘူး။ ”

တစ်ပိုင်း ဝိညာဉ်ရေး ဓားမှာ၊ အစွမ်း ထက်သည် မှန်သော်လည်း၊ နောက်သို့ ခြေ(၁၀) လှမ်းသာ ဆုတ်လိုက် ရသဖြင့်၊ ရန်လောင်ဇီက ရယ်မော လိုက်သည်။

“ ဟား ဟား ဟား ... ။ ”

“ နှင်းခဲကြယ် ပေါက်ကွဲခြင်း ... ။ ”

ဖန်းဟန် လုဟွာ၏ မျက်လုံးများ မှေးစင်း သွားပြီး၊ ဓား လက်ကိုင်ကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ကာ၊ တိုက်ခိုက်မှုအား ပြောင်းလဲ လိုက်သည်။

“ ထန် ... ထန် ထန် ။ ”

တစ်ပိုင်း ဝိညာဉ်ရေး ဓားဖြင့်၊ အားဖြည့် ထားသော သူ့ ဓားက၊ ရန်လောင်ဇီ၏ ခန္ဓာအား ထိမိ သွားသော အခါတွင်၊ မီးပွားများ ဖြစ်ပေါ် လာလေသည်။

“ မြေကမ္ဘာ နှင်း မုန်တိုင်း။ ”

ဖန်းဟန် လုဟွာက အံကြိတ်ပြီး၊ တစ်ပိုင်း ဝိညာဉ် ရေး ဓားကို ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်သည်။

သို့သော် သူ မည်မျှပင်၊ ကြိုးစား အားထုတ် နေကာမူ၊ ရန်လောင်ဇီ ခန္ဓာ ကိုယ်အား ဒဏ်ရာ ရအောင်၊ မစွမ်းဆောင် နိုင်ခဲ့ချေ။

“ ကဲ ... ၊ အခု ငါ့ အလှည့်ပဲ၊ မီးနဂါး နတ်ဘုရား ခန္ဓာ — ထာဝရ ပျက်စီးခြင်း တံဆိပ်။ ”

ရန်လောင်ဇီ၏ ခန္ဓာ ကိုယ်မှ၊ ရွှေရောင် နဂါးကြီး တစ်ကောင် ထွက်လာပြီး၊ ဖန်းဟန် လုဟွာ၏ ဓား ဖျားကို လက်သည်းဖြင့်၊ ကုပ်လိုက်သည်။

တစ်ပိုင်း ဝိညာဉ်ရေး ဓားက ချက်ချင်း ကွဲထွက် လာပြီး၊ ဖန်းဟန် လုဟွာ တစ်ယောက် လွင့်စဉ် သွားတော့၏။

“ အနိုင် ရသူ ... ၊ ရန် လောင် ဇီ ... ။ ”

လူတိုင်းက ရန်လောင်ဇီ၏ တိုက်ပွဲဝင် ခန္ဓာကိုယ် စွမ်းအားကြောင့်၊ မှင်သက် နေကြစဉ် ဒိုင် အဖိုးအို၏ အသံ၊ ထွက်ပေါ် လာသည်။

တစ်ပိုင်း ဝိညာဉ်ရေး ဓား ဖြင့်ပင်၊ တစ်ချက်မျှ ဒဏ်ရာ မထားခဲ့ နိုင်ချေ။ သူ၏ ရုပ်ခန္ဓာမှာ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ၌ ပြိုင်ဘက် ကင်းသည် ဟူသော သတင်းအား မျက်မြင် ကြုံလာ ရပေသည်။

“ ဝိုး ... ၊ တကယ်ပဲ သန်မာ လိုက်တာ။ ”

“ သူနဲ့ ထိပ်တိုက် ရင်ဆိုင်ပြီး၊ ဒဏ်ရာ ရအောင် လုပ်နိုင်ဖို့ ဆိုတာ မလွယ်ဘူး။ ”

“ ယုဟိုရှင်းနဲ့ ကျန်းဝူကျိ မှာပဲ၊ ဒီလို ခွန်အားမျိုး ရှိလိမ့်မယ်။ ”

“ ဓားသမားတွေ အတွက် ကတော့၊ ဝိညာဉ်ရေး ဓား ရည်ရွယ် ချက်သာ၊ သူ့ကို ဒဏ်ရာ ရအောင် လုပ်နိုင် လိမ့်မယ်။ ”

ထိုစကားကို ဆိုပြီး ချိန်၌၊ သက်ပြင်းချ သံများ ဟိုမှ သည်မှ ထွက်ပေါ် လာ၏။ တစ်ပိုင်း ဝိညာဉ်ရေး ဓားနှင့်၊ ဝိညာဉ်ရေး ဓား ကြားက၊ ကွာခြား ချက်မှာ ကြီးမား သဖြင့်၊ ကောင်းကင် ဝိညာဉ် နယ်မြေသို့ မရောက် ရှိမီ၊ မည်သူမျှ ဆုပ်ကိုင် နိုင်ခဲ့ခြင်း မရှိ ကြပေ။

ဝိညာဉ်ရေး ဓားကို စွဲကိုင် နိုင်သော ထိုဓားသမား များ၏ အသက်မှာ၊ ရာနှင့်ချီ နေပြီ ဖြစ်သည်။ ထို့ကြောင့် သည်ပွဲ၌၊ မည်သူမျှ ဆုပ်ကိုင် နိုင်စရာ အကြောင်း မရှိချေ။

နှင်းစံအိမ် သခင်နှင့် နန်းဂွန်း ဝမ်းယူ တို့က၊ ဖန်းဟန် လုဟွာ၏ ဒဏ်ရာ များကို စစ်ဆေးရန်၊ စင်မြင့်ပေါ် အပြေး အလွှား တက်ရောက် လာသည်။

“ မင်း က မူဟန် ဖြစ်ရမယ် … ။ ”

ရန်လောင်ဇီက ဖန်းဟန် လုဟွာကို ကြည့်ကာ ဆိုသည်။ ပယင်း ရောင်ဝါအား ဝါးမျို ပြီးနောက်၊ သူ့အပြုံးက ပို၍ တောက်ပ လာကာ၊

“ မြောက်ပိုင်း နှင်းစံအိမ်မှာ၊ ကောင်းကင်ကို စိန်ခေါ် နိုင်တဲ့ ပါရမီရှင် တစ်ယောက် ရှိတယ်လို့ ငါ ကြားဖူး ထားတယ်၊ ... ”

“ ... အဲ့ဒီ လူက သူ့ဓားကို ထက်ရှ လာအောင်၊ ဆယ့်ရှစ်နှစ် တိုင်တိုင်၊ ကိုယ့်ကိုယ် ကိုယ် ပိတ်လှောင် ထား ခဲ့တယ်၊ ... ”

“ အဲ့ဒီ လူက ရက်စက် ကြမ်းကြုတ်တဲ့၊ လမ်းကို လျှောက်လှမ်း နေတဲ့၊ မင်း ဖြစ်နေလိမ့် မယ်လို့၊ ငါ မထင်ထား မိဘူး။ ”

“ မူဟန် ... ။ ”

ရန်လောင်ဇီ စကားကြောင့်၊ ပြိုင်ပွဲ၌ အောင်မြင်မှုများ ဆက်တိုက် ပြုလုပ် နိုင်ပုံကို၊ နောက်ဆုံး၌ နားလည် သွား ကြသည်။

အခြေခံ အုတ်မြစ်ကို ပိုမို ခိုင်မာ စေရန် ဖန်းဟန် လုဟွာမှ ရည်ရွယ်ပြီး၊ ကျင့်ကြံမှုအား ဖိနှိမ့် ထားခြင်း ဖြစ်၏။

သူ့ ရည်ရွယ်ချက်မှာ၊ နယ်ပယ် တစ်ခုချင်း ဆီ၌ ပြိုင်ဘက် ကင်းကာ၊ အုပ်စိုး လိုသော ဆန္ဒ ပေပင်။

မြောက်ပိုင်း နှင်းစံ အိမ်တွင်၊ ကြွယ်ဝသော အရင်းအမြစ် များသာ မရှိ ပါက၊ မဖြစ် နိုင်သည့် ပန်းတိုင် ဖြစ်ခေျပြီ။

မြောက်ပိုင်း နှင်းစံအိမ်၏၊ ရဲဝံ့ လွန်းသော ပျိုးထောင်မှု အပေါ်၊ လူ များစွာက သက်ပြင်းချ မိသည်။ နောက်ဆုံးတွင် ပါရမီရှင် တစ်ဦးအား အချိန်မရွေး ဆုံးရှုံး သေဆုံး နိုင်ချေ ရှိ၏။

တစ်ဖက်တွင် နန်းဂွန်း ဝမ်းယူ၏ ခရီးစဉ် ပြီးဆုံး သွားခဲ့ သော်လည်း၊ နှင်းစံအိမ်၌ ထိပ်ဆုံး ဆယ်ဦးသို့၊ ဝင်ရောက် နိုင်သည့် တပည့် တစ်ဦး၊ ရှိနေခဲ့ လေသည်။

သို့သော် ပြိုင်ဘက်ကင်း ရုပ်ခွန်အား ပိုင်ရှင် ဖြစ်သည့်၊ ရန်လောင်ဇီထံ တိုးဝင်ခဲ့ မိသည်မှာ၊ စိတ် မကောင်း စရာ ပေပင်။

“ ဒါကို ဓားသမားလို့ ခေါ်တာလား ... ၊ မင်းမှာ တစ်ပိုင်း ဝိညာဉ် ရေးဓား ရှိနေ ရင်ရော ဘာဖြစ်လဲ၊ အရှုံးပေး ရတုန်းပဲ မဟုတ်လား၊ ဟား ဟား ဟား ... ။ ”

ရန်လောင်ဇီက အထိန်း အကွပ် မဲ့စွာ ရယ်မောလျက်၊ သူ့ထိုင်ခုံ ဆီသို့ လှမ်းကြည့် လိုက်သည်။ လင်းယွန် တစ်ယောက် သူ့ ထိုင်ခုံမှ၊ ထွက်ခွာသွား သည်ကို မြင်လိုက် ရ၏။

သူ့ အမြင်၌ ဓားသမား ဟူသည်၊ လောက်လောက် လားလား စာဖွဲ့ နေစရာ မဟုတ်ချေ။ ထိုအမြင်ကို ပြသရန် လင်းယွန်ဖြင့်၊ ရင်ဆိုင် လိုပေ၏။

သို့သော် ဤသည်မှာ ရန်လောင်ဇီ၏ တစ်ဖက်သတ် ခံစားချက် များသာ ဖြစ်သည်။ လင်းယွန်က သူ့အား ရှိသည် ဟုပင်၊ မထင် ခဲ့ချေ။

တိုက်ပွဲ အပြီး၌ နာရီဝက် အနား ပေးလာသည်။ သည့်နောက် ယုဟိုရှင်းနှင့် ဝူရှောင်ရှင်းတို့ ပွဲဖြင့်၊ ပြန်လည် စတင် လိုက်၏။

သူတို့ နှစ်ဦးကြား ကွာဟ ချက်ကြောင့်၊ ယုဟိုရှင်းက သခင့် လက်သီးကို အသုံးပြု စရာ မလိုဘဲ၊ ဆယ်ကြိမ် အတွင်း အနိုင်ယူ ခဲ့သည်။

၎င်းတို့ ပြီးသည်နှင့်၊ ဇိုချင်းရှန်နှင့် ယွဲ့ဝေဝေ ပွဲစဉ် ဖြစ်ပြီး၊ ယွဲ့ဝေဝေမှ ချက်ချင်း လက်လျှော့ လိုက်သည်။ ယုဟိုရှင်းကြောင့် သူမ ဒဏ်ရာများ မသက်သာ သေးချေ။

“ ဖန်းဟန် လုဟွာနဲ့ ရှောင်စီယီ။ ”

သူတို့ နှစ်ဦး လုံးမှာ၊ ဘုရင် များနှင့် တိုက်ခိုက်ခဲ့ ကြသောကြောင့်၊ ဒဏ်ရာ ပြင်းစွာ ရရှိ ထားသည်။ နာရီဝက် အနား ယူချိန်သာ မရခဲ့ ပါက၊ ဆက်လက် တိုက်ပွဲ ဝင်နိုင် တော့မည် မဟုတ်ချေ။

“ ဟိတ် ... ။ ”

တိုက်ပွဲ အစ မှာပင်၊ ထိတ်လန့် စရာ ကောင်းသော တိုက်ခိုက်မှု များဖြင့်၊ ဖန်းဟန် လုဟွာက စတင် လိုက်သည်။

အစွမ်း ထက်ဆုံး လှုပ်ရှားမှု များကို အရူးအမူး ထုတ်လွှတ် နေသမျှ၊ တစ်ဖက် လူမှ သူ့အား တည်ငြိမ်စွာ ဖြေရှင်း နေခဲ့သည်။

ယင်းကို ကြည့်ရုံဖြင့် ဒဏ်ရာ များမှ သက်သာ လာခြင်း မရှိသေး သောကြောင့်၊ တိုက်ပွဲအား အမြန် အဆုံးသတ် ချင်နေ သည်ကို၊ လူတိုင်း သိလိုက် ရသည်။

ကံမကောင်း စွာဖြင့် ရှောင်စီယီက၊ အနား ယူရန် အချိန်ပို ရခဲ့ သောကြောင့်၊ သူ့ထက် ပို၍ သက်သာနေ သဖြင့်၊ အခွင့်အရေး မပေး ခဲ့ချေ။

တစ်ပိုင်း ဝိညာဉ်ရေး ဓားကို ကြောက်ရွံ့သော ကြောင့်သာ သတိ ထားပြီး တိုက်ခိုက် နေခဲ့ခြင်း ဖြစ်သည်။

သို့သော်၊ ၎င်းကို ဖန်းဟန် လုဟွာမှ ထုတ်မသုံး သောအခါ၊ ထုတ်သုံးရန် မတက်နိုင် တော့သည် အထိ၊ ဒဏ်ရာရ နေပြီဟု သူမ သိလိုက်သည်။ ထို့ကြောင့် တိုက်ပွဲကို အရှိန် မြှင့်ကာ၊ အမြန် အဆုံးသတ် လိုက်တော့၏။

ပြိုင်ပွဲ တစ်လျှောက်၊ ပြိုင်ဘက် တိုင်းက ဘုရင် သုံးပါးကို အနိုင် ယူနိုင်စွမ်း မရှိ ကြချေ။ ထို့ကြောင့် စတုတ္ထ နေရာ အတွက်၊ မည်သူ ရနိုင် မည်ကို၊ သိချင် စိတ်သာ ရှိကြ ပေတော့၏။

လင်းယွန်၊ ဇိုချင်းရှန်နှင့် ရှောင်စီယီ တို့အနက် တစ်ဦးမှ ၎င်းနေရာကို ရယူနိုင် ပေမည်။

ယင်းကြောင့် လင်းယွန် စင်မြင့်ပေါ် တက်လာ ချိန်၌၊ လူအုပ် ကြီးက အော်ဟစ် အားပေး လိုက်ကြသည်။ သည် တစ်ကြိမ်တွင် သူ့ပြိုင်ဘက်မှာ ဘိုင်လိရွှမ် ဖြစ်၏။

သူတို့ နှစ်ဦး စလုံးသည် မဟာချင် အင်ပါယာမှ ဖြစ်ပြီး၊ တူညီသော ဂိုဏ်းဝင်များ ဖြစ်သောကြောင့်၊ တိုက်ပွဲ အပေါ် လူတိုင်း စိတ်ဝင်စား လာကြသည်။

ပြိုင်ပွဲ တစ်လျှောက် အချင်းချင်း၊ မတွေ့ဆုံ ရသေး သဖြင့်၊ လူအုပ် ကြီးက ပို၍ စိတ်လှုပ်ရှား လာ၏။

ဘိုင်လိရွှမ် ကိုသာ အနိုင်ယူ နိုင်ပါက၊ ချွင်းချက် မရှိ၊ ပြိုင်ဘက်ကင်း ဓားသမား ဘွဲ့ကို၊ သိမ်းပိုက် သွားနိုင်မည် ဖြစ်သည်။

***

All Chapters