မင်း နိုင်တယ်။
Vol. 59 Ch. 826
စင်မြင့် ပေါ်သို့ ပုံရိပ် နှစ်ရိပ် ညင်သာစွာ ဆင်းသက် လာသည်။ အဖြူရောင် ၀တ်ရုံကို ဆင်မြန်း ထားသော ဘိုင်လိရွှမ်က၊ လင်းယွန် အား မျက်နှာမူ လိုက်သည်။
လေးနက်သော အမူ အရာကို၊ ထုတ်ဖော် ထားသည့် ဘိုင်လိရွှမ်နှင့် ယှဉ်ပါလျှင် လင်းယွန် မှာ၊ အလွန် တည်ငြိမ် နေပေ၏။
“ ငါ့ရဲ့ ဝှက်ဖဲ တွေကို၊ မင်းက အနည်းနဲ့ အများ သိထားပြီး ပြီဆိုတော့ ... ၊ မင်းကို အနိုင် ယူဖို့ လွယ်မှာ မဟုတ်ဘူး။ ”
ဘိုင်လိရွှမ်က ဆိုသည်။ လင်းယွန်နှင့် အမှန်တကယ် ရင်ဆိုင်ရ ချိန်၌၊ ခံစားချက်များ ရှုပ်ထွေး လာတော့သည်။
သူတို့ နှစ်ဦး လုံးက၊ ခရီးရှည် ကြီးကို လျှောက်လှမ်း လာခဲ့ ရသဖြင့်၊ ရန်ငြိုးများ ပြေလည် သွားသည့်တိုင်၊ အစွမ်းကုန် ကြိုးစား ချင်သေးသည်။
ဓားသမား တစ်ယောက် အနေဖြင့်၊ မတိုက်ဘဲ အရှုံး ပေးရန် သူတို့၏ မာနက ခွင့် မပြုချေ။
“ ကိုယ့်ကိုယ်ကို ဒီလောက်လည်း ... ၊ နှိမ့်ချ မနေ ပါနဲ့ ... ၊ မင်းကို အနိုင်ယူ ဖို့က ငါ့ အတွက် မလွယ် သေးပါဘူး။ ”
ဘိုင်လိရွှမ် တစ်ယောက်၊ ကျန်းဝူကျိနှင့် ဇိုချင်းရှန် တို့အား ရှုံးနိမ့်ထား သော်လည်း၊ ဝိညာဉ်ရေး ဓား မပါဘဲ၊ လွယ်ကူမည် မဟုတ် ကြောင်း၊ လင်းယွန် သိသည်။
ကျန်းဝူကျိ အပေါ် အသုံးပြု ခဲ့သော၊ ဓား (၃)ချက်မှာ ကြောက်စရာ ကောင်းလွန်းပြီး၊ အထူး သဖြင့် ဒုတိယ ဓား ဖြစ်သည်။
ဒုတိယ ဓားဖြင့်သာ၊ ရင်ဆိုင်ခွင့် ရပါက၊ နဂါးဓား ရောင်ဝါကို နောက်တစ်ဆင့် မြှင့်နိုင် လိမ့်မည်ဟု ခံစား ရသည်။
“ ငါ့ကို တိုက်ပါ ... ။ ”
ဘိုင်လိရွှမ်က သူ့ ဓားကို ဆွဲထုတ် လိုက်သည်နှင့်၊ ကောင်းကင် တစ်ခုလုံး လျှပ်စီး များဖြင့် ပြည့်နှက် လာကာ၊ စင်မြင့်ကြီး တုန်ခါ သွားခဲ့သည်။
သူ့ အသွင်မှာ တိမ်တိုက် များနှင့် ထပ်တူ ကျလာပြီး၊ ပတ်ဝန်းကျင် လေထုအား ကွဲအက် သွားစေ၏။
ဤတိုက်ခိုက်မှု မည်မျှ ပြင်းထန် မည်ကို မြင်နိုင် သောကြောင့်၊ လင်းယွန် တစ်ယောက် မျက်လုံးများ မှေးကျဉ်း သွားသည်။
လေဟာနယ် ပုံပျက် နေသဖြင့်၊ တစ်ဖက် လူအား ကောင်းစွာ မမြင် နိုင်ချေ။ ကျန်းဝူကျိ သည်သာ လျှပ်စီး ရည်ရွယ်ချက် အပေါ်၊ မြင့်မြင့် မားမား ဆုပ်ကိုင်ထား နိုင်ခြင်း မရှိ ပါက၊ သေဆုံး ရမည်မှာ၊ သေချာသည်။
“ မိုးကြိုး လက်ခုပ်သံ ။ ”
ဘိုင်လိရွှမ်က ဟိန်းဟောက် လိုက်ပြီး၊ လင်းယွန်ကို ဓားဖြင့် ထိုးလိုက်သည်။ ထို့နောက် ဓားက နဂါး အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ သူ့ ပုံရိပ် ပျောက်ကွယ် သွား၏။
ပွင့်ပွင့် လင်းလင်း ဝန်ခံ ရပါမူ၊ လင်းယွန် တစ်ယောက် ဤတိုက်ခိုက် မှုကို မမြင် နိုင်ပေ။ သို့သော် သူ့ဓားက ဘိုင်လိရွှမ် ဓားထက် ပို၍ မြန်နေ ပါလျှင်၊ လုံလောက်ပြီ ဖြစ်သည်။
ထို့ကြောင့် ဘိုင်လိရွှမ် ရောက်လာ ချိန်၌၊ သူ့ဓားကို မြန်မြန် လွှဲချ လိုက်သည်။ ဓားနှင့်ဓား တိုက်မိသွား ပြီးနောက်၊ စူးရှသော ဓားအလင်း များ ပေါက်ကွဲ လာပြီး၊ စင်မြင့်ပေါ် ဖုံးလွှမ်း သွားသည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ဓားချက်ပေါင်း တစ်ဒါဇင်ခန့် ဖလှယ်လိုက် ကြ၏။
“ လမင်းကို ဖျက်ဆီးသော လျှပ်စီး။ ”
ဘိုင်လိရွှမ်၏ မျက်လုံးများ အေးစက်စွာ တောက်ပ လာပြီး၊ နောက်ပြန် ဆုတ်သွား၏။ ထို့နောက် ဓားအား လွှဲခုတ် လိုက်ရာ၊ လျှပ်စီး စွမ်းအင်များ ရေတံခွန် တစ်ခု ကဲ့သို့၊ ဖြစ်ပေါ် လာသည်။
သို့သော် ထိုလျှပ်စီး ရေတံခွန်ကို၊ လင်းယွန်၏ နဂါးဓား အရှိန် အဝါက၊ ဓား တစ်လက် အသွင် ထိုးခွဲလျက်၊ ကောင်းကင်ပေါ် ထိုးတက် သွားသည်။
“ မင်း အရမ်း သန်မာတယ် … ။ ”
လျှပ်စီး ရေတံခွန်ကို ဖျက်ဆီး လိုက်သော ပြိုင်ဘက်အား ကြည့်ကာ၊ ဘိုင်လိရွှမ် မျက်နှာ၊ ပြောင်းလဲ သွားပြီး၊ လျှပ်စီးဓားအား ကန့်သတ် ချက်ထိ၊ တွန်းပို့ လိုက်သည်။
ဓားအလင်း များက အပြာရောင် နဂါးပုံရိပ် တစ်ပိုင်း အဖြစ်၊ ရုတ်တရက် ထွက်ပေါ် လာပြီး၊ လင်းယွန် ထံမှ ထွက်လာသော နဂါးဓား ရောင်ဝါကို တွန်းထုတ် ပစ်သည်။
“ မိုးပြာ နဂါး၏ ဒေါသ ... ။ ”
ဘိုင်လိရွှမ် ဓားပေါ်၌၊ လျှပ်စီးများ လင်းလက်လာ နေသည်ကို ကြည့်ပြီး၊ နဂါးဓား အရှိန် အဝါအား ကန့်သတ်ချက် အထိ၊ တွန်းပို့ လိုက်သည်။
လျှပ်စီးဓား အောက်တွင်၊ ဓား ရောင်ဝါ များဖြင့်၊ အနားသတ် ဖွဲ့စည်း ထားသော မိုးပြာ နဂါးကြီး တစ်ကောင်၊ ချက်ချင်း ပေါ်လွင် လာသည်။
“ လေ ... ။ ”
အဆိုပါ မိုးပြာ နဂါးကြီးကို ကြည့်ပြီး၊ ဘိုင်လိရွှမ်က လေ စွမ်းအင်အား ဆင့်ခေါ်လိုက် လေရာ၊ နဂါး ကိုးကောင် ရေကန် ပေါ်၌၊ မီတာ (၁၀၀) ခန့် မြင့်သော လှိုင်းလုံးကြီး တစ်လုံး ဖြစ်ပေါ် လာသည်။
လေပြင်း များက ဘိုင်လိရွှမ်၏၊ တစ်ဝက် မျှသာ ဖြစ်ပေါ် နေသော လျှပ်စီး နဂါး ကြီးထံ လာရောက် ပေါင်းစပ်သည်။
ထို့ကြောင့် နဂါးကြီးမှာ၊ တစ်ဝက်သာ ဖြစ်သော်လည်း၊ အစစ် အမှန် နဂါး တစ်ကောင် ကဲ့သို့၊ လျှပ်စီးနှင့် လေများ တဝုန်းဝုန်း ထုတ်လွှတ် နေလေသည်။
နဂါး တစ်ပိုင်းနှင့်၊ နဂါး အပြည့် အစုံတို့ ထိပ်တိုက် တွေ့ ပြီးနောက်၊ လျှပ်စီး မုန်တိုင်း အတွင်း ဖြတ်ကာ၊ ဓားတစ်လက် တိုးထွက် လာ၏။
“ ဝှစ် ... ။ ”
ထိုဓားကြောင့် ဘိုင်လိရွှမ်က မျက်မှောင် ကြုတ်လျက်၊ သူ့ဓားကို ရုတ်ကာ၊ တိုက်ခိုက်မှု များမှ လွတ်အောင် ရှောင်လိုက် ရသည်။
ဤအခိုက် အတန့်တွင်၊ နဂါးဓား အရှိန်အဝါမှာ၊ ရုတ်တရက် ပျံ့ကား သွားပြီး၊ ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိ လာ၏။
၎င်းက ဘိုင်လိရွှမ် ပတ်ဝန်း ကျင်တွင် လှည့်ပတ် လာကာ၊ မထွက်သွား နိုင်အောင် ပိတ်လှောင် ပစ်လိုက်သည်။
ဆိုလို သည်မှာ ဘိုင်လိရွှမ်အား အမြီးဖြင့် ရစ်ပတ် ထားပြီး၊ နဂါး ခေါင်းကြီးက လင်းယွန် ဘယ်ဘက် ပခုံး ထက်၌၊ ဖွဲ့တည် နေခြင်း ဖြစ်၏။
လင်းယွန်နှင့် အတူ၊ နဂါးကြီး ကပါ၊ ဘိုင်လိရွှမ်ကို စိုက်ကြည့် လာသောကြောင့်၊ ချွေးပြန် သွားသည်။
“ မင်း ... နိုင်တယ်။ ”
ဘိုင်လိရွှမ်က ဖြူဖျော့ နေသော မျက်နှာဖြင့် ဆိုလိုက်သည်။ သူ့ စကား များက လင်းယွန်ကို အံ့အားသင့် စေခဲ့၏။
“ ငါတို့ ဆက်ပြီး၊ တိုက်ပွဲဝင် နေရင် ငါ့ကိုယ်ငါ အရှက်ခွဲရာ ရောက်လိမ့်မယ်၊ မင်းရဲ့ နဂါးဓား အရှိန် အဝါက တကယ် ကြောက်စရာ ကောင်းတယ်၊ ... ”
“ ... မင်းနဲ့ ယှဉ်ရင် ... ၊ ငါ ဘယ်နား မှား နေတယ် ဆိုတာ၊ နားလည် လိုက်ပြီ၊ ပြီးတော့ အပြင် လူတွေ အတွက် ... ၊ ငါတို့ရဲ့ ဝှက်ဖဲ တွေကို သိမ်းထားဖို့ လိုသေးတယ်။ ”
ဘိုင်လိရွှမ်က ဓားကို သိမ်းပြီး၊ ရှင်းပြ လိုက်သည်။ သူ့တွင် နဂါးဓား သုတ္တန် ရှိသဖြင့်၊ တစ်ဖက် လူနှင့် ယှဉ်ပါက၊ နဂါးဓား ရောင်ဝါကို ဆုပ်ကိုင် နိုင်ရန်၊ ပို၍ လွယ်ကူသင့် ချေသည်။
သို့သော် မည်သို့ပင် ကြိုးစား စေကာမူ၊ မအောင်မြင် နိုင်ဘဲ လျှပ်စီးဓား ရည်ရွယ်ချက် ကိုသာ၊ နားလည် ခဲ့သည်။
နဂါးဓား အရှိန် အဝါနှင့်၊ လင်းယွန်မှ ဘုရင်သုံးပါး အပေါ်၊ ဖိအားပေး နိုင်မည်မှာ သဘာဝ ပေပင်။
ထို့ကြောင့် ဓားနန်းတော် အပေါ်၊ ခံစားချက်များ ရှိနေဆဲ ဖြစ်သည့် သူ့ အတွက်၊ လင်းယွန် တစ်ယောက် သည့်ထက် ပို၍ သွားနိုင် စေရန်၊ ဆန္ဒများ ရှိလေသည်။
ထိုခံစားချက်ကို နားလည်လိုက် သည့်နောက်၊ လင်းယွန်က ဘိုင်လိရွှမ်ကို လေးစားမှု အသစ် ဖြစ်ပေါ် လာသည်။
ပယင်း ရောင်ဝါ တစ်ဝက်ကို ဝါးမျို ပြီးချိန်တွင်၊ လင်းယွန်၏ နဂါး ပုံရိပ်၌ ပဉ္စမ ခြေသည်း ထွက်ပေါ် တော့မည့်၊ လက္ခဏာများ ပြသ လာသည်။
“ လင်ယွန်က ... ၊ ဓားသမား တွေထဲ မှာတော့ ပြိုင်ဘက် ကင်းပဲ။ ”
“ လျှပ်စီးဓား ကိုတောင် ဖြိုခွင်း နိုင်တယ်၊ နဂါးဓား အရှိန် အဝါက တကယ်ပဲ ကြောက်စရာ ကောင်းလိုက်တာ၊ ဖန်းဟန် လုဟွာရဲ့ တစ်ပိုင်း ဝိညာဉ်ရေး ဓား ထက်တောင်၊ ပို အားကောင်း နေပုံ ရတယ်။ ”
လင်းယွန်က ထိုအမြင်များ အပေါ်၊ စိတ် မဝင်စား တော့ချေ။ သူ့တွင် အရေး ကြီးသော ပွဲစဉ် (၄) ပွဲသာ ကျန်ရှိပြီး၊ ပြိုင်ဘက် များမှာ၊ ဇိုချင်းရှန်၊ ရန်လောင်ဇီ၊ ကျန်းဝူကျိနှင့် ယုဟိုရှင်း တို့ ဖြစ်ပေသည်။
ရှောင်စီယီနှင့် မတိုက်ရ သေး သော်လည်း၊ သူ့ကို အနိုင် မယူ နိုင်မှန်း၊ သိသာ ချေသည်။
“ မိုးပြာ နဂါး ဓား အရှိန်အဝါ လား။ ”
ရန်လောင်ဇီ၏ မျက်နှာမှာ၊ ဆိုးရွားသွား ခဲ့သည်။ ယခု မြင်တွေ့ နေရသော ခွန်အားဖြင့် သူ့အား မခြိမ်းခြောက် နိုင်သေးချေ။
အားလုံး ထုတ်ဖော် နေစရာ မလိုဘဲ၊ လင်းယွန်အား ဖိနှိမ် နိုင်မည်ဟု သူ ယုံကြည် သည်။
နောက်ဆုံးတွင်၊ လွန်ခဲ့သော ထောင်စု နှစ်များ အတွင်း ဓားသမား တစ်ဦးမျှ၊ ထိပ်ဆုံး သုံးဦး အဆင့်သို့၊ မတက်လှမ်း နိုင်ခဲ့ပေ။
ထို့နောက်တွင် ဇိုချင်းရှန်၊ ဖန်းဟန် လုဟွာ၊ ယုဟိုရှင်းနှင့် ရှောင်စီယီ၏ ပွဲများ ကျရောက် လာသည်။
ဖန်းဟန် လုဟွာက ယုဟိုရှင်းနှင့်၊ တိုက်ခိုက်ခဲ့ သော်လည်း၊ ရလဒ်မှာ မကောင်း ခဲ့ချေ။ သခင့် လက်သီးဖြင့် တစ်ချက်တည်း အနိုင်ယူ ခံခဲ့ ရသည်။
ရှောင်စီယီနှင့် ဇိုချင်းယန်မှာ၊ လှုပ်ရှားမှု တစ်ရာ ကျော်ခန့် အပြန် အလှန် ဖလှယ် ကြပြီး၊ နောက်ဆုံးတွင် သွေး ဝါးမျိုခြင်းကို ထုတ်ဖော် ကာ၊ ဇိုချင်ရှန်မှ အနိုင်ရ သွားသည်။
သည့်နောက် ဝူရှောင်ရှင်းနှင့် ကျန်ဝူကျိ တို့ပွဲ ကျရောက် လာ၏။ ရှောင်စီယီပင် အနိုင် မယူနိုင် ခဲ့သောကြောင့်၊ ဤတိုက်ပွဲ အတွက် ဝူရှောင်ရှင်း အနိုင်ရ နိုင်စရာ နည်းလမ်း မရှိချေ။
“ လင်း ယွန် ... နဲ့ ၊ ရန်လောင်ဇီ ... ။ ”
ဒိုင် အဖိုးအို၏ ကြေငြာ ချက်ကြောင့်၊ လူအုပ်ကြီးမှာ ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။ နောက်ဆုံးတွင် ဘုရင် တစ်ပါးနှင့်၊ အသန်မာဆုံး မြင်းနက်တို့၊ တိုက်ခိုက် ရပေ တော့မည်။
လင်းယွန်သာ ရှုံးနိမ့်သွား ပါက၊ ဘုရင် သုံးပါးကို အနိုင်ယူ နိုင်သော မျိုးဆက်သစ် ပါရမီရှင် ရှိတော့မည် မဟုတ်ချေ။
ဘုရင် သုံးပါး အနက်၊ ရန်လောင်ဇီမှာ အသန်မာ ဆုံးသော ရုပ်ခန္ဓာ ပိုင်ရှင် ဖြစ်လေ သည်။ တောင်ပိုင်း ရှေးဟောင်း နယ်မြေတွင် သူ့ ဂုဏ် သတင်းမှာ၊ ယုဟိုရှင်းထက် အနည်းငယ် နိမ့်ကျပြီး၊ ကျန်းဝူကျိနှင့် အဆင့်တူ ဖြစ်သည်။
တစ်ဖက်တွင် လင်းယွန်၏ ကျော်ကြားမှု သည်လည်း၊ ဘုရင် သုံးပါးအောက် မလျော့ချေ။ ထို့ကြောင့် လူတိုင်းက သူ့အား မရှုံးစေ လိုခြင်း ဖြစ်သည်။
***