တိုက်ပွဲ။
Vol. 60 Ch. 827
ရန်လောင်ဇီသည် ဘုရင် သုံးပါး ထဲမှ တစ်ပါးဖြစ်ပြီး၊ ဖန်းဟန် လုဟွာ၏ တစ်ပိုင်း ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် သည်ပင်၊ သူ့အား ဒဏ်ရာ ရအောင် မစွမ်းဆောင် နိုင်ခဲ့ချေ။
ဆိုလို သည်မှာ ရန်လောင်ဇီ ခန္ဓာမှာ၊ ဓားသမား အားလုံး အတွက် ပြဿနာ တစ်ရပ် ဖြစ်သည်ဟု အဓိပ္ပါယ် ရ၏။
ထို့ကြောင့် လင်းယွန် သည်လည်း၊ အခွင့်အရေး မရှိချေ။ ရန်လောင်ဇီ၏ ရန်ငြိုး အရ၊ အရှုံးပေး လိမ့်မည်ဟု မျှော်လင့်ခဲ့ ကြသည်။
သို့သော် တည်ငြိမ်သော အသွင်ဖြင့်၊ စင်မြင့် ပေါ်၌ လင်းယွန်က ရပ်နေ ခဲ့သည်။ ရန်လောင်ဇီ ဟူသော၊ ပုဂ္ဂိုလ်ကို မျက်လုံးထဲ မထည့်ထား သလို ပေပင်။
“ မင်း သေဖို့ ... ၊ အလျင် လိုနေ တာလား။ ”
စင်မြင့် ပေါ်သို့ ပျံသန်း လာသော ရန်လောင်ဇီ၏ မျက်လုံး များတွင်၊ ဒေါသ ရောင်များ တလက်လက် တောက်ပ လာ၏။
“ လင်းယွန်၊ မင်း... ဒူးထောက်ပြီး တောင်းပန် ခဲ့ရင်တောင်၊ ငါ မင်းကို သတ်ရ ဦးမှာပဲ၊ မဟုတ်ရင် ငါ့ နာမည်ကို ရန်လောင်ဇီ လို့ ခေါ်ဖို့၊ မထိုက်တန် တော့ဘူး။ ”
အံကြိတ်ပြီး လူသတ် ချင်သော ဆန္ဒ များကို ပြသကာ၊ ရန်လောင်ဇီက ဆိုသည်။
“ ကြောက်စရာ ကောင်းလိုက်တဲ့ ရည်ရွယ်ချက်၊ ရန်လောင်ဇီ ကြည့်ရတာ လင်းယွန်ကို သတ်ဖို့၊ စိတ်ပိုင်း ဖြတ်ထားပုံ ရတယ်။ ”
“ ဟား ဟား ဟား ... ဟုတ်တယ်၊ သူ့ နေရာမှာ ငါ ဆိုလည်း၊ သတ်ချင် မှာပဲ၊ လင်းယွန် ကြောင့် အကြိမ်ကြိမ် အရှက်ရ ခဲ့တယ် မဟုတ်လား။ ”
ပြင်းပျ လွန်းသော သတ်ဖြတ်ခြင်း အငွေ့ အသက် များကို ခံစားမိ သဖြင့်၊ လူအုပ်ကြီးက အသက်ရှူ ကြပ်သွားသည်။
“ မင်း ... ငါ ပြောတာကို၊ မကြား ဖူးလား၊ မင်းတို့ ဓားသမား အားလုံးက အမှိုက် တွေပဲ၊ သွေးစွန်းသော ဧည့်ခံပွဲ သမိုင်းမှာ ... ”
“ ... ဓားသမား တစ်ယောက်မှ ဘုရင် အဆင့်ကို မတက်လှမ်း နိုင်သေးဘူး၊ ဒါကြောင့် မင်း နောင်တရ လိမ့်မယ်။ ”
လင်းယွန်က တည်ငြိမ် နေခဲ့သည်။ သို့သော် ရန်လောင်ဇီအား မရဏ နဂါး လင်းတ ကိုယ်စား လက်စား ချေရန်၊ ဆုံးဖြတ် ထားပြီး ဖြစ်၏။
ထို့ကြောင့် သူ့ဓားကို၊ ဖြည်းညှင်းစွာ ဆွဲထုတ် လိုက်ပြီး၊
“ ဒီလို စကား မျိုးတွေ ... ၊ ငါ့ကို ပြောခဲ့ ဖူးတာ၊ မင်းက ပထမဆုံး မဟုတ်ဘူး၊ ဒါပေမယ့် အဲဒီ လူတွေ အားလုံး ငါ့ဓားနဲ့ သေ သွားပြီ။ ”
“ ကြည့်ရသေး တာပေါ့။ ”
ရန်လောင်ဇီက ပြုံးလိုက်၏။ ဖန်းဟန် လုဟွာနှင့် ရင်ဆိုင်ရ ချိန် ကထက်၊ လင်းယွန်၏ အငွေ့ အသက် များက၊ ပို၍ ပြင်းထန် နေသည်။
သို့သော် မီးနဂါး သွေးက ပွက်ပွက်ဆူ လာပြီး၊ လင်းယွန်ထံ တစ်လှမ်း တိုးကပ် လိုက် သည်နှင့်၊ သူ့ ခန္ဓာမှ အပူ လှိုင်းများ လျှံထွက် လာ၏။
ထိုပူလှိုင်းမှာ ပြင်းရှလွန်း သဖြင့်၊ နဂါး ကိုးကောင် ရေကန်ကို ပွက်ပွက်ဆူ သွားစေ ခဲ့သည်။
ထို့နောက် လျင်မြန်သော အဟုန်နှင့်၊ အငွေ့ပြန် လာ၏။ ရန်လောင်ဇီ၏ အရောင်မှာ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို၊ မည်သူ မဆို မြင်နိုင် လေသည်။
ဖန်းဟန် လုဟွာ၏ မရဏ ရေခဲ ခန္ဓာကိုယ်အား လက်သီး တစ်ချက် တည်းဖြင့်၊ ချိုးဖြတ် လိုက်ပုံကို၊ ပြန်ပြောင်း သတိရ လာပြီး၊ လူအုပ်ကြီးက စိုးရိမ်စ ပြုလာ၏။
ရန်လောင်ဇီသာ လက်သီး တစ်ချက်နှင့်၊ အနိုင် ရသွား ပါက သူတို့၏ အားပေးမှု များမှာ၊ မြောင်းထဲ ရောက်သွား ပေလိမ့်မည်။
ရန်လောင်ဇီက တဟားဟား အော်ရယ် လိုက်ပြီး၊ ရှေ့သို့ လက်သီးဖြင့် ရုတ်တရက် ထိုးချ လိုက်သည်။
ချက်ချင်းပင် ဆေးကြိုအိုး (၁၀၀) ခန့် ရှိသော ပြင်းအားကို ထုတ်လွှတ် လာ၏။ ယင်း လက်သီးကြောင့်၊ အပူ လှိုင်းများ ကောင်းကင် ပေါ် ပျံတက် သွားသည်။ ထို အချိန်ထိ လင်းယွန် တစ်ယောက် မလှုပ် သေးချေ။
“ ဘာရပ် လုပ်နေ တာလဲ။ ”
“ ဓား မဆွဲ နိုင်အောင် ... ၊ ကြောက်သွား တာတော့ မဟုတ်လောက် ပါဘူးနော် ... ။ ”
“ မင်း အရူးလား၊ ဒီပွဲ မျိုးကို တက်လာ မှတော့ ... ၊ လက်သီး မြင်ရုံနဲ့ ကြောက်နေရ မှာလား။ ”
“ ရန်လောင်ဇီရဲ့ ဒီလက်သီးက၊ သာမန် ကောင်းကင် ဝိညာဉ် နယ်ပယ်၊ ကျွမ်းကျင် သူ ကိုတောင် သတ်နိုင်တယ်။ ”
ထိုမြင်ကွင်းကို မြင်လိုက် ရချိန်၌၊ လူတိုင်း မျက်နှာပျက် သွားပြီး၊ ဝေဖန်သံများ ညံလာ၏။ သူတို့ ငြင်းခုန် နေကြစဉ်၊ လင်းယွန် သူ့ ဓားကို ကြမ်းပြင် ပေါ်သို့၊ ရုတ်တရက် ထိုးစိုက် ချလိုက်သည်။
ထို့နောက် နဂါး ရူရ် များကို အသက် သွင်းလျက်၊ လက်သီး ဆုပ်ကာ၊ ပြိုင်ဘက်၏ အင်အားနှင့် ညီမျှသော၊ စွမ်းအင်ကို ထုတ်ပြီး၊ ထိပ်တိုက် တွေ့ပေး လိုက်၏။
“ ဝုန်း ... ။ ”
လက်သီးချင်း ယှဉ်ထိုး လာသော လင်းယွန်ကြောင့်၊ ရန်လောင်ဇီ တစ်ယောက် မျက်နှာ တစ်ပြင်လုံး၊ မည်းမှောင် သွားသည်။
ဒေါသကို မထိန်းနိုင် တော့ဘဲ၊ ကြမ်းပြင်ပေါ် တစ်ထောက် နားကာ၊
“ မင်း ... သေမင်းကို ဖိတ်ခေါ် တာပဲ၊ မီးနဂါး လက်သီး - ကွဲအက် သွားသော အာကာပြင်။ ”
-ဟု ဆိုလျက် ထပ်မံ အားယူ လိုက်သည်။
ထို့နောက် မီးနဂါး ကြီး၏ ခြေသည်းများ ဆန့်ထွက် သွားပြီး၊ မီး ရည်ရွယ်ချက် ထွက်ပေါ် လာသည်။
“ ဒါပဲလား ... ။ ”
ယင်းကို ကြည့်နေသော လင်းယွန် မျက်လုံးများ၊ မှေးစင်း သွားပြီး၊ အရေပြား ပေါ်၌ လျှပ်စီးများ လင်းလက် လာ၏။
နဂါး စွမ်းအင်ကို လည်ပတ် လိုက်စဉ်၊ သူ့သွေးများ ပွက်ပွက် ဆူလျက်၊ ဟောက်သံပြု လေသည်။
ဆံပင်များ တဖျပ်ဖျပ် လွင့်မျော လာကာ၊ ကြောက်မက် ဖွယ်ရာ စွမ်းအားများ ခန္ဓာကိုယ် အနှံ့၊ ပြည့်နှက် သွား၏။
ထို့နောက် ခရမ်းရောင် လျှပ်စီးများ ပါဝင်သည့်၊ နဂါး စွမ်းအင် နှင့်အတူ၊ ရန်လောင်ဇီ လက်သီးကို နောက်တစ်ကြိမ် ထိပ်တိုက် တွေ့ပေး လိုက်သည်။
“ ခွပ် ... ။ ”
တိုးညှင်းသော ကွဲအက်သံ နှင့်အတူ၊ လင်းယွန် လက်သီး အောက်၌၊ ပြိုင်ဘက်၏ မီးနဂါး လက်သည်း ပြိုကျ သွားသည်။
“ ဝိုး ... အရမ်း မိုက်တယ်။ ”
ရန်လောင်ဇီနှင့် ဒုတိယ အကြိမ် လက်သီးခြင်း၊ ယှဉ်ထိုး လိုက်သော လင်းယွန် ကြောင့်၊ ပရိသတ်က အော်ဟစ် ကြွေးကြော် လာကြသည်။
“ အရမ်းမိုက်တယ်၊ ဘယ်သူ့ လက်သီးပြင်းလဲ ကြည့်ရအောင်။ ”
နှလုံးသွေးများ တဒိတ်ဒိတ် တိုးလာပြီး၊ ရူးခါမတက် သွေးကြွလာ ကုန်သည်။ ရုပ်ခန္ဓာ အပေါ်၊ မာန်ဝင့် နေသည့် ပြိုင်ဘက်အား၊ ၎င်းနည်းဖြင့်၊ ချိုးရန် ကြံရွယ် လိုက်ခြင်း ဖြစ်သည်။
“ ဒီလင်းယွန်က ပညာရပ် တိုင်းမှာ၊ အစွမ်းထက် နေတာလား၊ သူ့ ရုပ်ခွန် အားကို ကြည့်ပါဦး၊ ကြောက်စရာ ကောင်းလိုက်တာ၊ ဆေးဘက်ဝင် ရတနာ ဘယ်လောက်များ ... ”
“ ... သန့်စင်ထား လိုက်လဲ၊ မီးနဂါး သွေး အဆီ အနှစ်ကို ပိုင်ဆိုင် ထားတဲ့၊ ရန်လောင်ဇီ နဲ့တောင် လက်သီးချင်း ယှဉ်နိုင်တယ်၊ ဒါက မယုံနိုင် စရာပါ။ ”
ဓားနှင့် မာန်ဝင့် သူကို၊ ဓားဖြင့် လည်းကောင်း၊ လက်သီးနှင့် ဝံ့ကြွား သူကို လက်သီးဖြင့် လည်းကောင်း၊ ဖြတ်ကျော် နေခဲ့သည်။
ဤအချင်း အရာကြောင့်၊ သူ့ အပေါ် မျှော်လင့်ချက် မထားသော သူများ သည်ပင်၊ စိတ်ပြောင်း လာတော့သည်။
တိုက်ခိုက်မှု မအောင်မြင် သဖြင့်၊ ရန်လောင်ဇီ တစ်ယောက် လုံးလုံး စိတ်ပျက် သွားသည်။
သည့်နောက် မျက်လုံး ထဲရှိ ကြက်သွေးရောင် တောက်နေသော မီးနဂါး ကြီးထံ၊ မီး ရည်ရွယ်ချက်အား ပေါင်းထည့် လိုက်၏။
“ မီးနဂါး လက်သီး - ကြယ်တာရာ ခွဲမဲ့လက်။ ”
ရန်လောင်ဇီ ထံမှ၊ ကြမ်းကြုတ်သော အရှိန်အဝါ တစ်ခု ထွက်ပေါ် လာပြီး၊ တိမ်များ အတွင်း၌၊ ပေါက်ကွဲ သံများ ညံလာ ခဲ့သည်။
ထိုပေါက်ကွဲမှု အောက်တွင် စင်မြင့် တစ်ခုလုံး ယိမ်းထိုး လာကာ၊ ဓားကို မဆွဲ ပါက လင်းယွန် သေမည်ဟု၊ ယုံကြည်သည့် အတွက် အော်ဟစ် ရယ်မော လိုက်တော့၏။
“ ဟား ဟား ဟား ... ၊ မင်းက ငါနဲ့ လက်သီးချင်း ယှဉ်ချင် တာလား၊ ကောင်းပြီ ကစားပွဲ စရအောင် ... ။ ”
ကောင်းကင်မှ ကြယ်များ ကြွေကျနေ သကဲ့သို့၊ လက်သီး ရိပ်များ ထွက်ပေါ် လာပြီး၊ ၎င်း အတွင်း၌ ပုန်းအောင်းကာ၊ ရန်လောင်ဇီက လင်းယွန်ကို ချောင်းကြည့် လိုက်သည်။
သူ့လက်သီး များထံမှ၊ ထွက်လာသော မီးတောက် များမှာ၊ နေမင်းကြီး တစ်စင်း ကဲ့သို့ ပြင်းရှ ချေ၏။
သို့သော် လင်းယွန်မှာ ထိတ်လန့်သည့် လက္ခဏာ မပြချေ။ ယင်း အစား၊ သူ့နန်းတော်၌ ခရမ်းရောင် ပန်းကို ပွင့်စေ လိုက်၏။
ပွင့်ချပ်ပေါင်း (၉၉)ချပ် တိတိ၊ ပွင့်အာ လာပြီးနောက်၊ သွေးများ ပွက်ပွက်ဆူ လာကာ၊ ဓား စွမ်းအင် များက နဂါး စွမ်းအင်နှင့် ပေါင်းစပ် သွားသည်။
“ မဟာ လေဟုန် ကျမ်း ... ။ ”
လေပြင်းများ တိုက်ခတ်လာ ချိန်တွင်၊ နဂါးဓား အရှိန် အဝါကို ထုတ်ဖော်လျက်၊ မိုးပြာ နဂါး မူလ ပုံစံ၏၊ အဋ္ဌမမြောက် ပုံစံအား ထုတ်ဖော် လိုက်သည်။
လျှပ်စီး ရူရ် ပေါင်း (၁၀၀) ကျော်က၊ လင်းလက် လာပြီး၊ နဂါးကြီး အသွင် ပြောင်းလဲ သွားကာ၊ လင်းယွန် ခန္ဓာကိုယ်အား လှည့်ပတ် လာလေသည်။
“ ဟိတ် ... ။ ”
ထို့နောက် ကောင်းကင်ပေါ် ခုန်တက် သွားကာ၊ မိုးသီးများ သဖွယ် ရွာကျ လာသော ရန်လောင်ဇီ၏ လက်သီး များကို ရင်ဆိုင် လိုက်တော့သည်။
***