ပန်းတွေကို မြှုပ်နှံ ပေးမဲ့ လူ တစ်ယောက်။
Vol. 60 Ch. 828
နဂါးဓား အရှိန် အဝါဖြင့်၊ စွမ်းအား မြှင့်တင်ထားသော၊ မဟာလေဟုန် ကျမ်းမှာ၊ နဂါး တစ်ကောင် အဖြစ် ထင်ရှား လာသည်။
ထို့နောက် နဂါးနှင့် လင်းယွန် တို့က၊ ရန်လောင်ဇီ ထံသို့၊ ပျံတက် လိုက်သည်။ ကောင်းကင်မှ ကျဆင်း လာသော လက်သီး များက၊ တရွေ့ရွေ့ နီးကပ် လာ၏။
လင်းယွန်က သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို ထုတ်လွှတ် လိုက်ပြီး၊ ပြိုင်ဘက် အပေါ်၊ လွှမ်းခြုံ ပစ်သည်။
သတ်ဖြတ်ခြင်း ရောင်ဝါများ၊ တရိပ်ရိပ် မြင့်တက် လာ၏။ သတ်ဖြတ်ခြင်း လက်သီး (၇) ချက်ကို၊ လင်းယွန်မှ ပြင်ဆင် နေခြင်း ဖြစ်သည်။
ပွဲစဉ် တစ်လျှောက်၊ ပထမ ဦးဆုံး အကြိမ် အဖြစ်၊ ရက်စက် ကြမ်းကြုတ် လွန်းသော သူ၏ အသွင်ကို ထုတ်ဖော် မိလေသည်။
လက်သီး များက ရန်လောင်ဇီ၏ အရှိန်အဝါကို ထိုးခွဲကာ၊ ရင်ဘတ်ကို ထိမှန် သွားသည်။ ထို့ကြောင့် စင်မြင့် တစ်နေရာသို့၊ သွေးအန်လျက် ပြုတ်ကျ လာ၏။
လဲကျသွား ရာမှ ရန်လောင်ဇီ တစ်ယောက်၊ ပြန်မထ နိုင်ခင်၊ လင်းယွန် မျက်နှာ၌၊ ရက်စက် လိုသော အငွေ့ အသက်များ ဖြစ်ပေါ် လာသည်။
သန့်စင်သော ဓားရောင်ဝါ မှသည် ကြက်သွေးရောင် အရှိန် အဝါများ အဖြစ်၊ ရုတ်တရက် ပြောင်းလဲ လာပြီး၊ ကောင်းကင်ပေါ် ခုန်တက် သွားသည်။
ရန်လောင်ဇီ မြင်လိုက် ရသည်မှာ၊ ကြက်သွေးရောင် အလင်းတန် ကြီးသာ ဖြစ်၏။ ထို့နောက် လင်းယွန်က သူ့ မျက်နှာအား၊ ရက်ရက် စက်စက် ထိုးချ လာတော့သည်။
“ ခွပ် ... ။ ”
လက်သီးတွင် ဓားနှင့် နဂါး အစွမ်း ပါရှိ သဖြင့်၊ ရန်လောင်ဇီ မျက်နှာကို ကြမ်းပြင်ထဲ နစ်ဝင် သွားစေသည်။
နှာခေါင်းနှင့်၊ ပါးစပ်မှ သွေးများ စီးကျ လာပြီး၊ လေးကန် စွာဖြင့် လင်းယွန်ထံ ပြန်မော့ ကြည့် လိုက်သည်။
“ ရန်လောင်ဇီ ... ၊ မင်းမှာ ရှိတာ ဒါ အကုန်လား၊ မင်းက ဘုရင် သုံးပါး ထဲက တစ်ပါး မဟုတ်လား ဖူးလား၊ ဟမ့် ... ။ ”
လင်းယွန်က အေးစက်စွာ မေးလိုက်သည်။ မျက်နှာပုံ ပျက်နေေသာ ရန်လောင်ဇီမှာ မဖြေ နိုင် သေးဘဲ၊ ဒယိမ်း ဒယိုင်ဖြင့်၊ ထရပ် လာ၏။
သူ့ ပြိုင်ဘက်သည် ရုပ်ခန္ဓာအား သန့်စင်ထား လိမ့်မည်ဟု၊ မထင်ထား မိချေ။ နဂါးဓား ရောင်ဝါ သည်ပင် ကြောက်မက်ဖွယ် ကောင်းနေပြီး၊ နဂါး ခန္ဓာ ကိုပါ ပေါင်းစပ်လိုက် သည့်နောက် ဆိုဖွယ် မရှိ တော့ချေ။
လင်းယွန်က သူ့ကို ရိုက်ရန် ကြိုးစား နေသည်။ ထို အတွေးကြောင့် ဒေါသများ ပေျာက်ကွယ် သွားပြီး၊ တည်ငြိမ် လာ၏။
“ ငါ မင်းကို ... ၊ တကယ် လျှော့တွက် မိခဲ့ တာပဲ၊ မင်းက ဓား ဆွဲစရာ မလို လောက်အောင် အရည် အချင်း ရှိပါ ပေတယ် …။ ”
ထို့နောက် သွေးများကို သုတ်ယူ လိုက်ကာ၊ သွားကြား ထဲမှ တိုးထွက် လာသော လေသံဖြင့်၊
“ ... ဒါပေမယ့် ဒါက အဆုံးပဲ၊ မင်း သေပြီ။ ”
-ဟု ပြုံးလျက် ဆိုလာ၏။
ရန်လောင်ဇီ၏ အဝတ် အစားများ ရုတ်တရက် ပေါက်ကွဲ သွားပြီး၊ ကြွက်သားများ ဖောင်းကား လာသည်။
ရွှေရောင် အဆင်း များက၊ သူ့ ခန္ဓာကိုယ် အနှံ့ ဖုံးလွှမ်း လာကာ၊ မီးနဂါးကြီး တစ်ကောင် ကဲ့သို့၊ ထင်မှား မိစေ၏။
“ မီးနဂါး နတ်ဘုရား ခန္ဓာ - ထာဝရ ပျက်စီးခြင်း တံဆိပ်။ ”
ဖန်ဟန် လုဟွာ အပေါ်၊ အသုံးပြု ခဲ့သော ဝှက်ဖဲ ထွက်ပေါ် လာသည်နှင့်၊ ကြောက်မက်ဖွယ် ရောင်ဝါ တစ်ခု၊ ထွက်ပေါ် လာသည်။
ဤသည်မှာ တစ်ပိုင်း ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် သည်ပင်၊ မထိုးဖောက် နိုင်သော အရာ ဖြစ်သည်။ လင်းယွန် အတွက် နည်းလမ်း မရှိ နိုင်ချေ။
ရွှေရောင် အဆင်း များက၊ ကန့်သတ်ချက် ပြည့်သွား ချိန်၌၊ သူ့ခန္ဓာ ကိုယ်မှာ လူရိုင်းကြီး တစ်ယောက် ကဲ့သို့၊ ကြီးထွား နေပြီ ဖြစ်သည်။
“ ဓား ဆွဲဆွဲ၊ ... မဆွဲဆွဲ၊ ရလဒ်က မပြောင်းနိုင် ပါဘူး၊ မင်းက ဘုရင် တစ်ပါးရဲ့ ခွန်အားကို သိချင်နေ တာလား၊ ဒိအတွက် မင်း အသက်နဲ့ ရင်းရ လိမ့်မယ်။ ”
ရန်လောင်ဇီ ထံမှ သတ်ပစ် လိုသော ရည်ရွယ်ချက်မှာ၊ မည်မျှ ပြင်းထန် လှကြောင်း လူတိုင်း ခံစား နိုင်သည်။
ရွှေရောင် အလင်း တစ်စ ကဲ့သို့၊ မျက်စိ တစ်မှိတ် အတွင်း၊ လင်းယွန် အနား ရောက်လာ ကာ၊ ထိုးနှက် လိုက်တော့၏။
“ ဟိတ် ... ။ ”
လင်းယွန် ခန္ဓာကိုယ် ပေါ်၌၊ နဂါး ရူရ်များ၊ လက် လာပြီး၊ နဂါး တစ်ကောင် တိုးထွက်နေ သကဲ့သို့၊ အရေပြား အက်ကွဲကာ သေွးများ စီးကျ လာသည်။
တစ်ချိန်တည်း မှာပင် ရန်လောင်ဇီ၏ လက်သီး သည်လည်း၊ သူ့ ထံသို့ ရောက်ရှိ ပေါက်ကွဲ သွားတော့သည်။
“ ဓား ... ။ ”
လင်းယွန်က ပန်း သင်္ချိုင်း ဓားကို ဆင့်ခေါ်ကာ၊ ပြိုင်ဘက်၏ မီး ရည်ရွယ်ချက် အား၊ ဓား ရောင်ခြည်ဖြင့် ပစ်ခွဲ လိုက်သည်။
“ ဝှစ် ... ။ ”
ထို့နောက် လက်နှစ်ဖက်ကို ဆန့်လျက်၊ ပြန်ဆုတ် မိသည်။ ဤသို့ ဆုတ်ခွာ နေစဉ်တွင် နဂါးဓား အရှိန် အဝါကို၊ ပန်းသင်္ချိုင်းဓား အတွင်း သွန်းလောင်းပြီး၊ သုံးကြိမ် တိုင်တိုင် လွှဲခုတ် လိုက်သည်။
“ ရွှပ် ... ၊ ရွှပ် ... ၊ ရွှပ် ... ။ ”
လွှဲလိုက်တိုင်း သခင့်ဓား၏ ပုံစံ များကို ထုတ်ဖော် လိုက်၏။ ၎င်းမှာ မိုးကြိုး၊ အလင်းခွဲ ဖြတ်ခြင်းနှင့်၊ မဟာ ပေါက်ကွဲမှုတို့ ဖြစ်သည်။
ဤတိုက်ခိုက်မှု များကြောင့် လျှပ်စီး မုန်တိုင်း၊ နေ ရောင်ခြည်နှင့် တောက်ပသော ကြယ်တစ်ပွင့် တို့ကို ချက်ချင်း ဖြစ်ပေါ် လာစေသည်။
ဖြစ်စဉ် သုံးရပ်သည် ရန်လောင်ဇီ ခုခံနိုင်သော အရာ မဟုတ် သဖြင့်၊ လွင့်စဉ် သွားရ၏။
“ ချေး ... ပဲ ၊ မီးနဂါး ဖျက်ဆီးခြင်း လက် ... ။ ”
လေထဲ ၌ပင် အားယူပြီး၊ ရန်လောင်ဇီက အော်ဟစ် ကျိန်ဆဲ လိုက်သည်။ တစ်ဖက် လူ၏ ဓားမှာ၊ ဤမျှ ထိတ်လန့်ဖွယ် ကောင်းလိမ့် မည်ဟု၊ သူ မမျှော်လင့် ထားပေ။
သတ်ဖြတ် လိုသော ရည်ရွယ်ချက်က၊ လင်းယွန်၏ ဓားနှင့်၊ မည်သည့် အခါမျှ၊ မခွဲ မခွာ တော့မည် သကဲ့သို့၊ ပေါင်းစပ် သွားသည်။
ဤပွဲ၌ လူသတ် ခြင်းအား၊ လင်းယွန် အနေဖြင့်၊ တက်နိုင် သမျှ၊ ရှောင်ရှား ခဲ့မိသည်။ သို့သော် ရန်လောင်ဇီ ကိုမူ၊ ဆက်၍ သည်းမခံ နိုင်တော့ သဖြင့်၊ သူ့ဓား ထက်ကြောင်း ပြသ ရပေမည်။
တစ်ဖက် လူ၏ သတ်ပစ် လိုသော ရောင်ဝါသည်၊ သေမင်း လက်သီးကို ကျင့်ကြံ ထားသော သူ့နှင့်၊ ယှဉ်နိုင်စရာ နည်းလမ်း မရှိပေ။
သူ့တွင် အသက်နှင့် သေခြင်း ဆိုင်ရာ၊ အတွေ့ အကြုံ မည်မျှရှိ သည်ကို၊ ရန်လောင်ဇီ တစ်ယောက် မသိ သည်မှာ၊ စိတ်မကောင်း စရာ ဖြစ်လာ နိုင်ပေမည်။
သူ့ အမည်အား၊ မည်သည့် အတွက် ပန်းသင်္ချိုင်း ဓားသမားဟု ခေါ်ဆို ရသည်ကို၊ သည်နေ့ လူတိုင်း သိခွင့်ရ ပေတော့မည် ဖြစ်သည်။
“ ထန် ... ထန် ထန်။ ”
လက်ရှိ အချိန်၌ ရန်လောင်ဇီ၏ အခြေ အနေမှာ အဆင် မပြေပေ။ ပြိုင်ဘက် ဓားက ခန္ဓာ ကိုယ်ပေါ် ကျရောက် လာချိန် တိုင်းတွင်၊ မီးပွားများ တဖွားဖွား ပွင့်ထွက် နေသည်။
ပြိုင်ဘက်ကင်း ရုပ်ခန္ဓာ ကြောင့်သာ မဟုတ် ပါက၊ သူ သေပြီး ဖြစ်ပေမည်။
“ မီးနဂါး နတ်ဘုရား ခန္ဓာ- ပေါက်ကွဲခြင်း။ ”
ထို့ကြောင့် တိုက်ပွဲ၏ အဟုန်ကို လှည့်ပြောင်းရန် စိတ်ကူး နေစဉ်၊ ရန်လောင်ဇီ ခန္ဓာ ကိုယ်မှ ရွှေရောင် အဆင်းများ ပေါက်ကွဲ ထွက် လာသည်။
သို့သော် လင်းယွန်က လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ ရန်လောင်ဇီ အနား ချက်ချင်း ရောက်ရှိ လာသည်။
ထို့နောက် ရန်လောင်ဇီ နဖူး အလယ်သို့ ဓားဖြင့် လှမ်းထိုး လိုက်၏။ ပြိုင်ဘက်ကင်း ခန္ဓာ ဖြင့်ပင်၊ ရန်လောင်ဇီ တစ်ယောက် လန့်သွားသည်။
သည်ဓား မည်မျှ ထက် သည်ကို၊ အသက်အား လောင်းကြေး ထပ်ရန် ဆုံးဖြတ် လိုက်သည်။ တိုက်ပွဲ အတွင်း သူ့ မီး ရည်ရွယ်ချက်မှာ၊ အပိုင်းပိုင်း ပြတ်လု နီးနီး ဖြစ်နေပြီ ဖြစ်၏။
တစ်ချိန် တည်းမှာပင်၊ စင်မြင့် တစ်ခု လုံးအား၊ မိုးပြာ နဂါး ဓား အရှိန်အဝါက၊ ဖုံးလွှမ်း နေပြန်ရာ၊ အသက် ရှူရ ကြပ်လာ စေသည်။
သူတို့ နှစ်ယောက်လုံး အနေဖြင့်၊ သိုင်းရည်ရွယ် ချက်ကို အသုံးပြု ခဲ့ကြသည် မှန် သော်လည်း၊ လင်းယွန်၏ သိုင်း ရည်ရွယ် ချက်မှာ၊ သူနှင့် လုံးဝ မတူသော အဆင့်၌ ဖြစ်ပေသည်။
“ မီးနဂါး နတ်ဘုရား ခန္ဓာ - ထာဝရ တည်ခြင်း။ ”
နောက်ဆုံးတွင် သူ့ ခန္ဓာကိုယ် အပေါ် မျှော်လင့် ချက်များ စုပုံ ပစ်လိုက်သည်။ မီးနဂါး သွေးအဆီ အနှစ်များ လောင်ကျွမ်း လာသဖြင့်၊ အရှိန် အဝါမှာ ပို၍ သိပ်သည်း လာ၏။
သို့သော် ဓားဖျားက ထိုအရှိန် အဝါကို ချိုးဖြတ် လိုက်သော ကြောင့်၊ ရန်လောင်ဇီ တစ်ယောက် မျက်လုံးပြူး သွားသည်။
“ သခင့်ဓား - အရုဏ်ဦး ... ။ ”
တောက်ပ လွန်းသော ဓားကြောင့်၊ ရန်လောင်ဇီ၏ နှုတ်ခမ်း ထောင့်မှ သွေးစများ စီးထွက် လာကာ၊ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ ပေးလိုက် ရသည်။
ခွန်အား အပြည့် ထုတ်ဖော်လိုက် သော်လည်း၊ လင်းယွန်၏ အဝတ်စ အား၊ မထိ နိုင်သည့် အပြင်၊ အတွင်း ဒဏ်ရာ အချို့၊ ရရှိ လာခဲ့သည်။
“ မင်း ... သေချင် နေတာပဲ။ ”
ရန်လောင်ဇီက ဒေါသတကြီး အော်ဟစ် လိုက်ပြီး၊ မီးနဂါး လက်သည်း ကြီးနှင့် တစ်ဖက် လူအား လှမ်းကုပ် လိုက်၏။
“ မင်း ငါ့ရဲ့ ... ၊ မီးနဂါး နတ်ဘုရား ခန္ဓာကို၊ ချိုးဖျက် နိုင်တယ် ဆိုတာ ငါ မယုံဘူး ။ ”
သူ့ခန္ဓာကို ထပ်မံ အားကိုး၍၊ မည်သည့် အရာ ကိုမျှ ဂရု မစိုက် တော့ဘဲ၊ ရှေ့သို့ နောက် တစ်ကြိမ် ပြေးဝင် လိုက်သည်။
ပြိုင်ဘက် အပေါ်၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရစေရန်၊ အသက်ဖြင့် ရင်းကာ ကြံရွယ် လိုက်ခြင်း ဖြစ်၏။
သို့သော် လင်းယွန်က ပါးနပ် စွာနှင့်၊ တိမ်ပေါ်တက်လှမ်း ခြင်းကို ထုတ်ဖော်ကာ၊ အဝေးသို့ ရှောင်ထွက် သွားခဲ့သည်။ အရူး ကဲ့သို့၊ သူသေ ကိုယ်သေ တိုက်ခိုက် နေစရာ အကြောင်း မရှိချေ။
၎င်းတို့ နှစ်ဦး ကြားတွင် ကြီးစွာသော အကွာအဝေး တစ်ခု၊ ချက်ခြင်း ဖြစ်ပေါ် လာ၏။ သူ့ မျက်နှာမှာ အပြောင်းအလဲ မရှိ ခဲ့ပေ။
ရန်လောင်ဇီ လက်သီးမှာ၊ ပစ်မှတ်အား လွဲချော် သွားသဖြင့်၊ စင်မြင့်ပေါ် ကျရောက်ကာ ပေါက်ကွဲ ကုန်သည်။
“ မဟာ ကြီးစိုးမှု ... ။ ”
အကန့် အသတ်မဲ့ လွှမ်းမိုးနိုင် လွန်းသော အရှိန် အဝါများ၊ လင်းယွန် ထံမှ ထွက်ပေါ် လာသည်။
“ မီးနဂါး ဖျက်ဆီးခြင်း ။ ”
ယင်းကြောင့် ရန်လောင်ဇီ မျက်နှာမှာ၊ ပျက်ယွင်း သွား၏။ ထို့နောက် ရုပ်ခန္ဓာ ကိုပင် အားကိုးကာ၊ နဂါးကြီး တစ်ကောင် ကဲ့သို့ ရှေ့တိုးထွက် လာသည်။
သို့သော် ဤအခိုက် အတန့်တွင်၊ ဓား ရောင်ခြည် များဖြင့်၊ အနားသပ် ထားသော အပြာရောင် နဂါးကြီး တစ်ကောင်၊ ကောင်းကင် မှ ဆင်းသက် လာသည်။
ဓားရောင်ခြည် များက သူ့ကို ဖုံးလွှမ်း လာသော အခါတွင်၊ ကြမ်းကြုတ်သည့် ရောင်ဝါ များမှာ၊ ပြိုကျ သွား၏။
မီး ရည်ရွယ်ချက် ပျက်စီး သွားပြီးနောက်၊ နဂါးဓား အရှိန် အဝါကို ယှဉ်ပြိုင်ရန် နည်းလမ်း မရှိ တော့ပေ။
အသက်ဖြင့် ရင်းပြီး၊ ဒဏ်ရာများ ပေးလို သော်လည်း၊ ဝတ်ရုံစ ကိုပင် ထိအောင် မတိုက် နိုင်ခဲ့ သည်မှာ၊ ရှက်စရာ ပေပင်။
ရန်လောင်ဇီ ရင်ဘတ် ပေါ်ရှိ ပြတ်ရှရာ ကြီးမှ၊ သွေးများ စီးကျနေ သည်ကို၊ လူအုပ်က မယုံကြည် နိုင်စွာဖြင့်၊ ငေးကြည့် နေမိသည်။
တစ်ပိုင်း ဝိညာဉ်ရေး ဓားနှင့်ပင်၊ ဒဏ်ရာ မပေး နိုင်သော မီးနဂါး ခန္ဓာ ကိုယ်ကို၊ လင်းယွန် ဓားက၊ ချိုးဖြတ် နိုင်ခဲ့၏။
“ မင်း … ။ ”
ရန်လောင်ဇီ တစ်ယောက်၊ စကားပင် ဆုံးအောင် မပြောနိုင် တော့ဘဲ၊ ကြမ်းပြင်ပေါ် ဒူးထောက် ကျသွားသည်။
သူ့ ရင်ဘတ် ပေါ်ရှိ ဓား ဒဏ်ရာအား၊ ငုံ့ကြည့် လိုက်ပြီးနောက်၊ ထိတ်လန့် စွာဖြင့် လင်းယွန်ထံ ပြန်မော့ ကြည့် မိသည်။
ယင်း အချိန် မှာပင်၊ ကောင်းကင်မှ ဓား အလင်း တစ်စ ကျဆင်း လာပြီး၊ နှလုံးထံ ပါးမှ အေးခနဲ ခံစား လိုက်ရသည်။
ဤသည်မှာ ကမ္ဘာ ကြီးအား၊ နောက်ဆုံး အကြိမ် မြင်လိုက် ရခြင်း ဖြစ်၏။ ယခု အကြိမ် မျက်ဝန်းများ ပိတ်မိ ပါက၊ မည်သည့် အခါမျှ၊ ပြန်ပွင့်လာ နိုင်တော့မည် မဟုတ်ချေ။
***