← Chapters

ခြေသည်း ငါးချောင်း။

Vol. 60 Ch. 830

ခြေသည်း ငါးချောင်း။

Vol. 60 Ch. 830

“ ကျေးဇူး တင်ပါတယ်။ ”

လင်းယွန်က ဓားကို ရုတ်ပြီး၊ လက်အား ဝှေ့ယမ်း လိုက်သည်။ ပယင်း ရောင်ဝါ တစ်ဝက် ဝါးမြို ပြီးနောက်၊ သူ့နဂါး ပုံရိပ်မှ တောက်ပ သော အလင်းများ ထွက်ပေါ် လာ၏။

လင်းယွန် အနိုင်ရ မည်ကို သိသော်လည်း၊ ပြိုင်ဘက် အပေါ် အုပ်စီးထား နိုင်လိမ့် မည်ဟု မထင် ကြချေ။

ပွဲအစ ကတည်း ကပင်၊ ရှောင်စီယီ တစ်ယောက် ဖိနှိပ် ခံခဲ့ ရသည်။ တစ်ချိန်လုံး ခုခံ ကာကွယ် နေရ သောကြောင့်၊ တိုက်ပွဲဝင် စွမ်းအား အပြည့် အဝ မထုတ်နိုင် ခဲ့ပေ။

ပြိုင်ဘက်၏ အစွမ်း ထက်သော ဓားရေးကြောင့်၊ ခွန်အား (၅၀%) မျှသာ ထုတ်ဖော် နိုင်ခဲ့သည်။

“ သူ့ရဲ့ ကျင့်ကြံမှု မြင့်လာတော့ ... ၊ သခင့်ဓားက အရင် ကထက် ပိုကြောက်စရာ ကောင်းလာပြီ။ ”

“ ဓားချက် တိုင်းမှာ၊ သေစေ နိုင်တဲ့ ပေါက်ကွဲ စွမ်းအားတွေ ပါတယ်။ ”

“ ရန်လောင်ဇီကို သတ်နိုင်တာ အံ့သြ စရာတော့ မရှိ ပါဘူး၊ သူက စိတ်တည် ငြိမ်ပြီး၊ အမှား ကင်းတယ်။ ”

လင်းယွန်၏ စွမ်းဆောင်မှုကို ကြည့်ပြီး၊ ဆွေးနွေး သံများ ညံလာ ကြသည်။ အောင်မြင်မှု များသည် မူဟန် ကဲ့သို့၊ ကြီးကြီး မားမား မဟုတ် သော်လည်း၊ သူ့ ဓားရေး များမှာ၊ အမြဲ တစေ တိုးတက် နေခဲ့သည်။

“ အစ်ကိုကြီး ... သူက သန်မာ တယ်နော်၊ အထူး သဖြင့် သူ့ရဲ့ ဓားတာအိုမှာ ... ။ ”

လင်းယွန်၏ ဓားရေး အပေါ်တွင် သာမက၊ ဓားတာအို ၌ပါ၊ အလေးထား ဟန်ဖြင့် ယုဟိုရှင်း ဘေးရှိ တပည့်ငယ် တစ်ဦးမှ၊ ဆိုသည်။

သည်နှစ်ခုအား အတူတူဟု ထင်ရ သော်လည်း၊ ကွဲပြား ပေ၏။ ဓားတာအိုတွင် မြင့်မြင့် မားမား အောင်မြင်ထား သူတိုင်း၊ အစွမ်း ထက်သော ဓားရေးမျိုး ရှိချေသည်။

အခြားသော လမ်းကို မည်သည့် အခါမျှ မလျှောက် ကြချေ။

ဤလင်းယွန်သည် ဓားတာအို၌ အောင်မြင်မှုများ ရရှိ ထားသည်။ သခင့်ဓား မရှိ သည့်တိုင်၊ ဓားရေး တိုင်းက သူ့လက်တွင် အားမနည်း ခဲ့ပေ။

သူထံမှ လာသော ဖိအားမှာ၊ ယုဟိုရှင်းနှင့် ဆင်တူသည်။ သို့သော် ယုဟိုရှင်းက လျစ်လျူရှု လိုက်ပြီး၊

“ သူ့ရဲ့ ဓားတာအိုက အားနည်း မနေ တာတော့ အမှန်ပါ၊ ဒါပေမယ့် ကျန်းဝူကျိကို အနိုင်ယူ ပြီးတဲ့ အခါ မှသာ၊ ဒီအကြောင်း ဆက်ပြော ရအောင်၊ ... ”

“ ... ရန်လောင်ဇီက အမှိုက် တစ်စ ဖြစ်ကောင်း ဖြစ်နိုင် ပေမယ့်၊ သူပြောတဲ့ စကား တွေက အမှန်ပဲ၊ စစ်မှန်တဲ့ ခွန်အားတွေ ရှေ့မှာ၊ အရာရာ အသုံး မဝင် နိုင်ဘူး။ ”

ယုဟိုရှင်း မျက်နှာမှာ တည်ငြိမ် နေသော်လည်း၊ သူ့ လေသံ အရ မောက်မာ မှုကို ခံစား နိုင်သည်။

တိုက်ပွဲ၏ ရလဒ်ထက်၊ မီးနဂါး သွေး အဆီအနှစ် ကိုသာ စိတ်ဝင်စား ခဲ့သည်။ ၎င်းမှာ နည်းပါး သော်လည်း၊ သန့်ရှင်း ပေ၏။

ထို့ကြောင့် လင်းယွန်အား သတ်ကာ၊ ပြန်လည် ရယူရန် ဆုံးဖြတ် မိသည်။ ယင်းကို တွေးလိုက် ရုံဖြင့်၊ ယုဟိုရှင်း၏ မျက်ဝန်းများ တောက်ပ လေသည်။

ထို့နောက်တွင် ဝူရှောင်ရှင်းက၊ မူဟန်နှင့် ရင်ဆိုင် ရသည်။ သူ့တွင် နိုင်ပွဲများ ပျောက်ဆုံး နေသော်လည်း၊ ခွန်အားမှာ ပို၍ တိုးပွား လာခဲ့သည်။

ဆိုလို သည်မှာ၊ ထိပ်ဆုံး ဆယ်ဦး အဆင့်၌၊ ပြိုင်ဘက် များကို အသုံး ချပြီး၊ သူ၏ နည်းစနစ် အား၊ ပြည့်စုံအောင် လုပ်ယူနေခြင်း ဖြစ်သည်။

ထို့ကြောင့် မူဟန်ကို ရှုံးနိမ့်ခဲ့ သော်လည်း၊ အကျိုး အမြတ် များစွာ ရိတ်သိမ်း နိုင်ခဲ့သည်။ နောက်ပွဲ တစ်ပွဲမှာ ကျန်းဝူကျိနှင့် ယွဲ့ဝေဝေ ဖြစ်၏။

ယွဲ့ဝေဝေ ပါဝင် သောကြောင့်၊ လူအုပ်ကြီး ထံမှ အာရုံ စိုက်မှုကို ခံခဲ့ ရသည်။ ဒဏ်ရာ များမှ သက်သာ လာပြီး၊ ပေါ့ပြက်ပြက် အပြုအမူ များကို ရပ်ကာ၊ အပြင်း အထန် တိုက်ခိုက် ခဲ့သည်။

ထို့ကြောင့် ကျန်းဝူကျိက ဝှက်ဖဲ အချို့ ထုတ်ဖော် ပြီးမှသာ၊ ယွဲ့ဝေဝေအား အနိုင်ယူ နိုင်တော့သည်။

ဤသို့ တိုက်ပွဲများ ဖြစ်ပွား နေချိန်တွင်၊ လင်းယွန်က အချိန် မဖြုန်းဘဲ၊ မီးနဂါး သွေးကို သန့်စင် နေခဲ့သည်။

နဂါး စွမ်းအင် များက၊ ဝါးမျို ထားသော သွေးကို စတင် ချေဖျက် လိုက်သဖြင့်၊ အသက် ဓာတ်များ ပေါက်ကွဲ လာသည်။

သူ့ တစ်ကိုယ်လုံး ပူလောင် ချိန်၌၊ ငြိမ်းသက်ရန် ဓားသုတ္တန်အား ဖြန့်ကျက် လိုက်ရသည်။ သို့မဟုတ် ပါက မည်မျှ၊ ဝရုန်း သုန်းကား နိုင်လာ မည်ကို၊ တွေး မရချေ။

မိုးပြာ နဂါး မူလ ပုံစံအား၊ နဝမမြောက် အဆင့်သို့ တက်လှမ်း နိုင်ပါက၊ နဂါး ထွက်သက် ကို၊ အသုံးပြု နိုင်မည် ဖြစ်သည်။

အစောပိုင်း အချိန် များ၌၊ သည်အခွင့် အရေးမျိုး ရလိမ့် မည်ဟု၊ မျှော်လင့်ချက် မရှိ ထားချေ။ သို့သော် ရန်လောင်ဇီက၊ ချစ်မြတ်နိုး စွာဖြင့်၊ သူ့အား လက်ဆောင် ကြီးကြီး ပေးလာ ခဲ့သည်။

အကယ် ၍သာ နဂါး ရူရ် များက၊ လက်ရှိ အဟုန်ဖြင့်၊ ဆက်လက် ကြီးထွား နေပါက၊ နဝမ ပုံစံသို့၊ ရောက်ရှိ လာနိုင် ပေမည်။

စင်မြင့် ပေါ်၌ ယုဟိုရှင်းနှင့် ဇိုချင်းရှန်တို့ တိုက်ပွဲ ဖြစ်ပွား နေ၏။ ဇိုချင်းရှန်မှာ ယခုအချိန် အထိ၊ တစ်ကြိမ်ပင် ရှုံးနိမ့် ထားခြင်း မရှိ သေးချေ။

ယုဟိုရှင်းသည် သူ့ အတွက် ပထမဆုံး စမ်းသပ်မှု ဖြစ်ပေသည်။ ထို့ကြောင့် လက်ဦး မှုကို ရယူရန်၊ ဇိုချင်းရှန်က ဦးစွာ လှုပ်ရှား လိုက်သည်။

“ ဝှစ် ... ။ ”

သူ့ လက်ထဲရှိ ဆေဘာဓါး ကြီးထံမှ၊ အနက်ရောင် အငွေ့ အသက်များ ထုတ်လွှတ် လာသည်။ ထိုအသွင်က ဇိုချင်းရှန်ကို ငရဲ မိစ္ဆာ တစ်ပါး အလား၊ ထင်မှား လာစေ၏။

နောက်ဆုံးတွင် ဆေဘာဓား ရည်ရွယ်ချက်ကို၊ ကန့်သတ်ချက်သို့ တွန်းပို့ကာ၊ ဓားအား လွှဲချ လိုက်သည်။

“ ဝှီး ... ။ ”

အနက်ရောင် အခိုး အငွေ့ များနှင့် အတူ၊ ဇိုချင်းရှန် တစ်ယောက် ပျောက်ကွယ် သွားပြီး၊ ပြန်လည် ထွက်ပေါ် လာချိန်၌ တစ္ဆေ အူသံများ ဆူညံ လာသည်။

“ အူး ဟူး ဟူး ... ၊ အူး ဟီး ဟီး ... ။ ”

ထိုအူသံ များက ယုဟိုရှင်းကို ဗဟိုပြုပြီး၊ ဓားအလင်း တစ်စက၊ ခန္ဓာ ကိုယ်ထဲ ထိုးဖောက် ဝင်ရောက်ရန်၊ ကြိုးစား လာ၏။

အနည်းငယ် တုန့်ဆိုင်း မိရုံ ဖြင့်ပင်၊ ဇိုချင်းရှန်၏ ဓားက အပိုင်းပိုင်း ဖြတ်ပေမည်။

“ ကောင်းကင်နဲ့ မြေကြီး တစ်သားတည်း။ ”

သို့သော် ယုဟိုရှင်းက ဓားအလင်းကို လက်သီးနှင့် ပြန်လည် ထိုနှက် လိုက်သည်။ လေ၌ အနက်ရောင် အခိုး အငွေ့များ အလွယ် တကူ ပျံ့လွင့် သွားပြီး၊ အူ သံများ ကွယ်ပျောက် သွားတော့၏။

လက်သီးနှင့် ဓား ထိပ်တိုက် တွေ့ဆုံ သွားပြီးနောက်၊ ဇိုချင်းရှန်အား စင်ပေါ် ကနေ လွင့်စင် လုနီးပါး တွန်းထုတ်ပစ် လိုက်သည်။

“ သခင့် လက်သီး။ ”

“ ဒါ သခင့် လက်သီးပဲ၊ ဒီလက်သီးရဲ့ ကန့်သတ် ချက်က မရောက်သေး ဖူးလား။ ”

“ သူက နည်းနည်းတော့ ကြောက်စရာ ကောင်းနေတယ်၊ ဒီတစ်ချက် တည်းနဲ့ ပွဲသိမ်း ချင် နေပုံပဲ။ ”

ဤလှုပ်ရှားမှုကို အကြိမ်ပေါင်း များစွာ အသုံးပြု ခဲ့ဖူး သဖြင့်၊ လူတိုင်းက စွမ်းအားကို ခန့်မှန်း နိုင်ကာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။

“ တကယ် သန်မာ တာပဲ။ ”

သည်ပွဲကို အကဲခတ် နေသော ထိပ်ဆုံး ဆယ်ဦးရှိ၊ အခြားသော ပြိုင်ပွဲဝင် များ သည်ပင်၊ ထိုမြင်ကွင်းကြောင့်၊ လေးနက် သွားသည်။

“ ဝိညာဉ် ဝါးမျိုခြင်း ... ။ ”

ဇိုချင်းရှန် မှာမူ ထိတ်လန့်ခြင်း မရှိချေ။ အနက်ရောင် ဓားအလင်း (၉၀)ကျော် နှင့်အတူ၊ ဓား ရည်ရွယ်ချက်ကို ဖြန့်ထုတ် လိုက်သည်။

ဓား အလင်း များက ပိုက်ကွန် သဖွယ် ယှက်လာပြီး၊ အနက်ရောင် မြူများ ထုတ်လွှတ် ပေးတော့သည်။

ဤအခိုက် အတန့်တွင်၊ စင်မြင့် တစ်ခုလုံး ဆေဘာဓား အလင်းများ ဖြင့်သာ၊ ပြည့်နှက်နေ ပေသည်။

“ စိတ်ဝင်စားဖို့ ကောင်းတယ် ... ။ ”

၎င်း တိုက်ခိုက်မှုတွင်၊ လျှို့ဝှက်ချက် အချို့ ပါရှိနေ သောကြောင့်၊ ယုဟိုရှင်း မျက်နှာမှာ၊ စိတ်ဝင် တစား တောက်ပ လာသည်။

တစ်စုံ တစ်ယောက် သည်သာ၊ ဓား ပိုက်ကွန်ကို စိုက်ကြည့် နေမိပါက၊ ၎င်းတို့မှာ ဓါး အလင်း ဖြင့် ညှို့ယူခံ နေရ သည်ဟု၊ ထင်မှား မိပေမည်။

ယုဟိုရှင်း အတွက်မူ၊ သူ့ခန္ဓာ ကိုယ်ထဲ ဝင်လာသော အနက်ရောင် မြူများကို၊ တစ်ချက် လှုပ်စရာ မလိုဘဲ၊ ဖယ်ရှား နိုင်ခဲ့သည်။

“ လာ ပါ ဦး ... ။ ”

ထိုမြူများ နောက်၌၊ ကပ်ပါ လာသော ဆေဘာဓား၌ ထင်သလောက် ခွန်းအား မပါရှိ တော့ချေ။ ထို့ကြောင့် ဓားကို ဖမ်းယူရန်၊ လက် နှစ်ဖက်အား ပူးကပ် ယူ လိုက်သည်။

ယုဟိုရှင်း၏ လုပ်ရပ်မှာ၊ လူအုပ် အမြင်၌ အန္တရာယ် များလှ သောကြောင့်၊ တုန်လှုပ်သွား ကုန်သည်။ အရာခပ်သိမ်း အုပ်စိုး လိုသော ဘုရင် တပါး ကဲ့သို့၊ ပြုမူ နေပေ၏။

“ သွေး ဝါးမျိုခြင်း။ ”

ထို့ကြောင့် ဆေဘာဓားအား ချက်ချင်း ပြန်ရုတ်ပြီး၊ ပုံစံ ပြောင်းကာ နောက်တစ်ကြိမ် ခုတ်ချ လိုက်သည်။ အနက်ရောင် အဝတ် ပါးပျဉ်း အောက်ရှိ၊ ဇိုချင်းရှန်၏ မျက်နှာမှာ၊ အေးစက် သွား၏။

ဤတစ်ကြိမ်တွင် ယုဟိုရှင်း ထံသို့၊ အနက်ရောင် မြူများ ပို၍ ထုတ်လွှတ်ပစ် လိုက်သည်။

သည်ဓား မည်မျှ ကြောက်စရာ ကောင်းသည်ကို၊ ပြန်သတိရ လာမိသော ဘိုင်လိရွှမ် တစ်ယောက်၊ မျက်နှာ ပြောင်းလဲ သွား၏။

ယင်းကို သူ တားဆီး နိုင်ခဲ့ သော်လည်း၊ သူ့သွေး ဆယ်ပုံ တစ်ပုံ ခန့်၊ ဝါးမျိုခြင်း ခံလိုက် ရလေသည်။

“ မြေကမ္ဘာကို အုပ်စိုးမဲ့ လက်သီး။ ”

သခင့် လက်သီး၏ ဒုတိယ ပုံစံကို ထုတ်လွှတ် လိုက်သော အခါတွင်၊ ယုဟိုရှင်း အသွင်မှာ ပို၍ တည်ကြည် လာသည်။

သူနှင့် ဆယ်မီတာ အကွာ၌၊ အနက်ရောင် မြူများ အားလုံး ရပ်တန့် ကုန်၏။ မည်မျှပင် တွန်းထိုး နေကာမူ၊ ရှေ့ မဆက်နိုင် ခဲ့ချေ။

များ မကြာခင် အနက်ရောင် မြူများ၊ ပေါက်ကွဲ သွားသည်။ ဇိုချင်းရှန်၏ တိုက်ခိုက်မှု များအား၊ ခွဲခြမ်း စိတ်ဖြာရန် စိတ်ကူး မရှိ ခဲ့ဘဲ၊ စစ်မှန်သော ခွန်အား ကိုသာ ပေးလိုက်ခြင်း ဖြစ်သည်။

“ စိတ်ဝင်စား စရာ ပါပဲ၊ ဒီတိုက်ခိုက်မှုကို ငါတောင် မမြင် နိုင်ဘူး၊ ငါသာ မမှားရင် မင်းမှာ နောက်ထပ် ဓားချက် တစ်ချက် ရှိဦးမယ်၊ ကဲ ... လာ ၊ ဆက်ရအောင် ... ။ ”

ယုဟိုရှင်းက တည်ငြိမ်စွာ ဖိတ်ခေါ်သည်။

“ မင်း နိုင် တယ် ... ။ ”

သို့သော် ဇိုချင်းရှန်က ငြင်းဆန် လိုက်၏။ ရှေ့ဆက်ရန် ရည်ရွယ်ချက် မရှိချေ။ ထို့ကြောင့် ယုဟိုရှင်းမှာ ပခုံးတွန့် လိုက်ပြီး၊

“ နှမျော စရာပဲ၊ မင်းရဲ့ တတိယမြောက် တိုက်ခိုက်မှုကို၊ ငါတကယ် စိတ်ဝင်စား ပါတယ်။ ဒါပေမယ့် အရေး မကြီး တော့ဘူး၊ ဒီနှစ်တော့ ပျင်းစရာ ကောင်းမယ် ထင်တယ်။ ”

ဇိုချင်းရှန်၏ ပယင်း ရောင်ဝါကို ဝါးမြို လိုက်ပြီးနောက်၊ ယုဟိုရှင်း နဂါး ပုံရိပ်တွင် ပဉ္စမ ၊ ခြေသည်း ထွက်ပေါ် လာသည်။

ကျောခိုင်း သွားသော ယုဟိုရှင်း၏ နောက်ကျောကို ကြည့်ပြီး၊ အဝတ် ပါးပျဉ်း အောက်ရှိ ဇိုချင်းရှန်၏ မျက်ခုံးများ တွန့်ကွေး သွားသည်။

( ဒီကောင့်ကို ငါ တကယ် အနိုင် မယူ နိုင်ဖူးလား။ )

***

All Chapters