တိုက်ပွဲ။
Vol. 60 Ch. 832
စင်မြင့် ပေါ်မှ ဆင်းသက် လာသော အချိန်တွင်၊ ယွဲ့ဝေဝေ မျက်နှာမှာ ယခင်ထက် ပို၍ ဖြူဖျော့ နေတော့သည်။
ကောင်းကင် မိစ္ဆာ ခန်းမ သခင်က၊ သူမအား စိုးရိမ် စွာဖြင့် လှမ်းကြည့်ပြီး၊
“ မင်းသမီးလေး ... ၊ ဒဏ်ရာ တွေက ကောင်းကောင်း မသက်သာ သေးတဲ့ အတွက်၊ ကောင်းကင် သံစဉ်ကို အသုံး မပြု သင့်ဘူး၊ ငါသာ မမှားရင် ... ”
“ ... ဒီလင်းယွန်က ဧကရာဇ် နန်းတော်ရဲ့၊ မြင့်မြတ်တဲ့ သမီးပျိုနဲ့ ပတ်သတ် နေပါတယ်၊ သူတို့ကြား ဆက်ဆံ ရေးက မရိုး ရှင်းဘူး။ ”
“ သိတယ် ... ၊ ဒါပေမယ့် သူက ငါ့ရဲ့ အစ်ကိုကြီး ယွန်ပါ၊ ဘယ်သူမှ သူ့ကို စော်ကား လို့ မရစေ ချင်ဘူး။ ”
ယွဲ့ဝေဝေ စကားကြောင့်၊ မိစ္ဆာ ခန်းမ သခင်မှာ၊ စကားလုံးများ ပေျာက်ဆုံး သွားသည်။ ယွဲ့ဝေဝေမှာ ခေါင်းမာ လွန်းပေ၏။
သူမသာ ဆန္ဒ မရှိ ပါက၊ ဤနေရာ၌ ရှိနေမည် မဟုတ်ချေ။ သူ့ ကဲ့သို့ မိစ္ဆာ ခန်းမ သခင် မဆိုနှင့်၊ ‘ငရဲ နတ်မိစ္ဆာ ဧကရာဇ်’ သည် ပင်လျှင်၊ သူမအား အတင်း အကြပ် မပြုမူ ဝံ့ကြောင်း၊ သူ သိထားသည်။
လင်းယွန်တွင် ကျန်ရှိ နေသော တိုက်ပွဲ များမှာ၊ ဇိုချင်းရှန်၊ ကျန်းဝူကျိနှင့် ယုဟိုရှင်း တို့ ဖြင့်သာ ရှိပေ တော့၏။
စင်မြင့် ပေါ်၌ ရှောင်စီယီနှင့် ဇိုချင်းရှန်တို့ ယှဉ်ပြိုင် နေသည်။ ဇိုချင်းရှန် သည်သာ အနိုင်ရ ပါက၊ တတိယ နေရာ အတွက် ဆက်လက် တိုက်ပွဲ ဝင်နိုင်မည်။
ထို့ကြောင့် ဤတိုက်ပွဲ၏ ရလဒ်မှာ၊ အရေးကြီး ပေ၏။ ရှောင်စီယီ သည်လည်း၊ သည်ပွဲသာ ရှုံးနိမ့် ပါက၊ ပဉ္စမ နေရာသို့ ဆင်းပေး ရပေမည်။
တိမ် ရည်ရွယ်ချက်၌ အနည်းငယ် တိုးတက်လာ ခဲ့သည်။ သူမ၏ တိုက်ခိုက်မှု များကို လျှော့တွက်၍ မရပေ။
ထို့ကြောင့် ဇိုချင်းရှန် သည်ပင်၊ ချက်ချင်း အုပ်စီး မိခြင်း မရှိဘဲ၊ ဓား ရည်ရွယ်ချက်အား ကန့်သတ်ချက် အထိ တွန်းပို့ကာ၊ တိုက်ခိုက် လိုက်ရသည်။
“ ဝိညာဉ် ဝါးမျိုခြင်း ... ။ ”
တစ္ဆေ အူသံများ နှင့်အတူ၊ အနက်ရောင် မြူများ သို့သော ဆေဘာဓား အလင်း များကို၊ ရှောင်စီယံ ပစ်ထုတ် လိုက်၏။
“ ကောင်းကင် ဘုံ၌ အကျဉ်းချ ခံထား ရသော လက်ချောင်း။ ”
ရှောင်စီယီက ဂရုမစိုက် မနေ ဝံ့ တော့ဘဲ၊ သူမ၏ အသန်မာ ဆုံးသော တိုက်ခိုက်မှု ထဲမှ တစ်ခုကို၊ ချက်ချင်း ထုတ်ဖော် မိသည်။
“ ဝှစ် ... ။ ”
ထွတ်လန့်ဖွယ် ကောင်းသော လက်ချောင်းကြီး တစ်ချောင်းက တိမ်များ အတွင်းမှ၊ ဓါးအလင်း များကို ဖြတ်၍၊ ဇိုချင်းရှန်ထံ ကျရောက် လာသည်။
ဇိုချင်းရှန် တစ်ယောက် ဆုတ်ခွာ သွားရာ နောက်သို့၊ ဆက်လိုက်ရန် ရည်ရွယ်ချက် မရှိဘဲ၊ ရှောင်စီယီက နောက်ပြန် ဆုတ်လိုက်သည်။
ယင်းမှာ ကျန်ရှိ နေသော လက် လေးချောင်းကို၊ ဆက်လက် ထုတ်ဖော်ရန် အတွက်၊ နောက်ဆုတ် အားယူ လိုက်ခြင်း ဖြစ်လေသည်။
“ လေ၊ လျှပ်စီး၊ မိုး၊ တိမ် ... ။ ”
လက်ဖဝါးကြီး ဖြစ်တည် လာသည်နှင့်၊ မိုးလေဝသမှာ ပြောင်းလဲ သွားသည်။ ထို့နောက် ပြိုင်ဘက်၏ ဓားဆန္ဒ များကို သူမ ခန္ဓာကိုယ်မှ တွန်းထုတ် ပစ်တော့၏။
သို့သော် ဇိုချင်းရှန်က အေးစက်သော အသွင်ဖြင့် ပြုံးရယ် လာပြီး၊ ဒဏ်ရာ များကို လျစ်လျူရှုလျက်၊ ရှောင်စီယီထံ ချဉ်းကပ် လာသည်။
ဇိုချင်းရှန် ရောက်ရှိ လာချိန်၌၊ ဓား ရည်ရွယ်ချက် ထုတ်ပယ် ခြင်းကို၊ အပြီး မသတ် ရသေး သဖြင့်၊ ရှောင်စီယီ မျက်နှာ ပြောင်းလဲ သွားသည်။
“ ကောင်းကင် ဝါးမျိုးခြင်း။ ”
အနက်ရောင် ဓါး အလင်းများ ထံမှ၊ မီးတောက်များ ထွက်ပေါ် လာရာ၊ မိမိကိုယ် မိမိ ကာကွယ်ရန်၊ အတတ် နိုင်ဆုံး ကြိုးစားခဲ့ သော်လည်း၊ မအောင်မြင် တော့ချေ။
သူမ၏ ညာဘက် ပခုံး ပေါ်သို့၊ ဓားမီးတောက် တစ်စ ကျရောက် လာပြီး၊ တိုက်ပွဲ အတွင်းမှ လွင့်စဉ် သွားရသည်။
“ မင်း ရှုံး ပြီ ... ။ ”
ဇိုချင်းရှန်က ရှေ့ဆက်ရန်၊ ရည်ရွယ်ချက် မရှိ တော့ဘဲ၊ အေးစက်စွာ ဆိုသည်။ သူမ ခရီးစဉ် ပြီးဆုံး သွားပြီ ဖြစ်ကြောင်း၊ သိလိုက် ရသဖြင့်၊ သက်ပြင်း တစ်ချက်ချ လိုက်မိ လေသည်။
သည်နှစ် ပြိုင်ပွဲမှာ ပြင်းထန် လှပေ၏။ အထက် တန်းစား ခုနှစ်ပါး အနက်၊ ရှောင်စီယီ တစ်ယောက် သည်သာ၊ ထိပ်ဆုံး ဆယ်ဦး အဆင့်သို့၊ ဝင်ရောက် နိုင်ခဲ့သည်။
နောက်ပွဲမှာ ဘိုင်လိရွှမ်နှင့် မူဟန်တို့ ဖြစ်သည်။ မူဟန်သည် တစ်ပိုင်း ဝိညာဉ်ရေး ဓားကြောင့်၊ သန်မာ သော်လည်း၊ ရန်လောင်ဇီ ပေးခဲ့သော ဒဏ်ရာ များက၊ ပြင်းထန် လွန်းလေပြီ။
ထို့ကြောင့် ရလဒ်မှာ တစ်ဖက် လူ၏၊ အားနည်းချက် များကို၊ ဦးစွာ ရှာဖွေ နိုင်သူ အပေါ်၊ သက်ရောက်မည် ဖြစ်၏။
သို့သော် ဘိုင်လိရွှမ်သာ လျှပ်စီးဓားကို ပြီးမြောက်ရန် ကြံရွယ်ထား ပါလျှင်၊ ၎င်းအား အသုံးချ နိုင်ပေမည်။
လှုပ်ရှားမှု အကြိမ် (၁၀၀) ပြည့် ပြီးနောက်၊ မရဏ ရေခဲ ခန္ဓာကို အားကိုး ခြင်းဖြင့်၊ မူဟန်က အနိုင်ရ သွားခဲ့သည်။ ယင်းမှာ နိုင်ရုံ မျှသာ ဖြစ်၏။
“ နောက်ထပ် တိုက်ပွဲ၊ လင်းယွန်နဲ့ ကျန်းဝူကျိ။ ”
ဒိုင် အဖိုးအို၏ ကြေညာ ချက်ကြောင့်၊ ညအချိန် ရောက်နေပြီ ဖြစ်သော်လည်း၊ လူစု လူဝေးက ပြန်လည် တက်ကြွ လာသည်။
တစ်ပွဲမျှ မရှုံးဖူး သေးသော၊ လင်းယွန် အပေါ်၊ လူတိုင်း မျှော်လင့်ချက် ထားကြ ပေ၏။ ကျန်းဝူကျိ သည်ပင် လျှော့ မတွက်ရဲ ခဲ့ချေ။
နောက်ဆုံး၌ သည်တိုက်ပွဲမှာ၊ အရမ်း အရေးကြီး ပေ၏။ ယုဟိုရှင်း တစ်ဦး တည်းသာ ပြိုင်ဘက် ဖြစ်သည် ဟူသော၊ သူ့အယူ အဆမှာ၊ လုံးဝ ကွဲပြား သွားပြီ ဖြစ်သည်။
လင်းယွန်၏ စိတ်နေ စိတ်ထား များသည်၊ သူနှင့် တူ၏။ နိမ့်ကျသော အသွင်ကို ထိန်းသိမ်း ထားသော်လည်း၊ သူ့ ကဲ့သို့ အစွမ်း ထက်သည့် ဝှက်ဖဲ များစွာ ရှိနိုင် ပေမည်။
ထို့အပြင် ၎င်းတို့ အနက်မှ တစ်ဦး သည်သာ၊ နဂါး ဘုရင်ကို ဆက်လက် ပိုင်ဆိုင် နိုင်မည်ဖြစ် သောကြောင့်၊ မပေါ့ဆ ဝံ့ချေ။
လင်းယွန်က စင်မြင့် တစ်ဖက် ဆီမှ နေ၍၊ မိုးပြာ နဂါးဓား ရောင်ဝါကို ခပ်ပါးပါး ထုတ်ဖော် ထားပြီး၊ ဓားဆွဲလျက် ကျန်ဝူကျိ၏ ဖိအား အပေါ် တွန်းကန် ထားသည်။
ကျန်ဝူကျိ သည်လည်း၊ အငွေ့ အသက်ကို ထုတ်လွှတ်ထား သဖြင့်၊ လေထုမှာ တင်းကြပ် သွား၏။ ယင်းကို ကြည့်ရှု နေသူ များက သတိ ထားမိသည်။
ပြိုင်ဘက် အနေဖြင့်၊ တိမ်လျှပ်စီး ရည်ရွယ်ချက်ကို၊ အပြည့် အ၀ ကျွမ်းကျင်ထား သောကြောင့်၊ လင်းယွန် တစ်ယောက် အလေး အနက် ထားရသည်။
ဘိုင်လိရွှမ်၏ လျှပ်စီးဓား၊ လွယ်ကူစွာ ပြိုပျက်သွား သည်ကို မြင်ပြီးနောက်၊ ၎င်းအား သတိပြု မိခြင်း ဖြစ်၏။
ထို့အပြင် တိမ်လျှပ်စီး ရည်ရွယ်ချက်မှာ၊ မိုးပြာ နဂါးဓား အရှိန် အဝါကို ယှဉ် နိုင်ရုံသာ မက၊ ပို၍ပင် အားကောင်း နိုင်သည်။
သို့သော် မိုးပြာ နဂါး မူလ ပုံစံအား၊ နဝမမြောက် ပုံစံသို့၊ ဆုပ်ကိုင်ထား နိုင်ခဲ့ သဖြင့်၊ ကံကောင်း မိလေသည်။ သို့မဟုတ် ပါသော်၊ သူ့ ဝှက်ဖဲအား အသုံးပြု ရတော့မည် ဖြစ်၏။
“ မင်း မျက်လုံး ထဲမှာ ... ဓားကို၊ ငါ မြင်တယ်၊ ငါ့ ဓားကို ဆွဲထားတဲ့ အတွက်၊ ဒါကို ဆက်ပြီး ဝှက်ထား တာက၊ အဓိပ္ပါယ် မရှိဘူး။ ”
လင်းယွန် စကားကြောင့် လူအုပ် ကြီးမှာ၊ နဝေတိန်တောင် ဖြစ်ကုန်သည်။ ကျန်းဝူကျိတွင် မည့်ကဲ့သို့ ဓား တစ်လက် ရှိနေ သည်ကို၊ လုံးဝ စဉ်စား မရချေ။
“ အထင်ကြီး စရာပဲ၊ မင်းဆီ ကနေ ဖုံးကွယ်ဖို့၊ ရည်ရွယ်ချက် မရှိ ပါဘူး၊ ဒီဓါးကို ဆောင်းဦး သံစဉ်လို့ ခေါ်တယ်၊ ... ”
“ ... ရှေးဟောင်း အပျက် အစီး နယ်မြေ တစ်ခု ထဲကနေ၊ ငါ တွေ့ခဲ့ တာပဲ၊ ပန်းသင်္ချိုင်း ဓား ထက်တော့၊ ပိုသန်မာ လိမ့်မယ်။ ”
ကျန်းဝူကျိက သိုလှောင်အိတ်ကို ပုတ်ကာ၊ အေးစက်သော ရောင်ဝါကို ထုတ်လွှတ် နေသည့် ဓါးတစ်လက်အား ထုတ်ယူ လိုက်သည်။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန် ထံမှ ထွက်ပေါ် လာသော ရောင်ဝါမှာ၊ ပို၍ပင် ကြောက်စရာ ကောင်းလာ ၏။
“ မိုးကြိုး တိမ်တိုက် ... ။ ”
ကျန်းဝူကျိ ဓား ဆွဲလိုက်သော အခါတွင်၊ တိမ်လျှပ်စီး ရည်ရွယ်ချက် ထွက်ပေါ် လာကာ၊ လင်းယွန်ထံ တိုးဝင် လာသည်။
သို့သော် မည်သူမျှ သတိ မထား လိုက်မိသော အချိန် ကပင်၊ လင်းယွန်မှ ဓားကို ဆွဲထုတ် လိုက်ပြီး၊ ဖြစ်သည်။
ဓား၊ ဓားချင်း တိုက်မိသော အခါ၌၊ မီးပွားများ စင်မြင့် ပေါ်သို့ လွင့်စဉ် ကုန်၏။ ထွက်ပေါ် လာသော အသံ များမှာ၊ မြေပြင်၌ မြင်းသည်တော် တစ်စု ပြေးလွှားနေ သကဲ့သို့ ထင်မှား လာစေသည်။
လင်းယွန်က ကျန်းဝူကျိ၏ လည်ပင်းကို ဓားဖြင့် ပိုင်းလိုက်သည်။ လျင်မြန်ပြီး ရက်စက် ကြမ်းကြုတ် လွန်းသော ဓားချက်ကြောင့်၊ တိုက်ပွဲအား ချက်ချင်း အုပ်စီး မိ သွား၏။
ဤအချိန်မှ စ၍၊ ကျွမ်းကျင် လွန်းသော ဓားရေး များကြောင့်၊ လင်းယွန်က ပြိုင်ဘက် များအပေါ်၊ စီးနင်း နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ပြိုင်ပွဲ တစ်လျှောက် ဓားတာအို၌၊ အောင်မြင်မှု များစွာကို လင်းယွန်က ရယူ နိုင်ခဲ့ သဖြင့်၊ လူတိုင်းက အထက်ပါ အတိုင်း မြင်လာ ကြခြင်း ဖြစ်လေသည်။
“ ဘယ်လောက်တောင်၊ ထက်ရှ လိုက်တဲ့ ဓားလဲ။ ”
ထိပ်ဆုံး ဆယ်ဦး ထဲက၊ ပြိုင်ပွဲ ဝင်တိုင်းမှာ၊ ပွဲစသည်နှင့် ကျန်းဝူကျိ အပေါ် ချက်ချင်း အုပ်စီး နိုင်ခဲ့သော လင်းယွန်ကို၊ ထိတ်လန့် လာကြ သည်။
ဓားချက် တိုင်းက၊ သေစေ နိုင်သော အစိတ်အပိုင်း များထံ ရည်ရွယ် နေပြီး၊ တစ်ချက် တုန့်ဆိုင်းရုံ ဖြင့်ပင်၊ တုန်းခနဲ လဲကျ သေဆုံး သွားနိုင်၏။
အရေး အကြီး ဆုံးမှာ ထိုဓား၏ အရှိန် ကြောင့်၊ ကျန်းဝူကျိ တစ်ယောက် တုံ့ပြန်ရန် အခွင့် အရေး မရှိခြင်း ဖြစ်သည်။
ယင်းကို မြင်ချိန်၌၊ ဘိုင်လိရွှမ် နှင့်တကွ ကျန်သူများ အားလုံး တုန်လှုပ် ချောက်ချားသွား ကုန် ကြသည်။
သူတို့ သည်သာ ကျန်းဝူကျိ နေရာ၌ ဆိုပါက၊ အကြိမ် တစ်ရာထက် မနည်း သေဆုံးပြီး ဖြစ်ပေ လိမ့်မည်။ သို့သော် ကျန်းဝူကျိမှာ သူတို့ မဟုတ်ချေ။
မည်သူမျှ မမျှော်လင့် ထားသော အခြေ အနေ၌၊ လင်းယွန်၏ ကြမ်းကြုတ် လွန်းသည့် တိုက်ခိုက်မှု များကို၊ ချက်ချင်း ဖြေရှင်းပြ လာခဲ့ လေသည်။
***