← Chapters

ငါက ရှုံးပွဲ မရှိ။

Vol. 60 Ch. 833

ငါက ရှုံးပွဲ မရှိ။

Vol. 60 Ch. 833

ကျန်းဝူကျိက သူ့ ဓားကို ရုတ်တရက် ပြန်သိမ်း လိုက်ပြီး၊ လင်းယွန် ဓားအား လက် နှစ်ချောင်းဖြင့်၊ ချုပ်ကိုင်ရန် ကြိုးစားသည်။

ပန်းသင်္ချိုင်း ဓားအား ဖမ်းမိ သည်နှင့်၊ ဆောင်းဦး သံစဉ်ဖြင့် လင်းယွန်ထံ လှမ်းထိုး လိုက်သည်။ လင်းယွန် သည်လည်း အလားတူ တုန့်ပြန် လာ၏။

ဆောင်ဦး သံစဉ်အား လက်နှစ် ချောင်းဖြင့် ညှပ်ကိုင် လိုက်ခြင်း ဖြစ်သည်။ အဖြစ် အပျက် များမှာ လိုက်မီအောင်၊ မြန်ဆန် လွန်း ပေ၏။

တစ်စုံ တစ်ဦး သည်သာ တွက်ချက်မှု အနည်းငယ် လွဲချော်ခဲ့ ပါက၊ အသက် ဆုံးရှုံး သွားမည် ဖြစ်သည်။

ထိုနောက် တစ်ယောက်ဓား တစ်ယောက် ဖမ်းယူလျက်၊ ရှေ့ဆက် မတိုး နိုင်တော့ သဖြင့်၊ ပြန်လည် ဆုတ်ခွာ မိကြသည်။

လက် နှစ်ဖက်ကို ဘေး နှစ်ဖက် ဆီသို့ ဆန့်ထုတ်ကာ၊ မီတာ (၁၀၀၀) အကွာ အထိ၊ လင်းယွန် တစ်ယောက် ပြန်လည် ဆုတ်ခွာ လာခဲ့သည်။

ထို့နောက် ပို၍ မြန်ဆန် လွန်းသော အဟန်ဖြင့်၊ ပြန်လည် အားယူကာ၊ “ သခင့်ဓား- မိုးကြိုး။ ” ကို ထုတ်ဖော် လိုက်သည်။

“ ချိုး ဖြတ် စမ်း ... ။ ”

ကျန်းဝူကျိမှာ မျက်နှာ အပြောင်း အလဲ တစ်စုံ တစ်ရာ မရှိဘဲ၊ တိမ်လျှပ်စီး များအား ဆင့်ခေါ် ဖြန့်ထုတ် လိုက်သည်။

သို့သော် ဤသည်မှာ၊ သူ့ ဟာကွက် ထံသို့ ဦးတည် လာသော ဓား ဖြစ်၏။ တစ်ကြိမ်သာ ဟန်တား နိုင်မည် ဖြစ်ပြီး၊ ယခု အကြိမ်၌ မခုခံ နိုင်တော့ချေ။

သူ့ ဓားအား မထုတ်ဖော် နိုင်ခင်၊ ပန်းသင်္ချိုင်းက တိမ်များကို ဖြတ်၍ ကျဆင်း လာသည်။

ဓားဖျားက အရေပြားအား လက်မ ဝက်ခန့် ထိုးဖောက် လိုက်စဉ်၊ ရန်လောင်ဇီ ခန္ဓာ ကိုယ်၌ လျှပ်စီး တစ်ချက် လက်သွား ၏။

“ ထွက် သွား စမ်း ... ။ ”

တိမ်လျှပ်စီး ရည်ရွယ်ချက်ဖြင့်၊ ဆောင်းဦး သံစဉ်ကို လင်းယွန် ရင်ဘတ် ထံသို့ ဦးတည်ကာ၊ တွန်းထုတ် လိုက်သည်။

ထို့ကြောင့် လင်းယွန်မှာ ပန်းသင်္ချိုင်း ဓားအား ပြန်ရုပ်ပြီး၊ လက်ကောက် ဝတ်အား လွှဲလျက်၊ အဆိုပါ ဓားကို ပြန်လည် ပက်ထုတ် လိုက်ရသည်။

“ ထန် ... ။ ”

ဓား၊ ဓားချင်း တိုက်မိ သွားကာ၊ ဖြူဖျော့ နေသော မျက်နှာဖြင့်၊ လင်းယွန် တစ်ယောက် လွင့်ထွက် သွားသည်။ ကျန်းဝူကျိ သည်လည်း ရင်ဘတ်၌ သွေးများ စီးထွက်လျက်၊ ကျန်ရှိ နေခဲ့၏။

“ သူ ... ဒဏ်ရာရ သွားပြီ၊ ကျန်းဝူကျိ ဒဏ်ရာရ သွားပြီ၊ လင်းယွန်က ဒါ... ဒါကို ဘယ်လို လုပ်နိုင် ရတာလဲ။ ”

အဖြစ် အပျက်ကို နားမလည် နိုင်သောကြောင့်၊ ပရိသတ် အများ အပြား အံ့အားသင့် ကုန်ကြသည်။

ကျန်းဝူကျိ ဒဏ်ရာ ရသွား ချိန်၌၊ လင်းယွန် လွင့်စဉ် သွားသည် ကိုသာ၊ သူတို့ တွေ့မြင် လိုက်ရခြင်း ဖြစ်၏။

အထူး သဖြင့် ကျန်းဝူကျိ၏ ဝှက်ဖဲမှာ၊ ဓားရေး ဖြစ်နေမှန်း သိပြီးနောက်၊ လင်းယွန်က အနိုင် မယူ နိုင်ဟု၊ ယူဆ ကြသည်။

“ မင်းမှာ အခွင့် အရေးတွေ ရှိတော့မှာ မဟုတ်ဘူး။ ”

သူ ကိုယ်တိုင်ပင် မသိ ခဲ့သော၊ အားနည်း ချက်အား၊ လင်းယွန်မှ ရှာတွေ့ သွားလိမ့်မည်ဟု၊ ကျန်းဝူကျိ တစ်ယောက် မမျှော်လင့် ထားချေ။

ထို့ကြောင့် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၏ အထွတ် အထိပ် အရှိန် အဝါကို ပြသ လိုက်သည်။

ယင်းမှာ ကြောက်မက်ဖွယ် ကောင်းသော အဆင်း ရှိပြီး၊ ရှောင်စီယီ အရှိန် အဝါထက် နှစ်ဆ ပို၍၊ သိပ်သည်း ပေ၏။

တိမ်များ ကြားတွင် လျှပ်စီးများ ဝုန်းဒိုင်း ကျဲလာ ချိန်၌၊ ‘ဆောင်းဦး သံစဉ်’က သားရဲကြီး ဟောက်သံ ကဲ့သို့၊ မြည်သံပြု လာသည်။

ထို့နောက် စင်မြင့် ပေါ်၌ လူသတ် လိုသော ဆန္ဒများ ပြည့်နှက် သွားလေသည်။

“ ဝှစ် ... ။ ”

လင်းယွန်က လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို ကန့်သတ်ချက်ထိ တွန်းထုတ်ပြီး၊ ဝင်လာသော ဓားအား ရှောင်ရှား မိ၏။

သူ့လက် ထဲရှိ ပန်းသင်္ချိုင်း ဓားမှာ၊ နဂါး တစ်ကောင် ကဲ့သို့၊ ကျန်ဝူကျိအား ပြန်လည် ဟန့်တား လိုက်သည်။

မျက်စိ တစ်မှိတ် အတွင်း၊ လှုပ်ရှားမှုပေါင်း တစ်ဒါဇင် ကျော်ခန့် ဖလှယ်လိုက် မိကြသည်။ ထိုကာလ အတွင်း ကျင့်ကြံမှု အားသာချက်ကို ဆုပ်ကိုင် ထားနိုင်သော ကျန်းဝူကျိမှ၊ အုပ်စီး ထားနိုင် ခဲ့သည်။

တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေချင်း ယှဉ်ရသော်၊ လင်းယွန်၏ အခြေခံ အုတ်မြစ်မှာ၊ များစွာ အားနည်း ပေသည်။

“ ခုခံ နေရုံနဲ့ ... ၊ အောင်ပွဲ ခံနိုင်စရာ နည်းလမ်းတော့ မရှိသေး ပါဘူး။ ”

ပြိုင်ဘက်၏ ခံစစ်မှာ အလွန်လုံ လှသော်လည်း၊ ကျန်းဝူကျိမှ စိတ် မပျက်ချေ။ ယင်းအစား သူ မည်မျှ စိတ်ရှည်ကြောင်း၊ လင်းယွန်ကို ပြသချင် နေသည်။

“ မိုးကြိုး တိမ်တိုက် ပေါက်ကွဲမှု။ ”

ထို့နောက် အပြင်းထန် ဆုံးသော၊ တိုက်ခိုက်မှု များကို ထုတ်လွှတ်ရန် ကြံရွယ် လိုက်သည်။ ယခု အကြိမ်၌ ဓား ရည်ရွယ်ချက် ကိုပါ၊ ပေါင်းစပ် ခဲ့၏။

သူ ဖိနှိပ်ခံ နေရ သည်ကို၊ လင်းယွန် သိသည်။ တိုက်စစ် အဟုန် ပျောက်ကွယ်သွား သော်လည်း၊ ထိတ်လန့် မနေချေ။

ယင်းအစား နှစ်ဆ တိုးကာ၊ ကျန်းဝူကျိနှင့် နောက်တစ်ကြိမ် ဓားချင်ဆိုင် ထိုးနှက် ခဲ့သည်။ ဤတစ်ကြိမ်တွင် နဂါးဓား အရှိန်အဝါအား၊ ပန်းသင်္ချိုင်း ဓား၌၊ ပေါင်းစပ် လိုက်သည်။

အပြာရောင် နဂါးကြီး တစ်ကောင်၊ လေထု အလယ် ဖြစ်တည် လာပြီး၊ မိုးကြိုး တိမ်တိုက် များနှင့် တိုက်မိ သွားသည်။

ချက်ခြင်းပင် ပေါက်ကွဲမှု အတွင်းမှ၊ အလင်းများ ဖြာထွက်လျက်၊ ကောင်းကင်အား ဖုံးလွှမ်း လာသည်။

လင်းယွန်ဓား မည်မျှ ကြောက်စရာ ကောင်းသည်ကို ဤဖြစ်ရပ် များက သက်သေပြ နေ၏။

ကျန်းဝူကျိ တစ်ယောက် အံ့အားသင့် သွားသည်။ လင်းယွန်၏ တိုက်ပွဲဝင် ပုံစံ များကို အကြိမ်ပေါင်း များစွာ၊ သတိထား ကြည့်ရှု ခဲ့ဖူး သဖြင့်၊ နဂါးဓား အရှိန် အဝါမှာ ဤသို့ ကြောက်စရာ မကောင်း နိုင်ကြောင်း၊ သူ သိ ထားသည်။

ထို့ကြောင့် မိုကြိုး တိမ်တိုက် ပေါက်ကွဲမှုကို ဓားတစ်ချက် တည်းဖြင့်၊ ချိုးဖျက် နိုင်ခဲ့ သည်မှာ ထူးဆန်းနေ ပေသည်။

( နေဦး ... ၊ ဒီကောင် အောင်မြင်မှု ထပ်ရ သွားပြန် ပြီလား။ )

ထိုအတွေးနှင့် အတူ သူ့ မျက်နှာမှာ၊ တဖြည်းဖြည်း နီရဲ လာသည်။ မိုးကြိုး တိမ်တိုက် များကို ပြန်လည် စုရုံး စေပြီး၊

“ ဒါက ရန်လောင်ဇီ အတွက်၊ ငါ ပြင်ဆင် ထားတဲ့ အရာပဲ၊ ဒါပေမယ့် သူ့ကို သတ်လိုက် မှတော့ ... ၊ သူ့ကိုယ်စား မင်း ယူလို့ ရပါတယ်၊ ... ”

“ ... မိုးကြိုး တိမ်တိုက် တိုက်ပွဲဝင် ခန္ဓာကိုယ်။ ”

မိုးကြိုး တိမ်တိုက် ပညာ ရပ်တွင် မြင့်မားသော အဆင့်သို့ ရောက်ရှိ သည်နှင့်၊ အသက် ဓာတ်ကို လောင်ကျွမ်းကာ၊ ရုပ်ခန္ဓာထံ အားဖြည့် ပေးနိုင်သည်။

ယင်းက ထိုသူ၏ မူလ စွမ်းအင်ကို ပိုမို သန့်စင် လာစေ၏။ ကျန်းဝူကျိ အရှိန် အဝါမှာ၊ သိပ်သည်းစွာ မြင့်တက် လာပြီး မကြာမီ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်ပယ်ကို ကျော်ဖြတ် သွားသည်။

ထို့နောက် ကောင်းကင် ဝိညာဉ် နယ်ပယ်မှ၊ ကျွမ်းကျင်သူ တစ်ဦး ထက်ပင်၊ ပို၍ ပြင်းထန် လွန်သော အရှိန် အဝါများ ပေါက်ကွဲ လာသည်။

ကျန်းဝူကျိမှ သူ့ခွန်အား အပြည့် အဝ ထုတ်ဖော် လာချိန်၌၊ ဤမျှ ထိတ်လန့်ဖွယ် ကောင်းနေ လိမ့်မည်ဟု၊ မည်သူမျှ မမျှော်လင့် ထားသည်မှာ၊ သဘာဝ ပေပင်။

“ မိုးကြိုး တိမ်တောင် ဖျက်ဆီးခြင်း။ ”

ထို့နောက် ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ ဓားအား လက်နှစ် ဘက်ဖြင့် လွှဲလျက်၊ တိမ်များ အတွင်း ပေျာက်ကွယ် စေလိုက်သည်။

စက္ကန့် အနည်းငယ် အတွင်း မှာပင်၊ တိမ်တိုက်များ အတွင်းရှိ၊ ဓါး ရောင်ခြည်များ မီးထလောင် လာပြီး၊ စင်မြင့် တစ်ခု လုံးအား ဖုံးလွှမ်း သွားတော့သည်။

ယခု အချိန်တွင် ကျန်းဝူကျိ အသွင်မှာ၊ ကောင်းကင်ဘုံကို အစိုး ရသော နတ်ဘုရား တစ်ပါးနှင့်၊ အလားတူ လာ၏။

ဓား မီးတောက်များ ဆင်းသက် လာချိန်၌၊ လျှပ်စီး စွမ်းအင် များက ပင့်ကူမျှဉ် များကဲ့သို့ ပျံ့နှံ့ သွားသည်။

ဤတိုက်ခိုက်မှုမှာ ကြောက်စရာ ကောင်းလွန်း သောကြောင့်၊ လူအုပ်ကြီးအား အသက်ရှူ ကြပ် သွားစေသည်။

လင်းယွန် သွားစရာ နေရာ မကျန် တော့သည် အထိ၊ မိုးတိမ် များက ငွေရောင် ရေတံခွန် သဖွယ်၊ ကာဆီး လာတော့သည်။

ထိုမိုးတိမ်များ အတွင်း၊ ကျန်းဝူကျိ၏ ဓား ပေါင်းစပ် ပါဝင်နေ သဖြင့်၊ ကာကွယ်သူ မက်မွန် ဦးဆောင်သော မဟာချင် အဖွဲ့သား များမှာ၊ စိတ်ပူစ ပြုလာ ကြသည်။

သည်ပွဲက အန္တရာယ် များမှန်း၊ သူတို့ သိထားပြီး၊ လင်းယွန်၏ အောင်မြင်မှု များ အပေါ်၊ ကျေနပ် နေကြပြီ ဖြစ်သည်။

နောက်ဆုံးတွင် ၎င်းဖြင့်ပင်၊ ဓားနန်းတော်အား ကြီးကျယ်သော အသရေကို ယူဆောင် လာပြီ ဖြစ်၏။

ထို့ကြောင့် လင်းယွန်မှာ အန္တရာယ် ရှိစေသော တိုက်ပွဲ များကို၊ တိုက်ခိုက်ရန် မလို အပ်ဘဲ၊ ပွဲပြီး ဆုံးချိန် အထိ အသက်ရှင် ကျန်ရစ် နေဖို့သာ၊ လိုအပ် ပေသည်။

“ ဒီကောင်က ဘာလို့ ... ၊ ဒီလောက် ကြောက်စရာ ကောင်း နေရ တာလဲ ... ။ ”

ဘုရင် သုံးပါး၏ ခွန်အားမှာ၊ အမှန် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းသော ကြောင့်၊ ဖန်းယီက စိုးရိမ် တကြီး ကျိန်ဆဲ လိုက်သည်။

ယွဲ့ဝေဝေ ကမူ သည်တိုက်ခိုက်မှု အပေါ်၊ လင်းယွန် ခံနိုင်ရည် ရှိမှန်း သိထား သော်လည်း၊ လက်သီး ဆုပ်လျက် စိတ်လှုပ်ရှား နေခဲ့သည်။

ဓား ရောင်ခြည်ကို မော့ ကြည့်ပြီး၊ လင်းယွန်မှာ အံ့အားသင့် သွားသည်။ သို့သော် ချက်ချင်း လေထဲ ပျံဝဲလျက်၊ ပြန့်ကျဲ နေသော ဓား အလင်းများ အားလုံးကို၊ ပြန်လည် စုစည်း လိုက်သည်။

ထို့နောက် သူ့ ပတ်ဝန်းကျင်၌ အပြာရောင် နဂါးကြီး တစ်ကောင် အဖြစ် ထပ်မံ ဖွဲ့စည်း၏။

လင်းယွန် ဓားမှာ ယခင် ကထက် များစွာ နှေးကွေး သွားပြီး၊ မီးပွားများ အဖြစ် ထွက်ပေါ် လာသည်။ ကျန်းဝူကျိက ယင်းကို စိုက်ကြည့်ပြီး၊

“ ဒါကို ... ယုဟိုရှင်းက လွဲပြီး၊ ဘယ်သူမှ မတားဆီး နိုင်ပါဘူး၊ မင်းဓားက အလုပ်ဖြစ်မယ် ထင်လို့လား၊ ပြီးတော့ ငါ့ရဲ့ မိုးကြိုး တိမ်တိုက် ခန္ဓာက ရှုံးပွဲ မရှိပဲ ... ။ ”

-ဟု ဆိုလိုက် လေသည်။

သူ့ စကား များက ရေခဲ ကဲ့သို့ အေးစက် နေပြီး၊ လူ အများ၏ နှလုံးသားကို တုန်ယင်သွား စေခဲ့သည်။

သို့သော် လင်းယွန် တစ်ဝိုက်တွင်၊ မြောက်များ စွာသော ပိုးစုန်းကြူး ငယ်များ ရုတ်တရက် ဖွဲ့တည် လာပြီး၊ စိတ်လှုပ်ရှားဖွယ် မြင်ကွင်း တစ်ရပ်၊ ဖြစ်ပေါ် လာသည်။

တစ်ချိန်တည်း မှာပင် ပရိသတ် အတွင်းရှိ၊ ဓားသမား များ၏ ဓားရှည် များက အော်မြည်သံ ပြုလျက်၊ ကောင်းကင်ပေါ် ပျံတက် လာတော့ သည်။

“ တစ်ပိုင်း ဝိညာဉ်ရေးဓား ရည်ရွယ်ချက်။ ”

လူတိုင်းက လင်းယွန်ကို မယုံကြည် နိုင်စွာ ပြန်ကြည့် လာကြသည်။ မူဟန် ပင်လျှင် အံသြ သွား၏။ လင်းယွန် ဓားမှာ သူ့ထက် ပို၍ သန့်စင် နေသောကြောင့် ဖြစ်သည်။

ယင်းမှာ ကောင်းကင်တွင်၊ ထိန်လင်း နေသော ကြယ်ပွင့်များ သဖွယ် ဖြစ်၏။ ဤဓား အောက်၌ လင်းယွန်အား ရစ်သိုင်း ထားသော အပြာရောင် နဂါးမှာ၊ ပြတ်ထင် နေပေသည်။

မျက်လုံး များရှိ မီးတောက် များမှာ၊ ကမ္ဘာ မြေကြီးအား၊ ပြာချ တော့မည် ကဲ့သို့ ပြင်းရှနေ ပေ၏။

***

All Chapters