← Chapters

နောက်ဆုံး တိုက်ပွဲ။

Vol. 60 Ch. 834

နောက်ဆုံး တိုက်ပွဲ။

Vol. 60 Ch. 834

တစ်ပိုင်း ဝိညာဉ်ရေး ဓား ရည်ရွယ် ချက်အား၊ ပေါင်းစပ် ထားသဖြင့်၊ မိုးပြာ နဂါးမှာ ပိုမို တောက်ပလာ ခဲ့သည်။

မျက်လုံး များက တဖျပ်ဖျပ် လက်နေပြီး၊ မီးတောက် များနှင့် အတူ မကြုံ စဖူးသော နဂါး အရှိန်အဝါများ ကိုပင်၊ ထုတ်ပေး နေသည်။

အလင်းမှုန် များ၏ သန့်ရှင်း တောက်ပ နေမှုကြောင့် ည အမှောင် သည်ပင်၊ ဖယ်ခွာပေး လာရ၏။

လူတိုင်းက မယုံကြည် နိုင်စွာ ကြည့်နေ သောကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက် သွားသည်။

“ တစ်ပိုင်း ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ပဲ၊ ဒါက ဘာလို့များ ... ဒီလောက် ပြင်းထန် နေရ တာလဲ။ ”

“ သူရဲ့ ဓားက၊ မူဟန်ထက် ပို သန်မာ ပုံရတယ်၊ မူဟန် ဓားက ဘယ်လို မှကို နှိုင်းယှဉ် လို့ မရဘူး၊ သူ ဘယ်လိုများ လုပ်နိုင်ခဲ့ တာလဲ။ ”

“ ဝှက်ဖဲတွေ ဘယ်လောက်တောင် ... ၊ ကျန်နေဦး မလဲ ဆိုတာ၊ ငါ မခန့်မှန်း နိုင်တော့ ဘူး။ ”

ပတ်ဝန်းကျင်ရှိ အာမေဋိတ် သံများကို လျစ်လျူရှုပြီး၊ သခင့်ဓားဖြင့် ကျန်းဝူကျိအား ထိပ်တိုက် တွေ့ ပေးလိုက်သည်။

“ ဝုန်း ... ။ ”

စက္ကန့်ပိုင်းလေး အတွင်း မှာပင်၊ ကျန်းဝူကျိ၏ တိုက်ခိုက်မှု များက၊ ဖန်တီးယူ ထားသော ဖြစ်စဉ်နှင့် အတူ၊ ပြိုလဲ သွားသည်။

ထို့ပြင် နဂါးဓား အရှိန် အဝါမှာ၊ ဤမျှဖြင့် မရပ် သေးဘဲ၊ တိမ်လျှပ်စီး ရည်ရွယ်ချက်အား ဖျက်ဆီးရန်၊ ရှေ့သို့ ဆက်လက် အားယူ နေပြန်သည်။

“ ဒါက ဘယ်လိုမှ မဖြစ် နိုင်တာ ... ။ ”

ကျန်းဝူကျိက ဟစ်အော် မိ၏။ သူ့ တိုက်ခိုက်မှုကို ဖျက်ဆီး နိုင်သည်သာ မက၊ ကျန်ရှိ နေသော စွမ်းအင် များကိုပါ ဝါးမြိုသွား ခဲ့သည်။

ထိုသို့သော စွမ်းရည်မျိုး ရရှိရန်၊ ဓား ရည်ရွယ်ချက် မည်မျှ အစွမ်းထက် ရမည်ကို၊ သူ မသိ တော့ချေ။

ခရမ်းရောင် မိုးကြိုး ဂိုဏ်း၏၊ အဖွဲ့ ဝင်တိုင်း မျက်နှာမှာ ပြောင်းလဲ သွားသည်။ ကျန်းဝူကျိ၏ တိုက်ခိုက်မှု များ၊ မည်မျှ ပြင်းထန် မည်ကို သူတို့ သိသည်။

“ စိတ် မပူပါနဲ့ ... ၊ ပွဲမပြီး သေးပါဘူး၊ ငါတို့မှာ အခွင့် အရေး ရှိပါ သေးတယ်။ ”

ဂိုဏ်းချုပ်က တည်ငြိမ် စွာဖြင့်၊ အကြီးအကဲ များကို ထိန်းကြောင်း လိုက်သည်။ ကျန်းဝူကျိ ပေါ်တွင် မျှော်လင့်ချက် အားလုံးကို ထားခဲ့ပြီး ဖြစ်သဖြင့်၊ ခွေးဆိုး တစ်ကောင် လက်၌ ရှုံးနိမ့် မည်ဟု၊ တွေးမရ သေးပေ။

ကျန်းဝူကျိက လျင်မြန်သော အဟုန်ဖြင့် ဆုတ်ခွာ သွားပြီး၊ လင်းယွန်၏ တိုက်ခိုက်မှုအား ကာကွယ်ရန်၊ သူ့ဓားအား အကြိမ်ပေါင်း များစွာ လွှဲခုတ် လိုက်ရသည်။

“ ကဲ ... ၊ မင်းမှာ တစ်ပိုင်း ဝိညာဉ်ရေး ဓား အပြင်၊ တခြား ဝှက်ဖဲတွေ ရှိသေးလား ကြည့်လိုက် ရအောင်။ ”

စကားဆုံး သည်နှင့်၊ ကျန်းဝူကျိ မျက်နှာ ရှုံ့တွ သွားသည်။ ဤမျှ လွယ်လွယ်ဖြင့် မရှုံးချင် သေးချေ။

လင်းယွန် မဆိုနှင့်၊ ယုဟိုရှင်း ဖြစ်လျှင်ပင်၊ သူ့အား အနိုင်ယူ လိုပါက၊ တန်ဖိုး တစ်ခု ပေးချေ ရပေမည်။

“ မိုးကြိုး တိမ်တိုက် ကြယ်တာရာ ပျက်စီးခြင်း။ ”

ကျယ်လောင်သော ကြုံးဝါးသံ နှင့်အတူ၊ ကောင်းကင်၌ မိုးခြိမ်း သံများ နောက်တစ်ကြိမ် ထွက်ပေါ် လာသည်။

သည်တစ်ကြိမ် ဓား ရည်ရွယ်ချက်ကို ကန့်သတ်ချက် အထိ တွန်းထုတ်ပြီး၊ ခုတ်ချမိ သဖြင့်၊ ကောင်းကင်ကြီး နှစ်ခြမ်းကွဲ လုနီးပါး ဖြစ်သွားသည်။

“ ဘယ်လောက်တောင် စိတ် အနှောက် အယှက် ပေး လိုက်လဲ ... ။ ”

တစ်ပိုင်း ဝိညာဉ်ရေး ဓား အောက်တွင်၊ ပန်းသင်္ချိုင်းဓား တောက်ပ လာပြီး၊ တိမ်တိုက် များကို ရွှေရောင် အဖြစ်သို့၊ ပြောင်းလဲပစ် တော့သည်။

ထို့နောက် သူ့ ဓားက ကောင်းကင်မှ၊ ကျဆင်း လာသော ကျန်းဝူကျိ ဓားကို ဖျက်ဆီး လိုက်လေသည်။

ယင်းကြောင့် ကျန်းဝူကျိ တစ်ယောက် ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်သွား ရပြီး၊ ပါးစပ် ထဲမှ သွေးများ စီးကျ လာ၏။

မျက်လုံး များ၌ မယုံကြည် နိုင်မှုများ ပြည့်နှက် နေခဲ့သည်။ ထိပ်တိုက် တွေ့ဆုံ မှုတွင် တစ်ဖက်လူ ထံ၌၊ ရှုံးနိမ့်သွား လိမ့်မည်ဟု မထင် ထားချေ။

ခွန်အား အရာတွင် အသားစီး ရှိနေရုံ သာမက၊ သိုင်းရည်ရွယ်ချက် တွင်လည်း တူညီ ခြင်း မရှိ ခဲ့ပေ။

ကျန်းဝူကျိကို ပြန်လည် တွန်းထုတ် ပြီးနောက်၊ သခင့်ဓား၏ ‘တည်ငြိမ်သော ဓား’ ကို၊ လွှတ်ထုတ် လိုက်သည်။

“ ဝှစ် ... ။ ”

“ ရွှပ် ... ။ ”

ဓား ရောင်ခြည် ထိမှန် ချိန်၌၊ သွေးများ ဖျန်းထွက် လာပြီး၊ ကျန်းဝူကျိ ရင်ဘတ်တွင် ကြောက်မက်ဖွယ် ဒဏ်ရာ တစ်ခု၊ ဖြစ်ပေါ် လာသည်။

နောက်ဆုတ်ရန် တုန့်နှေး မိပါက၊ ထက်ခြမ်းကွဲ သွားပေ လိမ့်မည်။ လင်းယွန်က ချက်ချင်းပင် ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ ကျန်းဝူကျိထံ ငုံ့ကြည့် လိုက်သည်။

လက်၌ ပန်းသင်္ချိုင်း ဓားကို ကိုင်လျက် ဆံပင်ရှည်များ လေထဲ တဖျပ်ဖျပ် လွင့်လာ၏။ တစ်ပိုင်း ဝိညာဉ်ရေး ဓားဖြင့် အားဖြည့်ထား သောကြောင့်၊ အဝတ် အစားနှင့် ထိုဆံပင် များမှာ၊ ငွေရောင် ပြောင်းလဲ နေသည်။

“ မင်း ... ရှုံး သွား ပြီ။ ”

ထို့နောက် တည်ငြိမ်စွာ ဆိုလိုက်၏။ အထူးသဖြင့် ကျန်းဝူကျိ၏ တိမ်လျှပ်စီး ရည်ရွယ်ချက်မှာ ပြင်းထန်သည်။

သို့သော် တစ်ပိုင်း ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်နှင့် ရင်ဆိုင် ရာ၌၊ အလုပ် မဖြစ် တော့ချေ။

ကျန်းဝူကျိ အနေဖြင့် လင်းယွန်အား အနိုင်ယူ နိုင်မည်ဟု ယူဆထား မိခြင်းမှာ၊ မူဟန်၏ တစ်ပိုင်း ဝိညာဉ်ရေး ဓား အပေါ် မူတည်ကာ၊ ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

သို့သော် လင်းယွန်၏ ဓားမှာ၊ လမင်းကြီး တစ်စင်း ကဲ့သို့၊ တောက်ပ နေပေ လိမ့်မည်ဟု မထင်ထား မိချေ။

မူဟန် ဓားမှာ၊ သားရဲ ဒီရေ မတိုင်မီ လင်းယွန်၏ ဓားအဆင့် ၌သာ ရှိသည်။ သို့သော် ထိုစဉ် ကတည်း ကပင်၊ သူ၏ တစ်ပိုင်း ဝိညာဉ် ရေးဓားမှာ၊ တစ်ညလုံး မငြိမ်း သတ်ဘဲ နေနိုင်၏။

မိုးပြာ နဂါး အရှိန် အဝါဖြင့်၊ ပေါင်းစပ် ပြီးနောက်၊ ယင်းက မူဟန် မမြင် နိုင်သော အဆင့်သို့၊ ရောက်ရှိ သွားတော့သည်။

“ မဖြစ် နိုင်တာ ... ငါ မရှုံး သေးဘူး၊ မင်း အနိုင်ရ ဖို့က ... ၊ ဒီလောက်ထိ လွယ်နေမှာ မဟုတ် ဘူး။ ”

ကျန်းဝူကျိ မျက်နှာက မည်းမှောင် လာသည်။ သူ ရှုံးသွား လျှင်ပင်၊ ပြိုင်ဘက်အား ပြင်းစွာသော ဒဏ်ရာပေး နိုင်ရ ပေမည်။ ယခုမူ ဝတ်ရုံစ ကိုပင်၊ ထိအောင် မတိုက်နိုင် သေးချေ။

“ တိမ်မိုးကြိုး မဟာ ပေါက်ကွဲမှု။ ”

ထို့ကြောင့် လင်းယွန်အား ငြင်းဆန် ပြီးသည်နှင့်၊ ပြတ်ပြတ် သားသား ရလာဒ်မျိုး ရရှိရန် ကြံရွယ် လိုက်သည်။

အရှုံး ပေးရန် သူ့ အတွက်၊ စောနေသေး သည်ဟု တွေးကာ၊ စိတ်ကို တည်ငြိမ်အောင် ပြင်ယူ မိသည်။

ကြုံးဝါးသံ နှင့်အတူ ကောင်းကင်၌ လျှပ်စီး မုန်တိုင်း ကိုးစင်း ဖြစ်ပေါ် လာပြီး၊ လျင်မြန်စွာ ပေါင်းစပ် သွားသည်။ မုန်တိုင်း အလယ် ဗဟိုရှိ လျှပ်စီး အမြုတေက၊ စူးရှစွာ တောက်ပ လာ၏။

“ ဘယ်လောက် တောင် ခေါင်းမာ လိုက်လဲ။ ”

လင်းယွန်က ဒေါသ ထွက်သွားသည်။ သူတို့ နှစ်ဦးကြား ကွာဟ ချက်ကို၊ ပြင်းပြင်း ထန်ထန် တိုက်ခိုက် ခြင်းဖြင့်၊ ညှိယူ နိုင်စရာ မရှိချေ။

တိမ်လျှပ်စီး ရည်ရွယ်ချက် အလုပ် မဖြစ် ပါက၊ ၎င်းနှင့် အားဖြည့် ထားသော မည်သည့် လှုပ်ရှားမှု မျိုးဖြင့် မဆို၊ သူ့အား ခြိမ်းခြောက်နိုင် တော့မည် မဟုတ်ကြောင်း၊ သိသင့် ပေသည်။

ထို့အပြင် သူ့၌ အရက်စက် ဆုံးသော ဓား တစ်လက် ရှိချေ၏။

“ မဟာ ကြီးစိုးမှု။ ”

တစ်ပိုင်း ဝိညာဉ်ရေး ဓားဖြင့် အားဖြည့် ပြီးနောက်၊ ဓားချက် လေးချက်ကို ဆက်တိုက် ထုတ်ဖော် ပေါင်းစပ်ကာ၊ လွှတ်တင် လိုက်သည်။

ပတ်ဝန်းကျင်ရှိ အလင်းမှုန် များက ကွဲကြေ သွားသော ကြေးမုံစများ ကဲ့သို့ ကောင်းကင်ပေါ် ပျံတက် လာသည်။

“ ဂျိန်း ... ။ ”

ထို့နောက်တွင် ကျယ်လောင်သော မိုးခြိမ်း သံကြီး ထွက်ပေါ် လာကာ၊ လျှပ်စီး စုပ်ဝဲ ကြီးကို ပြိုကျ သွားစေ တော့၏။

လျှပ်စီး စုပ်ဝဲကြီး ဖျက်ဆီး ခံလိုက်ရ ချိန်၌၊ ကျန်းဝူကျိ၏ အမြင်အာရုံ ထဲသို့ စူးရှသော ဓား အလင်းများ ဝင်ရောက် လာသည်။

“ ချွမ် ... ။ ”

ယင်းအား မယုံကြည် နိုင်သော အမူ အရာဖြင့်၊ မောကြည့် နေသော ကျန်းဝူကျိ လက်မှ ဓားအား၊ လွတ်ကျအောင် အသာ ခတ်ထုတ် ပစ်လိုက်သည်။

ဆောင်ဦး သံစဉ် ဓားမှာ ကြမ်းပြင်ပေါ် လွင့်ကျသွား ချိန်၌၊ လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ပြန်သိမ်း လိုက်ပြီး ဖြစ်သည်။

“ ကျန်းဝူကျိ ...၊ မင်း ရှုံးပြီ။ ”

ရုတ်တရက် လင်းယွန် အသံက၊ ဓား အလင်းများ ကြားမှ ထွက်ပေါ် လာသည်။ ၎င်းနှင့် အတူ ပျံသန်း လာသော ဓားရှည်များ အားလုံး၊ လေထဲ၌ ရပ်တန့် သွား၏။

ထိုဓား များကို နောက်ခံ ပြုလျက်၊ လင်းယွန်က လေထု အလယ် ထွက်ပေါ် လာသည်။

တစ်ချိန်တည်း မှာပင် လက်အား ဝှေ့ယမ်းပြီး၊ ရပ်တန့် နေသော ဓားရှည်များ အားလုံးကို၊ ပိုင်ရှင်များ ထံသို့ လှည့်ပြန် သွားစေ၏။

“ ဝှီး ... ။ ”

အဝေးမှ ကြည့်ပါက လင်းယွန် နောက်ကျော၌ မီးရှူး မီးပန်းများ ပေါက်ကွဲ ပျံ့ကျဲသွား သကဲ့သို့၊ လှပသော မြင်ကွင်း တစ်ရပ် ဖြစ်ပေါ် လာသည်။

ဤမြင်ကွင်းကို အဓိပ္ပါယ်မဲ့ လိုက်ပါ ငေးမောနေ မိသော ကျန်းဝူကျိမှာ၊ စိတ်ဓာတ် ကျလာပြီး၊ သက်ပြင်းချ လိုက်မိ၏။

“ မှန်တယ်၊ ... မင်း နိုင် ပြီ။ ”

စကား မဆုံးခင်၊ လက်သည်း ငါးချောင်း ပါရှိသော ရွှေရောင် နဂါးကြီး အသွင်မှာ၊ ပြိုကျ သွားသည်။

လင်းယွန်၏ နဂါး ပုံရိပ်မှာ၊ ထိုပယင်း ရောင်ဝါကို ဝါးမြိုရန်၊ အချိန် အတော်ကြာ ခဲ့သည်။

“ မင်းက ... ၊ တကယ့် ခွေးဆိုးပဲ။ ”

ထိုကာလ အတွင်း ကျန်းဝူကျိက၊ စကားစ လာသည်။

“ ဒါပေမယ့် ကိစ္စ မရှိပါဘူး၊ မင်း ဘယ်လောက်ပဲ ပျံသန်း နိုင်ပါစေ၊ ယုဟိုရှင်က စပါး ရိတ်သလို ... ”

“ ... မင်းဆီ ကနေ၊ အရာ အားလုံး ရိတ်သိမ်းသွား လိမ့်မယ်၊ အသက်ရှင် ဖို့တောင် မင်းအတွက် မသေချာဘူး။ ”

“ ဘာပဲ ဖြစ်ဖြစ် မင်း ထက်တော့ ...၊ ငါ့မှာ အခွင့် အရေးရှိ ပါသေးတယ်၊ သေခြင်းလား ... ငါ့ကိုယ် ငါတောင် စိတ် မပူတာ၊ မင်းက ဘာအတွက် စိတ်ပူ နေရတာလဲ။ ”

လင်းယွန်က ကျန်းဝူကျိအား တည်ငြိမ် စွာဖြင့်၊ တုန့်ပြန် လိုက်သည်။

“ သခင့်ဓားနဲ့ သခင့် လက်သီးက၊ ဓားဂိုဏ်းရဲ့၊ ကောင်းကင်ဘုံ ကမ္ဘာကြီးကို အုပ်စိုးခြင်း၊ ပညာရပ် ထဲက ... ”

“ ... အစိတ် အပိုင်းတွေ ပါပဲ၊ ငါသာ မမှားရင် သူရဲ့ သခင့် လက်သီးက၊ သခင့်ဓား ထက်တော့ အများကြီး ပြည့်စုံ နေတယ်၊ မင်းတို့ တိုက်တဲ့ အခါ၊ ဒီကွာဟ ချက်ကို မင်း သိပါ လိမ့်မယ်။ ”

“ ကောင်းကင်ဘုံ ကမ္ဘာကြီးအား အုပ်စိုးခြင်း တဲ့လား။ ”

လင်းယွန်က အတွေးထဲ နစ်မျော သွားခဲ့သည်။ သခင် (၁၃)နှင့် ယခင် နန်းတော် သခင်မှ၊ ထို အကြောင်းကို ပြောပြ ဖူးသည်။

သို့သော် အလင်း အမှောင် လမင်း ကမ္ဘာ၏ လက်ထဲတွင် ရှိနေ လိမ့် မည်ဟု၊ သူ မထင်ထား ခဲ့ချေ။

အတွေးထဲ နစ်မြုပ် နေသော လင်းယွန်ထံ တစ်ချက် ကြည့်ပြီး၊ ကျန်ဝူကျိက ပြုံးလိုက်၏။

“ မင်းမှာ ဝှက်ဖဲတွေ အများကြီး ကျန်နေသေး ပုံပဲ၊ ဒါပေမယ့် ရလဒ်က တစ်ခုပဲ ရှိလို့၊ အဲဒါက အချည်း အနှီး တွေပါ။ ”

“ သေချာ လို့လား၊ မင်းလို အရှုံးသမား တစ်ယောက်က၊ ဒီလို သုံးသပ်ဖို့ အရည် အချင်း ရှိနေတယ် ထင်လား။ ”

ထို့နောက် လင်းယွန်က ကျန်းဝူကျိကို ဂရု မစိုက် တော့ဘဲ၊ စင်မြင့် ပေါ်မှ ခုန်ဆင်း ထွက်ခွာ သွားခဲ့သည်။

နံနက် မိုးသောက်ပြီ ဖြစ်သဖြင့်၊ အရုဏ်ဦး အလင်း များက တိမ်တိုက် များကို ဖြတ်ကျော် ဝင်ရောက် လာခဲ့သည်။

သည်အချိန်၌၊ ထိပ်ဆုံး ဆယ်ယောက် အတွက်၊ တိုက်ပွဲများ ပြီးဆုံးရန် နောက်ထပ် လေးပွဲသာ ကျန်ရှိ တော့၏။

၎င်းတို့မှာ လင်းယွန်နှင့် ဇိုချင်းရှန်၊ ယုဟိုရှင်းနှင့် ကျန်းဝူကျိ၊ ရှောင်စီယီနှင့် ဝူရှောင်ရှင်း၊ လင်းယွန်နှင့် ယုဟိုရှင်းတို့ ဖြစ်လေ သည်။

ရှောင်စီယီနှင့် ဝူရှောင်ရှင်း တို့တိုက် ပွဲမှာ၊ သည်းထိတ် ရင်ဖို စရာ မရှိပေ။ ရှောင်စီယီပင် အလွယ် တကူ အောင်ပွဲခံ ခဲ့သည်။ နာရီဝက်ခန့် အနားယူ ပြီးနောက် လင်းယွန်နှင့် ဇိုချင်းရှန်ပွဲ ကျရောက် လာ၏။

သည်တိုက်ပွဲ ပြီးနောက် ယုဟိုရှင်းနှင့် ရင်ဆိုင် ရမည် ဖြစ်ရာ၊ လင်းယွန်က အချိန် မဖြုန်း တော့ချေ။

ပွဲစ သည်နှင့် တစ်ပိုင်း ဝိဉာဉ်ရေး ဓားကို ထုတ်ပြီး၊ ပုံစံ ခြောက်မျိုး ပေါင်းစပ် ထားသော၊ မဟာ ကြီးစိုးမှုအား ထုတ်လွှတ် လိုက်သည်။

ပန်းသင်္ချိုင်း ဓားမှ ကြောက်စရာ ကောင်းသော ဓား အလင်းများ၊ ရုတ်တရက် ထွက်ပေါ် လာသဖြင့်၊ ပြင်ဆင်ထား သော်လည်း၊ ဇိုချင်းရှန် တစ်ယောက် အငိုက်မိ သွားသည်။

အတက် နိုင်ဆုံး ရှောင်ရှားရန် ချက်ချင်း ကြိုးစား မိ၏။ သို့သော် ဓားအလင်း များက သူ့ အတွက် အလွန်မြန် နေဆဲ ဖြစ်လေသည်။

ဓားအလင်း များက သူ့ ပတ်ဝန်းကျင်ရှိ အနက်ရောင် မြူ တစ်ဝက်ခန့်အား၊ တိုက်စား သွား ခဲ့သည်။

ထို့ကြောင့် သွေးအန် လျက်ဖြင့် ဆေဘာဓားကို လွှဲရန်၊ ကြိုးစား လိုက်သည်။ သို့သော် တစ်ပိုင်း ဝိညာဉ်ရေး ဓားက၊ သူ့ အပေါ် အုပ်မိုး ထား သည်ကို၊ ခံစားမိ သဖြင့်၊ ရှုံးနိမ့် ကြောင်း ဝန်ခံ လိုက်ရသည်။

ကျန်းဝူကျိ မှာမူ၊ လင်းယွန်ကြောင့်၊ စိတ်ဓာတ် ကျနေ သဖြင့်၊ ယုဟိုရှင်းထံ ချက်ချင်း လက်နက်ချ ခဲ့သည်။

ထို့ကြောင့် ခွေးဆိုး လင်းယွန်နှင့်၊ ချန်ပီယံ ဟောင်း ဖြစ်သော ယုဟိုရှင်း တို့၏ တိုက်ပွဲမှာ၊ လျင်မြန်စွာ ရောက်ရှိ လာတော့သည်။

***

All Chapters