← Chapters

ပုရွက်ဆိတ်က ဘယ်သူလဲ။

Vol. 60 Ch. 835

ပုရွက်ဆိတ်က ဘယ်သူလဲ။

Vol. 60 Ch. 835

အရုဏ်ဦး အလင်းရောင်မှာ၊ တိမ်နဂါး မြို့တော် အတွင်း၌၊ ပျံ့ကျဲ နေသော အမှောင် ထုကို၊ အပြီးသတ် မောင်းထုတ် ပစ်လေသည်။

မကြာခင် နောက်ဆုံး တိုက်ပွဲ စတင် တော့မည် ဖြစ်၏။

“ နောက်ဆုံးတော့ ... မိုးသောက် လာပြီ၊ ဒါက ဘုရင် အသစ် မွေးဖွား တော့မယ် ဆိုတဲ့ နိမိတ်လား၊ ... ”

“ ... ဒါမှ မဟုတ် ဘုရင် အဟောင်းရဲ့ တစ်ကြော့ပြန် နန်းတက် ခြင်းရဲ့ နိမိတ်လား ဆိုတာ၊ မသဲကွဲ တော့ဘူး။ ”

နန်းဂွန်း ဝမ်းယူက မျက်လုံးများ မှေးစင်း သွားပြီး တီးတိုး ရေရွတ် မိသည်။ ကျန်သူများ သည်လည်း၊ ခံစား ချက်များ ပြည့်နှက် နေသော မျက်ဝန်း များဖြင့်၊ နေမင်း ကြီးကို မော့ကြည့် လာကြ၏။

နန်းဂွန် ဝမ်းယူ ပြော သကဲ့ သို့ပင်။ တိုက်ဆိုင်မှု သည်လော၊ သို့မဟုတ် ကံကြမ္မာ နိမိတ် သည်လော။ သူတို့လည်း မခွဲခြားနိုင် တော့ချေ။

လင်းယွန်၏ စွမ်းဆောင်ရည်မှာ အံ့အားသင့် စရာ ကောင်းလောက်အောင် ရှုံးပွဲ မရှိ သေးချေ။ ခွေးဆိုးများ အနက် ဘီလူး တစ်ကောင် ဖြစ်လာ ပေသည်။

နာမည်ကြီး ပါရမီရှင် အချို့နှင့်၊ ဘုရင် တစ်ပါး ဖြစ်သော ရန်လောင်ဇီကို သတ်ကာ၊ သူ့ အမည်အား တည်ဆောက် ယူခဲ့သည်။

ဓားသမား တစ်ယောက် အနေဖြင့်၊ လက်တွေ့ ကျသော စိတ်နေ စိတ်ထားမျိုး ရှိချေ၏။

စွမ်းဆောင် ရည်မှာ ကြိမ်ဖန် များစွာ တုန်လှုပ်စေ သဖြင့်၊ ဓား သမားများ အပေါ်၊ လူတိုင်းက နားလည်မှု အသစ်၊ အသစ်များ၊ ဖြစ်ပေါ် လာ ကြသည်။

များပြား လှသော ဝှက်ဖဲ များနှင့် ကြောက်မက်ဖွယ် ကောင်းသော ဓားရေးက၊ ကျန်းဝူကျိ ကဲ့သို့သော လူ တစ်ယောက် ကိုပင် အနိုင်ယူ နိုင်ခဲ့၏။

ယုဟိုရှင်း အတွက်မူ၊ ခွန်အား အပြည့် အဝ ထုတ်ဖော် ရသည် အထိ၊ ဖိအား ပေးနိုင်သော ပြိုင်ဘက်မျိုး မရှိခဲ့ သေးချေ။

ထို့ကြောင့် တောင်ပိုင်း ရှေးဟောင်း နယ်မြေ၏၊ ကောင်းကင်ကို စိန်ခေါ် နိုင်သော လူငယ် ပါရမီရှင် တစ်ပါး အဖြစ်၊ တင်စား ကြခြင်း ဖြစ်သည်။

ရန်လောင်ဇီ မဆိုနှင့်၊ ကျန်းဝူကျိ သည်ပင် ဘုရင် တစ်ပါး ဖြစ်သော်လည်း၊ သူအား မယှဉ် နိုင်ချေ။

သူ့တည်ရှိမှုသည် လူများစွာကို လွှမ်းမိုး နိုင်ခဲ့ပြီး၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့ ကပင်၊ အပြစ်ကို လျစ်လျူရှု ပေးရသည် အထိ၊ ဂုဏ်သရေ မြင့်မား ချေိသည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦး၏ တိုက်ပွဲမှာ၊ လူအများ၏ အာရုံကို အပြည့် အဝ စွဲဆောင်နိုင် ပေသည်။

“ ဝှစ် ... ။ ”

စင်မြင့် ပေါ်၌၊ ငွေရောင် အလင်း တစ်ချက် လက်သွားပြီး၊ လင်းယွန် ထွက်ပေါ် လာသည်။

“ သတ္တိ ကတော့ လေးစား စရာပဲ။ ”

ထိုင်ခုံမှ ပျင်းရိ ပျင်းတွဲ၊ ထရပ် လာသော ယုဟိုရှင်းက၊ အထင်သေး စွာဖြင့် နှာခေါင်း ရှုံ့ လိုက်သည်။

ထို့နောက် တစ်ချက် လှုပ်ရုံ လှုပ်လိုက်ပြီး၊ ပြိုင်ပွဲ စင်မြင့် တစ်ခု လုံးကို ခရမ်းရောင် အလင်းများ ဖုံးအုပ်လျက်၊ ဆင်းသက် လာ၏။

“ မင်းက သန်မာ တာတော့ အမှန်ပဲ၊ နောက်ဆုံး ပွဲစဉ်မှာ မင်းနဲ့ ရင်ဆိုင်ရ လိမ့်မယ် လို့၊ ငါ မထင်ထား မိဘူး၊ ... ”

“ ... ကျန်းဝူကျိကို အနိုင်ယူ နိုင်ခဲ့ရင် တောင်မှ၊ ငါ့ကို ခြိမ်းခြောက်လို့ မရသေး ပါဘူး၊ အခုချိန် ထိတော့ မင်းက ပုရွက်ဆိတ်လေး တစ်ကောင် ဖြစ်နေတုန်း ပါပဲ။ ”

ယုဟိုရှင်းက လက်နှစ်ဖက်ကို နောက်ပစ် လိုက်ပြီး၊ ကြီးစိုး လွန်းသော အမူ အရာဖြင့်၊ ရှုံ့ချ လာသည်။

“ ဘယ်လောက်တောင် သန့်စင် လိုက်တဲ့ ရောင်ဝါလဲ။ ”

“ လင်းယွန်နဲ့ ချင်ရို့ယူရဲ့ ကြားက ရန်ငြိုးကြောင့်၊ ယုဟိုရှင်းက လင်းယွန်ကို သတ်ပစ်ချင် နေပုံ ရတယ်။ ”

လူတိုင်း တိတ်ဆိတ် သွားသည်။ ဤအခိုက်တွင်၊ ယုဟိုရှင်းမှာ မပြိုလဲ နိုင်သော တောင်ကြီး တစ်လုံး နှင့်တူပြီး၊ လင်းယွန်က ထက်ရှသော ဓား တစ်လက် ကဲ့သို့၊ ရပ်နေ ခဲ့၏။

သို့သော် လင်းယွန် မျက်ဝန်းများ ထဲတွင်၊ မထီ မဲ့မြင် နိုင်သော ခံစားချက်များ ပြည့်နှက် နေခဲ့ ပေသည်။

( ငါက ... ပုရွက်ဆိတ် တဲ့လား။ )

“ ဒီလောက်ထိ မင်းကိုယ် မင်း၊ ယုံကြည်မှု ရှိနေ မသင့်ဘူး၊ ဘယ်သူ အနိုင် ရမယ် ဆိုတာ သေချာ မှတော့ ... ၊ ငါ ဒီနေရာမှာ ရပ်နေစရာ လိုပါဦး မလား။ ”

-ဟု ဂရုမစိုက် ဟန်ဖြင့်၊ မျက်ခုံးပင့်ကာ တုန့်ပြန် ပြော လိုက်သည်။

“ အို အိုး ... ၊ သေခြင်း တရားနဲ့ ရင်ဆိုင် နေရတာ ကိုတောင်၊ မင်း နားမလည် သေးဖူးပဲ၊ ပုရွက်ဆိတ်က ပုရွက်ဆိတ် ပါပဲ၊ ... ”

“ ... ဒီတစ်ကြိမ် မင်းအတွက် အခွင့် အရေး မရှိတော့ ပါဘူး၊ ငါ့ရဲ့ နှိပ်စက်ခြင်းကို ခံရ ဖို့သာ မင်း ဒီမှာ ရှိနေ ရတာ ... ။ ”

ယုဟိုရှင်းက နှုတ်ခမ်း ထောင့်စွန်းကို တွန့်ကာ၊ အထက်စီး ဆန်ဆန် ပြန်ကြည့် လိုက်သည်။

စကားဆုံး သည်နှင့် သူ့ ခန္ဓာကိုယ် အနည်းငယ် တုန်သွားပြီး၊ မူလ စွမ်းအင်များ လှိုင်းထ လာသည်။ ထို့နောက် တောက်ပသော ကြယ်တစ်ပွင့် ကဲ့သို့၊ ခန္ဓာကိုယ်မှ ခရမ်းရောင် အလင်းများ ဖြာထွက်လာ၏။

ဆံပင်များ ‘ဟုတ်ခနဲ’ ပျံတက် လာပြီး၊ ကောင်းကင်နှင့် မြေကြီးကို အုပ်စိုး လိုသော၊ နတ်ဒေဝါ တစ်ပါး အသွင်၊ ကြီးစိုးခြင်း ရောင်ဝါများ ဖြာထွက် သွားသည်။

“ အငွေ့ အသက်က ကြောက်စရာ ကောင်းလိုက်တာ၊ ဒါမှ တကယ့် ဘုရင် တစ်ပါး ရဲ့၊ အရှိန် အဝါ မျိုးပဲ ... ။ ”

“ ဒါ ... ကောင်းကင်ဘုံ ကမ္ဘာ ကြီးအား အုပ်စိုးခြင်း ပညာရပ် ထဲက၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်ပဲ။ ”

လွှမ်းမိုးနိုင် လွန်းသော ရောင်ဝါကြောင့်၊ ပရိသတ် ကြားတွင် ရုတ်ရုတ် သဲသဲ ဖြစ်ပွားလာ ခဲ့သည်။

ဓား ဂိုဏ်းနှင့် သက်ဆိုင်သည့်၊ ကာလ ကြာရှည် ပျောက်ဆုံး ခဲ့နေသော ထိပ်တန်း ပညာရပ် ဖြစ်ကြောင်း၊ သိရှိ လိုက်ကြ၏။

ယင်းသည် တောင်ပိုင်း ရှေးဟောင်း နယ်မြေကို အုပ်စိုးရန်၊ ဓားဂိုဏ်းမှ အသုံးပြု ခဲ့သော နည်းစနစ်များ ထဲမှ၊ တစ်ရပ် ဖြစ်ပေသည်။

အလင်း အမှောင် လမင်း ကမ္ဘာ၏၊ မရဏ လမင်း ကမ္ဘာနှင့်၊ ခရမ်းရောင် မိုးကြိုး ဂိုဏ်း၏ မိုးကြိုး တိမ်တိုက်၊ ပညာရပ် နှစ်ခု စလုံးသည် ယင်းကို မယှဉ် နိုင်ချေ။

ဓားဂိုဏ်း ပျက်သုဉ်းသွား ခဲ့ပြီ ဖြစ်သော်လည်း၊ ၎င်းပညာရပ်မှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌၊ အထွတ် အထိပ်၌ ရှင်သန် နိုင်ဆဲ ဖြစ်သည်။

ဤစွမ်းအင် ကျင့်ကြံမှု နည်းစနစ်ကို၊ မြင်သော အခါတွင်၊ လူတိုင်းက လင်းယွန် အပေါ် ယုံကြည်မှုများ မရှိ တော့ချေ။

‘ကောင်းကင် ကမ္ဘာ ကြီးအား အုပ်စိုးခြင်း’ ပညာ ရပ်မှာ မပြည့်စုံ သော်လည်း၊ လင်းယွန်ကို ကိုင်တွယ်ရန် လုံလောက်ပြီး ဖြစ်သဖြင့်၊ အလင်း အမှောင် လမင်း ကမ္ဘာ၏၊ တပည့် များက ပြုံးရယ် လာသည်။

“ မင်းမှာ သခင်ဓား ရှိရှိ၊ ဒါမှ မဟုတ် ငါ့မှာ သခင့် လက်သီး ရှိရှိ၊ ဒါတွေက အရေး မကြီးဘူး၊ စစ်မှန်တဲ့ စွမ်းအားကို ကောင်းကင် ကမ္ဘာ ကြီးအား အုပ်စိုးခြင်း ဆိုတဲ့၊ နည်းစနစ် နဲ့သာ ထုတ်ယူ နိုင်တယ် ... ။ ”

ယုဟိုရှင်းက ရှေ့ တစ်လှမ်း တိုးကာ ပြောသည်။ နောက်ဆုံး၌ သူ့ ခွန်အားကို အပြည့် အဝ ထုတ်ဖော် တော့ ပေမည်။

“ ဒါဆို ... မင်း စကားကို ရပ်ပြီး၊ ငါ့ကို သက်သေပြ ပါ ... ။ ”

ပန်းသင်္ချိုင်း ဓားမှာ၊ ဓားသေတ္တာ အတွင်း၌ ပေါက်ကွဲ နေပေ၏။ တစ်ဖက် လူသည် ဘုရင် တပါး ဖြစ် သကဲ့သို့၊ သူ သည်လည်း သာမန် ညောင်ည တစ်ဦး မဟုတ် တော့ပေ။

ရှင်ဘုရင် ဖြစ်လိုသော်၊ ရှင် ဘုရင်ကို သတ်ရ ပေမည်။ ဦးညွှတ် ခြင်းဖြင့် သရဖူအား ရနိုင်မည် မဟုတ်ကြောင်း၊ သူ နားလည်၏။

“ ကောင်းကင်နဲ့ မြေကြီး တစ်သားတည်း။ ”

ကြမ်းပြင် ပေါ်တွင်၊ အက်ကွဲ ကြောင်းများ ပြန့်ကျဲ လာပြီး၊ ပြိုင်ပွဲ စင်မြင့်ကြီး တစ်ခုလုံး ယိမ်းထိုး သွားသည်။

ကောင်းကင်နှင့် မြေကြီး ပေါင်းစည်းသွား သဖြင့် လင်းယွန် တည်ရှိနေ မှုမှာ၊ ပျောက်ကွယ် သွား သကဲ့သို့၊ ခံစား လာရသည်။

ထို့နောက် သူ့အား အမှုန့်ချေ နိုင်သည့်၊ လက်သီး တစ်လုံး ကောင်းကင်မှ ကျဆင်း လာ၏။

“ ရွှပ် ... ။ ”

သူ့လက်ကို မြှောက်လိုက် သည်နှင့်၊ ဒေါသထွက် နေသော နဂါး တစ်ကောင် ကဲ့သို့၊ ပန်းသင်္ချိုင်း ဓားက ဓားသေတ္တာ ထဲမှ တိုးထွက် လာသည်။

ထို့နောက် တစ်ပိုင်း ဝိညာဉ်ရေး ဓားဖြင့်၊ အားဖြည့်ပေး လိုက်ရာ၊ တောက်ပ လွန်းသော အလင်းများ ဖြာထွက် လာ၏။

ဤတစ်ကြိမ်တွင် ၎င်းမှာ ပို၍ ထက်ရှ လာပြီး၊ အရာရာကို ဖြတ်တောက် နိုင်သည်ဟု ခံစား လာရ စေသည်။

“ သခင့်ဓား- မိုးကြိုး ။ ”

မိုးကြိုး ဆယ့်ရှစ်စင်း ကောင်းကင်၌ စုရုံး သွားပြီး အပြာရောင် နဂါး တစ်ကောင် အဖြစ် ပေါင်းစည်း လာသည်။ ထို့နောက် ယုဟိုရှင်းထံ ပျံသန်း သွား၏။

“ ဝုန်း ... ။ ”

ပြင်းထန် လွန်းသော ပေါက်ကွဲမှုကြောင့်၊ အတား အဆီး ပေါ်တွင် အပေါက်များ ဖြစ်ပေါ် လာသည်။

ရုတ်တရက် လွတ်ထွက် လာသော စွမ်းအင်လှိုင်း အရိပ် အယောင်ကို မြင်လိုက်ရ သဖြင့်၊ လူအုပ်ကြီးက စင်မြင့် အနားမှ ဆုတ်ခွာ လိုက်ပြီး၊ ခုခံ ကာကွယ်ရေး အလွှာကို ထုတ်ဖော် လိုက်ရသည်။

တစ်ချိန်တည်း မှာပင် လင်းယွန်နှင့် ယုဟိုရှင်း တို့က၊ စင်မြင့် တစ်ဖက် တစ်ချက် ဆီသို့၊ ပြိုင်တူ ရွေ့လျားလိုက် ကြသည်။

ကောင်းကင် ကမ္ဘာ ကြီးအား အုပ်စိုးခြင်း နည်းစနစ် စွမ်းအားကြောင့်၊ လင်းယွန် အံ့အား သင့် သွားသည်။

အိုင်းရစ် ဓားသုတ္တန်သာ မရှိ ပါက၊ ယုဟိုရှင်း၏ အဆိုပါ တိုက်ခိုက်မှုကို ဖျက်ဆီး နိုင်မည်ဟု၊ သူ မယုံကြည် မိချေ။

ထို့ကြောင့် ပွဲစဉ် တစ်လျှောက်၊ အကြီးမား ဆုံးသော ဖိအားကို ပထမ အကြိမ် ခံစား လာရ သည်။ တစ်ပိုင်း ဝိညာဉ်ရေး ဓား ပင်လျှင်၊ အသာစီး ရအောင် မစွမ်းနိုင် ခဲ့ပေ။

“ မင်းရဲ့ တစ်ပိုင်း ဝိညာဉ် ရေး ဓား ရည်ရွယ်ချက်က၊ ကန့်သတ်ချက် ရောက်နေပြီ၊ ပြီးတော့ နဂါးဓား ရောင်ဝါ ရှိပြီး၊ သခင့်ဓားက သရုပ်ဖော် အဆင့်မှာ ရှိနေတယ်၊ ..."

ယုဟိုရှင်းက လင်းယွန်ကို ကြည့်ကာ၊ ရေရွတ် လိုက်သည်။ တစ်ပိုင်း ဝိညာဉ်ရေး ဓားရည်ရွယ် ချက်မှာ၊ အမှန်ပင် ကြောက်စရာ ကောင်းပြီး ကျန်းဝူကျိ အဘယ်ကြောင့်၊ ရှုံးခဲ့ရ သည်ကို နားလည် လာသည်။

“ ... ဒါပေမယ့် ပုရွက်ဆိတ် ဆိုတာ ... ၊ ဘယ်လောက်ပဲ အကောင် ကြီးကြီး ပုရွက်ဆိတ် ဖြစ်နေတုန်း ပါပဲ ... ။ ”

ယုဟိုရှင်းက အတွေး များကို မြန်မြန် ဆန်ဆန် ရှင်းထုတ် လိုက်ပြီး၊

“ ငါ ... မင်းရဲ့ ခွန်အားကို စမ်းကြည့်ချင် ပါသေးတယ် ... ၊ ဒါပေမယ့် မင်းနဲ့ ကစားပြီး အချိန် ဖြုန်းဖို့၊ ငါ စိတ်မပါ တော့ဘူး၊ အခုပဲ မင်းကို သတ်ရ လိမ့်မယ်။ ”

“ မင်းကိုယ်မင်း ယုံကြည်မှု အရမ်း လွန်ကဲ နေပါပြီ၊ ဘုရင်ဖြစ် နေရင်တောင် ငါ့လက် ထဲမှာ ရှင်သန်ဖို့ အတွက်၊ ရုန်းကန်ရ လိမ့်မယ်။ ”

“ အိုး ... ဟုတ်လား၊ ဒါဆို ဘယ်သူ ရုန်းကန် ရမလဲ ဆိုတာ ကြည့်ရအောင်။ ”

ယုဟိုရှင်းက ကောင်းကင် ဝိညာဉ် နယ်မြေ၏ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ် လိုက်သည်။

၎င်း ဖိအားမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေရှိ ကျွမ်းကျင် သူတိုင်း၊ တုနှိုင်း မယှဉ် နိုင်သော အရာ မဟုတ် သဖြင့်၊ အကြီးအကဲ များသည်ပင် တုန်လှုပ် ကုန်သည်။

“ ကောင်းကင် ဝိညာဉ် နယ်မြေ ... ။ ”

“ ဒါ ... ဒါက နည်းနည်းတော့ များသွားပြီ၊ သူ့ အသက်က နှစ်ဆယ့် ငါးနှစ် ပဲ ရှိသေးတယ် မဟုတ်လား။ ”

“ လင်းယွန်ကို ပုရွက်ဆိတ် တစ်ကောင် အဖြစ်၊ သူ ရှုမြင် နေတာ၊ အံ့သြ စရာ မရှိတော့ ပါဘူး၊ ကောင်းကင် ဝိညာဉ် နယ်မြေ ခွန်အားက အရမ်း ကြောက်ဖို့ ကောင်းတယ်။ ”

ယုဟိုရှင်း အနေဖြင့်၊ ပထမ ဦးစွာ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ တုနှိုင်း မရှိ၊ စွမ်းအင် ကျင့်ကြံမှု နည်းစနစ်ကို ထုတ်ပြ ခဲ့သည်။

ထို့နောက် ကောင်းကင် ဝိညာဉ် နယ်မြေ တစ်ဦး၏၊ စစ်မှန်သော ခွန်အား ဖြစ်သည်။ ဤဝှက်ဖဲ နှစ်ချပ်ကြောင့်၊ လူငယ် မျိုးဆက်တွင် သာမက၊ စီနီယာများ ပေါ်ပင် မောက်မာရန် ထိုက်တန် နေပေသည်။

ယုဟိုရှင်းနှင့် ယှဉ်ပါက တက်ရောက် လာသည့် ပြိုင်ပွဲဝင် တိုင်းမှာ၊ ကလေး ငယ်များ အဆင့် ၌သာ ဖြစ်နေ ပေသည်။

မြင့်မြတ်သော မဟာမိတ် အဖွဲ့ရှိ၊ ဒိုင် အဖိုးအိုများ မျက်နှာမှာ ပြောင်းလဲ သွားသည်။ ဒိုင်အဖွဲ့ ခေါင်းဆောင် အပေါ် မာနကြီးစွာ ပြုမူဝံ့ နေသည်မှာ၊ အံ့သြ စရာ မဟုတ် တော့ပေ။

သူ့ခွန်အား အရ၊ ဆန္ဒ ရှိသည့် အတိုင်း၊ လုပ်ဆောင်ရန် အရည် အချင်း ပြည့်မီ ပေသည်။

ထို့ကြောင့် လင်းယွန်အား သူနှင့် တန်းညီကြောင်း ပြောဆို ခဲ့သည့် ဒိုင်ချုပ် အဖိုးအိုးမှာ မျက်ခုံး လှုပ်လာ တော့သည်။

“ အခု ငါ့မျက်လုံး ထဲမှာ၊ မင်းက ပုရွက်ဆိတ် ဘာလို့ ဖြစ်နေ ရ တာလဲ ဆိုတာ မင်း သိပြီလား၊ မင်း အတွက် အရှုံးပေး ဖို့တောင် အခွင့် အရေး ရှိလာ တော့မှာ မဟုတ်ဘူး။ ”

အဆုံး မရှိသော တောင်ကြီး ကဲ့သို့ မြင့်တက်လာ နေသည့် ယုဟိုရှင်း အရှိန် အဝါထံ တစ်ချက် ကြည့်ပြီး

“ မင်း အတွေး လွန်နေ ပြီလို့၊ ငါ ပြောတယ် မဟုတ်လား၊ လာ ... ပုရွက်ဆိတ်က ဘယ်သူလဲ ဆိုတာ၊ ဆုံးဖြတ် လိုက်ရအောင်။ ”

သူ့ စကားဆုံး သည်နှင့်၊ မိုးကုပ် စက်ဝိုင်း ကြီးကို ဖြတ်၍ ဓား မြည်သံများ ပဲ့တင် ထပ်လာ သည်။

ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တုန်ခါ သွားပြီး၊ မည်သူမျှ မမြင် ဖူးသော ဓား တစ်လက် ကောင်းကင်ပေါ်၊ ထိုးတက်လာ လေပြီ။

***

All Chapters