← Chapters

ထိတ်လန့် စေခြင်း။

Vol. 60 Ch. 836

ထိတ်လန့် စေခြင်း။

Vol. 60 Ch. 836

လင်းယွန်၏ ဝိညာဉ်ရေး ဓားမှာ၊ တောက်ပသော အသွင်ဖြင့်၊ ကောင်းကင်တွင် စိုးစံ နေသည်။

ယင်းကို ကြည့်ပြီး လူတိုင်း ထိတ်လန့် သွားကာ၊ ပြင်းထန်သော အသက်ရှူ သံများ ထွက်ပေါ် လာသည်။

ဤပရဝဏ် အတွင်းရှိ၊ လူကြီး လူငယ် မရွေး၊ ဝေဟင် သားရဲများ သာမက၊ မြေပြင် သားရဲ များပါ မကျန်၊ စိတ်လှုပ်ရှား ကုန်ကြသည်။

မမြင် ရသော ဓား တစ်လက်က၊ သူတို့ ဦးခေါင်း ထက်၌ အုပ်မိုးနေ သကဲ့သို့၊ တင်းကြပ် တုန်ယင် လာသည်။

မျက်ခုံးလှုပ် နေခဲ့သော ဒိုင် အဖိုးအိုမှာ၊ ပြုံးရယ် လာတော့သည်။ ယုဟိုရှင်းမှ အနိုင်ရ လျှင်ပင်၊ ဂရုစိုက်စရာ မရှိချေ။ သူ့ အမြင် မှန်နေ ပေသည်။

မှင်တက် နေရာမှ လူတိုင်း ပြန်လည် သက်သာလာ ပြီးနောက်၊ အသံကုန် ခြစ်လျက် အော်ဟစ်လာ ကြ၏။

“ အိုး ဘုရားရေ ... ဒါက အမှန် ပဲလား၊ ငါ့တစ်သက် ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ကို မြင်ခွင့် ရခဲ့ပြီ။ ”

“ တစ်ပိုင်း ဝိညာဉ်ရေး ဓား ရည်ရွယ် ချက်လား၊ ဒါက သူငယ် နှပ်စား အဆင့် လေးပါ၊ ဝိညာဉ်ရေး ဓား ကသာ၊ တကယ့် ရည်ရွယ်ချက် ပဲ ။ ”

၎င်းတို့မှာ အတော် နီးစပ် သည်ဟု ထင်ရ သော်လည်း၊ ကွာခြားချက်မှာ နေ့နှင့် ည ဖြစ်ပေ သည်။

တစ်ပိုင်း ကောင်းကင် ဝိညာဉ်နှင့်၊ ကောင်းကင် ဝိညာဉ် တို့ကြား၊ ကွာဟချက် ထက်ပင်၊ ကြီးမား သည်။

“ ယုဟိုရှင်းလို လူမျိုး၊ ပယင်း ကမ္ဘာကြီးမှာ ရှာလို့ တွေ့နိုင်တယ်၊ ဒါပေမယ့် ဝိညာဉ်ရေး ဓား ကတော့ ... နှစ်ယောက် သုံးယောက်ထက် ပိုပြီး မတွေ့ နိုင်ဘူး၊ ... ”

“ ... ဒါတောင် အသက် အရွယ်ကို မကန့်သတ် ထားမှပါ၊ ဒီလောက်ဆို မင်းတို့ နားလည်မယ် ထင်တယ်။ ”

ဆိုလို သည်မှာ ထိုနှစ်ဦး သုံးဦး သည်ပင်၊ အမည်ခံ အင်ပါရီယန်များ ဖြစ်ပေ၏။ ထို့ကြောင့် ယုဟိုရှင်းနှင့် လင်းယွန်၏ အရည် အချင်းကို နှိုင်းယှဉ်၍ မရချေ။

“ ဒါက မယုံနိုင် စရာ ပါပဲ၊ ဒီလင်းယွန်က မဟာချင် အင်ပါယာက လာတာရော သေချာ ရဲ့လား၊ ... ”

“ ... ယုဟိုရှင်းကို မျက်လုံးထဲ ထည့် မထားခဲ့တာ အံ့သြစရာ မရှိ ပါဘူး၊ သူ့မှာ အမှန် တကယ် အရည် အချင်း ရှိပါ ပေတယ်။ ”

ဝိညာဉ်ရေး ဓားကြောင့်၊ ဖြစ်ပေါ် လာသော တုန်လှုပ်ဖွယ် လှိုင်းမှာ၊ အချိန် အတော် ကြာသည် အထိ၊ အတော မသတ် နိုင်သေးချေ။

“ သူ့ရဲ့ ... ၊ ဓားတာအိုက တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ။ ”

နန်းဂွန်း ဝမ်းယူက တုန်လှုပ် နေသော နှင်းခဲဓား ရည်ရွယ်ချက်ကို ကူကယ်ရာ မဲ့စွာဖြင့်၊ ပြန်ကြည့် လိုက်သည်။

မူဟန် သည်လည်း ချွင်းချက် မရှိချေ။ လင်းယွန်မှ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင်နိုင် လိမ့်မည်ဟု မယုံကြည် နိုင်သည်မှာ၊ သဘာဝ ပေပင်။

ဝိညာဉ်ရေး ဓား ဖြင့်သာ၊ တိုက်ခိုက် ခံရ ပါက၊ သူ၏ တစ်ပိုင်း ဝိညာဉ်ရေး ဓားမှာ သုံးကြိမ် အတွင်း၊ ပြိုကျ သွား နိုင်မည်။

မြောက်ပိုင်း နှင်းစံအိမ် ကဲ့သို့သော၊ ပထမ တန်းစား အုပ်စိုးရှင် တစ်ပါး၏ အုတ်မြစ် ဖြင့်ပင် ခက်ခဲ နေဆဲ ဖြစ်သော အရာကို၊ မဟာချင် အင်ပါယာမှ လာသော ဓားသမား တစ်ဦး အနေဖြင့်၊ ပြီးမြောက် နိုင်စရာ အကြောင်း မရှိချေ။

“ ရလဒ်က မသေချာ သေးပါဘူး၊ လင်းယွန်မှာ ဓား တစ်လက်ရှိ သလို၊ ယုဟိုရှင်း မှာလည်း၊ ခိုင်မာတဲ့ ခွန်အား ရှိတယ်၊ ...”

“ သူတို့ နှစ်ဦးရဲ့ ကျင့်ကြံမှု ကွာခြား ချက်ကြောင့်၊ ဝိညာဉ်ရေး ဓား ဘယ်လောက် အစွမ်း ထက်လဲ ဆိုတဲ့ အပေါ်မှာ၊ မူတည် ပါလိမ့်မယ်၊ ဒီတိုက်ပွဲက အခုမှ တကယ်ကို စိတ်ဝင်စား စရာ ကောင်းလာပြီ။ ”

လင်းယွန် ဓားကိုမြင် ပြီးနောက်၊ မဟာမိတ် အဖွဲ့ရှိ အဖိုးအို များမှာ၊ သူတို့၏ ယူဆချက် များအား၊ စတင် ဆွေးနွေးလာ ကြသည်။

ဝိညာဉ်ရေး ဓားဖြင့်၊ လင်းယွန်မှာ ဖိအား နည်းလာ၏။ သည်မတိုင်ခင် အချိန် အထိ၊ သူ့ ခွန်အားကို၊ အပြည့် အဝ မထုတ်ဖော် ခဲ့ရ သေးပေ။

ခွန်အားကို တစ်ချိန်လုံး ချိုးနှိမ်ထားရ သဖြင့်၊ နှလုံးသား သည်ပင် လေးကန် လာလေ သည်။

ထို့ကြောင့် ခွန်အားရှိ သမျှ ထုတ်ဖော် တိုက်ခိုက် ရတော့မည် ဖြစ်သည့် အတွက်၊ စိတ်လှုပ်ရှား လာမိ တော့သည်။

ဝိညာဉ်ရေး ဓားကို၊ လေထု အတွင်း၊ ဖြန့်ကြက် လိုက်သည်နှင့်၊ ယုဟိုရှင်း၏ အရှိန် အဝါတွင်၊ အပေါက်များ ဖြစ်ပေါ် လာသည်။

“ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် ... ။ ”

ယုဟိုရှင်း တစ်ယောက် အံ့သြ သွားပြီး၊ မျက်နှာ တစ်ပြင်လုံး မည်းမှောင် လာသည်။ သူ့ တွက်ချက် မှုမှာ၊ မှားယွင်း နေခဲ့၏။

“ ဒါဆို ... မင်းရဲ့ ဓားက ဝိညာဉ် အဆင့် ဆိုရင်ကော... ဘာဖြစ်လဲ၊ ကောင်းကင် ဝိညာဉ် နယ်မြေ အဆင့်က၊ သခင့် လက်သီး ဘယ်လောက် အစွမ်း ထက်တယ် ဆိုတာ မင်း မသိ သေးပါဘူး။ ”

“ ကောင်းပြီ ... ၊ အဲ့ဒီမှာ ရပ်မနေနဲ့ ငါ့ကို သက်သေ ပြပါ ။ ”

ယုဟိုရှင်းနှင့် စကား ပြောချင် စိတ် မရှိတော့ သဖြင့်၊ လင်းယွန်က တိုက်ခိုက်ရန် ပြင်ယူ လိုက် သည်။

“ ကောင်းကင် ကမ္ဘာကြီးကို အုပ်စိုးခြင်း —မြေကမ္ဘာ စိုးမိုးမှု။ ”

ယုဟိုရှင်းက သခင့် လက်သီး၏၊ ဒုတိယ ပုံစံကို ထုတ်ဖော် လိုက်သည်။ သူ့ လက်သီးမှာ လေဟာနယ် ကိုပင်၊ ပုံပျက် သွားစေ၏။

လေဟုန်ခွင်း လာသော လက်သီးကို ကြည့်ကာ၊ လင်းယွန်က ဆုံးဖြတ်ချက် တစ်ခု ချမှတ် လိုက်သည်။

“ ပန်းတွေ ဘယ်မှာ ပွင့်လဲ ... ။ ”

ထို့နောက် သူ့ ဓားအား ညင်သာစွာ လွှဲလိုက်သည်။ ဓား ဖျား၌ နှင်းဆီ တစ်ပွင့် ထွက်ပေါ် လာ၏။

နှင်းဆီ ပန်းက တောက်ပသော အလင်းများ ထုတ်လွှတ်ကာ၊ ယုဟိုရှင်း၏ လက်သီးထံ တိုးဝင် သွားသည်။

“ ဝုန်း ... ။ ”

ပြင်းထန်သော ပေါက်ကွဲမှုကြောင့်၊ သိုင်းစင်မြင့် ပေါ်တွင် အပျက် အစီး များဖြင့် ချက်ချင်း ပြည့်နှက် လာ၏။ လင်းယွန်က ခြေဖျားကို ပုတ်ကာ၊ ထိုပေါက်ကွဲမှုနှင့် ဝေးရာသို့၊ ဆုတ်ခွာ လိုက်သည်။

“ ဘယ်လိုတောင် အစွမ်းထက် လိုက်တဲ့ မူလ စွမ်းအင် များလဲ ... ။ ”

ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ ပြီးနောက်၊ ယုဟိုရှင်၏ မူလ စွမ်းအင်မှာ အသွင် ပြောင်းသွား သဖြင့်၊ လင်းယွန်က မျက်မှောင် ကြုတ် လိုက်မိသည်။

ယင်းမှာ ပထမ ကောင်းကင် ဝိညာဉ် နယ်မြေ ၌ပင် မရှိသေး သော်လည်း၊ တိုက်ပွဲ အပေါ် အားသာချက် ပေးစွမ်း နေပေသည်။

သခင့် လက်သီးမှာ အဆင့်တန်း မြင့်မားသော နည်းစနစ် တစ်ရပ် ဖြစ်သဖြင့်၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၏ ခွန်အား နှင့်ပင်၊ အသုံး ပြုရန် ခက်ခဲ လေသည်။

သို့သော် ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ ပြီးနောက်၊ ကောင်းကင် ကမ္ဘာ ကြီးအား အုပ်စိုး ခြင်းနှင့် တွဲဖက်ကာ၊ စွမ်းအား အပြည့်ကို ထုတ်လွှတ် နိုင်ပေသည်။

ဤအခိုက် အတန့်တွင်၊ ဆည်းဆာ အလင်းဓားအား ရွေးချယ် မိခဲ့သည့် အတွက်၊ ဝမ်းသာ သွားသည်။

သခင့်ဓား ကိုသာ ဆက်လက် အသုံးပြု မိပါက၊ ညံ့ဖျင်းသော အနေ အထားသို့ ရောက်ရှိ နေမည်မှာ သေချာသည်။

ဆည်းဆာ အလင်း ဓားသည်၊ သခင့်ဓား ထက် များစွာ ပိုအားကောင်း ပေ၏။ သို့သော် ငြားလည်း မီတာ တစ်ရာ ကျော်ထိ၊ ဆုတ်ခွာ ပေးလိုက် ရဆဲ ဖြစ်သည်။

“ စိတ်ဝင် စားစရာပဲ ... ။ ”

ယုဟိုရှင်းက စူးရှသော အကြည့်ဖြင့် ပြုံးကာ ဆိုလိုက်သည်။

“ တကယ်ပဲ မင်းမှာ၊ စိတ်ဝင်စား စရာ၊ ဓားရေးတွေ ရှိနေသေး တာကိုး ... ၊ ဒါပေမယ့် ကိစ္စ မရှိ ပါဘူး၊ စစ်မှန်သော ခွန်အား တွေရဲ့ ရှေ့မှာ၊ အရာ အားလုံးက အချည်းနှီး ပါ။ ”

ခရမ်းရောင် အခိုး အငွေ့များ သိုင်းခြုံလျက်၊ လင်းယွန် ရှေ့ ထွက်ပေါ် လာပြီး လက်သီးနှင့် ထိုးချ လိုက်သည်။

“ ဝှစ် ... ။ ”

“ ငါ ဘယ်က လာတာလဲ။ ”

ယုဟိုရှင်း မြန် သကဲ့သို့၊ လင်းယွန် သည်လည်း မနှေးချေ။ ပြိုင်ဘက်က ရုတ်ချည်း ရောက်ရှိလာ ချိန်၌ လင်းယွန်မှာ ပျောက်ကွယ် သွားပြီ ဖြစ်သည်။

ဝိညာဉ်ရေး ဓား သာမက၊ နဂါးဓား အရှိန် အဝါ၏ ခြေရာ လက်ရာ များပင် မရှိ တော့ချေ။ သူ့ နေရာ၌ ကျန်နေ ခဲ့သည့် အရာမှာ၊ မုန်တိုင်း အဖြစ်သို့ ပြောင်းလဲ သွားသော၊ နှင်းဆီ ပွင့်ချပ် များသာ ဖြစ်ပေ၏။

နှင်းဆီပွင့် များမှ တိမ်တိုက်များ ထိတိုင်၊ ထိုးဖောက် ဝင်ရောက် သွားသော ဓားအလင်း များစွာ ထွက်ပေါ် လာသည်။

ဓားအလင်း ထဲရှိ၊ ဝိညာဉ်ရေး ဓားက၊ ကောင်းကင်၌ ကြယ်စုံ လင်းလက် နေသော နဂါးငွေ့တန်း ကြီးကို ဖန်တီး လိုက်သည်။

“ အဆုံးမဲ့ တောင်တန်း ကြီးနှင့် ရေကန်၊ ကြွေကျ နေသော သစ်ရွက်များ နှင့် လေပြေ။ ”

ထို့နောက်တွင် ယုဟိုရှင်း၏ ခရမ်းရောင် မြူများနှင့်၊ နှင်းဆီ ပန်းများ တိုက်မိ သွားပြီး၊ ယုဟိုရှင်း တစ်ယောက် လွင့်ပျံ လာသည်။

စင်မြင့် ပေါ်သို့ မဆင်းသက် နိုင်မီ၊ နောက်ထပ် ဓား တစ်လက် သူ့ အပေါ်၊ ထပ်မံ ကျရောက် လာသည်။

“ ဟိတ် ... ။ ”

ထို့ကြောင့် လက်သီး အနည်းငယ်ကို ထုတ်ဖော်ကာ၊ ဟန့်တား လိုက် သော်လည်း၊ နောက်ပြန် ဆုတ်ရန် တွန်းအား ပေး နေဆဲ ဖြစ်သည်။

“ ဝှစ် ... ။ ”

ဤသည်မှာ နှင်းဆီပန်းမှ ထွက်လာသော ဓားအလင်း များတွင် ဟာကွက် မရှိ အောင်ပင်၊ ပြည့်စုံနေ သောကြောင့် ဖြစ်သည်။

“ အိပ်မက်လို ပန်းတွေက လွင့်မျောပြီး၊ ဝမ်းနည်းခြင်း တွေက မိုးနဲ့ အတူ ရွာချတယ်။ ”

“ ဤလောကကို မည်သူမျှ မပိုင်ချေ၊ သခင့်အား နှင်းပန်းဖြူ တစ်ပွင့်ကို ငါပေးမယ်။ ”

ဓားရောင်ဝါမှာ ကြွေကျ လာသော ပန်းပွင့်ချပ် များနှင့် အတူ၊ တစ်ဖန် ပြောင်းလဲ သွားသည်။

ပန်း မုန်တိုင်းမှ ဓားမိုးများ ရွာချ လာ၏။ ထိုဓားမိုး များကို ကြယ်စုံ ကောင်းကင် ကြီးက ငွေရောင် အလင်းမှုန် များဖြင့်၊ အားဖြည့်ပေး လေသည်။

“ ဝှစ် ... ။ ”

သိပ်သည်းသော မူလ စွမ်းအင်၊ အကာ အကွယ် နှင့်ပင်၊ ယုဟိုရှင်း တစ်ယောက် အလွတ်ရုန်း မထွက်နိုင် ခဲ့ပေ။

သည်ဓားရေးကို တစ်ကြိမ် မျှပင် မမြင်ဖူး သောကြောင့်၊ လူအုပ် ကြီးမှာ ထိတ်လန့် သွား ခဲ့သည်။ ဤသည်မှာ အိမ်မက် ကမ္ဘာကြီး တစ်ခု အလား၊ ဓားချက် များကို ဖမ်းဆုပ်ရ ခက်ခဲ စေ၏။

လင်းယွန်အား ရှာတွေ့ရန် မဆိုနှင့်၊ ဓားများ မည်သည့် အရပ်မှ ထွက်ပေါ် လာမည် ကိုပင်၊ မတွက်ဆ နိုင်ချေ။ လေထုကို ဓားဖြင့်၊ ဖွဲ့စည်း ထား သည်ဟု၊ ထင်မြင် လာမိ စေသည်။

“ ဒါက အဆုံး မဟုတ် သေးဘူး၊ သခင့် လက်သီး- အကြင်နာ မဲ့သော ကောင်းကင်နဲ့၊ မြေကမ္ဘာ။ ”

ယုဟိုရှင်း တစ်ယောက် ဒေါသဖြင့်၊ အော်ဟစ် လိုက်မိသည်။ အခွင့် အရေး ရှိနေစဉ်၊ တိုက်စစ်အား မြှင့်တင် ရပေမည်။

“ ဝှီး ... ။ ”

ကျယ်လောင်သော လေခွင့်သံ နှင့်အတူ၊ ခရမ်းရောင် လက်သီး တစ်လုံးက လမ်းကြောင်း ပေါ်ရှိ၊ အရာ အားလုံးကို ထိုးခွဲလျက် ကောင်းကင်ပေါ် ပျံတက် လာသည်။

“ အချိန် ကောင်းပဲ ...။ ”

လင်းယွန်၏ မျက်လုံး များတွင်၊ ဓား တစ်လက် ထွက်ပေါ် လာပြီး၊ တိမ်များ အတွင်း ပုန်းကွယ်လျက် ရေရွတ် လိုက်သည်။

“ ငါက ကောင်းကင်ဘုံက လာတယ်။ ”

“ ငါ့ လက်မှာ ပန်းတွေ ပွင့်တယ်။ ”

ထို့နောက် တိမ်တိုက်များ အတွင်းမှ ဆင်းသက် လာပြီး၊ ယုဟိုရှင်း လက်သီးအား ဓားဖြင့်၊ ထိုးချ လိုက်သည်။

လက်ဖဝါး ထဲရှိ၊ နှင်းဆီ တစ်ပွင့် လေထဲ ပျံတက် လာစဉ်၊ ဝိညာဉ်ရေး ဓားက လျင်မြန် လွန်းသော အဟုန်ဖြင့် ပေါင်းစပ် နေခဲ့သည်။

ဤဓား နှင်းဆီ၏ ဖြစ်စဉ် အောက်တွင်၊ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး တုန်ဟည်း လာသည်။

ယင်းက ယုဟိုရှင်းအား မျက်မှောင်ကြုတ် သွားစေ၏။ သို့သော် တည်ငြိမ် စွာဖြင့်၊ တုန့်ပြန် နိုင်ဆဲ ဖြစ်သည်။

“ အလင်းက ဆည်းဆာ အောက်မှာ၊ အစက် ကလေး တစ်စက် လိုပါပဲ ...။ ”

လင်းယွန်၏ အသံမှာ လေထုနှင့် တစ်သားတည်း ဖြစ်တည် လာပြီး၊ အရပ် ရပ်မှ ပဲ့တင် ထပ် လာသည်။

တစ်ချိန် တည်းတွင်၊ ဓားနှင်းဆီ ဖွဲ့စည်း ခြင်းသည် ကန့်သတ် ချက်သို့ ရောက်ရှိ လာပြီး၊ လက်သီး များနှင့် ထိကာ၊ ချက်ခြင်း ပေါက်ကွဲ သွားသည်။

“ ဝုန်း ... ။ ”

တိုက်ပွဲ ထံမှ လာသော၊ အဖျက် စွမ်းအင် လှိုင်းများမှာ ပရိသတ် အားလုံးကို၊ အသက်ရှူ ကြပ်သွား စေသည်။

ယင်းသည် အသက် နှစ်ဆယ် အရွယ်၊ လူငယ် နှစ်ဦးကြား တိုက်ပွဲ အဖြစ်၊ မယုံချင် စရာ ပေပင်။

***

All Chapters