ပန်းတွေ ပွင့်နေပြီ။
Vol. 60 Ch. 837
ဆည်းဆာ အလင်း ဓား၏၊ နောက်ဆုံး ဓားကို ထုတ်ဖော်စဉ်၊ အရိပ် တစ်ခု ကောင်းကင် အပြည့်၊ ထင်ဟပ် လာသည်။
စက္ကန့်ပိုင်း အတွင်း မှာပင်၊ ယုဟိုရှင်း တစ်ယောက် တိုက်ပွဲ အတွင်းမှ လွင့်စင်လာ ခဲ့၏။
“ ယုဟိုရှင်း ဒဏ်ရာ ရသွားပြီ။ ”
“ မယုံနိုင် စရာပဲ … ၊ လင်းယွန်ရဲ့ ခွန်အားက ခရမ်းရောင် နန်းတော် နယ်မြေကို ကျော်လွန် သွားတာ သေချာတယ်၊ ... ”
“ ... ကောင်းကင် ဝိညာဉ် ကျွမ်းကျင် သူတောင် ဒီဓားကို မမြင် နိုင်မှာ မဟုတ်ဘူး၊ ယုဟိုရှင်လည်း ချွင်းချက် မရှိပဲ။ ”
ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိသော ယုဟိုရှင်း သည်ပင်၊ လင်းယွန်အား အနိုင် ယူရန် အခွင့် အရေး မရှိ တော့ချေ။
အစောပိုင်း အချိန်၌ ရှုံးနိမ့်မှုကို ဝန်မခံ နိုင်မီတွင်၊ လင်းယွန် အသတ်ခံ ရ မည်ဟု၊ သူတို့ ယူဆမိ ကြသည်။
သူတို့ ရင်ထဲ အမြစ်တွယ် နေသော ယုဟိုရှင်း၏ ဂုဏ်သတင်း များကြောင့်၊ တုနှိုင်း မရ ပါရမီရှင် တစ်ဦး အဖြစ်၊ စွဲထင် ထားသည်။
ယင်းက ဝိညာဉ်ရေး ဓား ဖြင့်ပင်၊ အနိုင် ယူရန် မသေချာ သေးဟု၊ သူတို့အား ယူဆမိ စေခြင်း ဖြစ်၏။
သို့သော် ယုဟိုရှင်းတွင် ဒဏ်ရာများ ပြင်းပြင်း ထန်ထန် ရလာ ချိန်၌၊ အတွေး အမြင် ပြောင်းသွားခြင်း ဖြစ်သည်။ လင်းယွန် နှုတ်ခမ်း မှလည်း၊ သွေးစများ စီးကျ နေ၏။
မရဏ သုတ္တန်ကို၊ မြင့်မားစွာ ဆုပ်ကိုင်ထား နိုင်သော ယုဟိုရှင်း သည်ပင်၊ ဆိုးရွား လှသည့် ဒဏ်ရာ သုံးချက် ရရှိ ခဲ့သည်။
ကောင်းကင် ဝိညာဉ် နယ်မြေ၌ ရှိပြီး၊ ပြိုင်ဘက်များ အပေါ် ခွန်အား တစ်ဝက်မျှ၊ ထုတ်ဖော် တိုက်ခိုက် စရာ မလိုသော ပါရမီရှင် တစ်ဦးတွင်၊ မည်သို့ ဒဏ်ရာများ ရရှိသွား သည်ကို စဉ်းစား မရချေ။
သူတို့ နှစ်ဦး၏ တိုက်ခိုက်ပွဲ အဟုန်ကြောင့်၊ စင်မြင့် ပေါ်၌ စွမ်းအင် အတက် အကျ လှိုင်းများ ပျံ့နှံ့ နေသည်။
လှိုင်းလုံးမှာ အလွန် ကြောက်စရာ ကောင်းပြီး၊ သာမန် ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦး ကိုပင်၊ ဒဏ်ရာ ရရှိ နိုင်၏။
“ ဒီတိုက်ပွဲက ကြောက်စရာ ကောင်းလွန်းတယ်၊ မျိုးဆက်သစ် လူငယ် နှစ်ဦး လို့တောင် မထင် ရဘူး။ ”
“ ဒီလို တိုက်ပွဲ မျိုးနဲ့ ... ၊ ယှဉ်နိုင်တဲ့ ပြိုင်ပွဲမျိုး၊ အနာဂါတ်မှာ မရှိနိုင် လောက်ဘူး။ ”
“ သူတို့ နှစ်ယောက် လုံးက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့ ဘုရင်ပဲ၊ သူတို့ သမိုင်းကို သူတို့ ရေးနေ ကြတာပါ။ ”
“ လင်းယွန်ရဲ့ ခွန်အားက ပုံမှန် မဟုတ်ဘူး၊ ကောင်းကင် ဝိညာဉ် နယ်မြေကို ရောက်ရင်၊ သူ ဘယ်လောက် တန်ခိုးထွား လာမယ် ဆိုတာ၊ စိတ်ကူး ကြည့်လို့ မရဘူး။ ”
ဤအခိုက် အတန့်တွင်၊ သက်ကြီး ရွယ်အို များက၊ သူတို့၏ တုန်လှုပ် ခြောက်ခြား မှုအား၊ အမြင် အမျိုး မျိုးဖြင့်၊ ဖော်ပြ လာ ကြသည်။
“ အစ်ကိုကြီး ယွန် … ။ ”
လင်းယွန်၏ နှုတ်ခမ်းမှ သွေးများ စီးကျနေ သည်ကို မြင်သော အခါ၊ ယွဲ့ဝေဝေ တစ်ယောက် တုန်ယင် လာခဲ့သည်။
တိုက်ပွဲ အပေါ် အလွန် စိတ်လှုပ်ရှား နေသဖြင့်၊ သူမ အမူအရာ များကို ထိန်းချုပ် နိုင်ခြင်း မရှိ တော့ချေ။
မဟာချင် အင်ပါယာ အဖွဲ့သား များမှာ၊ လင်းယွန်ထံ လှမ်းကြည့်ကာ၊ ထိတ်လန့်သွား သည်။
ပြိုင်ပွဲ၏ မိနစ် တိုင်းက၊ သူတို့ နှလုံးသား များကို၊ ပေါက်ကွဲ မတက် နှိပ်စက် ညှဉ်းပန်း နေပေ၏။
“ တောက်... ဒီကောင်က ဘာလို့ ဒီလောက်တောင် သန်မာ နေရ တာလဲ ... ။ ”
ချင်ရို့ယူ၏ မျက်ဝန်းများက ဒေါသကြောင့် အဆိပ် ရှိသော မြွေဟောက် တစ်ကောင် ကဲ့သို့ ရဲရဲနီ လာသည်။
သူမ ဘေးရှိ တပည့်ငယ် များနှင့် အကြီးအကဲများ မှာလည်း အံသြ နေပေ၏။ ယုဟိုရှင် ဒဏ်ရာ ရလိမ့် မည်ဟု၊ ယောင်၍ပင် မတွေးမိ ခဲ့ခေျ။
“ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် ... ၊ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် ... ။ ”
ယုဟိုရှင်းက သူ့ ဒဏ်ရာကို တင်းမာ နေသော မျက်နှာဖြင့် ပြန်ကြည့်ကာ၊ အံကြိတ် ရေရွတ် လိုက်သည်။
သူ့ အသားများ ထုံကျင် နေပြီး၊ ဒဏ်ရာ အတွင်းရှိ ဓား ဆန္ဒက ကုစား၍ မရအောင် ဟန့်တား ထားသည်။
မရဏ သုတ္တန် ကဲ့သို့၊ ပြန်လည် ကုသ နိုင်စွမ်း ရှိပြီး၊ အစွမ်း ထက်သော ကျင့်ကြံမှု နည်းစနစ်သည်၊ မျက်စိ တစ်မှိတ် အတွင်း ဒဏ်ရာ များကို၊ ပျောက်ကင်းစေ နိုင်သည်။
သို့သော် ဝိညာဉ်ရေး ဓား အပေါ်၊ သက်ရောက်မှု မရှိချေ။ ကုသရန် အနည်းဆုံး သုံးရက်ခန့် အချိန် ပေးရ ပေမည်။
ဝိညာဉ်ရေး ဓား၏ စွမ်းအားကို လျှော့တွက် ထားမိ နေပုံ ရသည်။ ယင်းမှာ မည်မျှ မဆင် မခြင် နိုင်နေ ကြောင်းကို၊ သဘောပေါက် လာမိသည်။
တိုက်ပွဲ အတွင်း ခွန်အား (၃၀%) ခန့်သာ ထုတ်ဖော်ခဲ့ မိသည့် အတွက်၊ မိုးပြာ နဂါး ခန္ဓာ ကိုယ်က မမှု ခဲ့ပေ။ ယင်းအစား လင်းယွန်၏ ဓား သုံးချက်ပင်၊ ခံခဲ့ ရသည်။
“ မင်းကို ... ၊ အခွင့် အရေး မပေး တော့ဘူး။ ”
ယုဟိုရှင် မျက်နှာမှာ ပို၍ လေးနက် လာသည်။
“ မရဏ ကမ္ဘာမှ မိစ္ဆာ ခြေလှမ်း။ ”
ထို့နောက် ထူးခြားသော ရွေ့လျားမှု နည်းစနစ်ကို အကောင် အထည် ဖော်လိုက် သည်နှင့်၊ လ ရောင်ခြည်များ ပေါက်ကွဲ သွားသည်။
ထို့နောက် တည်နေရာ ပြောင်းရွေ့လိုက် သကဲ့သို့ လင်းယွန် အနား ချက်ချင်း ရောက်ရှိ လာပြီး၊ လက်သီးဖြင့် ထိုးလာသည်။
သူ၏ မူလ စွမ်းအင်မှာ၊ ပြိုင်ဘက်ထက် အနည်းငယ် သိပ်သည်းမှု အားနည်း ပေရာ၊ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု များကို၊ လင်ယွန်မှ ရှောင်တခင် မထုတ်လွှတ် နိုင်ပေ။
“ ဝှစ် ... ။ ”
ထို့ကြောင့် လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို ထုတ်ဖော်ပြီး၊ တစ်ဖက် လူ၏ လက်သီး များအား ရှောင်ရန်၊ စင်မြင့်ပေါ် လှည့်ပတ် ပြေးတော့သည်။
ယုဟိုရှင်း၏ လက်သီး တစ်ချက် စီသည်၊ လူအုပ်ကြီး နှလုံးသားကို ပေါက်ကွဲ လုနီးပါး ခုန်ပေါက် လာစေ၏။
များမကြာခင် ပရိသတ် အချို့၊ သွေး အန်လျက် စွမ်းအင် လှိုင်း များကြောင့်၊ မေ့မျော ကုန်တော့သည်။
သို့သော် အများစုမှာ၊ အသေးစိတ် အချက် အလက် များကိုပင်၊ လက်လွတ် မခံလို သောကြောင့်၊ နောက်မဆုတ် ခဲ့ကြချေ။
ဤတိုက်ပွဲ ထံမှ သူတို့ အတွက် အကျိုး ကျေးဇူးများ ရရှိ နိုင်မည် ဖြစ်သည်။
ပတ်ပြေး နေလျက်ဖြင့်၊ မူလ စွမ်းအင်များ စုဆောင်း လာနိုင် ချိန်တွင်၊ ပြန်လည် တိုက်ခိုက် မှုများ ပြုလုပ်ရန်၊ ပြင်ဆင် လိုက်သည်။
ကင်းဗတ်စ ပေါ်၌၊ စုတ်တံဖြင့် ရေးဆွဲ နေကဲ့သို့၊ ဝိညာဉ်ရေး ဓားအား လေထဲ ရွေ့လျား စေမိသည်။
ယုဟိုရှင်း မျက်နှာမှာ၊ ထူးခြားဟန် မပြ သော်လည်း၊ ယင်းအပေါ် သတိထား နေခဲ့သည်။ ယခင်က ကဲ့သို့ မောက်မာ ရိပ်များ မရှိ တော့ချေ။
သူ၏ တစ်ခု တည်းသော ရည်မှန်း ချက်မှာ၊ လင်းယွန်အား မြန်နိုင် သမျှ မြန်မြန် အနိုင် ယူရန် ဖြစ်သည်။
“ ဆင်း လာ စမ်း ... ။ ”
ပြိုင်ဘက်၏ အားနည်းချက်ကို ရှာမတွေ့ နိုင်သည့် အတွက်၊ ယုဟိုရှင်း တစ်ယောက် ပို၍ ဒေါသ ထွက်လာကာ၊ သတ်ဖြတ် လိုသော ဆန္ဒများ ပေါက်ကွဲ သွားသည်။
“ သခင့် လက်သီး — မျက်ရည် မရှိသော ကမ္ဘာကြီး။ ”
ထိုလက်သီး နှင့်အတူ၊ ခရမ်းရောင် အလင်းများ ပေါက်ကွဲ သွားပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံး မှုန်ဝါး လာ၏။
“ ဝှစ် ... ။ ”
ခရမ်းရောင် လက်သီး သည်သာ၊ လေထု အလယ် ပြတ်ထင်စွာ လေဟုန်ခွင်း လာသည်။ ယင်းက မြေကမ္ဘာပေါ် ဖျက်ဆီးရန် ဆင်းသက် လာသော၊ ဥက္ကာခဲကြီး တစ်လုံး ကဲ့သို့၊ ခံစားမိ စေ၏။
“ မကောင်း တော့ဘူး ... ။ ”
ယုဟိုရှင်း၏ လက်သီးမှာ မျက်စိ တစ်မှိတ် အတွင်း၊ သူ့ရှေ့သို့ ရောက်ရှိလာ သောကြောင့် လင်းယွန် တစ်ယောက် မျက်နှာ ပျက်ယွင်း သွားသည်။
“ ဟိတ် ... ။ ”
ခြေဖျားအား လေထဲ သုံးကြိမ် နင်းတက် လိုက်ပြီး၊ တိမ်ပေါ် တက်လှမ်းခြင်း နည်းစနစ်ကို လျင်မြန်စွာ ထုတ်ဖော် မိသည်။
လေထဲ၌ စွမ်းအင် အတက် အကျ လှိုင်းတစ်ခု ပျံ့ကား သွားပြီး၊ မီတာ (၁၀၀၀) အကွာ၌ ပြန်လည် ထွက်ပေါ် လာ၏။
သို့သော် ဤ အကွာ အဝေး ထိပင်၊ ယုဟိုရှင်း၏ လက်သီး များက၊ သူ့ နောက်သို့ လိုက်ပါ နေဆဲ ဖြစ်သည်။
ထို့ကြောင့် လှည့်ကြည့်ကာ၊ ဓားဖြင့် ပြန်ပက် ထုတ်လိုက် မိ၏။ ဤဓားတွင် မိုးပြာ နဂါး အရှိန် အဝါကို ပေါင်းစပ်ထား လေရာ၊ ဓား အလင်းနှင့် အနားသတ် ထားသော၊ နဂါး တစ်ကောင် ထွက်ပေါ် လာသည်။
လက်သီးနှင့် နဂါး တိုက်မိ ပြီးနောက်၊ လင်းယွန် တစ်ယောက် လွင့်စင်သွား ရပြန်၏။ သည်တစ်ကြိမ်တွင် အစီရင်၏ အက်ကွဲကြောင်း မှနေ၍၊ ပြင်ပ ထိတိုင် ရောက်ရှိ သွားခြင်း ဖြစ် လေသည်။
လင်းယွန် လွတ်မြောက် သွားချိန်၌၊ အစီရင်မှာ သူ့ကိုယ်သူ ပြန်လည် ပြုပြင် လာခဲ့ သည်။
သွေးစွန်းသော ဧည့်ပွဲ သက်တမ်း တစ်လျှောက်၊ အစီရင်မှ လွတ်ထွက် သွားသည် အထိ၊ မည်သူမျှ အထိုး မခံရ ဖူးချေ။ လင်းယွန် သည်သာ ပထမဆုံး သူ ဖြစ်လာ၏။
“ ဘယ်လိုတောင် ဖြစ်ရ တာလဲ။ ”
“ ယုဟိုရှင်း လက်သီးက၊ အတား အဆီးကို ခွဲပြီး၊ လင်းယွန်ကို အပြင်ဘက် အထိ ထိုးထုတ် ပစ်လိုက် တာပဲ။ ”
အဖြစ် အပျက်ကို ကြည့်ပြီး လူတိုင်း အံသြသွား ကြသည်။ လင်းယွန် တစ်ယောက် ရှုံးနိုင် သည်လော။
နဂါးကိုးကောင် ရေကန် ပေါ်တွင်၊ ကိုယ်ရှိန်သပ် နေသော လင်းယွန်ကို ကြည့်ကာ၊ အထက်ပါ အတွေးမျိုး ဝင်လာ ကြသည်။
စင်မြင့် ပေါ်မှ လွင့်စင် ခြင်းဖြင့်၊ အရှုံး ဟူသော ရလာဒ်မျိုး၊ သတ်မှတ် ပေးထားခြင်း မရှိချေ။
သို့သော် ဤသို့ လုပ်နိုင်သော ယုဟိုရှင်း၏ ခွန်အားကြောင့်၊ လင်းယွန် အပေါ် စိုးရိမ်သွား ကြခြင်း ဖြစ်သည်။
တစ်ချိန် တည်းမှာ ပင်စင်မြင့် ပေါ်၌ ရပ်လျက် ကျန်ရစ်နေ ခဲ့သော ယုဟိုရှင်း တွင်လည်း၊ သွေးများ ရဲရဲနီ နေခဲ့သည်။
ပြတ်ရှရာ များမှ သွေးများ အဆက်မပြတ် စီးကျ လာ၏။ သူ့လက်သီးတွင် ခွန်အား အကုန် အစင်၊ လောင်းထည့် လိုက်သောကြောင့်၊ ဒဏ်ရာ များက ပိုဆိုး လာခြင်း ဖြစ်၏။
ဝိညာဉ်ရေးဓား ရည်ရွယ်ချက်မှာ အလွန် ကြောက်စရာ ကောင်းပေသည်။ ဒဏ်ရာ များ၌ ကပ်ပါးပိုး တစ်ကောင်လို စွဲမြဲ နေပြီး၊ ပြန်လည် ကုသ နိုင်စွမ်း အပေါ်၊ တားဆီး ထားသည်။
“ ငါ မင်းကို ပြောတယ် မဟုတ်လား၊ မင်းမှာ အခွင့် အရေး မရှိတော့ ဖူးလို့ ... ။ ”
သို့သော် အမူအရာ ပြောင်းလဲခြင်း မရှိဘဲ၊ စင်မြင့် အောက်ရှိ လင်းယွန်ထံ လှမ်းကြည့်ကာ၊ ဆိုလိုက်သည်။
“ မင်းက ... ၊ တကယ်ကို နားမလည် နိုင်သေး ဖူးပဲ၊ ရေတွင်း ထဲက ဖားသူငယ်တွေ အတွက်၊ ပင်လယ်ကြီး ဘယ်လောက် ကျယ်တယ် ဆိုတာ၊ မသိတာ မဆန်း ပါဘူး။ ”
လင်းယွန်က လှောင်ပြောင် လိုက်ပြီး၊ သူ့ခြေဖဝါး အောက်ရှိ၊ နဂါး ကိုးကောင် ရေကန် မျက်နှာ ပြင်ကို၊ ပွက်ပွက်ဆူ လာစေသော ဓားချက် ကိုးချက်၊ ထုတ်ဖော် လိုက်သည်။
“ ဝှစ် ... ။ ”
ဆည်းဆာ အလင်း ဓား၏၊ မတူ ညီသော ဖြစ်စဉ် ကိုးခု ထွက်ပေါ် လာပြီး၊ တစ်သားတည်း ပေါင်းစည်း သွား၏။
ထို့နောက် စင်မြင့် ပေါ်ရှိ ယုဟိုရှင်းထံ ဦးတည်ကာ၊ ဓားအား ခုတ်ပိုင်းချ လိုက်သည်။ ထိုဓားကြောင့် ပြန်လည် ကောင်းမွန် ကာစ အစီရင်မှာ ပျက်စီး သွားပြီး၊ ပေါက်ကွဲ သံများ ဆက်တိုက် ထွက်ပေါ် လာ၏။
ပေါက်ကွဲမှု လှိုင်း များကြောင့်၊ ဆံပင်များ လွင့်ဝဲ လာကာ၊ နဖူး ပေါ်ရှိ ခရမ်းရောင် အမှတ် အသားက၊ ထင်ရှားစွာ ထွက်ပေါ် လာတော့၏။
***