← Chapters

နဂါး ဧကရာဇ်။

Vol. 60 Ch. 838

နဂါး ဧကရာဇ်။

Vol. 60 Ch. 838

“ ဝုန်း ... ။ ”

ဖြစ်စဉ် ကိုးခု ပေါင်းစပ်သွား ပြီးနောက်၊ အတား အဆီး တစ်ခု လုံးကို ဖျက်ဆီး ပစ်လိုက် သည်။

ယုဟိုရှင်း၏ လက်သီးမှာ၊ လင်းယွန်ကို လွတ်ထွက် သွားစေသည် အထိ၊ ပြင်းထန်လွန်း သော်လည်း၊ တစ်စက္ကန့် အတွင်း ပြန်လည် ပြုပြင် နိုင်ခဲ့ သည်။

လင်းယွန် ဓား မှာမူ၊ အတား အဆီးကို ပြိုကျလာ စေသဖြင့်၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့ရှိ၊ ဒိုင်အဖိုးအို ဆယ်ဦး စလုံး၊ အံသြ တုန်လှုပ် သွားသည်။

ထို့နောက် အဆိုပါ တိုက်ခိုက် မှုသည် ယုဟိုရှင်းထံ ရောက်ရှိ သွားပြီ၊ မူလ စွမ်းအင် အလွှာအား ဖျက်ဆီးလျက်၊ ဆိုးရွားသော ဒဏ်ရာ ကိုးချက်၊ ပေးအပ် လိုက်တော့သည်။

ထိုဖြစ်စဉ် များနှင့် အတူ၊ လိုက်ပါ လာသော ပန်းသင်္ချိုင်း ဓားမှာ ယုဟိုရှင်း နှလုံးသား ထံသို့ တည့်တည့် တိုးဝင် သွားသည်။

“ ဝှစ် ... ။ ”

နှလုံးဖြင့် တစ်လက်မ အလို၌၊ ခရမ်းရောင် လက်သီး တစ်လုံး လမ်းကြောင်းပေါ် တက်လာ သဖြင့်၊ လင်းယွန်က တိုက်ပွဲဝင် ပုံစံအား ပြောင်းလဲ လိုက်ရသည်။

ရှေ့သို့ ဆက်သွား ပါက၊ ထိုလက်သီး ချက်ကြောင့်၊ ဦးခေါင်းခွံ ကွဲကြေ သွားမည် ဖြစ်သည်။ ဤရလဒ် မျိုးမှာ လက်ခံ နိုင်စရာ မရှိချေ။

ထို့ကြောင့် ဓားဖျား မှတဆင့် ဝိညာဉ်ရေး ဓားကို ရင်ဘတ်ထဲ သွန်းလောင်းကာ၊ ယုဟိုရှင်း အား တွန်းထုတ် ပစ်လိုက်သည်။

ဖျက်ခနဲ တောက်ပ သွားသော ဓားဖျားနှင့် အတူ သွေးများ စီးကျ လာပြီး၊ ယုဟိုရှင်း ခမျာ နောက်သို့၊ ဆုတ်ခွာ ပေးလိုက် ရသည်။

ရပ်ခြေ မချ နိုင်မီ လေထဲ၌ အကြိမ်ပေါင်း များစွာ လည်ထွက် သွား၏။ ကြမ်းပြင်ပေါ် ခြေ ပြန်ချနိုင် ချိန်၌၊ ရင်ဘတ်တွင် အပေါက်ကြီး တစ်ပေါက် ရှိနေပြီး၊ ဖြစ်သည်။

မျက်နှာ တစ်ပြင်လုံး လွန်စွာ ဖြူဖျော့ သွားပြီး၊ ဒဏ်ရာကို ပြန်လည် ငုံ့ကြည့် မိသည်။ တစ်ဖက်တွင် လင်းယွန် သည်လည်း အခြေ အနေ မကောင်း ချေ။

အစောပိုင်း လက်သီး ချက်မှ၊ အတွင်း ဒဏ်ရာ အချို့ ရရှိ ခဲ့သည်။ ဤလက်စ မျိုးသည်၊ လူတိုင်း နီးပါးကို သေစေ နိုင်၏။

ကံကောင်း သည်မှာ၊ သူ့ထံ မရောက်မီ၊ ဝိညာဉ်ရေး ဓားမှ၊ ယုဟိုရှင်း ခွန်အား၏ (၅၀%) ကို၊ ဖယ်ထုတ်ပေး ခဲ့သောကြောင့်၊ ဖြစ်သည်။

“ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်၊ အဟွတ် အဟွတ် ဟွတ် ... ။ ”

မနှစ်မြို့ဖွယ် မျက်နှာဖြင့် ယုဟိုရှင်း တစ်ယောက် ချောင်းဆိုး လာသည်။ အခြေ အနေကို ပြောင်းပြန် လှန်ပြီး၊ လင်းယွန်အား အနိုင်ယူ နိုင်ပြီဟု၊ သူ ထင်ခဲ့သည်။

သို့သော် တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေရှိ၊ လင်းယွန်၏ ဓားကို၊ မည်သူ မဆို ဖြေရှင်း နိုင်မည် မဟုတ်ချေ။

ဤခွေးဆိုးနှင့် နှိုင်းယှဉ် ရပါက၊ နန်းဂွန်း ဝမ်းယူတို့ ကဲ့သို့သော၊ အခြားသူ များ၏ ဓားရေး များမှာ၊ သူငယ် နှပ်စား အဆင့် ၌သာ ရှိပေ သည်။

လင်းယွန်က ယုဟိုရှင်းနောက် လိုက်ပါ တိုက်ခိုက်ခြင်း မပြုသဖြင့်၊ နှစ်ဦး စလုံး အသက် ရှူခွင့်၊ အနည်းငယ် ရသွားသည်။

ထို့နောက် ယုဟိုရှင်းက တိုက်ခိုက်ပွဲ စွမ်းအားကို၊ ကန့်သတ် ချက်ထိ တွန်းပို့ရန် အတွက်၊ အရှိန်အဝါ များအား ထုတ်လွှတ် လိုက်သည်။

သူ၏ ကျင့်ကြံမှု အားသာချက် ကြောင့်၊ လင်းယွန် ခမျာ ဆိုးရွားသော အခြေ အနေသို့၊ ချက်ချင်း ရောက်ရှိ သွား၏။

တိုက်ပွဲ အဟုန်သည် အထွတ် အထိပ်သို့ ရောက်ရှိ လာသဖြင့်၊ တိမ်ပေါ် တက်လှမ်းခြင်း နည်းစနစ်ကို ထုတ်ဖော်လျက်၊ စင်မြင့် ပေါ်၌ လှည့်ပတ် ပြေးလွှား နေခဲ့ ရသည်။

“ ပန်းတွေ ဘယ်မှာ ပွင့်လဲ။ ”

ယုဟိုရှင်း နည်းစနစ်၌ အားနည်းချက် အနည်းငယ်အား တွေရှိ လိုက်သဖြင့်၊ လင်းယွန် တစ်ယောက် ပြန်လည် တိုက်ခိုက်ရန် ပြင်သည်။

ဤသည်မှာ ပြောပ လောက်သော အရာ မဟုတ် သော်လည်း၊ ဟွာကွက်သည် ဟာကွက် ဖြစ်နေ ဆဲ ပေပင်။

ဝိညာဉ်ရေး ဓားကို အထွတ် အထိပ်သို့ တွန်းပို့ လိုက်ပြီး၊ ရှေ့ ခုနစ်လှမ်း လှမ်းတက်ကာ၊ ဓားဖျား၌ နှင်းဆီ ပန်းအား ပွင့်စေ လိုက်၏။

သည်ဓားကို ကြည့်ပြီး၊ ယုဟိုရှင်း တစ်ယောက် လေးနက်သော အမူ အရာဖြင့်၊ ခရမ်းရောင် အလင်းများ ထုတ်လွှတ်လျက်၊ မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ် သွားသည်။

“ မရဏ ကမ္ဘာ၏၊ မိစ္ဆာ ခြေလှမ်း။ ”

ပြိုင်ဘက် ရွေ့လျားမှုမှာ၊ အနည်းငယ် ထူးဆန်းလှ သဖြင့်၊ လင်းယွန် မျက်လုံးများ စူးရှ လာသည်။

သို့သော် ပထမ အကြိမ် အသုံးပြုပြီး ကတည်း ကပင်၊ ၎င်း၏ အားနည်း ချက်ကို တွေ့ရှိ ထားပြီး ဖြစ်သောကြောင့်၊ ယုဟိုရှင်း ကြိုးစားမှုမှာ အသုံးဝင် တော့မည် မဟုတ်ချေ။

ပန်းသင်္ချိုင်း ဓားက ယုဟိုရှင်း ညာဘက် ပခုံးအား ထိမှန် သွားပြီး၊ ပါးစပ်မှ သွေး အပြည့် အန်ချ လိုက်ရသည်။

“ သခင့် လက်သီး - ပင်လယ် လှိုင်းများ။ ”

ယုဟိုရှင်း၏ နောက်ကျောတွင် ကြောက်မက်ဖွယ် ကောင်းသော ခရမ်းရောင် လှိုင်းများ၊ သမုဒ္ဒရာ တစ်စင်း ကဲ့သို့ ပျံ့နှံ့ သွားသည်။

“ မဟာ ကြီးစိုးမှု။ ”

လင်းယွန်၏ မျက်ဝန်းများ တောက်ပ လာပြီး၊ သခင့်ဓား ပုံစံ ခြောက်ခုကို ပေါင်းစပ် လိုက်သည်။ ထို့နောက် ဓားအား လွှဲချ လိုက်ရာ၊ ယုဟိုရှင်း ဖန်တီး ထားသော သမုဒ္ဒရာသည် လုံးဝ ပြိုကျ သွား၏။

“ ဟား ဟား ဟား ... ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ ငါ့ကို ဒီလိုမျိုး ဖိအားပေး နိုင်မယ့်လူ ... ”

“ ... မရှိတော့ ဖူးလို့တောင် ထင်ထားတာ၊ ဒါပေမယ့် အခု အဆုံးသတ် ရအောင် ... ၊ မင်းနဲ့ အချိန် မဖြုန်း ချင်တော့ဘူး။ ”

မျက်လုံးများ အတွင်း၌ တောက်လောင် နေသော တိုက်ပွဲဝင် စိတ်ဓာတ်များ မြင့်တက် လာပြီး၊ ယုဟိုရှင်းက ကြမ်းပြင်ပေါ် ပြန်လည် ဆင်းသက် လိုက်သည်။

နောက်ဆုံးသော ဝှက်ဖဲအား၊ ပြိုင်ဘက်မှ ထုတ်ဖော် တော့မည် ဖြစ်သဖြင့်၊ လင်းယွန်၏ မျက်လုံးများ မှေးစင်း သွားသည်။

“ ဒါက သခင့် လက်သီးရဲ့၊ နောက်ဆုံး လက်သီးပဲ၊ ဒီပွဲမှာ သုံးရလိမ့် မယ်လို့ မထင် ထားဘူး၊ ... ”

“ ... တခြား နယ်မြေ တွေက ပါရမီရှင် တွေနဲ့၊ ရင်ဆိုင်ဖို့ ... ငါ ပြင်ဆင် ထားခဲ့တာ၊ အခု ငါ့အစီ အစဉ်ကို ပြောင်းရ တော့မယ် ထင်တယ်၊ ဒီလက်သီးရဲ့ နာမည်က ကောင်းကင် ခွဲခြင်းတဲ့ ... ။ ”

ယုဟိုရှင်းက လက်သီးကို ဆုပ်ကိုင် လိုက်သော အခါ၊ အပြာရောင် မျက်လုံး များနှင့် မြွေ တစ်ကောင် ထွက်ပေါ် လာပြီး၊ ကောင်းကင် ပေါ် ပျံတက် သွားသည်။

ထိုသားရဲ အရှိန် အဝါကြောင့်၊ ကောင်းကင်ကြီး တစ်လုံး၊ ချက်ချင်း မည်းမှောင် လာသည်။

“ သိုင်းဝိညာဉ် ... လား၊ ယုဟိုရှင်းက သူ့ရဲ့ သိုင်းဝိညာဉ်ကို ထုတ်လိုက် တာပဲ … ။ ”

“ သိုင်းဝိညာဉ်ကို ထုတ်ဖော် ရအောင် ဒီလက်သီးက၊ ဘယ်လောက် အထိတောင် အစွမ်းထက် နေလို့လဲ ... ။ ”

“ ကြောက်စရာ ကောင်း လိုက်တာ ... ၊ နေဦး ဒါ ... ဒါ ဒဏ္ဍာ ရီလာ ဘေရှ သားရဲ မဟုတ်လား ။ ”

“ အမှန်ပဲ ဘေရှ ဆိုတာ၊ ဝါးမျိုခြင်း စွမ်းအင်ကို ပိုင်ဆိုင် ထားတဲ့၊ မြွေ တစ်ကောင်ပါ၊ ကောင်းကင် ကိုတောင် ဝါးမျို နိုင်စွမ်း ရှိတယ်။ ”

ယုဟိုရှင်း၏ သိုင်းဝိညာဉ်ကို ကြည့်ပြီး၊ လူတိုင်း ကြောက်ရွံ့ လာ ကြသည်။

( ဘေရှ ဟူသည်၊ တရုတ် ဒဏ္ဍာရီ၌ ဆင် တစ်ကောင်လုံး ကိုပင်၊ ဝါးမျို နိုင်သော စပါးအုံး မြွေကြီးမျိုး ဖြစ်၏။ )

“ ဟမ် ... ၊ စီနီယာ အစ်ကိုက၊ နဝမ ကောင်းကင်က ပညာရှင် ကိုတောင်၊ ဒီလက်သီး နဲ့ သတ်ခဲ့ ဖူးတယ်၊ ဓားကျွန်က ဒါကို ကိုင်တွယ် နိုင်မယ်လို့ ငါ မယုံဘူး။ ”

ချင်ရို့ယူ မျက်နှာမှာ၊ စိတ် လှုပ်ရှားမှု များကြောင့်၊ ပို၍ နီမြန်း သွားသည်။ ဤအခိုက် အတန့်တွင် လင်းယွန် အလောင်း ကိုသာ သူ မြင်၏။

ဘေရှ သားရဲက ကောင်းကင်ကို ပိတ်ဆို့ ထားရုံမျှ သာမက၊ ရန်သူ၏ အမြင် အာရုံများ ကိုပါ၊ နှောက်ယှက် နိုင်လေသည်။

ထို့ကြောင့် ထိပ်ဆုံး ဆယ်ယောက်ရှိ ကျန်သော ပြိုင်ပွဲဝင် များက၊ တိုက်ပွဲ ထံမှ မျက်လုံး မခွာဝံ့ ကြချေ။

လင်းယွန်၏ ဓား ရည်ရွယ်ချက် သည်သာ၊ လုံလောက်အောင် မသန်မာ ခဲ့သော် ဒုက္ခရောက် ရပေ လိမ့်မည်။

ဘေရှ၏ အပြာရောင် မျက်လုံး များက၊ လင်းယွန်ကို စိုက်ကြည့်ကာ၊ စိတ်ဝိညာဉ်အား တိုက်ရိုက် ခြိမ်းခြောက် လာသည်။

သာမန် လူ တစ်ယောက် ဆိုပါလျှင်၊ ထိုဖိအားကြောင့် ပြိုလဲ သွား ပေမည်။ သို့သော် လင်းယွန်၏ နှလုံးသားနှင့် ဓားမှာ၊ မယိမ်းယိုင် ခဲ့ချေ။

ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ကို၊ အရှိန်အဝါ နှင့်အတူ၊ ဖြန့်ထုတ် လိုက်ပြီး၊ အသူရာ နဂါး မျက်ဝန်းအား ထုတ်ဖော် လိုက်၏။

ထို့ကြောင့် စူးရှသော မျက်ဝန်း တစ်စုံက၊ ကြက်သွေးရောင် ကောင်းကင်ထံ ထိုးဖောက် ဝင်ရောက် သွားသည်။

“ ပြိင်ဘက်ကင်း ခရမ်းရောင် ဓား အစီရင် ... ။ ”

ကြုံးဝါးသံ ဆုံးသည်နှင့်၊ ခရမ်းရောင် နန်းတော် အတွင်းရှိ၊ ပန်း၏ လည်ပတ် မှုအား ပြောင်းပြန် လှည့်ချ လိုက်သည်။

ထိုပန်းနှင့် စွမ်းအင်ချင်း ချိတ်ဆက် ထားသော ဓားအစီရင် ထံမှ၊ အကန့် အသတ်မဲ့ လွှမ်းမိုး နိုင်သော ရောင်ဝါများ၊ ချက်ချင်းပင် ပေါက်ကွဲ ထွက်လာသည်။

ကြောက်မက်ဖွယ် ကောင်းသော ဓား ရည်ရွယ်ချက်မှာ၊ လင်းယွန်အား ဝိုင်းရံလျက်၊ တံတိုင်းများ အသွင်၊ ပေါင်းစပ် သွား၏။

ထိုတံတိုင်း အတွင်း၊ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ဖြင့်၊ ဖွဲ့စည်း ထားသော ဓား(၉၉) လက်ပါ ရှိသည်။

“ မူလ အစ၊ ဖီးနစ် အသရေ။ ”

ခရမ်းရောင် ပန်း၏၊ နောက်ဆုံး အကြိမ် လှည့်ပတ်မှု ပြီးသော အခါတွင်၊ ဓားရှည်များ ဆယ်ဆတိုး လာပြီး၊ ဖီးနစ် အော်သံ တစ်သံ ပဲ့တင် ထပ် လာသည်။

“ ကျီး ... ။ ”

ဝိညာဉ်ရေး ဓားဖြင့်၊ ဖွဲ့စည်း ထားသော၊ ကြီးမား လှသည့်၊ ရေခဲ ဖီးနစ်ငှက် တစ်ကောင် ယုဟိုရှင်းထံ ပျံသန်း သွားတော့၏။

ဘေရှနှင့် ရေခဲ ဖီးနစ်တို့ တိုက်မိကာ၊ ပေါက်ကွဲ သွားပြီး၊ ပြိုင်ပွဲ စင်မြင့် တစ်ခုလုံး ပြိုကျ လာသည်။

“ ဒါက မကောင်း တော့ဘူး၊ မြန်မြန် မြန်မြန် ... ။ ”

ဒိုင် အဖိုးအို ဆယ်ဦးမှာ၊ မျက်နှာများ ပြောင်းလဲ သွားပြီး၊ ပြိုကျမှု များကို တားဆီးရန် အချင်းချင်း သတိပေး လိုက်ကြ သည်။

သို့မဟုတ် ပါက အလုံးစုံ ပျက်စီးသွား မည်မှာ သေချာ၏။ ကြည့်ရှု နေသူ တိုင်း၏ မျက်နှာ ပေါ်တွင်၊ ကြောက်ရွံ့မှုများ ဖြစ်ပေါ် လာသည်။

ဤအဖျက် စွမ်းအား မျိုးမှာ၊ ကောင်းကင် ဝိညာဉ် နယ်မြေရှိ၊ သာမာန် ကျွမ်းကျင် သူများ ကိုပင်၊ သတ်ပစ် နိုင်သည်။

ဘေရှနှင့် ရေခဲ ဖီးနစ်တို့၊ ပြိုပျက်သွား ပြီးနောက်၊ ကျန်ရှိသော ဓား ရည်ရွယ်ချက်က၊ ယုဟိုရှင်းအား ထိမှန် သွားသည်။

ထို့နောက် မူလ စွမ်းအင်ဖြင့် ဖန်တီး ထားသည့်၊ ခရမ်းရောင် လမင်းမှာ လုံးဝ ကြေမွ သွားတော့သည်။

ယုဟိုရှင်း တစ်ယောက် လွင့်စဉ်လျက်၊ ကြမ်းပြင်ပေါ် ဒလိမ် ခေါက်ကွေး ပြုတ်ကျ လာ၏။

ပါးစပ် အပြည့် သွေးတစ်လုတ် အန်ချ လိုက်စဉ်၊ ခါး၌ ချိတ်ဆွဲ ထားသော ကျောက်စိမ်း သင်္ကေတ ကွဲထွက် သွားပြီး၊ ပယင်း ရောင်ဝါ များ ပျံထွက် လာသည်။

များ မကြာမီ လင်းယွန်၏ လက်သည်း ငါးချောင်း ပါရှိသော ရွှေနဂါးကြီး ထံ၌၊ ဦးချို တစ်စုံ ဖြစ်တည် လာလေသည်။

“ မဟုတ်ဘူး ... ၊ မဟုတ်ဘူး ... ၊ မဟုတ်ဘူး ... ။ ”

မယုံကြည် နိုင်စွာဖြင့်၊ ယုဟိုရှင်း တစ်ယောက် အော်ဟစ် လိုက်မိသည်။ တစ်ချိန် တည်းမှာပင်၊ သူ၏ အရေပြားများ အက်ကွဲလာ သဖြင့်၊ နာကျင်သော ဝေဒနာကို ခံစား လာရ သည်။

နဂါးများ အားလုံးကို အုပ်စိုးသော နဂါး ဘုရင်သည်၊ တစ်ပါး တည်းသာ ရှိ၏။ ထို့ကြောင့် လင်းယွန်၏ နဂါးမှာ၊ တစ်ပါး တည်းသော ဧကရာဇ်မင်း ဖြစ်လာ လေပြီ။

***

All Chapters