တိမ်နဂါး ရတနာသိုက်။
Vol. 60 Ch. 839
ထိုအချိန်တွင် လင်းယွန်၏ နဂါး ဧကရာဇ် ပုံရိပ်က၊ ယုဟိုရှင်းအား အဝေးသို့ တွန်းထုတ် ပစ်တော့သည်။
ဝိညာဉ်ရေး ဓားက၊ ဆက်လက် တိုက်စား နေသဖြင့်၊ အရေပြား၌ အက်ကြောင်းများ ထွက်ပေါ် နေဆဲ ဖြစ်သည်။
ရန်လောင်ဇီ ခန္ဓာ ကိုယ်နှင့်၊ ယှဉ်ပါက များစွာ အားနည်း လှသော ယုဟိုရှင်း ခမျာ၊ သွေးချင်းချင်း ရဲလာ တော့၏။
( မသေ ဖူးလား။ )
လူသတ် လိုသော စိတ်ဖြင့် လင်းယွန် မျက်ဝန်းများ ချက်ချင်း တောက်ပ လာသည်။ အသက်ရှင် ကျန်ရစ်ရန် ယုဟိုရှင်း၌ အကာ အကွယ် ရတနာ တစ်ခုခု ရှိနိုင် ပေမည်။
သို့မဟုတ် ပါက အပိုင်းပိုင်း ပြတ်သွားပြီး ဖြစ်သည်။
“ ရလဒ် ကြေညာမယ်၊ နောက်ဆုတ်ပါ။ ”
သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို သတိပြု မိ သည်နှင့်၊ ဒိုင် အဖိုးအိုက လျင်မြန်စွာ ကြေညာချက် ထုတ်ပြန် လိုက်ရသည်။
ယွဲ့ဝေဝေအား ဆက်လက် တိုက်ခိုက် လိုသည့်၊ ယုဟိုရှင်း၏ အပြု အမူများ ကိုပင်၊ ခွင့် မပြုခဲ့ ဖူးချေ။ ထို့ကြောင့် တိုက်ပွဲပြီး သွားပြီ ဆိုသည်ကို၊ အသိဝင် စေလို၏။
အနိုင်ရ ရှိသူ အမည်ကို ကျယ်လောင်စွာ ထုတ်ဖော် လိုက်သော အသံကြောင့်၊ မှင်တက် နေရာမှ လူတိုင်း ပြန်လည် နိုးထ လာခဲ့သည်။
ဖြစ်ပျက်ခဲ့ သမျှအား၊ မည်သူမျှ မယုံနိုင် ကြပေ။ အဆုံးတွင် ယုဟိုရှင် ချန်ပီယံ ဖြစ်လာ မည်ဟုသာ၊ မသိစိတ် ထဲ၌ ယူဆ ထားမိသည်။
သို့သော် လင်းယွန်မှာ အနိုင် ယူနိုင် ရုံမျှ သာမက၊ ယုဟိုရှင်း သိုင်းဝိညာဉ် ကိုပင် ပြိုကျ သွားစေသည်။
“ ရှုံးပွဲ မရှိ ချန်ပီယံ လင်းယွန် ... ၊ ဒါက အိပ်မက် မက်နေ သလို ပါပဲ။ ”
“ ဘယ်လို ဓားသမား မျိုးမှ တောင်းပိုင် ရှေးဟောင်း နယ်မြေ ကြီးရဲ့ အထွတ် အထိပ်မှာ၊ ရပ်နိုင်တယ် ဆိုတာ မရှိ ခဲ့ဘူး။ ”
“ အလင်း အမှောင် လမင်း ကမ္ဘာကို ကြည့်ပါဦး၊ အသက်မဲ့ ကုန်ပြီ၊ ဒီရလဒ်မျိုး သူတို့ မျှော်လင့် ထားပုံ မရတာ သေချာတယ်၊ ကျေနပ်စရာပဲ။ ”
“ မဟာချင် အင်ပါယာက လာတဲ့၊ ဓားသမားက အုပ်စိုးရှင် ကိုးပါးကို နှိမ်နှင်းလိုက် တာပဲ၊ တကယ့် ခွေးဆိုး တစ်ကောင်ပါ။ ”
“ မဟုတ်ဘူး ... ၊ သူက ဘီလူး တစ်ကောင်၊ တောင်ပိုင်း ရှေးဟာင်း နယ်မြေရဲ့ နှစ် (၁၀၀၀) အတွင်း၊ တစ်ကြိမ်သာ တွေမြင် နိုင်တဲ့ ပါရမီရှင်။ ”
အလင်း အမှောင် လမင်း ကမ္ဘာရှိ၊ လူတိုင်း အံသြ နေစဉ်၊ ချင်ရို့ယူ တစ်ယောက် မူးမေ့လဲ လုနီးပါး ဖြစ်လာ ခဲ့သည်။
“ ဘာလို့ ဒီကောင် ဖြစ်ရ တာလဲ၊ ဘာလို့လဲ ... ၊ ဘာလို့လဲ။ ”
ချင်ရို့ယူက ဒေါသ တကြီးဖြင့်၊ သူမ မျက်နှာဖုံးကို ဆုတ်ဖြဲ လိုက်သည်။ ကောင်းကင် တောင်ကုန်း မြို့၌၊ တွေ့ရှိ ခဲ့ရသည့် ပုရွက်ဆိတ် တစ်ကောင်သည်၊ သွေးစွန်သော ဧည့်ခံပွဲ၊ ချန်ပီယံ ဖြစ်လာ ချေပြီ။
အဆုံးတွင် စိတ် ခံစားချက် များကို၊ ထိန်းချုပ် နိုင်စွမ်း မရှိတော့ သဖြင့်၊ ပါးစပ် ထဲမှ သွေးများ စီးထွက်လျက် လဲကျ သွားသည်။
“ စီနီယာ အစ်မ ... ။ ”
“ မြန်မြန် မြန်မြန် ... ၊ စီနီယာ အစ်မရဲ့ အခြေ အနေကို စစ်ဆေးပါ၊ တစ်ခုခု ဖြစ်သွားရင် ငါတို့ ဘဝတွေ ဆုံးခန်း တိုင်ပြီ။ ”
ဘေးနားရှိ တပည့်ငယ် များက၊ ဤမြင်ကွင်းကြောင့် ထိတ်လန့်သွား ကြသည်။
“ ပန်းသင်္ချိုင်းက တကယ့် ဘီလူးပဲ။ ”
ကျန်ရှိ နေသော အုပ်စိုးရှင် ရှစ်ပါး သည်လည်း၊ မကျေ မနပ် ဖြစ်နေ ကြသည်။ အကြိမ် တိုင်းတွင် ချန်ပီယံမှာ သူတို့ ထဲမှ တစ်ယောက် ဖြစ်သော်လည်း၊ ယခု ချွင်းချက် ရှိလာ ခဲ့သည်။
ကာကွယ်သူ မက်မွန်နှင့်၊ မဟာချင် အင်ပါယာ အဖွဲ့သား များမှာ၊ သူတို့ မြင်လိုက် ရသည် များကို၊ မယုံနိုင် မိချေ။
ပြိုင်ပွဲ မစခင် ထိပ်ဆုံး (၁၀) နေရာ အကြောင်း တွေးပင် မတွေး မိပေ။ အတွင်း အဆင့် တိမ်နဂါး တစ်ကောင် ဖြစ်ရုံနှင့်၊ ဓားနန်းတော်ကို ကျော်ကြားမှုများ ဆောင်ကြဉ်းပေး နိုင်မည် ဖြစ်သည်။
သို့သော် သရဖူကို၊ သိမ်းပိုက် လိုက်သော အခါ၊ ဆိုဖွယ် မရှိ တော့ချေ။ ကာကွယ်သူ မက်မွန်၏ မျှော်မှန်း ချက်ထက်၊ ကျော်လွန် သွားသည်။ ထိုအရည် အချင်း မျိုးမှာ၊ ဘိုးဘေး ဂျင်ဝူမင် အဆင့်၌ ဖြစ်ပေ၏။
ဘိုဘေး ဂျင်ဝူမင် အချိန်က၊ လင်းယွန် တစ်ယောက် အိပ်မက်ပင်၊ မမက် ဖူးသော အရင်း အမြစ် များစွာ ရှိခဲ့သည်။
သို့သော် အသက် အရွယ် အရ၊ လင်းယွန်မှာ ဂျင်ဝူမင်ထက် သန်မာကြောင်း၊ ဝန်ခံရ ပေမည်။
“ မယုံနိုင် လောက်အောင် ပါပဲ၊ ဘိုးဘေးသာ အသက်ရှင် နေသေးရင်၊ မျိုးဆက်သစ်တွေ ထဲမှာ၊ ဒီလိုမျိုး ဘီလူး တစ်ကောင် ရှိတယ် ဆိုတာကို၊ ယုံနိုင်ပါ့ မလား မသိဘူး။ ”
ကာကွယ်သူ မက်မွန်က၊ သက်ပြင်း ချကာ ဆိုလိုက်သည်။
“ ဒါကို ဘိုးဘေး မျှော်လင့်ထား ပြီးတာလည်း ဖြစ်နိုင် ပါတယ်၊ မဟုတ်ရင် ဓားနန်းတော်မှာ သခင့်ဓားကို ... ”
“ ... ထားခဲ့မယ် မထင်ဘူး၊ သခင့်ဓားက တားမြစ် ဓားရေး တစ်ရပ်နဲ့ ဆင်တူနေ ပေမယ့်၊ လင်းယွန်က အောင်မြင် ခဲ့တယ်။ ”
အကြီးအကဲ လျိုဖန်းက ဝင်ရောက် ပြောကြား လာသည်။ သခင့်ဓားကို ပထမဆုံး အကြိမ်၊ လင်းယွန် ထုတ်ဖော် အသုံး ပြုစဉ် ကပင်၊ ထူးထူး ခြားခြား တစ်စုံ တစ်ရာကို သူ ခံစား ခဲ့ရ ဖူးသည်။
သို့သော် သူ့ ကမ္ဘာ ကြီးမှာ ကျဉ်းမြောင်း လွန်းသောကြောင့်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ ဘုရင် တစ်ပါး အဖြစ် တွေးဆ နိုင်ခြင်း မရှိ ခဲ့ချေ။
“ ဖြစ် နိုင် ပါ တယ်။ ”
လင်းယွန် ကဲ့သို့သော ခွေးဆိုး တစ်ကောင်မှာ၊ တစ်နေ့တွင် ဓားနန်းတော်ထံ ရောက်ရှိလာ လိမ့်မည်ဟု၊ ဘိုးဘေးမှ မျှော်လင့်ထား နိုင်ပေမည်။
မဟုတ်သော် တပည့် တိုင်းကို၊ သတ်လု နီးပါး ဖြစ်စေသည့် ဓားရေး တစ်ရပ်အား ဂိုဏ်း၌ ထားခဲ့ စရာ အကြောင်း မရှိချေ။
တစ်ဖက်တွင် ပဉ္စမတန်း မှော်ဆေးလုံး တစ်လုံးကို၊ ယုဟိုရှင်း ပါးစပ်ထဲ ပစ်ထည့်ကာ၊ အသက်အား ကယ်တင် နိုင်ခဲ့သည်။
သိုင်းဝိညာဉ် ပျက်စီးသွား သဖြင့်၊ ပြန်လည် ကောင်းမွန်ရန်၊ အနည်းဆုံး ခြောက်လ ကြာမည် ဖြစ်သည်။
ကံမကောင်းသော် ကုစား နိုင်တော့မည် မဟုတ်ချေ။ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်ကို ခံနိုင်ရည် ရှိရန် ဆိုသည်မှာ၊ လွယ်ကူသော ကိစ္စ တစ်ရပ် မဟုတ်ကြောင်း၊ လူတိုင်း နားလည် ထားသည်။
စင်မြင့် ပေါ်ရှိ လင်းယွန် မှာမူ၊ ယုဟိုရှင်းကို မသတ်နိုင် ခဲ့သည့် အတွက်၊ စိတ်ပျက် သွားမိ သည်။
ဤသို့ ဖြစ်မည်မှန်း သိပါက နဂါး ထွက်သက်ကို အသုံး ပြုကာ၊ ‘ပြာ’ အဖြစ် ပြောင်းလဲ မိမည် ဖြစ်သည်။
သို့သော် အရေး မကြီး တော့ချေ။ အနိုင်ယူ ခဲ့ပြီးပြီ ဖြစ်သောကြောင့်၊ နောင်တွင် ပို၍ပင် လွယ်ကူ လာပေ လိမ့်မည်။
ထို့နောက် လူတိုင်း၏ နဂါး ပုံရိပ်ရှိ၊ အငွေ့ အသက် များမှာ၊ လင်းယွန် ရွှေနဂါး ကြီးထံ လာရောက် ပေါင်းစပ် တော့သည်။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
“ ငါ့ရဲ့ နဂါး အငွေ့ အသက်တွေ ပျောက်သွားပြီ ... ။ ”
“ ဒါ ... မတရားဘူး။ ”
တိမ်နဂါး တစ်ရာမှာ ရူးသွပ် မတက် ဖြစ်လာ ကြသည်။
“ တောက် ... ။ ”
ယုဟိုရှင်း ပြန်နိုး လာချိန်၌၊ မြင်လိုက် ရသော အဆိုပါ မြင်ကွင်းကြောင့်၊ မျက်နှာ ချက်ချင်း မည်းကျ သွားသည်။
ချန်ပီယံ သည်သာ၊ နဂါး ရောင်ဝါများ အားလုံးကို ပိုင်ဆိုင်နိုင် မည်ကို၊ သိရှိ ထားသည်။ ယင်းမှာ သူ့ အတွက် ဖြစ်သင့်ပြီး၊ လင်းယွန်က ရိတ်သိမ်း သွားခဲ့၏။
ကိုယ့်ကိုယ်ကိုယ် သတ်သေချင် လောက်အောင်ပင် နာကျင် ရပေသည်။ သေဆုံး သွားပါက အရာ အားလုံး အေးချမ်း သွားနိုင်မည်။
“ ဒါကို ... ၊ မင်း ခံနိုင်ရည် ရှိရမယ်၊ ခေတ်သစ် ရောက်လာပြီ၊ ကောင်းကင်လမ်း ပွင့် တော့မယ်၊ မင်း အတွက် အခွင့်အရေး ရှိပါ သေးတယ်။ ”
အလင်း အမှောင် လမင်း ကမ္ဘာ၏၊ ဂိုဏ်းချုပ်က ယုဟိုရှင်း ခံစားချက် များကို အာရုံခံပြီး၊ သတိပေး လိုက်သည်။
နဂါး ဘုရင်က နဂါး တစ်ရာ၏၊ အငွေ့ အသက်များ အားလုံးကို ဝါးမြိုသွား ပြီးနောက်၊ လင်းယွန် မျက်ဝန်း များမှာ၊ စူးရှစွာ တောက်ပ လာခဲ့သည်။
ဒိုင် အဖိုးအို ဆယ်ဦးမှာ အံသြ ခြင်းမှ၊ ပြန်လည် သက်သာ လာခြင်း မရှိ သေးချေ။ ဤဖြစ်ရပ်သည် သွေးစွန်းသော ဧည့်ခံပွဲ တစ်လျှောက်၊ ပထမဆုံး အကြိမ် ဖြစ်သည်။
“ ဒါက ပုံမှန် မဟုတ်ဘူး၊ တစ်ခု ခုတော့ ဖြစ်နေတယ်။ ”
ဒိုင်ချုပ် အဖိုးအိုက လေးနက်သော အမူအရာဖြင့်၊ ကောင်းကင်ကို မော့ကြည့်ကာ ဆို လေသည်။ တစ်ခုခု ထူးခြား နေမှန်း၊ သူ ခံစား နိုင်၏။
သူ မျှော်လင့် ထားသလိုပင်၊ ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော ဟောက်သံ တစ်သံ၊ ကောင်းကင်၌ ပဲ့တင်ထပ် လာသည်။
ထိုအသံကြောင့် လူတိုင်းက ခေါင်းမော့ ကြည့်လာ ကြ၏။ ဝေးကွာ လွန်းသော အရပ် ဆီ၌၊ ကြယ်စုံ ကောင်းကင်ကြီး တစ်စင်း လင်းလက် နေပြီး၊ အပြာရောင် နတ် နဂါးကြီး တစ်ကောင်၊ ပျံသန်း လာသည်။
ယင်းက ကမ္ဘာပေါင်း များစွာ အနက်၊ ပယင်းကမ္ဘာ ကြီး၏၊ တည်နေရာကို ရှာဖွေရန် ကြိုးစား နေကြောင်း၊ လင်းယွန်မှ ခံစား နိုင်သည်။
အချိန် အတော်ကြာ ပြီးနောက်၊ ထိုနဂါးကြီး၏ အကြည့် များက လင်းယွန်ထံ ကျရောက် လာသည်။
ပို၍ တိကျစွာ ဆိုရ ပါမူ၊ လင်းယွန် နောက်ကျော၌ ဖြစ်တည် နေသော နဂါး ဘုရင် ပုံရိပ်ကို ကြည့်လာခြင်း ဖြစ်သည်။
“ ဝုန်း ... ။ ”
သူတို့ ကြားတွင်၊ တစ်စုံ တစ်ရာ ဆက်နွှယ်မှု ရှိနေ ပေ၏။ နဂါး ကိုးကောင် ရေကန် ကြီးမှာ၊ ရုတ်တရက် ပေါက်ကွဲ သွားပြီး၊ ရေစက်ကြီး တစ်စက် လေထဲ ဖြစ်ပေါ် လာသည်။
ရေစက် အလယ် ဗဟို နေရာမှ၊ တံခါး တစ်ချပ် ပွင့်လာပြီး၊ အမည်မဲ့ စွမ်းအင်များ ယိုစိမ့် လာသည်။
“ တိမ်နဂါး ရတနာသိုက်။ ”
ယင်းကို ကြည့်ပြီး၊ ဒိုင်အဖိုးအို များမှာ၊ မျက်လုံးများ တောက်ပ လာကြ၏။
“ ဒါက ဒဏ္ဍာရီ ထဲက တိမ်နဂါး ရတနာ သိုက်လား။ ”
ပရိသတ် များမှာ ကျိုးကြောင်း ဆီလျော်မှုများ ဆုံးရှုံးသွား ကြပြီး၊ ထိုတံခါး ထံသို့ ပြေးဝင် လိုက်သည်။ သို့သော် သူတို့ အားလုံး အတား အဆီး တစ်ခုဖြင့်၊ ဟန့်တား ခံလိုက် ရ၏။
“ ဒဏ္ဍာရီက ... ၊ တကယ် မှန်တာပဲ။ ”
ယွဲ့ဝေဝေက လင်းယွန် အနား လှစ်ခနဲ ရောက်ရှိ လာပြီး ဆို၏။ သို့သော် တစ်ဖက် လူမှ တုန့်ပြန်မှု မရှိ သဖြင့်၊ ပြန်လှည့် ကြည့်လိုက်ရာ၊ ကောင်းကင်ကို စိုက်ကြည့်လျက် ငြိမ်သက် နေသည်အား၊ မြင်လိုက် ရသည်။
ကြယ်ရောင် စုံသော ကောင်းကင် ကြီးက တဖြည်းဖြည်း ပျောက်ကွယ် သွားပြီး၊ နတ်နဂါး ကြီးမှာ ပြန်လည် ထွက်ခွာ သွားခဲ့သည်။
“ အစ်ကိုကြီးယွန် တိမ်နဂါး ရတနာ သိုက်ကို... ၊ စိတ် မဝင်စား ဖူးလား။ ”
ယွဲ့ဝေဝေက မျက်လုံးများ မှေးစင်းလျက် မေးလိုက်သည်။
“ အဲဒီ လမ်းက ဘယ်ကို ရောက်မလဲ ဆိုတာကို၊ ပို စိတ်ဝင်စားတယ် … ။ ”
လင်းယွန်မှ တစ်လုံးချင်း ပြန်ဖြေ လာ၏။
“ ဒါက မြင့်မြတ်သော ကမ္ဘာကြီး တွေကို သွားတဲ့ လမ်းပဲ၊ အဆုံး မရှိ စစ်မြေပြင် ဆိုရင် ပိုမှန် လိမ့်မယ်။ ”
***