← Chapters

အလင်း ရတနာ။

Vol. 60 Ch. 840

အလင်း ရတနာ။

Vol. 60 Ch. 840

ယွဲ့ဝေဝေ စကားကြောင့်၊ လင်းယွန် တစ်ယောက် စိတ်ရှုပ်ထွေး သွား၏။ ထို့နောက် သူမက ပြုံးရယ် လိုက်ပြီး၊

“ ခေတ်သစ်နဲ့ အတူ၊ ကောင်းကင်လမ်း ပွင့်လာမယ် ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ စောစောက မြင်ခဲ့ ရတဲ့ ကြယ်ရောင်စုံ ... ”

“ ... ကောင်းကင် ကြီးက၊ အဲ့ဒီ ကောင်းကင် လမ်းပဲ၊ အခွင့် အရေးပေါင်း များစွာနဲ့ လျှို့ဝှက် ချက်တွေ ပြည့်နှက် နေတယ်။ ”

“ အင်း ... ၊ ဒါပေမယ့် အဆုံး မရှိတဲ့ စစ်မြေပြင် ဆိုတာက မင်း ဘာကို ဆိုလို တာလဲ။ ”

“ အန္တရာယ်တွေ အဆုံး မရှိ လိုပေါ့၊ အစ်ကိုကြီး ယွန် ဒါကို နောက်မှ ပြောရအောင်။ ယုဟိုရှင်း အပါ အဝင် လူတိုင်း ဝင်သွား ကြပြီ၊ ငါတို့ သွားရအောင်။ ”

နဂါး ကိုးကောင် ရေကန်မှ၊ ရေစက်ကြီး ရုတ်တရက် ထွက်ပေါ်လာ ခြင်းသည် တိမ်နဂါး ရတနာသိုက် ဖြစ်ကြောင်း၊ အတည်ပြုနိုင် ပြီးနောက်၊ တိမ်နဂါး တစ်ရာက ဝင်ရောက် သွားကြသည်။

ယုဟိုရှင်း မှာမူ ‘ကောင်းကင်ဘုံ မူလ မှော်ဆေးလုံး’ ကို မျိုချ လိုက်ကာ၊ လင်းယွန်ထံ တစ်ချက် ကြည့်၏။

သူ့ အနေဖြင့် နတ်နဂါး ရတနာသိုက် အတွင်း၊ လင်းယွန်ကို ပြန်လည် အနိုင် ယူရန်၊ အခွင့် အရေး ရှာနိုင်မည် ဖြစ်သည်။။

“ ဒါနဲ့ တိမ်နဂါး ရတနာ သိုက်ကို မြင်တုန်းက၊ မင်း အံ့သြသွား ပုံရတယ်၊ နောက်ကွယ်မှာ ဇာတ်လမ်း ရှိလား။ ”

လင်းယွန်က စူးစမ်းလို စိတ်ဖြင့်၊ ယွဲ့ဝေဝေအား မေးလိုက်သည်။

“ ရှိတယ် ဓားဂိုဏ်း ပျက်စီးသွား တဲ့နောက်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေရဲ့ ကံကြမ္မာက နှစ်ပေါင်း များစွာ နိမ့်ကျ သွားတယ်၊ ... ”

“ ... ဒါကြောင့် တိမ်နဂါး ရတနာသိုက်က တစ်ခါမှ ပေါ်မလာ တော့ဘူး၊ အခြား နယ်မြေ တွေမှာပဲ အလှည့်ကျ ... ”

“ ... ထွက်ပေါ် တက်တယ်လို့၊ မိစ္ဆာ ခန်းမ သခင်က ပြောဖူးတယ်၊ ထောင်စုနှစ် အတွင်း ဒါက ပထမဆုံး အကြိမ် ပြန်ပေါ် လာတာပဲ။ ”

“ ဒါဆို ဘာလို့ အခုမှ၊ ပေါ်လာရ တယ်လို့ ထင်လဲ ... ။

“ အစ်ကိုကြီး ယွန်ကြောင့် ဖြစ်မယ် ... ။ ”

ယွဲ့ဝေဝေက လင်းယွန်ကို မျက်စိ မှိတ်ပြကာ ဆိုလိုက်သည်။

“ မင်းရဲ့ ... ၊ အကြောင်း ပြချက်က စိတ်ဝင် စားစရာပဲ။ ”

ကျန်းဝူကျိက ရေစက်ထံ ကြည့်ပြီး၊ လင်းယွန် အနား လှမ်းတက်ကာ၊ သူတို့ စကား ဝိုင်းထဲ၊ ဝင်ရောက် လာသည်။

“ ဒီရတနာ သိုက်က၊ ဘယ်သူ နဲ့မှ မထိုက်တန်လို့ ပေါ်မလာ ခဲ့တာပဲ၊ ဒါပေမယ့် ပေါ်လာပြီး မှတော့ ... ၊ ”

“ ... လူတိုင်း အခွင့် အရေး ရှိပါတယ်၊ မင်းမှရယ် လို့တော့ မဟုတ်ဘူး၊ ငါအရင် ဝင်နှင့် တော့မယ်။ ”

ထို့နောက် ရေစက်ထံ ပျံသန်း သွားတော့ သည်။ ယွဲ့ဝေဝေက လင်းယွန်အား တစ်ချက် ကြည့်ပြီး၊ ‘အထဲ ဝင်ရအောင်’ ဟု ဆိုလိုက်၏။

“ ကောင်းပြီ သွားရအောင် ... ။ ”

ထို့နောက် နှစ်ယောက်သား အတူတူ၊ ရေစက် အတွင်းသို့ ပျံသန်း လိုက်ကြသည်။

တိမ်နဂါး ရတနာ သိုက်၏ အသွင် အပြင်မှာ၊ ပရိသတ် အားလုံးကို ရူးသွပ် စေ၏။ အားလုံးက မနာလို စွာဖြင့်၊ ဝင်ရောက် သွားသော တိမ်နဂါး တစ်ရာကို ကြည့်နေ ကြသည်။

တိမ်နဂါး ရတနာသိုက် ဟူသည် မြင့်မြတ်သော ကမ္ဘာကြီး၏ အမွေအနှစ် ဖြစ်၏။ ၎င်းတွင် သိုင်းပညာ အမျိုးမျိုး၊ စကြဝဠာ ပစ္စည်း အမျိုးမျိုး၊ လျှို့ဝှက် နည်းစနစ် အမျိုးမျိုးနှင့် နတ်ဘုရား ရူရ် များပင် ပါရှိ လေသည်။

“ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ ရတနာသိုက် ပေါ်လာတာ မယုံ နိုင်စရာ ပါပဲ။ ”

မြင့်မြတ်သော မဟာမိတ် အဖွဲ့၏၊ ဒိုင် အဖိုးအိုများ မှာလည်း အံသြနေ ကြဆဲ ပေပင်။ သူတို့ အနေဖြင့် အခြားသူ များထက်၊ ပို၍ သိကြ သော်လည်း၊ ၎င်းပေါ်လာ မည်ဟု မသိခဲ့ ကြချေ။

ဓားဂိုဏ်း ဖျက်ဆီး ခံရ ပြီးနောက်၊ ဤနယ်မြေ ကြီး၏ ကံကြမ္မာမှာ ကျဆင်း သွားသည်။ သို့သော် လင်းယွန် တည်ရှိနေ မှုကြောင့် ကံကြမ္မာမှာ၊ ပြန်လည် မြင့်တက် လာပုံ ရချေပြီ။

ရေစက်ကြီး အတွင်း၊ လှမ်းဝင်လိုက် သည်နှင့်၊ ပတ်ဝန်းကျင် တစ်လုံး မှောင်ကျ သွားကာ၊ ကျယ်လောင်သော လေတိုး သံများ ကြားလာ ရသည်။

အမြင် အာရုံများ ပြန်ရလာ ချိန်၌၊ အဆုံး မရှိ ကျယ်ပြန့် လွန်းသော လွင်ပြင်ကြီးက စောင့်ကြို နေခဲ့ ပေ၏။

၎င်းတွင် မြင့်မား လှသော ရိုးမ တောင်တန်း ကြီးများ၊ မိုးကုတ် စက်ဝိုင်း ထိတိုင်၊ ထိုးဖောက် ဝင်ရောက် နေပြီး၊ ကောင်းကင်အား အရောင် အသွေး မျိုးစုံ၊ တောက်ပသွား စေသည်။

ဤတောင်တန်း များမှာ၊ ပုံမှန် မဟုတ် ကြောင်း၊ နားလည် လိုက် သဖြင့် နှစ်ဦးသား အကြည့်ချင်း ဖလှယ်မိ ကြသည်။

“ ဝှစ် ... ။ ”

စကား တစ်ခွန်းမျှ ထပ်မဆို တော့ဘဲ၊ ရွေ့လျားမှု နည်းစနစ် များကို ထုတ်ဖော်ကာ၊ ပျံသန်း သွား လိုက်သည်။

သူတို့၏ အတွေ့ အကြုံ အရ၊ သန်မာသူ များသည် နောက်ကျ မည်ကို၊ စိတ်ပူ နေစရာ မလိုပေ။

မိုင် ရာဂဏန်းသည် ပါရမီရှင် တစ်ဦး အတွက် ပြောပ လောက်ခြင်း မရှိကြောင်း၊ လူတိုင်း နားလည် ထားသည်။

တောင်တန်း များမှာ၊ မယုံနိုင် လောက်အောင် မြင့်မား နေပြီး အဆုံး မရှိ ခဲ့ချေ။ နောက်ဆုံးတွင် တောင်တန်း များ၏ ထူးခြားမှု အပေါ်၊ သတိ ထားမိ လာသည်။

“ တောင်ထိပ်မှာ ရတနာတွေ ရှိပုံ ရတယ်။ ”

တောင်ထိပ် တိုင်းတွင်၊ အရောင် အသွေး မျိုးစုံ တောက်ပ နေသည်ကို၊ နေရာ တိုင်းမှ မြင် နိုင်သည်။ ကောင်းကင်ကြီး ရောင်စုံ တောက်ပ နေသည်မှာ၊ ယင်းကြောင့် ဖြစ်ပေ၏။

ထို့ကြောင့် တောင်ထိပ်ကို တက်ရောက်ရန် အလုအယက် ကြိုးစားလိုက် ကြရာ၊ မိုးကြိုးများ ထိမှန်ပြီး သေဆုံး ကုန်သည်။

လင်းယွန်နှင့် ယွဲ့ဝေဝေ မှာမူ၊ မိုးကြိုး ထိမှန်ခြင်းမှ၊ တားဆီးထား နိုင်ခဲ့သည်။ သူတို့ ရောက်ရှိ သွားချိန်၌ တောင်ထိပ် ပေါ်တွင်၊ လူ တစ်စု တရားထိုင် နေသည်ကို၊ တွေ့လိုက် ရသည်။

ထိုလူ များ၏ ဦးခေါင်း ထက်တွင် ခရမ်းရောင် ကျောက်တုံး တစ်တုံး ပျံဝဲ နေ၏။ လျှပ်စီး စွမ်းအင် များက ဤကျောက်တုံး လေးမှ ထွက်နေခြင်း ဖြစ်သည်။

“ အဲ့ဒါ ... ၊ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံးပဲ။ ”

ယွဲ့ဝေဝေက လင်းယွန်အား ရှင်းပြ လာသည်။

“ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံးက၊ ခေတ်သစ် ရောက်တိုင်းမှာ မွေးဖွား လာတက်တယ်၊ ... ”

“ ... ကမ္ဘာကြီးရဲ့ အသန့်စင် ဆုံးသော ဝိညာဉ် စွမ်းအင်တွေ ပါရှိတယ်၊ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံး တွေက၊ ပုံမှန် အချိန်တွေ မှာဆို မရှိဘူး၊ ... ”

“ ... ဒါကြောင့် ဘယ်လောက်ထိ တန်ဖိုး ရှိတယ် ဆိုတာကို နားလည်မယ် ထင်ပါတယ်၊ အခု ဒီကေျာက်တုံးမှာ ... ”

“ ... လျှပ်စီး စွမ်းအင်တွေ ပါတယ်၊ လျှပ်စီး ရည်ရွယ်ချက် အပေါ်၊ နားလည်မှု ရယူမဲ့ သူတွေ အတွက်၊ အကျိုး ရှိတယ်။ ”

သူတို့ နှစ်ဦး စကားပြော နေစဉ် ကျန်းဝူကျိ၏ မျက်လုံးများ ပွင့်လာသည်။ သူက လူအုပ် အတွင်း ထိုင်နေ ခဲ့ပြီး၊ အခြား သူများထက် စောလျင်စွာ နားလည် နိုင်ခဲ့ ပုံရ၏။

တရားထိုင် နေရာမှ ထရပ်ပြီး၊ ကျောက်တုံးကို ဆုပ်ကိုင် လိုက်သော အခါတွင်၊ အခြားသော ပါရမီရှင် များမှာ၊ သွေးများ စီးကျလျက် ပြိုလဲ ကုန်သည်။

ထို့ကြောင့် လူတိုင်းက ကျန်းဝူကျိ အပေါ်၊ မကျေ မနပ်ဖြင့် ပြန်ကြည့် လာကြသည်။ သူတို့ အားလုံး နတ်ဘုရား လင်း ရောင်ခြည် ကျောက်တုံး အတွက်၊ ပြိုင်ဆိုင် နေကြခြင်း ဖြစ်ပြီး၊ ကျန်းဝူကျိထံ ရှုံးနိမ့်သွား လေပြီ။

ကျန်းဝူကျိက ကျောက်တုံး အပိုင်း အစကို ဆုပ်ကိုင်လျက်၊

“ တိမ်နဂါး ရတနာ သိုက်က၊ တကယ့်ကို ဆန်းကြယ် ပါပေတယ်၊ အခြား နယ်မြေ တွေက ပါရမီရှင်တွေ သန်မာတာ အံ့ဩစရာ မရှိတော့ ပါဘူး၊ ငါသာ သူတို့ နေရာမှာ ဆိုရင်၊ အခုထက် နှစ်ဆ သန်မာ နေမှာ အမှန်ပဲ။ ”

ထွက်ခွာရန် ဟန်ပြင် လိုက်စဉ်၊ လူအုပ် ကြားတွင် ရပ်နေသော လင်းယွန်အား မြင်လိုက် ရသဖြင့် ပြုံးပြီး၊

“ ငါပြော ခဲ့တယ် မဟုတ်လား၊ မင်းက ရတနာသိုက် ပေါ်လာ ရတဲ့ အကြောင်းရင်း ဖြစ်နိုင် ပေမယ့်၊ ဒါက မင်း အတွက်ရယ် လို့တော့၊ မရည်ရွယ် ထားပါဘူး။ ”

လျှပ်စီး ရည်ရွယ်ချက်ကို၊ ဝိညာဉ် အဆင့် တံခါး ပေါက်အား ထိနိုင် ခဲ့ပြီး ဖြစ်သောကြောင့်၊ သူ့၌ ယုံကြည်မှု ပိုရှိ လာခဲ့သည်။

သည် ယုံကြည်မှုသည် လင်းယွန်နှင့်၊ တိုက်ခိုက်ချင် စိတ်များ ဖြစ်ပေါ် လာစေ၏။ သို့သော် သူက ရန်လောင်ဇီ မဟုတ် သဖြင့်၊ မြိုသိပ်ကာ၊ အမြန် ထွက်ခွာ သွား တော့သည်။

ကျန်ဝူးကျိမှာ သူ၏ ရှုံးနိမ့် ခြင်းကို လက်ခံ လိုပုံ မရချေ။ သူ့ ခန္ဓာကိုယ် တဝိုက်တွင် လျှပ်စီး စွမ်းအင်များ ထွက်ပေါ် လာပြီး၊ လေထဲ ပျံ့လွင့် ကျန်ရစ်ခဲ့ လေရာ၊ လူ အများကို ထိတ်လန့် သွားစေ တော့သည်။

“ ဘယ်လိုတောင် အစွမ်းထက် လိုက်လဲ။ ”

“ တောက် ... ငါ ဒါကို လုပ်နိုင်လု နီးပါး ဖြစ်နေပြီ။ ”

ကျန်းဝူကျိကို ကြည့်ပြီး၊ မနာလို ဖြစ်ကုန် ကြသည်။ အထူး သဖြင့် ၎င်းအတွက် အတူတူ တိုက်ပွဲဝင် ခဲ့ကြ သူများ ဖြစ်၏။

“ ဘာများ စိုးရိမ်နေ တာလဲ၊ နေရာ တိုင်းမှာ အခွင့် အရေးတွေ ရှိပါ သေးတယ်။ ”

“ မှန်တယ် သွားကြစို့ ... ။ ”

အခြားသော တောင်ထွတ် ကြီးများထံ ဦးတည်ကာ၊ လူတိုင်း စိတ်ဝင်တစား ထွက်ခွာ ကုန်ကြသည်။

“ အစ်ကိုကြီး ယွန်၊ အဲဒီကို သွားပါ ... ။ ”

ယွဲ့ဝေဝေက တောင်ထိပ် တစ်ခုကို ညွှန်ပြ လာသည်။

“ ကောင်းပြီ၊ သွားရအောင် ... ။ ”

နှစ်ယောက်သား ချက်ချင်းပင် ထိုနေရာသို့ ဦးတည် မိ၏။ ကျန်ရှိ နေသေးသော လူ အချို့က ခေတ္တမျှ တုံ့ဆိုင်း သွားပြီး၊ သူတို့နောက် လိုက်ရန် ဆုံးဖြတ် လာကြသည်။

သို့သော် အန္တရာယ် များနှင့် ပြည့်နှက် နေခဲ့လေရာ၊ ထိုဆုံးဖြတ် ချက်အား မကြာခင် နောင်တရ ကုန်လေသည်။

လင်းယွန်တို့ မှာမူ၊ တောင်ထိပ်ပေါ် ရောက်ချိန်၌၊ ကြိုတင် ရောက်ရှိ နေသော မူဟန် နှင့်၊ နန်းဂွန်း ဝမ်းယူအား ကျောခိုင်းလျက် အနေ အထားဖြင့်၊ တွေ့မြင် လိုက်ရ သည်။

သူတို့ နှစ်ဦးက ချောက်ကမ်းပါး တစ်နေရာတွင်၊ ချိတ်ဆွဲ ထားသော ပန်းချီကား တစ်ချပ်အား၊ ငေးကြည့် နေသည်။

၎င်းပန်းချီကား အတွင်း နစ်မြုပ်နေ သဖြင့်၊ လင်းယွန်တို့ နှစ်ဦး ရောက်ရှိလာ သည်ကို သတိ မထား မိ ခဲ့ကြပေ။

ပန်းချီကား အတွင်း ဓားရေး တစ်ရပ်ကို မှတ်တမ်း တင်ထား ပုံရပြီး၊ သူတို့ နှစ်ဦး ခန္ဓာ ကိုယ်ဖြင့်၊ ကွယ်နေ သောကြောင့် သည့်ထက် ပို၍ လင်းယွန်က မမြင်နိုင် ခဲ့ပေ။

ထို့ကြောင့် ရှေ့သို့ လှမ်း လာစဉ်၊ ပန်းချီကား၌ အက်ကြောင်းများ ထွက်ပေါ်ကာ၊ ပြိုကျ သွားတော့၏။

၎င်းထံမှ ထွက်လာသော ဓား အလင်း များက၊ နန်းဂွန်း ဝမ်းယူ တို့၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက် သွားသည်။

တစ်ချိန်တည်း မှာပင်၊ သူတို့ နှစ်ဦး၏၊ ဓားရောင်ဝါများ တဟုန်ထိုး မြင့်တက်လာ တော့၏။

လင်းယွန် မှာမူ၊ ပန်းချီ ကားအား ကြည့်ရန် မဖြစ်နိုင် တော့ချေ။ ထိုအချိန် မှပင် လင်းယွန်ထံ လှည့်ကြည့် လာကြသည်။

တိုက်ဆိုင် စွာပင် လင်းယွန် ရောက်ရှိ လာချိန်၌၊ ပန်းချီကား ရုတ်တရက် ပျက်စီးသွား သဖြင့်၊ သူတို့ အမူအရာ များမှာ၊ အဆင် မပြေ ဖြစ်လာသည်။

သူတို့၏ အရည် အချင်း အရ၊ လင်းယွန်နှင့် ယှဉ်ကာ၊ နားလည်မှုချင်း ပြိုင်ရန် မဖြစ် နိုင်ချေ။ ပန်းချီကား ပျက်စီး ခြင်းမှာ၊ တိုက်ဆိုင်မှု တစ်ခု မျှသာ ဖြစ်သည်။

“ တောင်းပန်ပါတယ် အစ်ကိုလင်း၊ ဒါက ဝိညာဉ် အဆင့်နဲ့ နီးစပ်နေတဲ့၊ ထိပ်တန်း အဆင့် မြေကြီး အဆင့် ဓားရေး တစ်ရပ်ပါ၊ ဒါပေမယ့် အခု ပန်းချီကား၊ ဘာလို့ ပျက်စီး သွားလဲ ဆိုတာတော့၊ ငါ တကယ် မသိ ပါဘူး။ ”

မူဟန်က နားလည်မှု၊ မလွဲမှား စေလို သောကြောင့်၊ ချက်ချင်း ရှင်းပြ လာခဲ့သည်။ ထို့နောက် လေးဦးသား စကား စမြည် ပြောဆိုမိ ကြပြီး၊ မကြာမီ နှုတ်ဆက် ထွက်ခွာ သွားသည်။

၎င်းတို့ ထွက်ခွာသွား ပြီးနောက်၊ လင်းယွန်မှာ အနည်းငယ် စိတ်ပျက် လာသည်။ သူ့၌ ဓားရေးများ လိုအပ် ပေ၏။ အကောင်းဆုံး မဟုတ် လျှင်ပင်၊ ၎င်းတို့ကို မြင်ရုံ မျှဖြင့် များစွာ အကျိုးရှိ နိုင်မည်။

“ ဒီပွဲက ... ၊ ငါ့ ကံကြမ္မာကို အသုံးချ သွားပုံ ရတယ် ... ။ ”

ကူကယ်ရာမဲ့ စွာဖြင့် သူ့ကိုယ်သူ လှောင်ပြောင် လိုက်သည်။ ထို့ကြောင့် ယွဲ့ဝေဝေ က ပြုံးပြီး၊ မူဟန်တို့ နှစ်ဦး တကယ် ထွက်ခွာ သွားခြင်း ရှိ-မရှိ ဝေ့ဝဲ ကြည့်ကာ၊ ပန်းချီကားထံ၊ လက်လှမ်း လိုက်သည်။

သူမ လက်ဖဝါးအား ဖုန်ခါ သကဲ့သို့ ယမ်းခါပြီး၊ လေထဲရှိ ပန်ချီကား အပိုင်း အစ များကို ဖယ်ရှား ပစ်လိုက်သည်။

သည့်နောက် အလင်း ရောင်များ၊ ပြိုးပြက် လွန်းသော အရာ ဝတ္ထု တစ်ခုကို၊ လေဟာနယ် အတွင်းမှ ထုတ်ယူ လိုက်၏။

“ ရ ပြီ ... ။ ”

ထို့နောက် ဖမ်းဆုပ်ပြီး စိတ်လှုပ်ရှား စွာဖြင့်၊ အော်ဟစ် လိုက်တော့သည်။

***

All Chapters