← Chapters

ကောင်းကင် အဆင့် နည်းစနစ်။

Vol. 61 Ch. 841

ကောင်းကင် အဆင့် နည်းစနစ်။

Vol. 61 Ch. 841

“ ဒါက ဘာလဲ ... ။ ”

လင်းယွန်က ပြန်မေး လိုက်သည်။ အပိုင်း အစတွင်၊ ရေခဲဟု ယူဆ ရသော စွမ်းအင်များ ပါ ရှိပြီး၊ အလင်း ရောင်များ တောက်ပ နေ၏။

ယင်းသည် အပြစ်ကင်း စင်သော သက်ရှိ တစ်ကောင်ကဲ့သို့ လူလွန့် နေကာ၊ ကလေးငယ် တစ်ဦး၏ လက်သီးဆုပ် အရွယ်ခန့် ရှိသည်။

ယွဲ့ဝေဝေက လင်းယွန်အား အပြုံးဖြင့် ပြန်လှည့် ကြည့်ကာ၊

“ ဒါက နတ်ကြယ် ရေခဲ ကျောက်စိမ်းရဲ့၊ အပိုင်းအစ တစ်ခုပဲ၊ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံးထက်၊ ပို ရှားပါးတယ်၊ သူ့မှာ ... ”

“ ... ရေခဲ ဂုဏ်သတ္တိ ရှိတဲ့ အတွက်၊ ပကတိ ရတနာ အဖြစ် သတ်မှတ် နိုင်တယ်၊ အစ်ကိုကြီး ယွန်ရဲ့ ဓားသုတ္တန်ကို ... ”

“ ... ပြီးပြည့် စုံအောင် ဒါနဲ့ ကြိုးစား နိုင်တယ်၊ ကံကောင်းရင် ကောင်းကင် ဝိညာဉ် နယ်မြေ ကိုတောင် ရောက်လိမ့်မယ်၊ ဒါကြောင့် နန်းဂွန်း ဝမ်းယူနဲ့၊ မူဟန်တို့ တကယ့် ရတနာကို လွတ်သွား တယ်လို့ ပြောရမယ်။ ”

-ဟု ဆိုလိုက်သည်။

ထို့နောက် လင်းယွန်ထံ၊ အပိုင်း အစကို ကမ်းပေးပြီး၊

“ သူတို့နဲ့ စာရင် ... ၊ ငါ့ အစ်ကိုကြီးက ကံကောင်း ပါတယ် ... ။ ”

-ဟု ပြုံးကာ ရေရွတ် လိုက်သည်။

လင်းယွန်က အပြုံး ဖြင့်သာ တုန်ပြန် မိ၏။ ဤသည်မှာ သူ့ကံ မဟုတ်မှန်း သူ သိသည်။ ယွဲ့ဝေဝေ ကြောင့် သာလျှင် ဖြစ်၏။

“ သွား ရ အောင် ... ။ ”

တောက်ပသော အလင်းများ ထိုးထွက် နေသည့်၊ တောင်ထွတ် များထံ ပါရမီရှင် များက တရွေ့ရွေ့ ချီတက် နေကြသည်။

တိမ်များ ထိတိုင် ထိုးဖောက် နေသော တောင်ထွတ်များ ရှိပြီး၊ ၎င်းတို့တွင် အရည် အသွေး အမြင့်ဆုံး ရတနာများ ရှိနိုင် ပေမည်။

တောင်တန်း တစ်ခု စီရှိ၊ မတူ ညီသော စွမ်းအင် များကြောင့်၊ ကျင့်ကြံသူ အသီးသီးမှ၊ ကိုယ်နှင့် အဆင်ပြေရာ ရွေးချယ် နိုင်သည်။

ပေါ့ပေါ့ ဆဆ ချဉ်းကပ်လာ သူတိုင်းကို၊ ပြင်းစွာ ဒဏ်ရာရ စေနိုင်သော လျှပ်စီးများ လက် နေသည့်၊ တောင်တန်းကြီး တစ်ခုအား၊ အဝေး မှပင် လှမ်းမြင် နိုင်၏။

လင်းယွန် အတွက်မူ၊ ယွဲ့ဝေဝေ၏ ဦးဆောင်မှုဖြင့်၊ နတ်ကြယ် ရေခဲ ကျောက်စိမ်း အပိုင်း အစ များစွာကို၊ တွေ့ရှိလာ ရလာသည်။

တစ်ချိန်တည်း မှာပင်၊ နဂါးဓား ရောင်ဝါ သည်လည်း၊ အမျိုး မျိုးသော သဘာဝ အတား အဆီးများ အောက်တွင်၊ ပိတ်ဆို့ သွားတော့၏။

၎င်းအား ဖြတ်ကျော် အောင်မြင်လို ပါက၊ လေနှင့် လျှပ်စီး ရည်ရွယ်ချက်ကို နားလည်နိုင် မှသာလျှင် ဖြစ်နိုင် ပေမည်။

ယင်းမှာ ဘိုင်လိရွှမ်၏ လျှပ်စီးဓား ထံမှ၊ ရရှိထားသော အသိ တစ်ခု ဖြစ်သည်။ သို့သော် ဘိုင်လိရွှမ်နှင့် မတူ သည်များ ရှိချေ။

လေနှင့် လျှပ်စီး စွမ်းအင် များကို ဆုပ်ကိုင် နိုင်ရန် ကြိုးစား နေစဉ်၊ ဘိုင်လိရွှမ်က ၎င်းအား သူ့ နဂါးဖြင့်၊ ပေါင်းစပ် ထားနိုင်ပြီ ဖြစ်သည်။

“ စမ်းကြည့် ရအောင် ... ။ ”

လင်းယွန်က ဓားကို ထုတ်လိုက်သည်။ သူ့မျက်လုံး ထဲရှိ စူးရှသော ဓားအလင်း များက မိုးကုတ် စက်ဝိုင်းကို ဖြတ်ကျော် သွား၏။

ယခု အချိန် အထိ သူတွင်၊ မည်သည့် သိုင်း နည်းစနစ် ကိုမျှ မရရှိ သေးချေ။ သိုင်းပညာရပ် များကို နက်နဲ၊ ဝိညာဉ်၊ မြေကြီးနှင့် ကောင်းကင် အဆင့်များ အဖြစ်၊ ပိုင်းခြား ထားသည်။

သခင့်ဓားမှာ အထွတ် အထိပ် မြေကြီး အဆင့်၊ ပညာရပ် တစ်ခု အဖြစ်သာ ယူဆနိုင် ပေ၏။ အလင်း အမှောင် လမင်း ကမ္ဘာတွင် ပင်လျှင် မရဏ သုတ္တန်နှင့်၊ ကောင်းကင် ကမ္ဘာ ကြီးအား အုပ်စိုးခြင်း၊ တို့ရှိသည်။

မပြည့်စုံ သောကြောင့်၊ သူ ကံကောင်း သွားခြင်း ဖြစ်သည်။ တစ်စုံ တစ်ခု သည်သာ၊ ပြီးပြည့်စုံ နေပါက၊ ဓားဂိုဏ်း ကိုပင် ယှဉ်နိုင် ပေမည်။

ယွဲ့ဝေဝေ၏ အဆို အရ၊ တောင်ထိပ်ရှိ သိုင်းပညာ များမှာ မပြည့် စုံပေ။ ပြည့်စုံသော ပညာများ ရှိသော်လည်း၊ သခင့်ဓားထက် နိမ့်ကျ နိုင်သည်။

ထို့ကြောင့် ကောင်းကင် အဆင့် ပညာရပ် များကိုသာ ရိတ်သိမ်း လိုပါက၊ အမြင့် ဆုံးသော တောင်ထွတ်ကြီး များကို၊ တက်ရောက် ရပေ မည်။

သို့သော် ၎င်းသည် ပြည့်စုံခြင်း ရှိ-မရှိ သူမပင် အာမ မခံ နိုင်ချေ။

“ ကောင်းကင် အဆင့် ... ၊ ပညာရပ် တစ်ခုကို ရဖို့က၊ ဒီလောက်တောင် ခက်နေ တာလား။ ”

“ ဘယ်လိုများ ပြောလိုက် တာလဲ၊ ကောင်းကင် အဆင့် ပညာရပ် တွေကို၊ ကံကြမ္မာ ကိုယ်ခံ ပညာလို့ ခေါ်တယ်၊ ဆိုလို တာက ဒါကို ရဖို့ ကံတရား ပေါ်သာ မူတည် လို့ပဲ၊ ... ”

“ ... ကံကြမ္မာ ကိုယ်ခံ ပညာကို အခြေခံ၊ အလယ် အလတ်နဲ့၊ အဆင့်မြင့် ဆိုပြီး ခွဲခြား ထားတယ်၊ အဲဒီထဲ ကမှ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာကို ... ”

“ ... အုပ်စိုးရှင်၊ ဘုရင်နှင့် ဧကရာဇ် ဟူပြီး၊ ထပ်မံ ပိုင်းခြား ထားတယ်၊ ငါ နေတဲ့ ကမ္ဘာကြီး မှာတောင်၊ အဆင့်မြင့် ကံကြမ္မာ ပညာ မဆိုနဲ့၊ အထွတ် အထိပ် အဆင့် အခြေခံ ကံကြမ္မာ ကိုယ်ခံ ပညာကို၊ ရဖို့တောင် မလွယ် ပါဘူး။ ”

ယွဲ့ဝေဝေ စကားကြောင့်၊ လင်းယွန် တစ်ယောက် အံ့အားသင့် သွားသည်။ ဤကဲ့သို့ အချင်း အရာမျိုး၊ ပထမဆုံး အကြိမ် ကြားဖူး လာခြင်း ဖြစ်၏။

ရုတ်တရက် ဓားသုတ္တန်မှာ၊ မည်သည့် အဆင့် ဖြစ်မည်ကို သိချင် လာသည်။ ယင်းကို ခန့်မှန်း နိုင်ခဲ့သော ယွဲ့ဝေဝေက၊

“ အစ်ကိုကြီး ယွန်၊ မင်းရဲ့ ဓားသုတ္တန်ဟာ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာရပ် အဖြစ် ယူဆ နိုင်ပေမယ့်၊ အဲဒါက မပြည့်စုံ သေးဘူး၊ ဒီလိုမှ မဟုတ်ရင် ... ၊ ”

“ ... မင်းရဲ့ လက်ရှိ၊ နယ်ပယ်နဲ့၊ ဒါကို ကျင့်ကြံလို့ မရမှာ သေချာတယ်၊ ဒါကြောင့် အခြေခံ ကံကြမ္မာ ကိုယ်ခံပညာ အဖြစ်သာ သတ်မှတ် ရလိမ့်မယ်။ ”

ဓားသုတ္တန်မှာ မပြည့်စုံ ဟူသောကြောင့်၊ အံ့သြ သွားသည်။ သို့သော် သူ၏ စစ်မှန်သော အမွေကို ရလို ပါက၊ ဓားသေတ္တာအား ပြန်လည် သန့်စင် ရမည်ဟု၊ ဓား သူတော်စင်မှ အရိပ် အမြွက် ပြောခဲ့ဖူး လေသည်။

“ ဆည်းဆာ အလင်းဓား ကရော ...၊ ဘယ် အဆင့်လဲ။ ”

“ ဒီဓားရေး ကတော့ တကယ် ... ထူးခြားတယ်၊ ရိုးရှင်းပုံ ရှိပေမယ့်၊ သူ့ရဲ့ ရည်ရွယ်ချက်က ကြောက်စရာပဲ၊ ... ”

“ ... အစ်ကိုကြီး ယွန်ရဲ့ လက်ထဲမှာ ... ၊ အခြေခံ ကံကြမ္မာ ကိုယ်ခံ ပညာနဲ့ ယှဉ်နိုင် ပါတယ်၊ ဒါပေမယ့် တခြား သူတွေ အသုံးပြု ရင်တော့၊ သခင်ဓား ကိုတောင် မီမှာ မဟုတ်ဘူး။ ”

ယွဲ့ဝေဝေက လေးလေး နက်နက် ခွဲခြမ်း စိပ်ဖြာ ပေးသည်။ ဆည်းဆာ အလင်း ဓားကို သူမပင် အဆင့် မခွဲခြား နိုင်ချေ။

“ အခြေခံ အဆင့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ နဲ့သာ၊ ယှဉ်နိုင် သတဲ့လား ... ။ ”

သူ၏ အပြင်း ထန်ဆုံး ဓားရေး တစ်ရပ် ဖြစ်သောကြောင့်၊ အနည်းငယ် စိတ်ပျက် သွားမိ သည်။

“ ခစ် ခစ် ခစ် ... ၊ အမယ် အခြေခံ အဆင့် ဆိုပေမယ့် အထင် မသေး ပါနဲ့၊ ပြီးပြည့်စုံ နေရင် အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ခုလို ပါပဲ။ ”

ယွဲ့ဝေဝေက ပြုံးကာ ဆိုလိုက်သည်။ ထိုစကားများ အမှန် ဟုတ်-မဟုတ် လင်းယွန် မသိချေ။

ယွဲ့ဝေဝေတွင် ဓားပညာရပ် များစွာကို ဆုပ်ကိုင်ထား နိုင်ပြီး၊ သူမ၏ အညံ့ ဆုံးသော ဓားရေး သည်ပင်၊ သခင့်ဓားထက် သာလွန် နေကြောင်း၊ သူ သိသည်။

“ အဲဒါ ဘာလဲ ... ။ ”

ထိုအချိန် မှာပင် လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားပြီး၊ ၎င်းအရပ် ဆီသို့ လှည့်ကြည့် လာကြသည်။

မြင့်မားသော တောင်ထိပ် တစ်နေရာတွင်၊ တံဆိပ် တစ်ခု ကျိုးသွားပြီး၊ ရာပေါင်း များစွာ ရှိသော၊ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံးများ လွင့်မေျာ လာ၏။

ကျောက်တုံး များမှာ၊ အရောင် အသွေး မျိုးစုံနှင့် ထူးခြားသော အလင်းများ တောက်ပ နေသည်။

ယင်းကို ကြည့်ပြီး ယွဲ့ဝေဝေက အံ့အားသင့် သွားကာ၊

“ ဒါက ... ၊ ပြိုင်ဘက်ကင်း ရှေးဟောင်း တာအို ပစ္စည်းပဲ၊ ဒါပေမယ့် ပျက်စီး နေပြီ၊ သူ့ရဲ့ အထွတ် အထိပ် အခြေ အနေမှာ ဆိုရင်၊ ... ”

“ ... နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံး ရာဂဏန်းလောက် ပါရှိတယ်၊ ဒါကို နတ်ဘုရား ရူရ် တွေနဲ့ သန့်စင် ထားရင်၊ ... ”

“ ... အားကောင်းတဲ့ အစီရင် တစ်ခု အဖြစ် အသုံးချ နိုင်တယ်၊ ဒါပေမယ့် အခုတော့ အစီရင် ပျက်စီးပြီး၊ သူ့ရဲ့ တာအိုက ပေါက်ကြား နေတယ်။ ”

ယိုစိမ့် နေသော တာအိုကို စုပ်ယူနိုင် သောကြောင့်၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာခဲ့သည်။

ကံကောင်း ပါက၊ သိုင်း ရည်ရွယ်ချက်များ ဆုပ်ကိုင် ရာတွင်၊ အထောက် အပံ့ ရနိုင်သည်။

ဥပမာ အားဖြင့်၊ နန်းဂွန်း ဝမ်းယူမှာ နှင်းခဲဓား ရည်ရွယ်ချက်ကို၊ ဝိညာဉ် အဆင့််သို့ ရောက်ရှိရန်၊ ဤအခွင့် အရေးအား အသုံးပြု နိုင်၏။

တိမ်နဂါး ရတနာ သိုက်ကို မြင်ချိန်၌၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့၏ အဖိုးအိုများ၊ အဘယ်ကြောင့် စိတ်လှုပ်ရှား နေကြ သည်ကို၊ နောက်ဆုံး နားလည် လိုက်မိသည်။

ဤနေရာမှာ အမှန်ပင် ဆန်းကြယ် လှပေသည်။ ကံကောင်း ပါက၊ လိပ်ပြာ ကဲ့သို့၊ အသွင် ကူးပြောင်း နိုင်မည်။

လင်းယွန်က ယွဲ့ဝေဝေအား ပြန်ကြည့် မိသည်။ သူမ အပေါ် မမြင် နိုင်ချေ။ လျှို့ဝှက် လွန်းပြီး၊ အကြောင်း အရာ တိုင်းကို သိနေ ခဲ့သည်။

“ ခစ် ခစ် ခစ် ... ၊ အစ်ကိုကြီး ယွန်၊ ဘာလို့ ငါ့ကို စိုက်ကြည့် နေရ တာလဲ၊ ငါ့ကိုယ်ငါ လှမှန်း သိပေမယ့်၊ အစ်ကို ကြီးက ဒီလိုသာ ... ”

“ ... ကြည့်နေရင် ငါ ရှက်ရ လိမ့်မယ်၊ အခုချိန် မသွား သေးဖူး ဆိုရင်၊ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံးတွေ ... ”

“ ... ကျန်တော့မယ် မထင်ဘူး၊ ဒီလိုသာ ဆိုရင် တာအို သဘော တရား တွေကို လက်လွှတ် ရလိမ့်မယ်။ ”

ရုတ်တရက် ရေခဲ ကမ္ဘာထဲ ထိုးကျသွား သကဲ့သို့၊ တုန်ယင် သွားပြီး၊ ယွဲ့ဝေဝေ ထံမှ အကြည့်ကို လွှဲလိုက်သည်။

သို့သော် သူမ မျက်နှာ ပေါ်ရှိ၊ ရယ်မော လိုသော အပြုံးကို လှစ်ခနဲ မြင်လိုက် ရသဖြင့်၊ လှည့်စားခံ လိုက်ရကြောင်း၊ ချက်ချင်း သိလိုက် သည်။

မည်သို့ပင် ဆိုစေကာမူ၊ မနှောင့်နှေး ဝံ့ တော့ဘဲ၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို ထုတ်ဖော်ပြီး၊ လေထဲ ပြေးလွှား မိသည်။

လေပေါ် နင်းလိုက်တိုင်း၊ လေနှင့် လျှပ်စီး စွမ်းအင်များ ကျန်ရစ် ခဲ့၏။ အဝေးမှ ကြည့်လျှင် လေနှင့် လျှပ်စီးကို ခြယ်လှယ် နေသော နဂါး တစ်ကောင် နှင့်တူသည်။

သို့သော် တစ်ခါ တစ်ရံတွင်၊ ထက်ရှသော ဓား တစ်လက် ကဲ့သို့ လေထုအား ခွဲလျက် ပျံသန်း နေပြန်၏။

ထွက်ခွာ သွားသော လင်းယွန်ကို ကြည့်ပြီး၊ ယွဲ့ဝေဝေက ပြုံးကာ နောက်ပါးမှ လိုက်ပါလာ ခဲ့ တော့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့်၊ ပါရမီရှင် တိုင်းက သတိထား မိကုန်ပြီး၊ တောင်ထိပ်ပေါ် တက်ရန် ကြိုးစား လိုက်သော်လည်း၊ အားနည်း သူများမှာ လွင့်စဉ် ကုန်သည်။

သို့သော် သေဆုံး သွားခြင်းမျိုး မဟုတ်ဘဲ၊ ရတနာ သိုက်မှ ထုတ်ပယ် လိုက်ခြင်း ဖြစ်သည်။ ထိုအကြောင်းကို ကျန်သူ များမှ၊ သိရှိရန် နည်းလမ်း မရှိ သောကြောင့်၊ အရှိန် လျှော့ကာ သတိထား လာကြသည်။

လင်းယွန်က ဓားအား ထုတ်လိုက်ပြီး၊ သူ့ အပေါ် ပြိုကျ လာသော သဘာဝ ဖြစ်စဉ် များကို ဆုတ်ဖြဲ ပစ်လိုက်၏။

ထိုသဘာဝ ဖြစ်စဉ် တိုင်းမှာ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ၊ သားရဲ များအား အလွယ် တကူ သတ်ပစ် နိုင်သည်။

ဖြစ်စဉ် တိုင်းတွင် သိုင်း ရည်ရွယ်ချက်များ ပါရှိ၏။ သိုင်း ရည်ရွယ်ချက်အား ဆုပ်ကိုင်ထား နိုင်ခြင်း မရှိသော လူများ အတွက်သာ၊ ခက်ခဲ ပေမည်။

ထို့ကြောင့် လင်းယွန်၊ ယုဟိုရှင်း၊ ကျန်းဝူကျိ၊ နန်းဂွန်း ဝမ်းယူ၊ မူဟန်နှင့် အခြားသော ပါရမီရှင် များမှာ၊ ရှေ့ဆင့် နောက်ဆင့် ရောက်ရှိ လာသည်။

မီတာ အနည်းငယ် မြင့်သော တိုင် တစ်လုံး ထိပ်တွင်၊ အလံငယ် တစ်လက် တလူလူ လွင့်နေ ပြီးနောက်၊ ပတ်ပတ် လည်၌ လင်းရောင်ခြည် ကျောက်တုံးများ၊ လွင့်မျော နေသည်။

သူတို့ ထံသို့ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံး များမှ၊ အကန့် အသတ် မရှိသော ဖိအားများ ကျဆင်း လာ၏။

၎င်းတို့တွင် အလံငယ်မှ ပေါက်ကြား လာသည့်၊ တာအို သဘော တရားများ ပေါင်းစပ် နေသဖြင့်၊ လူတိုင်း အပေါ် ကြီးစွာ ဖိအားပေး နိုင်သည်။

ဤဖိအား အောက်တွင်၊ ၎င်းကျောက်တုံး တို့အား ရယူရန်၊ လွယ်ကူမည် မဟုတ်ကြောင်း ခန့်မှန်း နိုင်ကြ သည်။

“ ထွက် သွား စမ်း ... ။ ”

ကျန်းဝူကျိနှင့် ယုဟိုရှင်း တို့က၊ အကြည့်ချင်း ဖလှယ်ကာ၊ အလံတိုင် အနားသို့ ပြေးတက်သွား ကြသည်။

လင်းယွန်က အလျင် လိုခြင်း မရှိ ခဲ့ချေ။ ဝိညာဉ်ရေး ဓားကို ဖြန့်ကာ ကျောက်တုံး အပိုင်း အစများ ကြားရှိ၊ ပစ်မှတ်ကို စတင် ရှာဖွေ လိုက်သည်။

သူ့အနေဖြင့် နဂါးဓား ရောင်ဝါကို၊ နောက်တစ်ဆင့် တက်ရန်၊ လေနှင့် လျှပ်စီး ကျောက်တုံးများ ကိုသာ လိုအပ် လေသည်။

***

All Chapters