မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်။
Vol. 61 Ch. 842
လူများက ရယူရန် ကြိုးစားလာ သည်နှင့် အမျှ၊ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံး များမှ ဖိအားမှာ၊ ပို၍ အားကောင်း လာပြီး၊ လေ၊ မီး၊ လျှပ်စီးနှင့်၊ တိမ် တို့၏ မတူညီသော ဖြစ်စဉ် များကို ဖန်တီး ပေးလာသည်။
သည်အခြေ အနေ အောက်တွင်၊ ဘုရင်သုံးပါးနှင့် အထက်တန်း စားများ ဖြစ်နေ လျှင်ပင်၊ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သည် အထိ၊ အန္တရာယ်ရှိ နေပေသည်။
သို့သော် ထိုအန္တရာယ် ရှိသော အခြေ အနေသည်၊ လူတိုင်း၏ လောဘကို ရပ်တန့် နိုင်မည် မဟုတ်ပေ။
၎င်းတို့သည် ပြင်းထန်သော ဖိအား အောက်တွင်၊ လှမ်းတက် နေရ သဖြင့်၊ အရှိန်မှာ အလွန် နှေးကွေး လာသည်။
ထို့အပြင် အလံ ဧရိယာ တဝိုက်အား၊ မမြင်နိုင်သော စွမ်းအင် အကာ အကွယ် တစ်ခုမှ ပိတ်ဆို့ ထားသည်။
များမကြာမီ လင်းယွန်က၊ စတင် လှုပ်ရှား လိုက်သည်။ ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ်ကာ၊ ခုတ်ပိုင်းချ လိုက်ခြင်း ဖြစ်၏။
“ သခင့်ဓား- မိုးကြိုး ... ။ ”
ဓားသုတ္တန် နှင့်အတူ၊ သခင့်ဓားအား အကန့်အသတ်ထိ တွန်းထုတ် လိုက်၏။ ဓား အလင်း (၃၆) စင်း ထွက်ပေါ် လာကာ၊ သူတို့ထံ ရောက်ရှိ လာသော ဖြစ်စဉ် များကို ဖျက်ဆီးပစ် လိုက်သည်။
လက်ကောက် ဝတ်ကို၊ လှုပ်ယမ်းလိုက် ရုံဖြင့်၊ ထို ဓားရောင်ခြည် (၃၆) စင်းမှာ၊ ဧရာမ ဓားကြီး တစ်လက် အဖြစ်၊ ပေါင်းစပ် သွားသည်။
“ ဒီကောင် ... ၊ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ ... ။ ”
ကျန်းဝူကျိ တစ်ယောက် လင်းယွန်ကို ကြည့်ကာ၊ မျက်ခုံးပင့် လိုက်သည်။ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံး (၃) လုံးကို ရရှိ ထား သောကြောင့်၊ သူ့ကံမှာ မဆိုး လှချေ။
သို့သော် ထပ်မံ ရရှိလို သဖြင့်၊ ဖြစ်စဉ်များ အပေါ် အာရုံစိုက် နေစဉ်၊ လင်းယွန်၏ လုပ်ရပ် များက သူ့ကို အာရုံပျက် စေခဲ့သည်။
ဤသည်မှာ ခွန်အားသုံး၊ ဖြေရှင်း ရသော စမ်းသပ်မှု တစ်ခု မဟုတ်ပေ။ တာအို သဘော တရား များနှင့်၊ ပေါင်းစပ် နေသောကြောင့်၊ ဖြစ်စဉ် တစ်ခုချင်း စီသည်၊ အလွန် ရှုပ်ထွေး ပေ၏။
အစောပိုင်း ကပင်၊ သခင့် လက်သီးကို သုံးကာ၊ ယုဟိုရှင်း တစ်ယောက် အလားတူ ပြုမူခဲ့ ဖူးသည်။ လမ်းကြောင်း အတွင်း တိုးဝင် ပြီးနောက်၊ ပိတ်မိလု နီးပါး ဖြစ်သွား သဖြင့်၊ ဆုတ်ခွာ လိုက်ရသည်။
လူတိုင်းက လင်းယွန် ကဲ့သို့ လုပ်ဆောင် လိုသော်လည်း၊ မအောင်မြင် ခဲ့ချေ။ ထို့ကြောင့် အန္တရာယ် များသော လုပ်ရပ် ဖြစ်ကြောင်း သူ့အား သတိပေး လာကြသည်။
သို့သော် လင်းယွန်က အာရုံ မရဘဲ၊ ဝိညာဉ်ရေး ဓားအား ဂရုတစိုက် ထုတ်လွှတ် လိုက်သည်။
“ ဝှစ် ... ။ ”
သူ့ ရှေ့ရှိ မမြင် ရသော ထိုအတား အဆီးတွင်၊ အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ် လာသဖြင့်၊ ခြေကိုးလှမ်း ပြေးတက် မိသည်။
“ ဒါ ... အခွင့် အရေးပဲ။ ”
ယုဟိုရှင်းနှင့် ကျန်းဝူကျိ တို့က လင်းယွန် နောက်မှ လိုက်ရန် အသီးသီး လှုပ်ရှား လာကြ သည်။
သို့သော် ထိုအက်ကွဲ ကြောင်းမှာ၊ ချက်ချင်း ပြန်ပိတ် သွားသဖြင့်၊ နှစ်ဦးသား အကြော အချဉ် တောင့်တင်း လာပြီး၊ နောက်ပြန် ဆုတ်လိုက် ရသည်။
ရှေ့အား မျှော်ကြည့် လိုက်သော အခါ၊ အလံတိုင် နားသို့ တိုးကပ် သွားသော ပြာလဲ့လဲ့ ပုံရိပ် တစ်ရိပ်အား လှမ်းမြင် လိုက်ရသည်။
“ တောက် ... ။ ”
ယုဟိုရှင်းနှင့် ကျန်းဝူကျိ တို့က၊ အလျင် အမြန် နောက်ပြန် ဆုတ်လိုက် ရသည်။
ကျန်းဝူကျိက သူ့ ခန္ဓာကိုယ် ပေါ်ရှိ၊ မီးတောက် မီးလျှံ များကို ငြိမ်းသတ် လိုက်ပြီး၊ လင်းယွန်အား လျစ်လျူရှု မိသည်။
“ ငါ သူနဲ့ ပြိုင်ဖို့ မလို ပါဘူး၊ လျှပ်စီး ရည်ရွယ် ချက်ကို ဝိညာဉ် အဆင့်၊ ပို့ဆောင်နိုင် ဖို့သာ လိုပါတယ်၊ ... ”
“ ... ဒါဆို ငါ သူ့ကို ကြောက် နေစရာ မလို တော့ဘူး၊ ငါ စုဆောင်း ထားတဲ့ အပိုင်း အစ တွေက ဒီအတွက် လုံလောက် သင့်ပြီ။ ”
ယုဟိုရှင်း မှာမူ၊ စိတ် မဝင်စား တော့ ဟန်ဖြင့်၊ ငြိမ်သက် သွားသည်။ သူ့ အတွေးအား မည်မျှ မသိ နိုင်ချေ။
လင်းယွန်က ဝိညာဉ်ရေး ဓားနှင့် သူ့ကိုယ်သူ ကာကွယ် ထားပြီး၊ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံး များကို ကြည့်လိုက်သည်။
ထို့နောက် မိုးပြာ နဂါး မူလ ပုံစံကို ဖြန့်ကျက်လျက်၊ နဂါး ရူရ် များကို ‘ကြိုး’ အသွင် ပေါင်းစပ် ထုတ်လွှတ် သည်။
လေနှင့် လျှပ်စီး စွမ်းအင် ပါရှိသော၊ လင်းရောင်ခြည် ကျောက်တုံးပေါင်း (၁၀၀) နီးပါးကို၊ ကြိုးဖြင့် ဖမ်းယူ နိုင်ခဲ့သည်။
“ ဒါဆို လုံလောက်ပြီ ... ။ ”
လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊ နဂါး ကြိုးအား ပြန်ခေါ်ကာ၊ ကျောက်တုံး များအား သိမ်းဆည်း လိုက်၏။
‘တိုင်’မှာ (၁၀) မီတာခန့် ရှည်လျားပြီး၊ အလံငယ်၏ အလယ် ဗဟိုတွင် နတ်ဘုရား ရူရ် တစ်လုံး မြှပ်နှံ ထားသည်။
ရွှေရောင် အမှုန် အမွှား များက၊ ၎င်းနေရာမှ ထွက်ကျ လာခြင်း ဖြစ်သည်။
ဤအလံသည် စကြာဝဠာ လက်ရာ အဆင့်ကို ကျော်လွန် သွားကြောင်း၊ သူသိ သောကြောင့် အတွေးနက် လာသည်။
ရုတ်တရက် ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်းကာ၊ ကြာပွတ် တစ်လက်အား၊ ထုတ်ယူ လိုက်သည်။
ယင်းမှာ မီးလျှံ မိုးကြိုး ကြာပွတ် ဖြစ်ပြီး၊ တစ်ချိန်က တာအို ရှေးဟောင်း ပစ္စည်း ဖြစ်ကာ၊ လဲ့ယန်းဇီ သေဆုံး ပြီးနောက်၊ အထွတ် အထိပ် စကြာဝဠာ အဆင့်၌ ချိတ်ပိတ် ခံခဲ့ ရသည်။
“ ရွှေမှုန် တွေက ယွဲ့ဝေဝေ ပြောတဲ့ ... ၊ တာအို စွမ်းအင်တွေ ဖြစ်ရမယ်၊ စမ်းကြည့် ရအောင်။ ”
ရွှေရောင် အမှုန် များကို စုပ်ယူပြီး၊ မီးလျှံ မိုးကြိုး ကြာပွတ်က၊ ၎င်း၏ တံဆိပ်ကို ချိုးဖြတ် နိုင်ခြင်း၊ ရှိ-မရှိ သိချင် သွားသည်။
မူလ စွမ်းအင်ကို စီးဆင်း စေလိုက် သည်နှင့်၊ မီးလျှံ မိုးကြိုး ကြာပွတ်၌ ခရမ်းရောင် မီးလျှံများ တောက်လောင် လာပြီး၊ စပါးအုံး မြွေကြီး ကဲ့သို့၊ ပျံထွက် လာသည်။
ရွှေဖုန်မှုန့် များက သူ့ အပေါ်၊ တဖွဲဖွဲ ကျလာပြီး ခရမ်းရောင် မီးတောက်ကို ပို၍ လောင်ကျွမ်း လာစေ၏။
ကြာပွတ် အတွင်းမှ၊ စူးရှသော အသံ ထွက်ပေါ် လာပြီး၊ တံဆိပ် ကျိုးပျက် သွားကာ၊ လက်ထဲမှ ရုတ်တရက် ရုန်းထွက် သွားသည်။
ယင်းမှာ သားကောင်ကို မြင်သော ဆာလောင် နေသည့် နဂါးကြီး တစ်ကောင်နှင့် တူ၏။ ထို့နောက် အလံငယ်ကို ဝါးမျိုး လိုက် လေရာ၊ လင်းယွန် မျက်နှာမှာ ပြောင်းလဲ သွားသည်။
ပျက်စီးနေ သော်ငြားလည်း၊ အလံငယ်တွင် ရှေးဟောင်း တာအို ရူရ် တစ်လုံး ပါရှိ နေသည်။ ထိုအနေ အထားကို သတိပြု မိသော၊ မီးလျှံ မိုးကြိုး ကြာပွတ်က၊ မီးနဂါး တစ်ကောင် အဖြစ် ပြောင်းလဲကာ၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။
“ ပျံ သွားတာလား ... ။ ”
‘တိုင်’ သာ ကျန်ရစ် ခဲ့သော၊ အလံတိုင် ကြီးကို မော့ကြည့်ပြီး၊ မယုံကြည် နိုင်စွာဖြင့် စိတ်ဓာတ် ကျဆင်း သွားသည်။
လက်နက်များ အားကောင်းလာ ပြီးနောက်၊ ပိုင်ရှင်အား စွန့်ခွာ သွားသည် ဟူသော၊ ကောလ ဟာလ များကို၊ ကြားခဲ့ ဖူးသည်။
မီးလျှံ မိုးကြိုး ကြာပွတ်မှာ၊ သူ့အား အရည် အချင်း မပြည့် မီဟု ယူဆခဲ့ ပုံရပြီး၊ ထိုကောလ ဟာလ အတိုင်း စွန့်ခွာခြင်း၊ ဖြစ်နိုင် လေသည်။
“ ဘယ်လိုတောင် ... စိတ်ပျက်စရာ အရည် အချင်းမျိုး မိုလို့လဲ။ ”
လောလောဆယ် သူ့၌ ဖြေရှင်း စရာ နည်းလမ်း မရှိသေး သဖြင့်၊ အဆိုပါ ကိစ္စအား ဆက် မလိုက်နိုင် သေးချေ။
ဤနေရာ၌ သိပ်သည်းသည့်၊ တာအို အရှိန်အဝါများ ကျန်ရစ် နေသေး သောကြောင့်၊ သူ့ကိုယ်သူ ဓားဖြင့် ကာကွယ်ကာ၊ လေနှင့် လျှပ်စီး အပိုင်းအစ များကို သန့်စင်ရန်၊ ထိုင်ချ လိုက်သည်။
“ ဒါက အဆင် ပြေမယ် ထင်ရတာပဲ။ ”
၎င်းရည်ရွယ်ချက် နှစ်ခု လုံးကို၊ နားမလည် ခဲ့သေးပေ။ သို့ရာတွင် မဟာ လေဟုန် ကျမ်းနှင့် သခင့်ဓား တို့၏ ကျေးဇူးကြောင့်၊ အချို့အား နားလည် သဘောပေါက် ထားသည်။
ထို့ကြောင့် နာရီဝက် အတွင်း လျှပ်စီး လင်းရောင်ခြည် ကျောက်တုံး ဒါဇင်ပေါင်း များစွာအား၊ သန့်စင် နိုင်ခဲ့သည်။
လျှပ်စီး ရည်ရွယ်ချက်ကို နားလည် သဘောပေါက် ပြီးနောက်၊ ပို၍ ကျွမ်းကျင်လာ စေရန် ထပ်မံ ကြိုးစား ခဲ့သည်။
သိုင်း ရည်ရွယ်ချက် များကို၊ အဆင့် (၉)ဆင့် ခွဲခြား ထားပြီး၊ ပထမ အဆင့်မှာ ရှန်ရှင်းဓား နှင့် ယှဉ်နိုင် သဖြင့်၊ ရှန်ရှင်း အဆင့် ရည်ရွယ်ချက်ဟု အလွယ် တကူ ခေါ်ဆိုသည်။
ထိုအဆင့်သို့ ရောက်ရှိ ပြီးနောက်၊ လေ ရည်ရွယ်ချက်ထံ ပြောင်းလဲ လိုက်သည်။ လေ ဟူသည် မမြင်နိုင် သဖြင့်၊ လျှပ်စီးနှင့် ယှဉ်ပါက နားလည်ရ ပိုခက် ပေသည်။
မိုးပြာ နဂါး များမှာ၊ လေနှင့် လျှပ်စီး စွမ်းအင်ကို ထိန်းချုပ် နိုင်သောကြောင့်၊ လျှပ်စီး နားလည် ရုံမျှဖြင့်၊ ပြည့်စုံ ဦးမည် မဟုတ်ချေ။
လေးနာရီ ကြာပြီးနောက်၊ နဖူး၌ ချွေး များဖြင့် ဖုံးလွှမ်းလျက်၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ လာသည်။
သို့သော် သူ့ မျက်လုံး များတွင်၊ စိတ် လှုပ်ရှားမှု များဖြင့် တောက်ပ နေ၏။ လက် နှစ်ဖက်ကို ပူးကပ် မြှောက်တင် လိုက်ရာ၊ ဓား အလင်းများ ကောင်းကင်ပေါ် ထိုးတက် သွားသည်။
ထိုဓား ရောင်ခြည်သည် လျှပ်စီး ကဲ့သို့၊ တိမ်တိုက် များကို အက်ကွဲ စေပြီး၊ လေပြင်းများ တိုက်ခတ် လာစေ၏။
ဤအခိုက် အတန့်တွင်၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်ကို၊ အောင်အောင် မြင်မြင် ပေါင်းစည်း နိုင်ခဲ့သည်။
ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် ကိုသာ၊ ၎င်းအတွင်း ထပ်မံ ပေါင်းထည့် လိုက်ပါက၊ ပိုမို အားကောင်း လာမည် ဖြစ်သည်။
သက်ပြင်း တစ်ချက် ချလိုက်ပြီး၊ ဖြည်းညှင်းစွာ ထရပ် မိသည်။ ကျင့်ကြံ မှုတွင် အောင်မြင်မှု မရ ရှိခဲ့ သော်လည်း၊ တိုက်ပွဲဝင် စွမ်းရည်မှာ၊ ကြောက်မက်ဖွယ် ကောင်းသော အဆင့်သို့ ရောက်ရှိ လာ၏။
ထို့နောက် မီးလျှံ မိုးကြိုး ကြာပွတ်ကို ရှာရန်၊ ကောင်းကင်သို့ မော့ကြည့် လိုက်သော်လည်း၊ မည်သည့် နေရာ တွင်မှ မတွေ့ရ တော့ပေ။
ခဏ အကြာတွင် အကြည့်အား ပြန်ရုတ် လိုက်ပြီး၊ အလံတိုင် အနားမှ ထွက်ခွာ လာခဲ့ သည်။
အကာ အကွယ် ပြင်ပ၊ မြေပြင် ပေါ်တွင် ထိုင်နေဆဲ ဖြစ်သော ပါရမီရှင် ဆယ်ပါးက၊ အစွန် အဖျားရှိ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံး များကို၊ ရယူ နိုင်ခဲ့သည်။
သူတို့က အပိုင်း အစ များနှင့်၊ တာအို စွမ်းအင် များကို၊ သန့်စင်ရန် အချိန် အတော် ယူနေ ရသည်။
ကျန်းဝူကျိ ပတ်ဝန်းကျင်တွင် လျှပ်စီး ကျောက်တုံး ငါးတုံးနှင့်၊ လေ ကျောက်တုံး ငါးတုံး၊ စုစုပေါင်း ဆယ်တုံး ပျံဝဲ နေသည်။
ကြောက်စရာ ကောင်းသော တိမ်လျှပ်စီး ရည်ရွယ်ချက်က သူ့ ပတ်ဝန်းကျင်၌ ပျံ့လွင့်ပြီး၊ အရှိန် အဟုန်ဖြင့်၊ တိုးတက် လာ၏။
လင်းယွန် အကြည့်ကို အာရုံခံ မိ သောကြောင့်၊ ကျန်းဝူကျိက မျက်လုံးများ ဖွင့်ကာ လှည့်ကြည့် လာသည်။
ထို့နောက် အထင် အမြင် သေးစွာဖြင့်၊ နောက်တစ်ကြိမ် မျက်လုံး ပြန်မှိတ် သွားသည်။
( စိတ်ဝင် စားစရာပဲ၊ သူ့ ကြည့်ရတာ ကောင်းကောင်း ရိတ်သိမ်းထား နိုင်ပုံ ရတယ်။ )
စိတ်ထဲမှ ရေရွတ် လိုက်ပြီး၊ ပတ်ဝန်း ကျင်အား ဝေ့ကြည့် လိုက်သည်။ နန်းဂွန်း ဝမ်းယူ နှင့် မူဟန် တို့က၊ ရေခဲ အပိုင်း အစ များကို သန့်စင် နေစဉ်၊ ဘိုင်လိရွှမ် ခန္ဓာ ကိုယ်၌ လျှပ်စီးများ လက်နေ ခဲ့၏။
ယုဟိုရှင်း ရှေ့တွင် ကောင်းကင် ကမ္ဘာ ကြီးအား အုပ်စိုး ခြင်းဖြင့်၊ ဖိအားပေး ခံနေ ရသော လူ အချို့ ရှိသည်။
သူတို့၏ နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံး များကို လွှဲပြောင်း ပေးအပ်ရန်၊ အတင်း အကြပ် တောင်းဆို ခံထား ရ၏။
“ ထွက် သွား စမ်း ... ။ ”
ယုဟိုရှင်းက မျက်လုံး ဖွင့်ကြည့်ပြီး အေးစက်စွာ မောင်းထုတ် လိုက်သည်။ ဖိအား များ ပျောက်ကွယ် သွားသဖြင့်၊ လူတိုင်း စိတ် သက်သာရာ ရသွား၏။
သို့သော် ကြိုးစား အားထုတ်မှုများ မြောင်းထဲ ရောက်သွားပြီ ဖြစ်ရာ၊ နှုတ်ခမ်းမှ သွေးစ များကို သုတ်လျက်၊ ရှုံ့မဲ့ ကုန်၏။
ထို့နောက် ယုဟိုရှင်းက လင်းယွန်ထံ လှမ်းကြည့်ပြီး၊ နှာခေါင်းရှုံ့ လိုက်သည်။ သူ သည်လည်း အရှုံးကို လက်ခံလို ပုံ မရချေ။
အနည်းငယ် ရိတ်သိမ်းနိုင် ပြီးနောက်၊ သွေးနထင် ရောက်လာကာ၊ မောက်မာသော အမူ အယာများ ပြချင် နေပေသည်။
နှလုံးသား ထဲရှိ သတ်ပစ် လိုသော ဆန္ဒ များကို ယုဟိုရှင်း တစ်ယောက် မျိုသိပ်လျက်၊ နောက်ဆုံး တောင်ထိပ်ပေါ် ဦးတည်ကာ၊ ထွက်ခွာ သွားတော့သည်။
တစ်ချိန်တည်း မှာပင်၊ ကျန်းဝူကျိ မျက်လုံးများ ဖွင့်လာပြီး၊ လင်းယွန်အား စူးစမ်းသော အကြည့်ဖြင့်၊ အချိန် အတော်ကြာ စစ်ဆေး နေခဲ့သည်။
“ လင်းယွန်၊ ငါ မင်းကို ပြောတယ် မဟုတ်လား၊ တိမ်နဂါး ရတနာ သိုက်က လူတိုင်း အတွက် ... ”
“ ... အခွင့် အရေး ရှိတယ် ဆိုတာ၊ ဘယ်သူက အကျိုး အမြတ် အများဆုံး ရခဲ့လဲ၊ မကြာခင် ငါတို့ သိရ ပါလိမ့်မယ်၊ ဟား ဟား ဟား ... ။ ”
ထို့နောက် သဘောကျ စွာဖြင့် ရယ်မောလျက်၊ ထွက်ခွာ သွားတော့သည်။ သို့သော် လင်းယွန်က ၎င်းတို့အား စိတ်မဝင် စားချေ။ ယွဲ့ဝေဝေအား ရှာရန်သာ လှည့်ပတ် ကြည့်ရှု လိုက်သည်။
အနားတွင် မတွေ့ ရ သဖြင့် မျက်မှောင်ကြုတ် လိုက်သည်။ နောက်ဆုံး တောင်ပေါ်သို့ ရောက်ရှိနေ ခြင်းလည်း ဖြစ်နိုင် ၏။
ထိုတောင်သည် အမြင့်ဆုံး ဖြစ်သဖြင့်၊ ၎င်းတွင် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်ပင် ရှိနိုင် ပေမည်။
***