လေ နှင့်အတူ ထွက်ခွာခြင်း။
Vol. 61 Ch. 843
ကျန်းဝူကျိနှင့် ယုဟိုရှင်း ထွက်ခွာသွား ပြီးနောက်၊ အခြား သူများလည်း တဖြည်းဖြည်း နိုးထ လာ ကြသည်။
လူတိုင်းက ခွန်အားကို မြှင့်တင်နိုင် ခဲ့သည်ဖြစ်ရာ၊ သူတို့၏ အရှိန် အဝါအား ကောင်းကောင်း မထိန်းနိုင် ခဲ့ချေ။
အခြား တစ်ဖက်တွင်၊ နဂါးဓား အရှိန် အဝါကို သိသိ သာသာ ပြောင်းလဲ စေသည့်၊ သိုင်း ရည်ရွယ်ချက် နှစ်ခုအား၊ လင်းယွန်မှ နားလည် သွားသည်။
နတ်ဘုရား လင်းရောင်ခြည် ကျောက်တုံး (၁၀၀) နီးပါးကို သန့်စင် ထား သောကြောင့် သူ၏ ရိတ်သိမ်း နိုင်မှုမှာ၊ အခြား သူများထက် များစွာ မြင့်မားသည်။
အပိုင်း အစ ဆယ်ခု မျှသာ၊ သန့်စင် ထားသော ကျန်းဝူကျိ အတွက်၊ ယှဉ် နိုင်စရာ နည်းလမ်း မရှိချေ။
ခြောက်နာရီ အတွင်း မတူညီသော ရည်ရွယ်ချက် နှစ်ခုကို နားလည် နိုင်ခြင်းသည်၊ ကောင်းကင်ကို အံတု နိုင်သော အောင်မြင်မှု တစ်ရပ် ဖြစ်၏။
ယင်းကို ထုတ်ပြော ခဲ့သော်မှ၊ မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။
“ အဆင် မပြေ ခဲ့ဖူးလား ... ။ ”
ရှောင်စီယီက မေးသည်။ လင်းယွန် အသွင်အပြင်မှာ ပြောင်းလဲခြင်း မရှိ သဖြင့်၊ ထိုသို့ ယူဆ လိုက်ခြင်း ဖြစ်၏။
အထူး သဖြင့် သူတို့၏ ခွန်အားတွင်၊ ကြီးမားသော အသွင် ကူးပြောင်းမှု ရှိလာချိန်၌၊ အရှိန် အဝါကို မည်သူမျှ မြန်မြန် ဆန်ဆန် မထိန်းချုပ် နိုင်ခဲ့ပေ။
ဝူရှောင်ရှင်းက နှစ်သိမ့် ပေးဟန်ဖြင့်၊
“ အဲဒါကို သိပ်ပြီး စိတ်ပူ မနေ ပါနဲ့၊ တောင်တစ်လုံး ကျန်ပါ သေးတယ်၊ ကျန်းဝူကျိ အကြာကြီး မောက်မာ နေနိုင်မှာ မဟုတ် ပါဘူး။ ”
-ဆို လိုက်သည်။
သူ့ အနေဖြင့် လျှပ်စီး အချို့ကို သန့်စင်နိုင် ခဲ့ပြီး၊ ဆန္ဒရှိ ပါက နဂါး ကိုးကောင်အား၊ လျှပ်စီး နဂါးများ အဖြစ်၊ အလွယ် တကူ ထုတ်ဖော် ပြသ နိုင်မည် ဖြစ်သည်။
“ အမှန်ပဲ ... ၊ ကျန်းဝူကျိက မင်းကို ရှုံးလိုက် ရလို့ မယုံနိုင်ဖူး ဖြစ်နေတယ်။ ”
နန်းဂွန်း ဝမ်းယူက မူဟန်နှင့် အတူ၊ လျှောက်လှမ်း လာလျက်မှ ဆိုသည်။ လူတိုင်း၏ အမြင်ကို ကြားရသော အခါတွင်၊ အနည်းငယ် အံ့အားသင့် သွားသော်လည်း၊ လင်းယွန်က ငြင်းဆန်ခြင်း မရှိချေ။
ရှင်းပြ လျှင်ပင် ယုံကြည်မည် မဟုတ် ကြောင်း၊ သူ သိသည်။ ထို့အပြင် ကျန်းဝူကျိကို ခေါင်းထဲ မရှိချေ။ ပါးရိုက် ခြင်းဖြင့် အလွယ် တကူ သတ်ပစ် နိုင်သည်။
“ အဓိက နယ်မြေမှာ၊ တာအို မကျန် တော့ဘူး၊ ဒါပေမယ့် လင်းရောင်ခြည် အပိုင်း အစတွေ ကျန်သေးတယ်၊ မင်းတို့ ဆန္ဒ ရှိရင် ငါကူညီ နိုင်တယ် ... ။ ”
လူအုပ်ကို ကြည့်ကာ ဆိုလိုက်သည်။ အများ စုမှာ ယုဟိုရှင်း၏ အတင်း အကြပ် သိမ်းယူခြင်း ခံလိုက် ရသောကြောင့်၊ နစ်နာမှုများ ရှိခဲ့သည်။
နောက်ဆုံးတွင် ဝူရှောင်ရှင်း တို့အား မျှော်လင့်ချက် မဲ့စွာ ကြည့်နေစဉ်၊ လင်းယွန်မှ အသစ် တဖန် ပေးလာ ပြန်သည်။
“ လိရွှမ် ၊ နန်းဂွန်းနဲ့၊ မူဟန် ... ၊ မင်းတို့ ငါနဲ့ လိုက်ခဲ့ ... ။ ”
တာအို ရူရ်ကို၊ မီးလျှံ မိုးကြိုး ကြာပွတ်မှ ဝါးမျို သွားပြီး ဖြစ်သောကြောင့်၊ ‘တိုင်’ သက်သက် မျှသာ ကျန်ခဲ့သည်။ ထို့ကြောင့် ဖိအားမှာ အရင်နှင့် မတူ တော့ပေ။
“ အဆင် ပြေတယ် ... ။ ”
လူတိုင်းက ငြင်းဆန်ခြင်း မရှိ သည်မှာ သဘာဝ ပေပင်။
“ မင်းတို့ ဓား ရည်ရွယ်ချက်ကို၊ သုံးရုံနဲ့ လုံလောက်ပြီ ... ။ ”
ဝိညာဉ်ရေး ဓားကို ထုတ်လျက်ဖြင့် လင်းယွန်က ပြောလိုက်သည်။ ထိတ်လန့်ဖွယ် ကောင်းသော ဓား အလင်းများ ထွက်ပေါ် လာပြီး၊ သူတို့အား ဗဟို ပြုလျက်၊ မီတာ (၃၀) နီးပါး ကျယ်ပြန့် သွားသည်။
ထိုဓား ရောင်ခြည်နှင့် နှိုင်းယှဉ် ပါက၊ မူဟန်တို့ ဓားအလင်း များမှာ၊ အလွန် မှိန်လှ ချေ၏။
ယင်းသည် လမင်းကြီး အောက်၌ လင်းနေေသာ ပိုးစုန်းကြူး များနှင့်၊ အလား သဏ္ဍာန် တူသည်။
ထို့ကြောင့် သူတို့ အားလုံး အံ့သြသွား ခဲ့သည်။ လင်းယွန်မှာ ရိတ်သိမ်း နိုင်ခြင်း မရှိ သော်လည်း၊ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် တစ်ခုတည်း ကပင်၊ လူတိုင်းကို နှိမ်နှင်းရန် လုံလောက် နေ၏။
၎င်းကို တွေးမိ ပြီးနောက်၊ ‘နုံအ’ လွန်းသော ကျန်းဝူကျိ အပေါ် သနားလာ မိသည်။
ဝိညာဉ်ရေး ဓားက သူတို့ ဓားများကို ဦးဆောင်ကာ၊ ပတ်ပတ် လည်ရှိ မမြင် ရသော အတား အဆီးထံ၊ ဖြိုခွဲပစ် လိုက်သည်။
ဤနေရာ၌ အခြားသော သိုင်း ရည်ရွယ်ချက် တစ်ခု ခုသာ ဖြစ်ခဲ့ ပါက၊ ဖြတ်ကျော်ရန် မဖြစ် နိုင်ပေ။
အတား အဆီး ကွဲအက် သွားပြီး၊ ရာနှင့် ချီသော လင်းရောင်ခြည် ကျောက်တုံး အပိုင်း အစများ လွတ်ထွက် လာ သဖြင့်၊ လူတိုင်း မှင်တက် ကုန်၏။
“ အို ဘုရားရေ ... ။ ”
“ အများ ကြီးပဲ … ။ ”
အားလုံး၏ မျက်နှာများ ပြောင်းလဲ သွားသည်။ အပိုင်း အစ များစွာ၊ ရှိနေလိမ့် မည်ဟု၊ သူတို့ မမျှော်လင့် ထားမိချေ။
“ သခင်လေး လင်း၊ ငါတို့ တကယ် ယူလို့ ရလား။ ”
အားလုံးက လင်းယွန်ထံ၊ မယုံကြည် နိုင်စွာ ကြည့်လျက် ပြန်မေး လိုက် ကြသည်။
“ အင်း ... ။ ”
လင်းယွန်က ပြန်ဖြေ၏။ လျှပ်စီးနှင့် လေ စွမ်းအင် ကျောက်တုံး တစ်ရာ ခန့်ကို ယူထားပြီး ဖြစ်သဖြင့်၊ သူ့ အတွက် မလိုအပ် တော့ချေ။
ထို့အပြင် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှ ထွက်ခွာ တော့မည် ဖြစ်ရာ၊ ဓားနန်းတော် အတွက် ကောင်းသော ကံကိုသာ၊ ချန်ထား ခဲ့လို ၏။
“ ဟဲ ဟဲ ... ၊ ဒါဆို ငါ အားနာ မနေ တော့ဘူး အစ်ကို လင်း။ ”
မူဟန်က ရယ်မောလျက်၊ ဦးစွာ လှုပ်ရှား လိုက်သည်။ ထိုနောက် လူတိုင်း သက်ဝင် လာပြီး၊ ကျေးဇူးတင် စကား ဆိုကာ ရှေ့သို့ တိုးဝင် သွားကြ၏။
များမကြာမီ လူတိုင်း၌ ကျောက်တုံး အပိုင်းအစ နှစ်ပိုင်းမှ သုံးပိုင်း အထိ ရရှိလာ ကြပြီး၊ အလံတိုင် အနောက်ဘက် တွင်သာ ကျန်ရှိ တော့သည်။
လူ အနည်းငယ်က တုံ့ဆိုင်းသွား ပြီးနောက်၊ အလံတိုင် ထံသို့ လှမ်းတက် လိုက်သည်။
“ တိုင်ကို မထိနဲ့ ... ။ ”
ဝါးလုံးတိုင် ဆီသို့ တစ်စုံ တစ်ယောက် သွားနေ သည်ကို တွေ့သော အခါ၊ လင်းယွန်က လျင်မြန်စွာ ဟန့်တား လိုက်သည်။
သို့သော် ထိုသူမှာ၊ တိုင်ထံ လက်လှမ်း နေပြီဖြစ်ရာ၊ နောက်ကျ သွားသည်။ အော်ဟစ် သံနှင့် အတူ၊ သူတို့ အမြင်၌ လေဟာနယ် အတွင်း ပျောက်ကွယ် သေဆုံး သွား၏။
ရတနာသိုက် ပြင်ပသို့၊ အသက် ရှင်လျက် ပို့ဆောင် ခံနေရ သည်ကို မသိ သောကြောင့်၊ အားလုံး ထိတ်လန့် ကုန်သည်။
“ ထူးဆန်းတယ် ... ၊ အလံက ဘယ်ရောက် သွားလဲ။ ”
မူဟန်က ထိုအခြေ အနေကို၊ သတိဝင် လာဟန်ဖြင့် ရေရွတ် လိုက်သည်။ ထို့ကြောင့် လူတိုင်းက ပျောက်ဆုံး နေသော အလံထံ၊ အာရုံရောက် သွား၏။
လင်းယွန်မှ ယူဆောင်ထား သည်ဟု ယူဆ မိသော်လည်း၊ တိုင်အား မထိရန် တားမြစ်လိုက် သည်ကို သတိရ သွားပြီး၊ ရှေးဟောင်း တာအို ပစ္စည်းမှာ၊ သူတို့ ရှုပ်နိုင်သော အရာ မဟုတ်မှန်း၊ နားလည် လိုက်သည်။
သို့မဟုတ် ခဲ့သော် လင်းယွန်မှ အလံတိုင်အား ချွတ်ယူ သိမ်းဆည်းကာ ထွက်ခွာ သွားပေ လိမ့်မည်။
၎င်းကို ဖြေရှင်းချင်စိတ် မရှိ သောကြောင့်၊ အပြုံးဖြင့်သာ တုန့်ပြန် လိုက်မိသည်။ ယင်းအား တွေးမိ ပါက၊ သူ့ နှလုံးသားမှ သွေးစိမ်း ရှင်ရှင် ယိုစီး လာ နိုင်၏။
လက်နက် တစ်ခုမှ အထင် သေးစွာဖြင့်၊ စွန့်ခွာသွား သည်ကို လူတိုင်း အသိမခံ နိုင်ချေ။
“ သွား ရ အောင် ... ။ ”
ထို့နောက် သူပင် ဦးဆောင်ပြီး၊ အမြင့်ဆုံး တောင်ကြီးသို့ ဦးတည် မိသည်။ အခြား သူများ ကလည်း၊ သူ့ နောက်သို့ လိုက်ပါလာ ကြ၏။
နောက်ဆုံး တောင်ထွတ် ကြီး၏၊ ဖိအား နယ်နိမိတ် ထဲသို့၊ ရောက်ရှိ သွားသော အခါတွင်၊ လူ အများ အပြား လေထဲ မျောပါ ပျောက်ကွယ် ကုန်သည်။
မြေပြင်ပေါ် ခြေချ လိုက်ချိန်၌၊ အဆိုပါ အဖြစ် အပျက် များကို၊ လင်းယွန် တစ်ယောက် နားလည် သွား၏။
တောင်တန်း ကြီးထံမှ ဖိအားမှာ၊ လူတိုင်း ဖြတ်ကျော် နိုင်သော အရာ မဟုတ်ချေ။ သူ့ကို ပင်လျှင်၊ ငြင်းပယ် နေသည်ဟု ခံစား မိ၏။
ခြေလှမ်းတိုင်း အတွက်၊ လေးလံသော ဖိအားများ ပခုံးပေါ် ကျဆင်း လာသည်။ ထို့ကြောင့် လူတိုင်း နီးပါး၊ လေထဲ လွင့်မျော၊ ပျောက်ကွယ် ကုန်ကြခြင်း ဖြစ်သည်။
“ ကြည့်ရတာ လွယ်မှာ မဟုတ်ဘူး။ ”
ဤမြင်ကွင်းကို မြင်သော အခါတွင်၊ လင်းယွန် မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။ ဆယ့်ငါး မိနစ် အကြာ၌၊ ခြေလှမ်းများ ဆက်၍ မလှမ်း နိုင်တော့ကြောင်း၊ သိလိုက် ရ၏။
ထို့ကြောင့် ဝိညာဉ်ရေး ဓား ရည်ရွယ် ချက်ဖြင့်၊ ဖိအား များကို ဖယ်ရှား လိုက်ရ သည်။ သို့မှသာ အနည်းငယ် လွယ်ကူ လာသည်။
လေးနာရီခန့် ကြာပြီးနောက်၊ မြက်ပင်၊ ပန်းပင်၊ သစ်ပင်နှင့် ကျောက်ဆောင်များ မှလွဲ၍၊ ပတ်ဝန်း ကျင်တွင် မည်သည့် အရာမျှ မရှိ တော့ချေ။
“ ငါ တစ်ခု ခုများ ... ၊ လွဲသွားခဲ့ လို့လား ... ။ ”
ခြေလှမ်း များကို ရပ်လိုက်ပြီး၊ ပြန်လည် တွေးတော့ လိုက်မိသည်။ သည်အချိန် မှာပင်၊ ခြေသံ တစ်စုံ ရုတ်တရက် ထွက်ပေါ် လာ၏။
လှည့်ကြည့် လိုက်ချိန်၌၊ ဇိုချင်းရှန် လှမ်းတက် လာသည်ကို၊ တွေ့လိုက် ရသည်။
“ တစ်ခုခု ရခဲ့လား ... ။ ”
လင်းယွန်က ပေါ့ပေါ့ ပါးပါးပင် နှုတ်ဆက် လိုက်သည်။ သူတို့ နှစ်ဦးကြား မည်သည့် အငြိုး အတေးမှ မရှိချေ။
“ မတွေ့ ဘူး ... ။ ”
ဇိုချင်းရှန်က ခေါင်းယမ်းကာ ပြန်ဖြေပြီး၊ တိမ်ထဲတွင် ပြောက်ကွယ် နေသော တောင်ထိပ် ကြီးထံ၊ မော့ကြည့် သည်။
“ တောင်ထိပ် ရောက်တဲ့ ... ၊ လူတွေသာ သိနိုင်မယ် ထင်တယ်။ ”
“ ငါ့ ခွန်အားနဲ့ ... ၊ ရောက်ဖို့ မလွယ်ဘူး။ ”
သူ့ အမြင်တွင်၊ တောင်ထိပ်သို့ ရောက်ရှိ ရန်မှာ၊ မဖြစ် နိုင်ပေ။ သို့သော် ဤတောင် ကြီး၌ အကြောင်းရင်း တစ်စုံ တစ်ရာ ရှိနေ မည်ကို၊ သူ သိသည်။
နောက်ဆုံးတွင် ထူးခြားသော ရတနာ တစ်ပါးအား၊ တစ်စုံ တစ်ယောက်မှ မရ မခြင်း၊ တိမ်နဂါး ရတနာ သိုက်မှ၊ သူတို့အား နှင်ထုတ် ဦးမည် မဟုတ်ချေ။
ကံကြမ္မာ ကိုယ်ခံ ပညာ သည်သာ၊ အမှန် တကယ် ရှိနေ ပါက၊ ဤလမ်း တစ်လျှောက်တွင် ဝှက်ထား ရပေမည်။ ထို့ကြောင့် လွဲချော် ခဲ့ခြင်း ဖြစ်မည်ဟု၊ သံသယ ဝင်လာခြင်း ဖြစ်၏။
သူ့ ထင်မြင် ယူဆ ချက်အား ကြားပြီးနောက်၊ ဇိုချင်းရှန် တစ်ယောက် တုန်လှုပ် သွားသည်။
ချန်ပီယံပင် တောင်ထိပ်သို့ မရောက်ရှိ သည့်နောက်၊ မည်သူမှ ရောက်နိုင် တော့မည် မဟုတ်ချေ။
လင်းယွန်က နှုတ်ဆက်ပြီး၊ ထွက်ခွာ တော့မည့် အချိန်တွင် ရုတ်တရက် ပြန်လှည့် လိုက်ကာ၊
“ ဇိုချင်းရှန် ... ၊ မင်း ငါ့ရှေ့မှာ မျက်နှာဖုံး တပ်ဖို့ လိုလို့လား ... ။ ”
-ဟု ဆို၏။
သူ့ စကားကြောင့် အံ့ဩ သွားပြီး၊ အချိန် အတော်ကြာ ငြိမ်သက် နေရာမှ၊ မျက်နှာ ဖုံးအား ဖယ်ရှား လိုက်သည်။
“ ဘယ်တုန်းက သိနေ တာလဲ ... ။ ”
ယင်းမှာ မဟာချင် အင်ပါယာမှ၊ ဇိုယန် ဖြစ်လေသည်။
“ မကြာ သေး ပါဘူး ... ။ ”
အမှန်တိုင်း ဝန်ခံရပါမူ၊ မှန်းဆ နိုင်ရုံ မျှသာ ရှိသည်။ ဤသူ နှစ်ဦးမှာ တူညီမှု တစ်စုံ တစ်ရာ မရှိချေ။
သို့သော် နှလုံးသားမှ ရင်းနှီးသော ခံစားချက်ကို ရရှိနေ သဖြင့်၊ ထုတ်မေး မိခြင်း ဖြစ်သည်။
ယင်းသို့ ဖုံးကွယ်ရန် ဇိုချင်းရှန်၌၊ အကြောင်းရင်း တစ်စုံ တစ်ရာ ရှိရမည် ဖြစ် သောကြောင့်၊ လင်းယွန်မှ ဆက်မမေး တော့ချေ။
“ သတိ ထားပါ၊ မင်း ဘယ်သူလဲ ဆိုတာ ... ၊ ငါ လိုက်ပြော နေမှာ မဟုတ်ဘူး။ ”
“ ကျေးဇူး တင်ပါတယ် ... ။ ”
သန့်ရှင်းသော လမ်းစဉ်နှင့်၊ မိစ္ဆာ လမ်းစဉ် ဟူသည်၊ သူ့ အတွက် အဓိပ္ပါယ် မရှိချေ။ အဓိက ကျသည်မှာ၊ အသုံးပြုသူ ဖြစ်ပေသည်။
ထို့ကြောင့် ဇိုယန်နှင့် ပတ်သတ်ပြီး၊ စိတ် ပူပန်မှု မရှိခြင်း ဖြစ်သည်။ ဓား တစ်လက် ထက်ရှခြင်း ရှိ-မရှိ ဟူသည်မှာ၊ မည်သည့် အပေါ်၊ မူတည် သည်ကို သူ သိပေသည်။
ခဏ အကြာတွင် သူ့ ခရီးစဉ်မှာ၊ တစ်လှမ်းခြင်း အဆင့်သို့ ပြန်လည် ရောက်ရှိ လာပြန်သည်။
ရုတ်တရက် ရော်ရွက်ဝါ တစ်ရွက်အား ကောက်ယူကာ၊ အဝေးသို့ အဓိပ္ပါယ်မဲ့ ပစ်လွှတ် မိသည်။
လက်ရှိ အခြေ အနေ အရ၊ စိတ် ခံစားချက် မကောင်း တော့ချေ။ ခြေ တစ်လှမ်း လှမ်းရန်ပင် များစွာ အားစိုက် နေရ၏။
“ ဟမ့် ... ။ ”
လေထဲ လွင့်မျော သွားသော၊ သစ်ရွက် ပေါ်ရှိ ဓား ရည်ရွယ်ချက်အား သတိထား မိသော ကြောင့်၊ ရုတ်တရက် အံ့ဩ သွားသည်။
သို့သော် ထို့ထက် ပို၍ စိတ်ဝင်စား စရာ ကောင်းသည်မှာ၊ သစ်ရွက် ခြောက်အား လွင့်ပါ စေသော လေ ဖြစ်သည်။
ချက်ချင်းပင် သစ်ရွက် များကို ကောက်ယူကာ၊ ထပ်မံ လွှင့်ပစ် လိုက်၏။ ယင်းက လွင့်ဝဲ သွားပြီး၊ ကျောက်တုံး ကြီးအား နှစ်ခြမ်း ခွဲပစ် လိုက်တော့သည်။
***