← Chapters

ကံကြမ္မာ။

Vol. 61 Ch. 844

ကံကြမ္မာ။

Vol. 61 Ch. 844

လေ လမ်းကြောင်း အတိုင်း၊ လိုက်ပါလာ ခဲ့ရာ၊ မကြာမီ ချိုင့်ဝှမ်း တစ်ခု ထံသို့ ရောက်ရှိ လာသည်။

ချိုင့်ဝှမ်း ကြီးမှာ၊ ကျောက်တုံး များဖြင့် ပြည့်နှက် နေသော သဲသောင် ပြင်ကြီး တစ်ခု ဖြစ်၏။

“ ဒီနေရာနဲ့ ပတ်သက်ပြီး၊ တစ်ခုခု ထူးခြား နေပုံ ရတယ် ... ။ ”

ချိုင့်ဝှမ်း ထဲသို့ လှမ်းဝင်လျက်၊ ရေရွတ် လိုက်သည်။ သဲလွင်ပြင် အတွင်း၌ ဓားရောင်ဝါ များကို ခံစား နိုင်၏။ တစ်စုံ တစ်ယောက်သည် ဓားရေး တစ်ရပ်အား၊ လေ့ကျင့် နေခြင်းနှင့် တူပေသည်။

“ မဟုတ် ဖူးလား ... ။ ”

မှန်းဆချက် မှန်သောကြောင့်၊ မျက်လုံးများ တောက်ပ လာသည်။ ဤသဲသောင်ပြင် ထဲတွင် ဝှက်ထားသော အရာများ မရှိဟု မပြော နိုင်ချေ။

ရွေ့လျားမှု နည်းစနစ်ကို အကောင် အထည်ဖော် ပြီးနောက်၊ ဓားရောင်ခြည် များကို ရှောင်ရှားကာ၊ ပျံသန်း လိုက်သည်။

အတွင်းသို့ တိုးဝင် လာသည် နှင့်အမျှ၊ နားထဲ၌ လေသံများ ကြားလာ ရပြီး၊ မြင်ကွင်း တစ်ခုလုံး၊ သဲမှုန်များ ဖုံးကွယ် လာ၏။

(သဲမုန်တိုင်းကို ဆိုလိုခြင်း ဖြစ်သည်။)

အချိန် အတော်ကြာ ပြီးနောက်၊ ဓားရောင်ဝါများ ထုတ်လွှတ် နေသော အသွင် သဏ္ဍန် တစ်ခုကို၊ သဲမုန်တိုင်း ထဲ၌ တွေ့လိုက် ရသည်။

ဓားရောင်ဝါ ထဲတွင်၊ ကြောက်မက်ဖွယ် ကောင်းသော ဓား ရည်ရွယ်ချက်ကို သူ ခံစား နိုင်သည်။

ထို့ကြောင့် ဓားကို ဆွဲပြီး၊ သတိ အနေ အထားဖြင့်၊ တစ်လှမ်းခြင်း တိုးလာ ခဲ့သည်။ သို့သော် သဲမုန်တိုင်းနှင့် ဓား ရည်ရွယ်ချက် များက၊ သူ့အား အကြိမ်ကြိမ် နောက်သို့ တွန်းထုတ် လာ၏။

“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”

ယင်းမှာ အနည်းငယ် ကြောက်စရာ ကောင်းသောကြောင့်၊ စိတ်ဝိညာဉ် တစ်ခုလုံး တုန်လှုပ် သွားသည်။

“ ဒီမှာ ... ဓားအစီရင် တစ်ခုခုများ ရှိနေ တာလား။ ”

မျက်ဝန်း များ၌ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာပြီး၊ ထပ်မံ ကြိုးစားကြည့် လိုက်သည်။

ဆယ်လှမ်း လှမ်းပြီးနောက်၊ ဝိညာဉ်ရေး ဓားကို ထုတ်လွှတ် မိ၏။ စူးရှသော ဓား အလင်း များက၊ သဲမုန်တိုင်းအား ဖျက်ဆီး ပစ်လိုက် သည်။

ပတ်ဝန်းကျင် တစ်ခုလုံး၊ ငြိမ်သက် သွားပြီး၊ မီတာ (၃၀၀)ခန့် မြင့်သော ကျောက် ဘီလူးကြီး တစ်ကောင်၊ ထွက်ပေါ် လာသည်။

အတွင်းပိုင်း၌ လေမုန်တိုင်းများ ဖြစ်ပေါ် နေပြီး၊ ၎င်းတို့အား ကျောက်တုံးကြီး များဖြင့် သိုင်းခြုံ ထားသော ပုံရိပ်ကြီး ပေပင်။

“ သခင့်ဓား - အရုဏ်ဦး ... ။ ”

ပန်းသင်္ချိုင်းမှာ တောက်ပ လာပြီး၊ ကျောက်ဘီလူး ကြီး၏ ချပ်ဝတ်ပေါ် ထိမှန် ပေါက်ပြဲ သွားသည်။

ထိုအပေါက် များမှ လေပြင်းများ တိုးထွက်လာ သဖြင့်၊ လင်းယွန် တစ်ယောက် ပြန်လည် လွင့်စဉ် လာ၏။

နှုတ်ခမ်းမှ စီးကျ လာသော သွေးများကို၊ လက်ခုံနှင့် သုတ်ကာ၊ မျက်မှောင်ကြုတ် လိုက်မိ သည်။ ဤစမ်းသပ်မှုမှာ ထူးဆန်း ပေ၏။ လေအား ယင်းသို့ သုံးနိုင် သည်ကို မည်သူမျှ မသိချေ။

စိတ်ရှုပ်ထွေး နေချိန်တွင် ဧရာမ မျက်လုံးများမှ၊ ဓားရောင်ခြည် နှစ်စင်းဖြင့် ပစ်ခတ် လာသည်။

ထို့ကြောင့် ပန်းသင်္ချိုင်း ဓားတွင်၊ လျှပ်စီးနှင့် လေကို ပေါင်းထည့် လိုက်ရာ၊ ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါများ၊ ပတ်ဝန်းကျင် အပေါ် ဖုံးလွှမ်း သွားသည်။

နဂါးဟောက် သံများ ထွက်ပေါ် လာချိန်တွင်၊ ပန်းသင်္ချိုင်း ဓားအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင် လိုက်သည်။

မိုးကြိုး မုန်တိုင်းများ ဖြစ်ပေါ် နေသည့်၊ အပြာရောင် နဂါးကြီး တစ်ကောင် လင်းယွန် နောက်၌၊ ထွက်ပေါ် လာသည်။

၎င်း အကြေးခွံများ ပေါ်တွင်၊ လျှပ်စီးများ တဖျပ်ဖျပ် လက်နေ၏။ အပြာရောင် နဂါးကြီးက ရှေ့တိုး လာပြီး၊ ဓားရောင်ခြည် နှစ်စင်းကို တိုက်ခိုက် လိုက်သည်။

ဓား ရောင်ခြည်များ ပြိုကွဲသွား ပြီးနောက်၊ အပြာရောင် နဂါးကြီးက၊ ကျောက်ဘီလူး ကြီး၏ ဦးခေါင်း ထံသို့၊ ဆက်သွား လေသည်။

“ ဝုန်း ... ။ ”

မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်ကြောင့်၊ ဧရာမ ဦးခေါင်း ကြီးမှာ ပေါက်ကွဲ သွား၏။ ကျောက်တုံးများ တအိအိ ပဲ့ကျ လာပြီး၊ ဖုန်မှုန့် အဖြစ် ပြောင်းလဲ သွားသည်။

သို့သော် ကျောက်ဘီလူး မှသည်၊ လေဘီလူးကြီး အဖြစ် ထပ်မံ ထွက်ပေါ် လာကာ၊ လေဓား များဖြင့် လင်းယွန်ထံ ပစ်လွှတ် လာလေသည်။

“ သခင့်ဓား - တည်ငြိမ်သော ဓား ။ ”

သခင့်ဓားကို ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်ပြီး၊ လွှဲခုတ် ပစ်လိုက်သည်။ လမင်း တစ်စင်း ကဲ့သို့၊ ဓား အလင်းများ စုပုံ သွားကာ၊ တိုးဝင် လာသော လေဓား များကို ဟန့်တား ပစ်လေသည်။

“ မသေ ဖူးလား ... ။ ”

လေဘီလူး ကြီးကြောင့်၊ အနည်းငယ် ခေါင်းကိုက်လာ သဖြင့်၊ လင်းယွန် တစ်ယောက် မျက်မှောင်ကြုတ် မိသည်။

လေဘီလူး ကြီးမှ၊ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ၊ ဓား တစ်လက် ကဲ့သို့၊ လျှပ်စီးများ ကောင်းကင် ပေါ် ထိုးတက် သွားသည်။

“ ကြည့်ရတာ ဒီလိုပဲ ဆက်သွား နေမယ် ထင်တယ်။ ”

ဆုံးဖြတ်ချက် တစ်ခု ချပြီး၊ မိုးကြိုး မုန်တိုင်းကို နဂါးဓား ရောင်ဝါဖြင့်၊ ပေါင်းစပ်ပစ် လိုက်သည်။

ယခု အချိန်၌ အပြာရောင် နဂါးကြီးမှာ၊ မထင်မှတ် ထားသော အဆင့်သို့၊ ရောက်ရှိသွား ခဲ့သည်။

“ မဟာ ကြီးစိုးမှု ... ။ ”

တောက်ပသော ဓားအလင်း တစ်စ၊ ပန်းသင်္ချိုင်းဓား ထံမှ ပြေးထွက် သွားသည်။ ဤဓားတွင် သခင့်ဓား၏ ပုံစံ (၆)မျိုးကို ပေါင်းစပ် ထား သဖြင့်၊ လေဘီလူး ကြီးအား၊ ထက်ခြမ်း ခွဲပစ် လိုက်သည်။

“ အဲ့ဒါ ဘာ လဲ ... ။ ”

လေဘီလူးကြီး ပျောက်ကွယ်သွား ပြီးနောက်၊ ဖုန်မှုန့်များ ကင်းစင်လာ ချိန်တွင်၊ မြင့်မားသော အပြာရောင် သစ်ပင်ကြီး တစ်ပင်ကို၊ မြင်လိုက် ရသည်။

မဆိုင်း မတွဘဲ၊ ချက်ချင်း ပြေးသွား လိုက်၏။ နီးကပ်လာ သည်နှင့် အမျှ သစ်ပင် ကြီးမှာ၊ သူ ထင်ထား သည်ထက် ပို၍ ကြီးနေ လေသည်။

သတိကြီး စွာဖြင့်၊ မီတာ (၁၀၀၀) တွင်ရပ်ကာ၊ ၎င်းထံ စေ့စေ့ကြည့် မိသည်။ ရှေ့ တစ်လှမ်း တိုးကြည့် လိုက်သော အခါတွင်၊ အကိုင်း အခက်များ တုန်ခါလျက်၊ လေပြင်းများ တိုက်ခတ် လာ၏။

“ ဟူး ... ။ ”

ထို့ကြောင့် ဓားအလင်းကို ထုတ်လွှတ်ပြီး၊ ချက်ချင်း ခွဲပစ် လိုက်ရသည်။

“ ဒါဆို လေက ဒီသစ်ပင် ကနေ ... ၊ လာတာပေါ့ ... ။ ”

သံသယ ရှင်းစွာ၊ ရေရွတ် လိုက်သည်။ သစ်ရွက်များ ဖြည်းညှင်းစွာ ကြွေကျ လာပြီး၊ များ မကြာမီ မြေပြင်၌ သစ်ရွက်များ ဖုံးလွှမ်း သွားသည်။

အရွက် တစ်ရွက် စီတွင်၊ ဓား ရည်ရွယ်ချက် နှင့်၊ လေ စွမ်းအင်များ ထတ်လန့်ဖွယ် ပါရှိ နေ၏။

အနည်းငယ် တုံ့ဆိုင်း သွားပြီးနောက်၊ သစ်ရွက် များပေါ် ဖြတ်ကာ လျှောက်လှမ်းကာ၊ သစ်ပင် ကြီးထံ တိုးကပ် လိုက်သည်။ ဝိညာဉ် ရေး ဓားကိုလည်း၊ အကန့် အသတ်ထိ၊ တွန်းထုတ် ထား၏။

သတိ မထားသော်၊ သူ့ ခန္ဓာမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲသွား နိုင်ပေမည်။ သစ်ပင်အောက် ရောက်ချိန်၌၊ သစ်ကိုင်းများ ကြားမှ ရှေးဟောင်း ကျမ်းစာအုပ် တစ်အုပ် ပြုတ်ကျ လာ၏။

“ ဝှစ် ... ။ ”

“ ကံကြမ္မာ ကိုယ်ခံ ပညာ များလား ... ။ ”

စာအုပ်ကို ကောက်ယူ လျက်မှ၊ ပေါ့ပေါ့ ပါးပါးပင် ရေရွတ် လိုက်သည်။ စာအုပ် မျက်နှာ ဖုံးတွင်၊ ‘ကောင်းကင် ဓားသုတ္တန်’ ဟု ရေးသား ထား၏။

အဖုံး ပေါ်ရှိ အက္ခရာ တိုင်းမှာ၊ ခံ့ညား လှပလွန်း ပေသည်။ ဤအရာက နှလုံးသားကို ပြင်းစွာ တုန်လှုပ် သွားစေ၏။

အဖုံး၏ အရည် အသွေးကို ကြည့်ရုံဖြင့်၊ ပြည့်စုံသော ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်၊ ဖြစ်နိုင် မည်ဟု ခံစား မိသည်။

“ ကမ္ဘာဦး ခေတ် တုန်းက၊ အပြာရောင် ကောင်းကင်ပျိုလို့ ခေါ်တဲ့၊ နတ်သစ်ပင် တစ်ပင် ရှိတယ်၊ ပင်စည်က လေကို မွေးပြီး၊ အရွက်က လျှပ်စီး ပေါက်ဖွား နိုင်တယ်၊ ... ”

“ ... ဒီသစ်ပင်ကို မြင်ရင်၊ ဒီဓားရေးကို ပိုင်ဆိုင်ဖို့၊ မင်းမှာ ကံပါ လာတယ်၊ ကောင်းကင် ဓား သုတ္တန်က၊ ထိပ်တန်း အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာရပ် တစ်ခုပဲ၊ ... ”

“ ... သူ့မှာ ဓားသုတ္တန် အပြင်၊ ကောင်းကင်ဓား (၁၃)လက် ရှိတယ်၊ ဒီဓားကို ကံကောင်း စွာနဲ့၊ ငါ ဖန်တီး နိုင်ခဲ့တယ်၊ ... ”

“ ... အခု ချိန်မှာ၊ ဒါကို ဖတ်နေရင် အပြာရောင် ကောင်းကင်ပျို နတ်သစ်ပင်ရဲ့ စမ်းသပ်မှု၊ ... ”

“ ... အောင်မြင် ခဲ့ပြီ ဆိုတာ သေချာတယ်၊ ဓားရေးကို လေ့ကျင့် ပြီးရင်၊ ဒီကမ္ဘာမှာ မင်း ခေါင်းကို မော့ထား နိုင်ပါပြီ၊ ငါ့ နာမည်က ဂျင်ဝူရ ပါ။ ”

ဓားသုတ္တန်နှင့် ဓားရေး အစုံလိုက် ပါ၀င်သည့်၊ ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်နေ သဖြင့်၊ အတိုင်း မသိ ဝမ်းသာ သွားသည်။

ထို့အပြင် ယင်းမှာ အခြေခံ အဆင့်၊ ဓားရေး တစ်ရပ် မဟုတ်ချေ။ ယွဲ့ဝေဝေ ရှင်သန်ရာ ကမ္ဘာ ၌ပင်၊ ဤအဆင့် ပညာရပ်မျိုး ရှားပါး လှပေသည်။

“ ငါ တကယ် ရခဲ့ တာပဲ။ ”

စာအုပ် ပြန်ပိတ် ပြီးနောက်၊ ‘အပြာရောင် ကောင်းကင်ပျို နတ်သစ်ပင်’ကို ဦးညွှတ်လိုက် တော့သည်။

အိုင်းရစ် ဓား သုတ္တန်မှာ၊ ထူးခြားသော နည်းစနစ် တစ်ခုဖြစ် သော်လည်း၊ ဓားရေး မပါ ရှိချေ။ ဆည်းဆာ အလင်းဓား နှင့်၊ သခင့်ဓား တို့သည်လည်း၊ အတူတူ ပေပင်။ ဓားသုတ္တန် မပါချေ။

ဓားသမားများ အတွက် ဓားသုတ္တန်နှင့် ဓားပညာရပ် အစုံလိုက် ပါရှိ မှသာ၊ စွမ်းအားကို အပြည့်အ၀ ထုတ်လွှတ် နိုင်ပေမည်။

“ ဒီခရီးစဉ်က မယုံနိုင် စရာ ပါပဲ ... ။ ”

သူ၏ ရိတ်သိမ်း နိုင်မှုကို၊ အခြား မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ချေ။ ဤနေရာသို့ အတူတူ လာခဲ့ကြ သော်လည်း၊ အများ စုမှာ လက်ဗလာ ဖြင့်၊ ပြန်ကုန် ရသည်။

ကောင်းကင် ဓားသုတ္တန် သို့မဟုတ်၊ ကောင်းကင်ဓား (၁၃)လက် တို့ အနက်၊ တစ်ခု ပင်လျှင်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကို၊ ထိတ်လန့်အောင် လုပ်ဆောင် နိုင်ပေမည်။

နောက်ဆုံးတွင် ယုံတမ်း ပုံပြင် တစ်ပုဒ် ကဲ့သို့၊ ရှားပါး လှသော ထိပ်တန်း အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ များကို၊ လက်ဝယ် ယူဆောင် နိုင်ခဲ့ပြီ ဖြစ်သည်။

***

All Chapters