← Chapters

ထာဝရ မိုးပြာ နဂါး။

Vol. 61 Ch. 845

ထာဝရ မိုးပြာ နဂါး။

Vol. 61 Ch. 845

အပြာရောင် ကောင်းကင်ယံ သစ်ပင် အောက်တွင်၊ စာထိုင်ဖတ် နေသော လင်းယွန် မျက်နှာ ပေါ်၌၊ စိတ် လှုပ်ရှားမှု များဖြင့် တောက်ပ နေခဲ့သည်။

ကောင်းကင် ဓားသုတ္တန်တွင် အဆင့် (၁၀)ဆင့် ရှိ၏။ ပထမ အဆင့် သုံးဆင့်မှာ၊ အခြေခံ ဖြစ်သည်။

တတိယ အဆင့်ကို ရောက်သည်နှင့်၊ အပြာရောင် ကောင်းကင်ပျို သစ်ပင်အား ခေါ်ယူ နိုင်ပေမည်။

ဤဖြစ်စဉ်နှင့် အတူ၊ လေ စွမ်းအင်ကို ဆင့်ခေါ် နိုင်၏။ ဆဋ္ဌမ အဆင့်သို့ ရောက်ပြီး နောက်၊ လျှပ်စီးအား ထပ်မံ ခေါ်ယူ နိုင်မည်။

နဝမ အဆင့်တွင်၊ မိုးကြိုး မုန်တိုင်းဓား အရှိန်အဝါကို၊ ခန္ဓာ ကိုယ်မှ ထုတ်ပေး နိုင်မည် ဖြစ်သည်။ ၎င်းအား သူ၏ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်နှင့်၊ တွဲဖက် နိုင်၏။

နောက်ဆုံး အဆင့်၌ ကောင်းကင်အား၊ လွှမ်းခြုံ နိုင်သော၊ အပြာရောင် ကောင်းကင်ပျို သစ်ပင်ကြီး ဖြစ်တည် လာမည်။

ထို့ကြောင့် သူ့ရှေ့က သစ်ပင် ကြီးထံ မော့ကြည့်ကာ၊ ဤသစ်ပင် ကြီးအား ဆိုလိုချင် ပုံရကြောင်း နားလည် မိ၏။

ဓားသုတ္တန်၏ အဆင့် (၁၀) ဆင့်ကို အပိုင်းကြီး လေးပိုင်း ခွဲခြား နိုင်သည်။ ယင်းမှာ ပထမ အဆင့် မှသည် တတိယ အဆင့်၊ စတုတ္ထ အဆင့် မှသည် ဆဋ္ဌမ အဆင့်၊ ပြီး နဝမနှင့် ဒဿမ အဆင့်များ ဟူ၍ ဖြစ်သည်။

နောက်ထပ် အကြောင်း အရာမှာ၊ ကောင်းကင်ဓား (၁၃) လက် ဖြစ်သည်။ ပထမ ပုံစံ သုံးမျိုးသည် အခြေခံ ပေပင်။

စတုတ္ထ ပုံစံမှ ဆဌမ ပုံစံ များတွင်၊ ပို၍ အားကောင်း လာပြီး၊ သတ္တမမှ နဝမ အထိသည်၊ သေစေ နိုင်သော ဓားများ ဖြစ်ပေသည်။

နောက်ဆုံး ပုံစံ များမှာ၊ အကြွင်းမဲ့ သတ်ဖြတ် မှုများ ဖြစ်သည်ဟု ညွှန်းဆို ထား၏။ သို့သော် လက်တွေ့တွင် များစွာ ကွာခြားနိုင် ပေမည်။

ကြယ်များ ဝါးမျိုခြင်း၊ တောင်ကြီးကို ဖြိုခြင်းနှင့်၊ မြစ်ပြင် ထက်ခြမ်း ခွဲခြင်း ကဲ့သို့ သော၊ အလားတူ ဖော်ပြချက် များအား၊ မြင်တွေ့ ခဲ့ရသည်။

သို့သော် ဓား ပညာရပ် များမှာ၊ အစုံလိုက် ပါသော ဓားရေးမျိုး မဟုတ် ပါက၊ ထိုစွမ်းပကား မျိုးအား၊ ထုတ်လွှတ်ရန် မဖြစ် နိုင်ချေ။

နောက်ဆုံးသော ဓားကိုမူ ဓားတာအို၌ လုံလောက်ခြင်း မရှိသော်၊ လေ့ကျင့်ရန် မလို အပ်ဟု၊ သွေးနှင့် ရေးကာ၊ တားမြစ် ထား၏။

ယင်းသည် ဓားရေး လေ့ကျင့် လျက်ဖြင့်၊ သေဆုံး တက်သော သခင့်ဓားနှင့် တူနေသည်။

ထို့ကြောင့် စိတ်ဝင် တစား ဖတ်ကြည့်မိ လေလေ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို၊ နားလည်လာ လေလေ၊ ဖြစ်၏။

လေနှင့် လျှပ်စီး ကိုသာ၊ အသုံးချ နိုင်သော ဓားရေး တစ်ရပ် မဟုတ်ပေ။ လျှို့ဝှက်ချက် များစွာ ပါရှိ လေသည်။

ဤအခိုက် အတန့်တွင်၊ ကမ္ဘာသစ် တစ်ခုအား၊ ဝှက်ထားသော တံခါး တစ်ချပ် ရှေ့၌ ရောက်ရှိနေ သကဲ့သို့၊ ခံစား လိုက်ရသည်။

စာအုပ်ကို ပိတ်ပြီးနောက်၊ သူ့ လည်ချောင်း ထဲတွင် တစ်စုံ တစ်ရာ ကပ်ညှိနေ သကဲ့သို့၊ နေရ ခက်လာ ခဲ့၏။

“ ဒါက ... ငါ့ ဓားတာအိုကို အနှောင့် အယှက် ပေးလွန်းတယ်။ ”

မျက်လုံးများ မှေးကျဉ်း သွားပြီး၊ တီးတိုး ရေရွတ် လိုက်ကာ၊

“ တကယ် လို့များ ... ၊ အခုချိန် ကျွမ်းကျင်တဲ့ သူ တစ်ယောက်နဲ့ တွေ့မိရင်၊ ငါ့ဓားကို ချက်ချင်း ဖျက်ဆီး နိုင်တယ်၊ ... ”

“ ... အိုင်းရစ် ဓားသုတ္တန်၊ နဂါးဓား အရှိန် အဝါ၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်၊ သခင့်ဓား၊ ဘာပဲ ဖြစ်ဖြစ်၊ သေချာပေါက် ပြိုကျ သွားမှာ ... ။ ”

ဘိုင်လိရွှမ်၏ လျှပ်စီးဓားကို၊ ကျန်းဝူကျိ တစ်ယောက် မည်ကဲ့သို့ အလွယ် တကူ ဖြိုခွင်း နိုင်ခဲ့ ပုံအား၊ တွေးတော လိုက်မိသည်။

သူ၏ ဝိညာဉ်ရေး ဓားမှာ၊ အစွမ်းထက် လွန်းသော ကြောင့်သာ၊ ချို့ယွင်းချက် အချို့ကို ဖုံးကွယ် နိုင်ခြင်း ဖြစ်သည်။ ကောင်းကင်ဓား သုတ္တန်မှာ ယင်းကို ဖြေရှင်းရန်၊ အချိန်မီ ရောက်လာ ခဲ့၏။

၎င်းအား မှန်ကန်စွာ ကျင့်ကြံ နိုင်ပါလျှင်၊ ကြိုးတစ်စ ကဲ့သို့၊ သူ၏ သိုင်း ရည်ရွယ်ချက်များ အားလုံးကို ပေါင်းစပ်ကာ၊ ခိုင်မြဲ သွားစေ နိုင်မည်။

“ တိမ်နဂါး ရတနာ သိုက်က၊ ချက်ချင်း ပျောက်ဦးမယ် မထင်ဘူး၊ ဒီမှာပဲ ဓားသုတ္တန်ကို ကျင့်ကြံ လိုက်ရင်၊ ငါ့ အတွက် ပိုထိရောက် နိုင်မယ် ။ ”

အပြာရောင် သစ်ပင်ကို မော့ကြည့်ကာ ဆုံးဖြတ် လိုက်တော့သည်။ သည်အခွင့် အရေး မျိုးအား၊ စွန့်လွှတ် မိသော်၊ နောင်တရ နိုင်၏။

သစ်ပင် အောက်၌ ပြင်ထိုင် လိုက်ပြီး၊ မှတ်တမ်း တင်ထားသည့် အတိုင်း၊ ကျင့်ကြံ လိုက်သည်။

ကံကြမ္မာ ကိုယ်ခံ ပညာ များကို၊ လေ့ကျင့် ဖူးခြင်း မရှိ သော်လည်း၊ ပြဿနာ ရှိနိုင်မည် မဟုတ်ပေ။

နောက်ဆုံးတွင် အိုင်းရစ် ဓားသုတ္တန်၏ မူလမှာ၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ ဖြစ်ချေပြီ။

အထူး သဖြင့် အပြာရောင် ကောင်းကင် သစ်ပင် ကြီးမှာ၊ နောက်တွင် ရှိနေ သောကြောင့်၊ တတိယ အဆင့့် ရောက်ရန်၊ ‘လေ’ စွမ်းအင် လုံလောက် သင့်ပေသည်။

အကောင်းဆုံး တည်နေရာနှင့်၊ အရင်း အမြစ်ကို ရရှိ ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဓား သုတ္တန်၌ လျင်မြန်စွာ တိုးတက် လာခဲ့၏။

နှစ်ရက် အကြာတွင်၊ ခရမ်းရောင် နန်းတော် အတွင်းရှိ၊ အိုင်းရစ်ပန်း အနား၌၊ အပြာရောင် အလင်း စက်ဝိုင်း တစ်ခု၊ ဖြစ်တည် လာသည်။

၎င်းထံမှ ဓားသံများ ညံ နေ၏။ အစွမ်း ထက်သော ဓား သုတ္တန် နှစ်ခုမှာ၊ တိုက်ခိုက် ကြခြင်း မရှိဘဲ၊ အတူ တကွ ယှဉ်တွဲ နေနိုင် ခဲ့သည်။

အပြာရောင် အလင်း စက်ဝန်း ထံမှ၊ အသံများ ငြိမ်သက် သွားပြီးနောက်၊ လင်းယွန် မျက်လုံးများ ပြန်ဖွင့် လိုက်သည်။

“ လေ ... ။ ”

စိတ်ထဲမှ ရေရွတ် လိုက်ရုံဖြင့်၊ (၁၀) မီတာခန့် မြင့်သော ကောင်းကင် သစ်ပင်ကြီး သူ့နောက် ထွက်ပေါ် လာသည်။

သစ်ပင်ကြီး တစ်ပင်လုံး လေပြင်း များဖြင့်၊ ဖုံးအုပ် ထားပြီး၊ အပြာရောင် အလင်း ဖျော့ဖျော့ များ၊ ထုတ်လွှတ် ပေးနေသည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လေပြင်းများက မီတာ (၃၀)ခန့် ကျယ်ပြန့် လာ၏။

အပြင်ဘက်မှ ကြည့်ပါလျှင်၊ အပြာရောင် လေဆင် နှာမောင်း အတွင်းရှိ လင်းယွန်အား၊ မည်သူမျှ မမြင် နိုင်ချေ။ သူ သည်သာ မြင်နိုင် ၏။

“ စိတ်ဝင် စားစရာ ပဲ … ။ ”

လေဆင် နှာမောင်း ကြီးမှာ၊ မာကျော လှသော ကျောက်နံရံ ကဲ့သို့ ဖြစ်နေကြောင်း၊ သတိပြု မိသည်။

ဓားကိုသာ ထပ်မံ ပေါင်းစပ် လိုက်ပါက၊ လေဆင် နှာမောင်း၏ စွမ်းအားကို တိုးမြင့်နိုင် ပေမည်။ လုံလောက်သော မူလ စွမ်းအင်ရှိ သ၍၊ ၎င်းအား ဖွဲ့တည်ထား နိုင်မည် ဖြစ်သည်။

များ မကြာမီ လက်ကို ဆန့်ထုတ်ပြီး၊ လေဆင် နှာမောင်း၏ အဟုန် အပေါ်၊ ထိန်းချုပ် နိုင်သည်အား၊ သဘောပေါက် လာမိသည်။

အတွေး တစ်ချက်ဖြင့် လေထဲ ပျံတက် ကြည့်လိုက်၏။ ထို့နောက် အထက်-အောက် အတက် အဆင်း လုပ်ကြည့်သည်။

၎င်းနှင့် ရင်းနှီး ပြီးနောက်၊ တစ်စုံ တစ်ရာအား ရုတ်တရက် စဉ်းစားလာ မိပြီး၊ ‘ သွား ... ၊ ’ ဟု အော်ဟစ် အမိန့်ပေး လိုက်သည်။

ပေါက်ကွဲသံ နှင့်အတူ၊ လေဆင် နှာမောင်းသည်၊ မျက်စိ တစ်မှိတ် အတွင်း ရွေ့လျား သွား၏။

၎င်းနောက် လေဆင် နှာမောင်း ပျောက်ကွယ် သွားကာ၊ သဲသောင်ပြင် ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျ လာသည်။

“ ဒါ … ။ ”

ကောင်းကင် သစ်ပင်ကို ပြန်လှည့် ကြည့်မိရာ၊ မီတာ (၁၀၀၀) အကွာ၌ ကျန်ရစ် ခဲ့ကြောင်း၊ မြင်လိုက် ရ၏။

“ ပြန်လာခဲ့ ... ။ ”

စိတ်လှုပ်ရှား လာပြီး၊ ထိုနေရာသို့ ပြန်သွားရန် လေဆင် နှာမောင်းအား၊ နောက် တစ်ကြိမ် ဝိုင်းရံ စေလိုက်သည်။

ဤနည်းဖြင့်၊ လေဆင် နှာမောင်းကို ထိန်းချုပ်ရန် လေ့ကျင့်နေ မိ၏။ မူလ စွမ်းအင် တစ်ဝက် ကုန်ဆုံးပြီး မှသာ၊ အနားယူ မိသည်။

အနာဂတ်တွင် ရန်သူများ လက်မှ လွတ်မြောက် လိုပါက၊ ဤလေဆင် နှာမောင်း ကို၊ အသုံးပြု နိုင်မည်။

ထို့အပြင် ၎င်းဖြင့်လည်း၊ ပြိုင်ဘက်အား တိုက်ခိုက် နိုင်၏။ ယင်းမှာ တတိယ အဆင့်သို့ ရောက်ရှိ လာခြင်း၏၊ အကျိုး တရား ပေပင်။

ဆဌမ အဆင့်သို့ ရောက်ပြီး ပါက၊ ဝိညာဉ်ရေး ဓားကို ကူညီရန်၊ လျှပ်စီး ကိုလည်း ထိန်းချုပ် နိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင် တစ်ခု လုံးကို မျက်တောင် တစ်ခတ်စာ အတွင်း၊ မှောင်မိုက် သွားစေ နိုင်၏။

ကောင်းကင် သစ်ပင်မှာ၊ မည်သည့် အတွက်ကြောင့်၊ ထာဝရ တည်မြဲ နေနိုင် သနည်း။

သည့်နောက် မှတ်တမ်း အတွင်းရှိ၊ ထာဝရ တည်မြဲခြင်း ရည်ရွယ်ချက် အပေါ်၊ စတင် နားလည် လာသည်။

ဝိညာဉ်ရေး ဓားကို၊ မိုးပြာ နဂါး အရှိန်အဝါ ဖြင့် ပေါင်းစပ်နိုင် သော်လည်း၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက် မှာမူ၊ လိုက်ဖက်မှု မရှိပေ။

ကောင်းကင် ဓားသုတ္တန်ကို ဖတ်ကြည့် ပြီးနောက်၊ ယခင် ဓားနှင့် နဂါး ပေါင်းစပ်မှုသည် မပြည့်စုံ ခဲ့ကြောင်း၊ နားလည် လာသည်။

အကယ်၍ ရန်သူသည် လုံလောက်သော သိုင်း ရည်ရွယ်ချက် ရှိပါက၊ ၎င်းအား အလွယ် တကူ ချေမှုန်း နိုင်မည် ဖြစ်၏။

ထို့ကြောင့် ထာဝရ တည်မြဲ စေရန်၊ အပြန်အလှန် ချိတ်ဆက် ထားဖို့ လိုလေသည်။ သို့မှသာ ပျက်စီးခဲ့ သော်လည်း၊ ပေါင်းစပ်မှု ပြိုကျခြင်း ဖြစ်တော့မည် မဟုတ်ပေ။

ယင်းကို ကြည့်ပြီးနောက်၊ ပြည့်စုံသော ဓားရေး ပညာရပ် တစ်ခုကို ရရှိရုံ မျှသာ မဟုတ် ကြောင်း၊ သိလိုက် ရသည်။

“ ဂျင်ဝူရ ... ၊ ဒီစီနီယာက ဘိုးဘေး ဂျင်ဝူမင်နဲ့ ပတ်သတ်မှုများ ရှိနိုင် မလား ... ။ ”

ကောင်းကင် ဓားသုတ္တန်နှင့် ဝိညာဉ်ရေး ဓားကြောင့်၊ သူတို့ နှစ်ဦးထံ အကြွေးတင် နေခဲ့ သည်။

အကယ် ၍သာ ထိုစီနီယာများ ကြား၊ ပတ်သတ် ဆက်နွယ်မှု ရှိခဲ့ ပါက၊ အမှန်တကယ် တိုက်ဆိုင်မှု တစ်ခု ဖြစ်ပေမည်။

လင်းယွန်က ထာဝရ တည်မြဲခြင်း ရည်ရွယ်ချက်ကို နားလည်မှု ရယူ နေချိန်တွင် အခြားသော သူများမှာ၊ စမ်းသပ်မှု များကို ဖြတ်ကျော်ရန် ကြိုးစားနေ ကြသည်။

သို့သော် လင်းယွန် ကဲ့သို့ ကံကောင်း ခြင်းများ ရရှိရန်၊ မဖြစ် နိုင်ချေ။ အပြည့် အစုံ ပါရှိသော ကံကြမ္မာ ကိုယ်ခံ ပညာရပ် များမှာ၊ ရှားပါး လှချေပြီ။

အလယ် အလတ်၊ ကံကြမ္မာ ကိုယ်ခံ ပညာများ အစား၊ အခြေခံ ကံကြမ္မာ ကိုယ်ခံ ပညာများ ကိုသာ၊ ရယူနိုင် ကြသည်။

ယင်းတို့သည် လင်းယွန်နှင့် ယှဉ်ပါလျှင်၊ အမှိုက် အဆင့် ၌သာ ရှိပေ၏။ တိမ်နဂါး ရတနာ သိုက်မှာ သူ့ကြောင့်၊ ပေါ်လာခြင်း ဖြစ်သည် ဆိုပါက၊ အမှန် တကယ် အကျိုး အမြတ် ရှိသူသည်၊ တစ်ဦး တည်းသာ ဖြစ်ရ ပေမည်။

ပုရွက်ဆိတ် များအား၊ သကြားခဲ ဝေမျှပေး နေချိန်တွင်၊ ချန်ပီယံ အတွက် ပျားရည် အိုင်ကို၊ ပြင်ဆင် ထားပြီး ဖြစ်သည်။

ငါးရက်ကြာ ပြီးနောက်၊ ကောင်းကင် သစ်ပင်ကြီး အောက်တွင်၊ တရားထိုင် နေသော လင်းယွန်၏ မျက်လုံးများ ပွင့်လာ ခဲ့သည်။

ထို့နောက် မီတာ (၃၀)ခန့် ရှိသော အပြာရောင် နဂါးကြီး တစ်ကောင်၊ သူ့နောက် ကေျာ၌ ဖြစ်ပေါ် လာ၏။

သည် တစ်ကြိမ်တွင်၊ လျှပ်စီး အကြေးခွံများ မပါရှိ သကဲ့သို့၊ လေ စွမ်းအင်နှင့်၊ ဝိညာဉ်ရေးဓား ကိုလည်း၊ အာရုံ မခံ နိုင်ချေ။

တစ်ခု တည်းသော အရာမှာ၊ မျက်လုံး၌ ထာဝရ ရောင်ခြည်များ ရှိနေ ခြင်းပင် ဖြစ်သည်။ ဤသည်မှာ တည်မြဲခြင်း ရည်ရွယ်ချက်ကို၊ ထုတ်လွှတ် နေခြင်း ဖြစ်၏။

အပြာရောင် နဂါးမှာ၊ ယခင် ကထက် သေးငယ် လာသော်လည်း၊ ထာဝရ နဂါးဓား အရှိန် အဝါကြောင့်၊ ဆယ်ဆ ပို၍ ဖိအား ပြင်းထန် ခဲ့လေသည်။

***

All Chapters