← Chapters

မင်းနဲ့ ငါ။

Vol. 61 Ch. 846

မင်းနဲ့ ငါ။

Vol. 61 Ch. 846

သက်ပြင်း တစ်ချက် ချပြီး၊ သူ့ခန္ဓာ ကိုယ်အား စစ်ဆေး ကြည့်ရာ၊ သက်တောင့် သက်သာရှိ နေသည်ကို သတိပြု မိသည်။

ကောင်းကင်ဓား သုတ္တန်သည်၊ တံခါး အသစ် တစ်ချပ် ဖြစ်ပြီး၊ ထာဝရ တည်မြဲသော ဓားလမ်း ဆီသို့၊ ပို့ဆောင် ပေးနိုင် ပေမည်။

“ စီနီယာ ဂျင်ဝူရကို ... ၊ တကယ် ကျေးဇူးတင် ပါတယ် ... ။ ”

မတ်တပ် ထရပ်လိုက် သည်နှင့်၊ သူ့ နောက်မှ အပြာရောင် နဂါးကြီး ပျောက်ကွယ် သွားသည်။ ပတ်ဝန်းကျင်အား တစ်ချက် ဝေ့ကြည့် လိုက်ရာ၊ မည်သည့် အရာမျှ ပြောင်းလဲ သွားခြင်း မရှိသေး သည်ကို သတိထား မိ၏။

“ ယွဲ့ဝေဝေကို အရင်ရှာ ရမယ် ... ။ ”

ယွဲ့ဝေဝေ အတွက် စိုးရိမ် နေမိသည်။ ချိုင့်ဝှမ်းမှ ထွက်လာသော အခါ၊ လျှပ်စီးကြောင်း တစ်ခုက၊ မိုးကုပ် စက်ဝိုင်းကို ဖြတ်သန်းသွား သည်ကို တွေ့လိုက် ရ၏။

ထို့ကြောင့် အနည်ငယ်တွေဝေ သွားစဉ် ကျန်ဝူကျိ တစ်ယောက် ဂူ တစ်ဂူ ထဲမှ ပြုံးလျက် ထွက်လာသည်။

သူ့အား ဖုံးလွှမ်း နေသော တိမ်တိုက် များတွင်၊ လျှပ်စီးများ လက်နေ၏။ လင်းယွန်ကို မြင်သော အခါ၊ အံ့အားသင့် သွားသော်လည်း၊ ချက်ချင်း အထင် အမြင် သေးလာသည်။

ဤဂူ ထဲမှ တိမ်လျှပ်စီး ရည်ရွယ်ချက်ကို သန်မာ စေမည့်၊ အခြေခံ ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ်အား ရရှိ ခဲ့သည်။

ယင်းမှာ ပြည့်စုံသော ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်၏။ အလင်း အမှောင် လမင်း ကမ္ဘာ ၌ပင် ဤအဆင့်မျိုး မရှိချေ။

သည် သတင်း များသာ ထွက်ပေါ် သွားပါက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး တစ်ခုလုံး အကြီး အကျယ် ချောက်ချား ကုန်မည်မှာ သေချာသည်။

ထို့ကြောင့် လင်းယွန်မှာ၊ ကံကြမ္မာ ကိုယ်ခံ ပညာ ကိုပင် မသိနိုင်ကြောင်း၊ ယုံကြည် ခဲ့သည်။

နောက်ဆုံးတွင် ဓားနန်းတော်၏ အုတ်မြစ်မှာ၊ ထိပ်တန်း အုပ်စိုးရှင် တစ်ပါးအား ယှဉ်နိုင် စရာ မရှိကြောင်း၊ တွေးမိ လာခြင်း ဖြစ်သည်။

ဘုရင် တစ်ပါး အနေဖြင့်၊ နာမည် မရှိသော ဓားသမား တစ်ယောက်ထံ၊ ရှုံးနိမ့် သွား သည်ကို မယုံကြည် နိုင်သေးပေ။

ထို့ကြောင့် တစ်ဖက် လူ၏၊ အသွင် အပြင်တွင် ပြောင်းလဲခြင်း မရှိ သည်ကို မြင်သော အခါ၌၊ တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း လာခဲ့သည်။

လျှပ်စီး လက်သွား သကဲ့သို့၊ လျင်မြန် လွန်းသော အဟုန်ဖြင့်၊ လင်းယွန်ရှေ့ ရောက်ရှိ လာပြီး၊

“ တိမ်နဂါး ရတနာသိုက် ထဲမှာ၊ လူတိုင်း အခွင့် အရေး ရှိတယ်လို့၊ ငါ ပြောခဲ့တယ် မဟုတ် လား၊ ငါ့ရဲ့ စကားကို၊ လက်ဗလာနဲ့ မင်းက၊ သက်သေပြ နေပြီ။ ”

“ ငါ့ ဘာမှ မရခဲ့ဖူး ဆိုတာ သေချာလား။ ”

လင်းယွန်က အံ့သြဟန်ဖြင့် ပြန်မေး လိုက်၏။

“ မဟုတ် ဖူးလား ... ။ ”

ထို့ကြောင့် ကျန်းဝူကျိမှ သဘောကျစွာ ပြုံးရယ် လာပြီး၊

“ ဒီနေရာက တခြား နေရာ တွေလို မဟုတ်ဘူး၊ နားလည်မှု မရှိရင် အရာရာဟာ အချည်းနှီး ပါပဲ၊ ဒါတွေကို ငါပြောပြ နေလည်း မင်းလို လူက နားမလည် နိုင်ပါဘူး ... ။ ”

တစ်ဖက် လူအား သင်ခန်းစာ တစ်ခု ပေးရန် ဆုံးဖြတ် လိုက်သည်။ ပူပူ နွေးနွေး အောင်မြင်မှု ရယူထား နိုင်သော တိမ်လျှပ်စီး ရည်ရွယ် ချက်မှာ၊ ဝိညာဉ်ရေး ဓားကို ကိုင်တွယ် ဖြေရှင်း နိုင်မည်ဟု ယုံကြည်၏။

ဝိညာဉ်ရေး ဓားသာ အလုပ် မဖြစ် ပါက၊ လင်းယွန်မှာ အမှိုက် တစ်စနှင့် မခြား တော့ချေ။

“ ကြိုးစားပါ၊ မကြာခင်မှာ ရတနာသိုက် ပိတ်တော့ မှာမို့၊ လက်ဗလာနဲ့ ပြန်မလာ ချင်ရင်၊ မင်းကြိုးစား သင့်တယ်။ ”

အနားတွင် တစ်ဦး တစ်ယောက်မျှ မရှိဘဲ၊ လင်းယွန် အပေါ် အနိုင်ယူ ခြင်းမှာ၊ ပျော်စရာ ကောင်း နိုင်မည် မဟုတ်ချေ။

သူတို့၏ ချန်ပီယံသည် လူပြက် တစ်ဦး မျှသာ ဖြစ်သည်ဟု လူ အများအား မြင်စေ လိုသည်။

“ ဘယ်လိုတောင် ... ၊ နုံအ လိုက်တဲ့ လူမိုက်လဲ။ ”

ထွက်ခွာ သွားသော ကျန်းဝူကျိ နောက်ကျောကို ကြည့်ကာ ရေရွတ် မိသည်။ သူ့အား တိုက်ခိုက် လိုသည့်၊ ပျင်းပျသော ဆန္ဒ တစ်စုံကို၊ ကျန်းဝူကျိ ထံမှ ခံစား မိသည်။

သို့သော် မည်သို့ မည်ပုံ ဖြစ်သွားသည် မသိ၊ ထိုအကြံကို စွန့်လွှတ် သွားခဲ့ သည်မှာ၊ စိတ်ပျက် စရာ ပေပင်။

ကျန်းဝူကျိ ထွက်သွားပြီး မကြာခင်၊ ကြီးစိုးသော ရောင်ဝါများ နှင့်အတူ၊ ယုဟိုရှင်း တစ်ယောက် ကောင်းကင်မှ ပျံသန်း လာ၏။ ဤလုပ်ရပ်ကြောင့် လူ အများက သူ့ကို သတိ ထားမိ သွားခဲ့သည်။

“' ဟား ဟား ဟား ... ။ ”

ထို့နောက် လင်းယွန်အား ကောင်းကင်မှ လှမ်းမြင် သွားပြီး၊ ၎င်းမှပင် စစ်ဆေး ကြည့်ကာ၊ ရယ်မော လိုက်တော့၏။

ရရှိ လာသော အခြေခံ ကံကြမ္မာ ကိုယ်ခံ ပညာအား၊ ကျင့်ကြံ အောင်မြင်ပြီး ပါက၊ သခင့် လက်သီးကို ယခင် ကထက်၊ အနည်းဆုံး တစ်ဆ ပို၍ တိုးမြှင့် နိုင်ပေမည်။

ယုဟိုရှင်းက သူ့ အကြည့် များကို ပြန်ဆုတ်ပြီး၊ တောင်ပေါ်မှ ထွက်ခွာသွား ခဲ့သည်။ သည့်နောက် ပတ်ဝန်းကျင်ရှိ အရာ ရာတိုင်း၊ တစ်ခုပြီး တစ်ခု ပြိုကျ လာတော့၏။ ရတနာသိုက် ပျောက်ကွယ်တော့ မည်ကို လူတိုင်း နားလည် လိုက်သည်။

တောင်ပေါ်ရှိ ပညာရပ် များကို နားမလည်သေး သူများ သည်ပင်၊ လက်လျော့ လျက် ပြန်ဆင်း လာ၏။

ထိုလူအုပ် အတွင်း၌၊ ယွဲ့ဝေဝေ မပါရှိ ခဲ့ချေ။ ဝူရှောင်ရှင်း၊ မူဟန်၊ ရှောင်စီယီနှင့် နန်းဂွန်း ဝမ်းယူ တို့ သည်သာ၊ ပြုံးရွှင်လျက် ထွက်ပေါ် လာသည်။

သူတို့ အားလုံး ကောင်းစွာ၊ ရိတ်သိမ်းနိုင် ခဲ့ပုံရ လေသည်။ သို့သော် သူ့အား ယှဉ်နိုင်စရာ မရှိနိုင်။

အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာများ မဆိုနှင့်၊ ဓားရည်ရွယ်ချက် တစ်ခုတည်း ဖြင့်ပင်၊ အသက် ရာဂဏန်း အောက်၌ ရှိသည့်၊ ဓားသမား မည်သူ့ကို မဆို၊ ဖိနှိမ် နိုင်သည်။

ကမ္ဘာ ပေါ်၌ တာအိုပေါင်း သောင်းချီ ရှိ သော်လည်း၊ ထာဝရ ရည်ရွယ်ချက် တစ်ခုတည်း သည်သာ၊ တည်မြဲ နေမည် ဖြစ်သည်။

ကောင်းကင်ကြီး ပြိုကျလာ သည်နှင့် အမျှ၊ လူတိုင်း ထွက်ပေါက်ထံ ဦးတည်သွား ကြသည်။ ယခု အချိန်ထိ ယွဲ့ဝေဝေအား မတွေ့ရ သေးသဖြင့်၊ လင်းယွန် တစ်ယောက် မျက်မှောင်ကြုတ် လာမိသည်။

“ ဘယ်ရောက် နေလဲ ... ။ ”

ဤနေရာတွင် အခြားသူ များပင်၊ ယခုမှ ရိတ်သိမ်းပြီး ကာစ ဖြစ်သည်။

“ ထွက်သွား ပြီလား။ ”

ယင်းသည် တစ်စုံ တစ်ရာမျှ၊ ရိတ်သိမ်း နိုင်ခြင်း မရှိဟု အဓိပ္ပာယ် ရသည်။ ဤသည်မှာ သူမ ခွန်အားဖြင့် မရ နိုင်စရာ အကြောင်း မရှိချေ။

“ လင်းယွန် မင်း ဘာလုပ်တာလဲ ... ၊ ဒီနေရာက ပြိုကျ နေပြီ … ။ ”

ဘိုင်လိရွှမ်က လျှပ်စီး တစ်ချက် နှင့်အတူ အနားကို ရောက်ရှိ လာသည်။

“ ငါ ယွဲ့ဝေဝေကို ရှာနေတာ ... ၊ မင်းမြင်ခဲ့ သေးလား ... ။ ”

လင်းယွန်မှ ပြန်မေး လိုက်သည်။

“ တောင်ပေါ် မှာတော့ ... မတွေ့ ခဲ့ဘူး … ။ ”

ဘိုင်လိရွှမ်က သူ့ စကားကို ရပ်လိုက်ပြီး၊

“ နေဦး မင်း အလံငယ် ဆီကို ဝင်သွားတဲ့ အချိန်မှာ၊ နဂါး တစ်ကောင် ပျံသွားတာ ငါမြင် မိတယ်၊ အဲ့ဒီ နောက်ကို လိုက်သွား တာများ ဖြစ်နေ မလား၊ သိပ်တော့ မသေချာဘူး။ ”

သို့သော် ယွဲ့ဝေဝေ၏ စိတ်နေ စိတ်ထား အရ ဖြစ်နိုင် သည်ကို လင်းယွန် သိသည်။ ထို့ကြောင့် ဘိုင်လိရွှမ်ဘက် လှည့်ကြည့်ကာ၊

“ မင်း ... အရင်သွား နှင့်တော့ ... ၊ ငါ လိုက်ရှာကြည့် ဦးမယ်။ ”

“ သတိ ထားပါ ... ။ ”

ဘိုင်လိရွှမ်က ခေါင်းညိတ် လိုက်ပြီး လှည့်ထွက် သွားသည်။ လူတိုင်း ထွက်သွား သော်လည်း၊ လင်းယွန်မှာ ဆက်လက် ရှာဖွေ နေဆဲ ဖြစ်သည်။

တိမ်နဂါး ရတနာသိုက် တစ်ခုလုံး ပြိုကျ သွားရန် အချိန်သိပ် မကျန် တော့ချေ။ လက်ရှိ သူ ရပ်နေသော တောင်မှ လွဲ၍၊ အခြားသော တောင်တန်းများ အားလုံးကို ကောင်းကင် ရေဝဲကြီးက စုပ်ယူ သွားသည်။

အရောင် အသွေး မျိုးစုံ နေသော ရတနာ များကြောင့်၊ ရေဝဲ အတွင်း အလင်းများ စူးရှစွာ တောက်ပ နေသည်။

သို့သော် လင်းယွန်မှ၊ ယင်းကို အာရုံ မစိုက် အားချေ။ ယွဲ့ဝေဝေ အတွက်သာ စိတ်ပူ မိသည်။ မီးလျှံ မိုးကြိုး ကြာပွတ်နောက် သေချာပေါက် လိုက်သွား ရပေမည်။

အခြားသူ များက အလံငယ် အတွင်းရှိ အဖြစ်အပျက် များကို မမြင်နိုင် သော်လည်း၊ ယွဲ့ဝေဝေမှ မြင်နိုင်သည်။

ရုတ်တရက် ဝမ်းနည်းဖွယ် ကောင်းသော ပလွေ သံစဉ်ကို ကြားလိုက် ရသည်။ သံစဉ်မှာ မွန်းကြပ် လွန်းသဖြင့်၊ သူ့ အာရုံကို ချက်ချင်း ဖမ်းစား နိုင်သည်။

“ ဒီ ကောင်မလေး ... ။ ”

ထိုအသံ ထွက်ပေါ် နေသော တောင်ထိပ်သည်၊ တားမြစ် နယ်မြ ဖြစ်သည်။ ထိုနေရာသို့ သွားရန် ကြိုးစားရာ၌ အချည်းနှီး ဖြစ်ခဲ့ ဖူးသည်။

သို့သော် မိုက်မဲသော ကောင်မလေးမှ၊ ထိုနေရာသို့ အမှန်တကယ် ရောက်ရှိ နေသည်။ တုံ့ဆိုင်းခြင်း မရှိဘဲ ရွေ့လျားမှု နည်းစနစ်အား၊ ကန့်သတ် ချက်ထိ တွန်းပို့ လိုက်သည်။

“ ဝှစ် ... ။ ”

မကြာခင် တောင်ကြီး ထံမှ ကြီးမားသော ဖိအားကို ခံစား လာရ၏။ ထို့ကြောင့် လေဆင် နှာမောင်းဖြင့် သိုင်းခြုံလျက်၊ ပျံသန်းရန် ကြိုးစား လိုက်သည်။

“ သွား ... ။ ”

လေဆင်နှာ မောင်းက သူ့ကို သယ်ဆောင်သွား သဖြင့်၊ ယခင် ကထက် ပို၍ မြန်ဆန်စွာ ရွေ့လျား နိုင်ခဲ့ သည်။

တောင်ထိပ် တစ်နေရာတွင်၊ လျှပ်စီး မီးတောက်များ ဖုံးလွှမ်း နေသည့် နဂါးကြီး တစ်ကောင် ရှေ့၌၊ အနီရောင် ဝတ်စုံဖြင့် မိန်းကလေး တစ်ဦးက၊ အာရုံစိုက်ကာ ပလွေမှုတ် နေသည်။

လျှပ်စီး နဂါးသည် အရိုးစု တစ်ခု မျှသာ ဖြစ်သော်လည်း၊ ၎င်းကို ရွှေရောင် နတ်ဘုရား ရူရ် များက၊ အားဖြည့် ပေး ထားသည်။

လျှပ်စီး မီးတောက် များက အရာရာကို ဖျက်ဆီး ဝါးမြိုနိုင် ပုံရ၏။ ယင်းမှာ နတ်ဘုရား ရူရ် များကြောင့် ဖြစ်နိုင် ပေမည်။

သူ ရောက်ရှိ သွားချိန်တွင်၊ ပလွေ သံစဉ် အောက်၌ နဂါး အရိုးစုက နာကျင်စွာ ရုန်းကန် နေပြီး၊ အဆက် မပြတ် ဟိန်းဟောက် နေခဲ့ သည်။

ယွဲ့ဝေဝေ နဖူး၌ ချွေးများ ရွှဲရွှဲစို နေ၏။ သူမ ခွန်အားဖြင့် တာအို ရှေးဟောင်း ပစ္စည်းကို နှိမ်နင်း နိုင်ရုံ မျှသာ ရှိသည်။

“ ဝုန်း ... ။ ”

လေဆင် နှာမောင်းက တိမ်များကို ဖြိုခွဲ လိုက်ပြီး၊ မြေကြီးပေါ် ပြုတ်ကျ လာသည်။ တုန်လှုပ်ဖွယ် လှိုင်း များကြောင့်၊ ယွဲ့ဝေဝေ လှည့်ကြည့် မိရာ၊ လျှပ်စီး နဂါး အရိုးစုမှ လွတ်မြောက်ခွင့် ရသွား တော့သည်။

“ ..... ။ ”

ကျယ်လောင်သော ဟောက်သံ ပြုလျက်၊ ပလွေသံအား ဖြတ်တောက် လိုက်ရာ၊ ယွဲ့ဝေဝေ တစ်ယောက် ‘အင့်ခနဲ’ သွေး အန်သွားသည်။

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားစဉ်၊ လျှပ်စီး နဂါး အရိုးစု ကြီးက၊ သူမကို အန္တရာယ် ပြုရန် တိုးထွက် လာသည်။

“ ထွက် သွား စမ်း ... ။ ”

ဒေါသကြောင့် နဖူး ပေါ်ရှိ သွေးကြောများ ပေါက်ထွက် သွားသည်။ ဤအခိုက် အတန့်တွင် ထာဝရ နဂါးဓား အရှိန် အဝါကို၊ အကန့် အသတ်ထိ ထုတ်လွှတ် လိုက်၏။

ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါမှာ၊ ချွေး ပေါက်များ ထဲမှ တိုးထွက် လာသည်။

မီတာ (၃၀)ခန့် ရှိသော နဂါးကြီးမှာ၊ စူးရှသော မျက်ဝန်း တစ်စုံဖြင့်၊ သူ့ နောက်၌ ထွက်ပေါ် လာ၏။

“ ဟိတ် ... ။ ”

လက်သီးကို တင်းတင်းဆုပ် လိုက်ပြီး၊ လျှပ်စီး နဂါး အရိုးစုအား ထိုးထုတ် ပစ်သည်။ ထိုလက်သီး ချက်ကြောင့် တောင် တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါ သွား၏။

တစ်ချိန်တည်း မှာပင်၊ လျှပ်စီး နဂါး အရိုးစု သည်လည်း၊ နောက်ပြန် လွင့် သွားပြီး၊ ကြာပွတ် တစ်လက် အဖြစ်၊ မြေပြင်ပေါ် ပြန်၍ ပြုတ်ကျ လာသည်။

ခရမ်းရောင် မီးတောက်များ ဟိုတစ်စ သည်တစ်စ၊ ထတောက် လာသော ကြာပွတ်ကို ဂရု မစိုက် အားဘဲ၊ ယွဲ့ဝေဝေထံ အပြေးသွား မိ၏။

“ လူတိုင်း ထွက်သွား ခဲ့ရင်တောင် ... ၊ အစ်ကိုကြီး လာလိမ့်မယ် ဆိုတာ ငါ သိတယ် ... ။ ”

ကြိမ်းမောင်းရန် ပြင်လိုက် သော်လည်း၊ ဖြူဖျော့သော အပြုံး တစ်ပွင့်ကြောင့်၊ လင်းယွန် ပါးစပ် ပြန်ပိတ် လိုက်မိ၏။

“ နောင်မှာ ... ၊ ဒီလို ရူးနှမ်းတဲ့ အလုပ်မျိုး ထပ်မလုပ် ပါနဲ့ ... ။ ”

“ လုပ်ရင် ... ၊ ဘာဖြစ် မလဲ။ ”

ယွဲ့ဝေဝေက ခေါင်းမာစွာ တုန့်ပြန် လိုက်သည်။

“ ငါ မင်းကို၊ စိတ်ပူ နေရ လိမ့်မယ် ... ။ ”

ထိုစကားကို ကြားသော အခါ၊ ယွဲ့ဝေဝေ အမူအရာ ပြေလျော့ သွားပြီး ပြုံးရယ် လျက်ဖြင့်၊

“ ဒါဆို ... ၊ စဉ်းစား ပေးမယ် ... ။ ”

သူက စိုးရိမ်စွာ ဆိုလိုက် သော်လည်း၊ ယွဲ့ဝေဝေ၏ တုန့်ပြန်မှုမှာ၊ ကျေနပ် စရာ မရှိချေ။

မတော်ဆမှု တစ်စုံ တစ်ရာသာ ဖြစ်ပျက်ခဲ့ ပါက၊ သူ ဝမ်းနည်း ရပေမည်။ ထိုအမူ အရာကို ဂရု တစိုက် အကဲခတ်ပြီးနောက်၊ ယွဲ့ဝေဝေမှ ကျေနပ် ဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။

“ ကောင်းပြီ ... အဲဒီ တာအို ပစ္စည်းကို ယူလိုက်ပါ အစ်ကိုကြီး ယွန်၊ နောင်မှာ မင်း စကားကို ငါ နားထောင် ပါ့မယ်။ ”

တာအို ရှေးဟောင်း လက်ရာ အဖြစ်၊ မြှင့်တင် နိုင်ခဲ့သော မီးလျှံ မိုးကြိုး ကြာပွတ်ကို၊ လင်းယွန်က သွားရောက် ကောက်ယူ လိုက်သည်။

လက်ရှိ ခွန်အား ဖြင့်ပင်၊ ၎င်းကို သူ မထိန်းချုပ် နိုင်သေးကြောင်း၊ သဘောပေါက် မိ၏။

“ သွား ရ အောင်၊ ဒီနေရာ တစ်ခုလုံး ပြိုကျ နေပြီ။ ”

ကြာပွတ်ကို သိမ်းဆည်း ပြီးနောက် ယွဲ့ဝေဝေ လက်အား ဆုပ်ကိုင် လိုက်ကာ၊ တောင်ထိပ် ပေါ်မှ ခုန်ချ လိုက်သည်။

“ ဝှစ် ... ။ ”

ပတ်ဝန်းကျင် တစ်ခုလုံး တအိအိ ပြိုကျ နေပြီး၊ ကောင်းကင် စုပ်ဝဲ ကြီးမှ ပြန်၍ စုပ်ယူ သိမ်းဆည်း နေသည်ကို၊ မြင်ရ ချိန်၌ လင်းယွန် လက်အား၊ တင်းကြပ်စွာ ဆုပ်ကိုင် လိုက်မိ လေသည်။

ယင်းကို ခံစား မိသော လင်းယွန်က ပြုံးလျက်၊ ယွဲ့ဝေဝေ နဖူးအား အသာပုတ် လိုက်ပြီး၊

“ ဘယ်လောက် အထိ ... ၊ အန္တရာယ် များတဲ့ လုပ်ရပ်လဲ ဆိုတာ၊ နားလည် ပြီလား ... ။ ”

-ဟု ခြိမ်းခြောက်၊ လိုက်တော့၏။

***

All Chapters