ဒေါသ။
Vol. 61 Ch. 847
နဂါး ကိုးကောင် ရေကန်ရှိ ရေစက် ကြီးမှာ၊ အရွယ် အစား သေးငယ်လာ သည်နှင့် အမျှ လူများ တဖွဲဖွဲ ပြန်ထွက်လာ ကြသည်။
“ ရတနာသိုက် ပိတ်တော့မယ်။ ”
“ လူ အများ စုကို ဖယ်ထုတ် ခဲ့တယ် ဆိုတော့၊ အဆုံးထိ နေနိုင်တဲ့ သူတွေက ဘယ်လိုများ ရတ်သိမ်း နိုင်မလဲ ... ။ ”
“ သူတို့ ထဲက တစ်ယောက် လောက်တော့ ကောင်းကင် အဆင့် ကိုယ်ခံ ပညာကို ရနိုင်မယ် ထင်တယ်၊ အစောဆုံး ထွက်လာတဲ့ သူတွေ မှာတောင် ရတနာ တွေက ထိတ်လန့် စရာပဲ။ ”
“ ကောင်းကင် အဆင့် ပညာရပ် တွေကို ကံကြမ္မာ ကိုယ်ခံ ပညာ လို့လည်း ခေါ်တယ်၊ တိမ်နဂါး ရတနာ သိုက်မှာ ဒီလို ပညာရပ်တွေ ရှိတယ်လို့ ငါ ကြား ဖူးတယ်၊ ဒါပေမယ့် လွယ်လွယ်တော့ ရနိုင်မှာ မဟုတ်ဘူး။ ”
လူတိုင်းက မနာလို စိတ်ဖြင့်၊ နဂါး ကိုးကောင် ရေကန်ကို ကြည့်လိုက် ကြသည်။ တကယ်ပင် ရှားရှား ပါးပါး အခွင့် အရေး တစ်ရပ် ဖြစ်၏။
ရေစက်ကြီး အတွင်းမှ ကျန်းဝူကျိနှင့် ယုဟိုရှင်းတို့ နှစ်ဦး ပျံထွက် လာသည်။ သူတို့ ထံမှ သိပ်သည်းသော အရှိန်အဝါများ ယိုစိမ့် နေ၏။
ဤသည်မှာ ရတနာသိုက် အတွင်း၌၊ မြောက်များစွာ ရိတ်သိမ်းနိုင် ခဲ့သည့် လက္ခဏာ ဖြစ်ချေပြီ။
ထို့ပြင် သူတို့၏ စရိုက် အသွင်အပြင် များအရ၊ ၎င်းအား ဖုံးကွယ် ထားရန် ဆန္ဒ မရှိချေ။ အောင်မြင်မှု များကို အားလုံး မြင်အောင် ပြချင် ကြသည်။
နန်းဂွန်း ဝမ်းယူ၊ မူဟန်နှင့် ကျန်သူများ ထပ်မံ ထွက်ပေါ် လာသည်။ သို့သော် ဘုရင် နှစ်ပါးမှာ ၎င်းတို့အား စိတ်မဝင် စားချေ။ သတ်ပစ် လိုသော ရည်ရွယ် ချက်ဖြင့် ရေစက် ကြီးထံသာ၊ စိုက်ကြည့် လိုက် ကြသည်။
ရတနာသိုက် အတွင်း လင်းယွန်ကို ရိုက်နှက်ချင်သည့် စိတ်အား၊ အကြိမ်ပေါင်း များစွာ ချုပ်နှောင် ထားခဲ့ ရသည်။
“ သူတို့ရဲ့ အရှိန်အဝါက အရင်ထက် အများကြီး ပိုသန်မာ လာတယ်တယ်၊ ရတနာ သိုက်က တကယ်ကို အံ့သြစရာ ပါပဲ။ ”
“ ကြည့်ရတာ ... သူတို့ လင်းယွန်ကို စောင့်နေပုံ ရတယ်၊ စိတ်ဝင် စားစရာပဲ။ ”
ဘုရင် နှစ်ပါး၏ အမူ အရာကြောင့် လူအုပ်ကြီးမှာ စိတ်ဝင်စား လာ ကြသည်။ တိမ်နဂါး ရတနာ သိုက် အတွင်း၌ လင်းယွန် တစ်ယောက် အခြေ အနေ ကောင်းပုံ မရချေ။
“ ဘာတွေ ဖြစ်နေ တာလဲ ... ။ ”
မဟာချင် အင်ပါယာ အဖွဲ့သားများ မျက်နှာမှာ၊ အနည်းငယ် စိုးရိမ် သွားသည်။ ဖန်းယီက သိချင် စိတ်နှင့် လူအုပ်ထဲ လိုက်လံ စပ်စု ပြီးနောက်၊ ပျက်ယွင်းသော မျက်နှာဖြင့် ပြန်ရောက် လာ၏။
“ ဝူရှောင်ရှင်း ပြောတာတော့ ... ၊ ရတနာသိုက် ထဲမှာ လင်းယွန် ဘာမှရ မထား ဖူးတဲ့၊ သူ့ အငွေ့ အသက်က ... ”
“ ... ဝင်သွားတဲ့ အချိန်နဲ့ အတူတူ ပဲလို့ ပြောနေ ကြတယ်၊ ဒါပေမယ့် နောက်ဆုံးတောင် မှာတော့ ... ၊ တစ်ခုခု ရှာတွေ့ နိုင်မယ်လို့ ထင်ရတာ ပဲတဲ့ ။ ”
“ ဘာ လဲ … ။ ”
နောက်ဆုံးသော စကားမှာ၊ နှစ်သိမ့်ခြင်း မျှသာ ဖြစ်ကြောင်း၊ ကာကွယ်သူ မက်မွန်က သိသည်။ လင်းယွန် သည်သာ အခြားသူ များနှင့်၊ မယှဉ်နိုင် ပါလျှင် အရှက်ရ ပေလိမ့်မည်။
“ ပြည့်စုံတဲ့ အခြေခံ ကံကြမ္မာ ကိုယ်ခံ ပညာ။ ”
ကျန်းဝူကျိ ထံမှ ဝေမျှ မှုကို ကြားလိုက် ရသော အခါတွင်၊ ဂိုဏ်းချုပ်၏ မျက်လုံးများ တောက်ပ လာသည်။
ပတ်ဝန်းကျင်ရှိ အကြီး အကဲ များနှင့် တပည့်များ သည်လည်း၊ စိတ်ကူး မယဉ် နိုင်သော ရိတ်သိမ်းမှု ဖြစ်သဖြင့်၊ စိတ်လှုပ်ရှား ကုန်သည်။
နောက်ဆုံးတွင် သူတို့ ဂိုဏ်း၌၊ ကံကြမ္မာ ကိုယ်ခံပညာ တစ်ရပ်ပင် မရှိချေ။ အလင်း အမှောင် လမင်း ကမ္ဘာ၏၊ အကြီးအကဲ များနှင့် တပည့် များ သည်လည်း၊ စိတ်လှုပ်ရှား နေ၏။
ယုဟိုရှင်းက အထင် အမြင် သေးဟန်ဖြင့် မဟာချင် အင်ပါယာထံ လှမ်းလှမ်း ကြည့်သည်။
ထိုအချိန် မှာပင် လင်းယွန်က ယွဲ့ဝေဝေ လက်ကို ဆွဲကာ၊ ရေစက် အတွင်းမှ ထွက်လာ ခဲ့သည်။
“ သူတို့ ဟိုမှာ ... ။ ”
“ လင်းယွန် ထွက်လာပြီ ... ။ ”
လင်းယွန်မှ သူ့ အရှိန် အဝါကို ကောင်းစွာ ထိန်းချုပ်ထား နိုင် သောကြောင့်၊ ပရိသတ်ကြား ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။
“ သူ ဘာမှ မရခဲ့ ဖူးလား။ ”
အရှိန် အဝါမှာ၊ အခြားသော ပါရမီရှင်များ ကဲ့သို့၊ ပြင်းထန်ခြင်း မရှိ သဖြင့်၊ ဝူရှောင်ရှင်း စကား အမှန် ဖြစ်မည်ဟု ယူဆလာ ကြသည်။
“ ကျေးဇူး ပြုပြီး ... ၊ တိမ်နဂါး တစ်ရာ စင်မြင့်ပေါ် လာပါ။ ”
မြင့်မြတ်သော မဟာမိတ် အဖွဲ့၏၊ ဒိုင် အဖိုးအိုက လေးနက်စွာ ဖိတ်ခေါ် လိုက်သည်။ ဒိုင် အဖိုးအိုမှ အဆင့် များကို ကြေညာ တော့မည် ဖြစ်သည်။
စင်မြင့် ပေါ်၌ လူအားလုံး ရောက်ရှိ လာချိန်တွင်၊ ယုဟိုရှင်းနှင့် ကျန်းဝူကျိ တို့က လင်းယွန်ထံ ကြည့်ပြီး၊ ပြုံးလိုက် ကြသည်။
ဒိုင် အဖိုးအိုက ရတနာသိုက် အတွင်းမှ အဖြစ် အပျက် များကို၊ မေးမြန်းခြင်း မရှိဘဲ၊ အဆင့် သတ်မှတ်ချက်အား ကြေညာ ပေးခဲ့ သည်။
ဤအဆင့် သတ်မှတ် ချက်သည်၊ လေးနှစ် တိုင်အောင် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးကို၊ အုပ်စိုး ထားမည် ဖြစ်သည်။
တစ်ချိန်တည်း မှာပင်၊ ဘုရင် အသစ်နှင့် အထက် တန်းစားများ၏ အမည် သည်လည်း၊ လျင်မြန်စွာ ပျံ့နှံ့ သွားပေမည်။
သဘာဝအတိုင်း လင်းယွန် အမည်မှာ၊ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်လာ နိုင်၏။ အဖိုးအိုက အမည် စာရင်း ကြေငြာ ပြီးချိန်တွင်၊ ကျန်ဝူကျိ တစ်ယောက် ရှေ့လှမ်း ထွက်လာကာ၊
“ စီနီယာ ... ၊ ကျွန်တော် တောင်းဆို စရာ ရှိပါတယ်။ ”
“ ပွဲက ပြီးပြီ၊ မင်းရဲ့အဆင့် သတ်မှတ် ချက်ကို လက်မခံချင် ဖူးလား၊ ဘုရင် တစ်ပါး ဖြစ်နေ ရင်တောင် နောက်ဆုတ်ပါ။ ”
“ မဟုတ် ပါဘူး၊ အဆင့် သတ်မှတ် ချက်ကို လက်ခံ ပါတယ်၊ ဒါပေမယ့် ရတနာသိုက် ထဲမှာ နားလည်မှု အချို့ ရခဲ့လို့၊ ... ”
“ ... ပန်းသင်္ချိုင်း ဆီကနေ လမ်းညွှန်ချက် အချို့ တောင်းခံချင် ပါတယ်၊ ချန်ပီယံ ခွန်အား ကို၊ နောက်တစ်ကြိမ် အသိ အမှတ် ပြုပါရစေ။ ”
သွေးစွန်းသော ဧည့်ခံ ပွဲမှာ၊ ပြီးသွားပြီ ဖြစ်သည့် အတွက်၊ အဆင့် သတ်မှတ်ချက်အား မပြင်နိုင် တော့ချေ။
အရှက်ခွဲ နိုင်လျှင်ပင်၊ အဆင် ပြေသည်။ ချန်ပီယံမှာ လူတိုင်း ပါးစပ်ဖျား၌ ဟာသ အဖြစ် ကျန်ရစ် စေချင် ခဲ့သည်။
ဒိုင် အဖိုးအို၏ မျက်လုံးများ အေးစက်စွာ တောက်ပ လာပြီး၊
“ မြင့်မြတ်သော မဟာမိတ် အဖွဲ့ ရှေ့မှာ၊ ဘယ်လိုများ ရိုင်းပျ ဝံ့ သလဲ ... ဟမ့် ။ ”
-ဟု ငေါက်လိုက်၏။
ဒေါသထွက် နေသော ဒိုင် အဖိုးအိုကြောင့်၊ လူများစွာက ထိတ်လန့် သွားသည်။
“ ဘယ်လိုတောင် ပြုမူပြ နေရ တာလဲ ... ။ ”
ယုဟိုရှင်း အသံက ရုတ်တရက် ထွက်ပေါ် လာပြီး၊ ပြုံးရွှင်သော အမူအရာဖြင့်၊
“ ဒါက မျိုးဆက်သစ် လူငယ် တွေကြား မိတ်ဖြစ် ဆွေဖြစ် အားစမ်း ပွဲလေး တစ်ခု ပါပဲ၊ ငါတို့ရဲ့ ဂိုဏ်းတွေနဲ့ မသက်ဆိုင် ပါဘူး၊ ... ”
“ ... ဘယ်သူက ဝင်စွက်ဖက် ရဲလဲ၊ ငါ ယုဟိုရှင်း လမ်းညွှန်မှု ကို တောင်းခံ ပါတယ်၊ လင်းယွန် ... မင်းက ယောက်ျား တစ်ယောက် မဟုတ်လား။ ”
ယုဟိုရှင်းနှင့် ကျန်းဝူကျိ တို့မှာ၊ နောက်ဆုတ်ရန် ဆန္ဒ ရှိပုံ မရချေ။ လူတိုင်း ရှေ့တွင် လင်းယွန်အား အရှက်ခွဲ ချင်နေ သည်မှာ ထင်ရှား ၏။
အထူး သဖြင့် ယုဟိုရှင်း စကားမှာ၊ လင်းယွန်အား ဆုတ်ခွာရန် လမ်းကြောင်း မှန်သမျှကို ဖြတ်ပစ် လိုက်ခြင်း ဖြစ်သည်။
သူတို့ နှစ်ဦး ရတနာသိုက် အတွင်း၊ မည်မျှ ရိတ်သိမ်းနိုင် ခဲ့သည်အား၊ မေးခွန်း ထုတ်စရာ မလို တော့ချေ။
သို့မဟုတ် ပါက လင်းယွန်ကို၊ ဤသို့ စိန်ခေါ်ရဲ ကြမည် မဟုတ်ကြောင်း၊ လူတိုင်း ပြောနိုင်သည်။
သို့သော် လင်းယွန်မှ တွန့်ဆုတ်ခြင်း မရှိဘဲ၊ ရှေ့လှမ်း တက်သည်။ ထိုတုန့်ပြန် မှုကြောင့်၊ ရတနာ သိုက် အတွင်း၊ အကျိုး အမြတ် တစ်စုံ တစ်ရာ၊ ရိတ်သိမ်း နိုင်ခြင်း မရှိဟု၊ ယူဆ မိသော လူတိုင်းကို အံ့သြသွား စေသည်။
ယုဟိုရှင်းနှင့် ကျန်းဝူကျိပင် ချွင်းချက် မရှိနိုင်။ သို့သော် ခဏ အတွင်း မှာပင်၊ စိတ်ထဲ၌ လှောင်ပြောင် လာမိသည်။
“ မင်းက တကယ့်ကို သတ္တိ ရှိတာပဲ။ ”
ဤသည်မှာ သတ္တိ ရှိခြင်း မဟုတ်ချေ။ ရူးသွပ်နေ ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ပြုံး လိုက်မိ၏။
“ မင်းတို့ နှစ်ယောက်က၊ သေချင် နေတာကို ငါက ဘာလို့ ... ၊ မဖြည့်ဆည်း နိုင် ရမှာလဲ။ ”
လင်းယွန်က ထက်ရှသော အငွေ့ အသက်ကို ထုတ်ဖော်ကာ ဆိုသည်။
“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ၊ တကယ်ကို သတ္တိရှိ ပါပေတယ်၊ ငါတို့က ဓား တစ်ချက်ကို တောင်းဝံ့တဲ့ အတွက်၊ မင်းရဲ့ ဝိညာဉ်ရေး ဓားကို ... ”
“ ... ကိုင်တွယ် ဖြေရှင်း နိုင်တဲ့ နည်းလမ်းတွေ ရှိတယ်၊ ဝိညာဉ်ရေး ဓား အလုပ် မလုပ်ရင်၊ မင်းက ဘာကောင်မှ မဟုတ် ပါဘူး။ ”
ဤအခွင့် အရေးကို အချိန် အကြာကြီး စောင့်ဆိုင်း နေခဲ့ရ သောကြောင့်၊ ကျန်းဝူကျိက ကျေနပ်စွာ ရယ်မော လိုက်သည်။
“ ဟား ဟား ဟား ... ။ ”
“ ဒါကို ... စိတ်ပူ နေစရာ မလို ပါဘူး၊ အချိန်ကုန် သက်သာအောင် မင်းတို့ နှစ်ယောက် အတူတူ လာလို့ ရပါတယ်၊ သုံးကြိမ် အတွင်း မင်းတို့ကို အနိုင် မယူ နိုင်ရင်၊ ငါ့ရဲ့ ချန်ပီယံ ဘွဲ့ကို လက်လွှတ် ပေးမယ်။ ”
လင်းယွန်က ဒေါသ ထွက်လာသည်။ ကျန်းဝူကျိမှာ ရတနာသိုက် အတွင်း တစ်ချိန်လုံး အနှောင့် အယှက် ဖြစ်စေ ခဲ့သည်။ သူ့ အတွက် စိတ်ရှည် သည်းခံမှုမှာ ကန့်သတ်ချက် ရောက်သွားပြီ ဖြစ်၏။
ယုဟိုရှင်း အတွက်မူ သတ်ရန် ဆုံးဖြတ် ထားပြီး ဖြစ်လေရာ၊ မကြောက် မရွံ့ မီးပုံထဲ တိုးဝင် လာသော ပိုးဖလံ တစ်ကောင် ဟုသာ၊ တင်စားချင် တော့သည်။
သည်လူပြက် နှစ်ယောက်သည်၊ သူ့၌ ဒေါသတရား မရှိဟု ထင်နေပုံ ရသည်။ သဘော ထားကြီး ခြင်း၏ အဆုံးတွင်၊ အခြား တစ်ဖက် ရှိကြောင်း ပြသရ ပေမည်။
***