← Chapters

ကောင်းကင် လမ်း။

Vol. 61 Ch. 849

ကောင်းကင် လမ်း။

Vol. 61 Ch. 849

ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်မှာ သူတို့ အပေါ် မထိရောက် နိုင်တော့ဟု ထင်မိ ချိန်တွင်၊ လွဲမှားကြောင်း လင်းယွန်မှ သက်သေပြ လာသည်။

သူ့စကား အတိုင်း ကျန်းဝူကျိကို လက်သီး တစ်ချက်ဖြင့် အနိုင် ယူကာ၊ အကြည့် တစ်ချက် နှင့် ယုဟိုရှင်းအား ဒူးထောက် စေခဲ့သည်။

ယင်းသည် ထိန်လန့်ဖွယ် ကောင်းသော စွမ်းဆောင်ရည် တစ်ရပ် ဖြစ်လာသည်။ ပွဲမစမီ၌ ယုဟိုရှင်းမှာ တောင်းပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ ဒဏ္ဍာရီ ဆန်ဆန် ပုဂ္ဂိုလ် တစ်ဦး ဖြစ်၏။

ယခုမူ အသက်ရှင် သန်နိုင်ခြင်း ရှိ-မရှိ မည်သူမျှ အာမ မခံနိုင် တော့ချေ။ သူ့ ဘဝသည် အလင်း အမှောင် လမင်း ကမ္ဘာ၏ စွမ်းရည် အပေါ်၊ မူတည် လေပြီ။

ထိုမျှမက အုပ်စိုးရှင် နှစ်ပါး ကိုပင်၊ လင်းယွန်မှ စိုက်ကြည့်ကာ စိန်ခေါ် ခဲ့သည်။ ထိုအုပ်စိုးရှင် ဂိုဏ်း နှစ်ဂိုဏ်းရှိ ဘီလူး အိုကြီး များ၏ ဒေါသကို ဂရုစိုက်ပုံ မပြချေ။

ဤမျှ မိုက်ရူးရဲ ဆန်သော ပါရမီရှင် မျိုး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌ နှစ် တစ်ထောင် အတွင်း၊ ပထမဆုံး အကြိမ် မွေးဖွား လာခြင်း ဖြစ်သည်။

“ မြန်မြန် သူ့ အသက်ကို ကယ် ... ။ ”

အကြီး အကဲ တစ်စုက၊ သူတို့၏ တပည့် အသီးသီးကို ကယ်တင်ရန်၊ ချက်ချင်း လှုပ်ရှား လာသည်။

ဒဏ်ရာ များကို စစ်ဆေးကြည့် ပြီးနောက်၊ မျက်နှာ များမှာ ကြောက်မက်ဖွယ် မည်းမှောင် သွား၏။

အထူး သဖြင့် ကျန်းဝူကျိ ဒဏ်ရာမှာ၊ အရိုး များက အတွင်း အင်္ဂါ များကို ထိုးခွဲ ထားသဖြင့်၊ များစွာ ဆိုးရွား လှလေသည်။

ယုဟိုရှင်း မှာမူ ရင်ဘတ်၌ အပေါက်ကြီး တစ်ပေါက် နှင့်အတူ၊ နံရိုးများ ကြေမွ ကုန်၏။ ယုဟိုရှင်း ဖြစ်သော ကြောင့်သာ အသက်ရှူ နိုင်ခြင်း ဖြစ်သည်။

“ လူ့ တိရစ္ဆာန်ကောင်၊ ငါ မင်းကို သတ်မယ် ... ။ ”

အလင်း အမှောင် လမင်း ကမ္ဘာ ဂိုဏ်းချုပ်က၊ ယုဟိုရှင်းထံ ဆေးလုံး တစ်လုံးအား တိုက်ကျွေး လိုက်ပြီး၊ ဒေါသ တကြီး ဆိုသည်။

“ ထွက် သွား စမ်း ... ။ ”

သို့သော် တစ်ချိန်လုံး ရပ်ကြည့် နေခဲ့သော ဒိုင် အဖိုးအိုက ထိုသူ မလှုပ်ရှား နိုင်ခင်၊ လက်ကို မြှောက်ကာ ပါးရိုက်ချ လိုက်သည်။

“ ဖြန်း ... ။ ”

ဒိုင် အဖိုးအို၏ အဆင့် အတန်း အရ၊ ယုဟိုရှင်း ထံမှ မထီမဲ့မြင် ပြုမှုကို တစ်စုံ တစ်ရာ အကြောင်း ပြချက် မရှိ သဖြင့်၊ သည်းခံနိုင် သော်လည်း၊ ပျော်ရွှင်နေ သည်ဟု မဆို နိုင်ချေ။

ဒေါသ ဖောက်ခွဲ ခြင်းငှာ ရှာတွေ့ ပြီးနောက်၊ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါအား ထုတ်ဖော် ပြလိုက်သည်။

“ အင် ပါ ရီ ယန် … ။ ”

လင်းယွန်ပင် အံ့အားသင့် သွားသည်။ သို့သော် အဖိုးအိုက ၎င်းတို့ အားလုံး အပေါ်၊ လျစ်လျူရှု လိုက်ပြီး၊ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ကာ၊

“ ယုဟိုရှင်းနဲ့ ကျန်းဝူကျိ တို့က၊ ဒါကို တောင်းဆို ခဲ့တာ လူတိုင်း အသိပဲ၊ ဂျူနီယာတွေ အပေါ် ငါ လက်တင်မှာ မဟုတ်ဘူး၊ ... ”

“ ... ဒါပေမယ့် ချန်ပီယံ မပြောနဲ့၊ တိမ်နဂါး ပါရမီရှင်တွေ ကိုတောင် ဘယ်ဂိုဏ်း ကမှ အနိုင် ကျင့်ခွင့် မရှိဘူး၊ မဟုတ်ရင် ... ငါ့ ဒေါသကို အရင် ခံစားရ လိမ့်မယ်။ ”

ပါးရိုက်ခံ လိုက်ရ သောကြောင့်၊ အလင်း အမှောင် လမင်း ကမ္ဘာ ဂိုဏ်းချုပ်၏ မျက်နှာမှာ၊ ဆိုးရွားစွာ ပျက်ယွင်း နေသည်။

သို့သော် သူ လုပ်နိုင်စရာ မရှိ သဖြင့်၊ ဆိတ်ဆိတ် နေရန်သာ ရွေးချယ် လိုက်ရသည်။

“ ကဲ ... ထိပ်ဆုံး ဆယ်ဦး ကျေးဇူး ပြုပြီး ရှေ့ကို တိုးလိုက်ပါ။ ”

အမှု ကိစ္စ များကို ဖြေရှင်း ပြီးနောက်၊ ဒိုင်အဖိုးအိုက အကြောင်း အရာထံ ဆက်သွား ခဲ့သည်။

“ ရန်လောင်ဇီ သေဆုံး သွားတဲ့ အတွက်၊ သူ့ နေရာကို နန်းဂွန်း ဝမ်းယူနဲ့ အစား ထိုးဖို့၊ ငါတို့ မဟာမိတ် အဖွဲ့က ဆုံးဖြတ် ထားတယ်။ ”

ထို ကြေညာချက်ကြောင့် မြောက်ပိုင်း နှင်းစံအိမ်မှာ ဝမ်းမြောက် သွားသည်။ နန်းဂွန်း ဝမ်းယူ၏ ခွန်အား အရ၊ မည်သူမျှ ကန့်ကွက် လိုခြင်း မရှိ ကြချေ။ ထိုက်တန် သည်ဟု ယူဆ မိ၏။

“ ကျေးဇူး တင်ပါတယ် စီနီယာ ... ။ ”

နန်းဂွန်း ဝမ်းယူက ရွှင်မြူး စွာဖြင့်၊ ရှေ့တိုး လာသည်။

“ ဒီပွဲက တရားဝင် ပြီးသွား ပါပြီ၊ ခုနစ်ရက် အတွင်း တိမ်နဂါး အဆင့်ကို၊ တရားဝင် ကြေငြာ ပေးလိမ့်မယ်၊ မင်းတို့ ဆယ်ယောက် ကတော့ ငါနဲ့ လိုက်ခဲ့ … ။ ”

ထိပ်တန်း ဆယ်ဦး အတွက် အထူး အကြောင်း အရာများ ရှိပုံ ရသည်။ အဖိုးအိုက ချက်ချင်း ထွက်မသွား သေးဘဲ၊ ခရမ်းရောင် မိုးကြိုး ဂိုဏ်းနှင့်၊ အလင်း အမှောင် လမင်း ကမ္ဘာထံ လှမ်းကြည့်ကာ၊

“ ကျန်းဝူကျိနဲ့ ယုဟိုရှင်း မသေ ခဲ့ရင် သတင်း ဝေမျှဖို့ အတွက်၊ တစ်ယောက် ယောက် လွှတ်ပေး လိုက်မယ်၊ သူတို့ သေရင်တော့ တခြား တစ်ယောက်ကို အစား ထိုးမယ်။ ”

အုပ်စိုးရှင် နှစ်ပါး အတွက်၊ ကြားရ နားဝ မခံ သာသော စကားများ ပေပင်။ နှစ်ပေါင်း (၁၀၀၀) အတွင်း တစ်ကြိမ်မျှ မကြုံဖူးသော အရှက် တရား ဖြစ်လာ၏။

အခြား တစ်ဖက်တွင် တိမ်နဂါး (၁၀၀) မှာ၊ ကျေနပ်သော အသွင်ဖြင့် ကြည့်လာ ကြသည်။ သည့်နောက် အဖိုးအိုက ကျန်ရှိ နေသော ထိပ်ဆုံး ဆယ်ဦးကို ခေါ်ဆောင်လျက်၊ ထွက်ခွာ သွားတော့၏။

သို့သော် ပရိသတ် များက ချက်ချင်း မထွက်ခွာ ခဲ့ကြချေ။

“ ပြီးသွား ပြီလား ...၊ ဒီနှစ်ပွဲက မယုံနိုင် စရာပဲ။ ”

“ လင်းယွန်ရဲ့ ခွန်အားက တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးရဲ့ အထက်မှာ ရှိနေပြီ။ ”

“ ထိပ်ဆုံး ဆယ်ဦး အတွက်၊ ဆုလာဘ် မရှိဘူး၊ ကံကြမ္မာပဲ ရှိတယ်၊ ကံကြမ္မာ ဆိုတာ မမြင်နိုင် ပေမယ့် တကယ် ရှိနေတယ်၊ ... ”

“ ... ဒါကို ရတနာသိုက် ထဲက ပြန်လာတဲ့ လင်းယွန်က သက်သေပြ ထားတယ်၊ သူက ချန်ပီယံ ဖြစ်ဖို့ ကံပါ လာပြီး မှတော့ ဘယ်သူမှ သူ့ကို ဖြုတ်ချ နိုင်မှာ မဟုတ်ဘူး။ ”

“ ဘာလို့ ထိပ်ဆုံး ဆယ်ဦးကို ခေါ်သွားလဲ မင်း သိလား၊ ခေတ်သစ်နဲ့ အတူ ကောင်းကင် လမ်းကို ပွင့်လာ တာကြောင့်၊ သူတို့ ထွက်သွား တာများ ဖြစ်နိုင် မလား။ ”

လူတိုင်း သို့လော၊ သို့လော ဖြစ်လာ ကြသည်။ အကြောင်း ရင်းကို ခန့်မှန်း ဆွေးနွေး လာတော့၏။

လွန်ခဲ့သော ခြောက်လမှ စကာ၊ ခေတ်သစ်ရောက်ရှိ လာတော့မည် ဟူသော ကောလ ဟာလများ ထွက်ပေါ် ခဲ့သည်။

အုပ်စိုးရှင် များက ယင်းမှာ၊ မြင့်မြတ်သော ကမ္ဘာကြီး ဆီသို့ သွားရာလမ်း ပွင့်ခြင်းဟု ဆိုကြ ၏။

ကောင်းကင် လမ်းနှင့် ပတ်သက်၍ မည်သူမျှ မသိကြ သော်လည်း၊ မဟာမိတ် အဖွဲ့မှ၊ ထိပ်ဆုံး ဆယ်ဦးကို ခေါ်ဆောင်ခဲ့ သည်မှာ၊ ယင်းကြောင့် ဖြစ်မည်ဟု ခန့်မှန်း နိုင်သည်။

တိမ်နဂါးမြို့၏ အပြင်ဘက် တောင်တန်း တစ်နေရာတွင် မှော်ဆန်သော မိန်းမပျို တစ်ဦး ရပ်နေသည်။

ထိုမိန်းမပျိုကို လင်းယွန်သာ မြင်ပါလျှင် စီနီယာ အစ်မ အဖြစ် ချင်ချင်း အသိအမှတ် ပြုမိ ပေမည်။

သူမ ဘေးတွင် စွဲမက်ဖွယ်၊ အမျိုး သမီး တစ်ဦး ရှိနေပြီး၊ ထို အမျိုးသမီး ထံမှ အငွေ့ အသက်မှာ ကြောက်စရာ ကောင်းလောက် အောင် အေးစက် နေသည်။

သို့သော် ထူးဆန်း သည်မှာ၊ မိန်းမပျို မှလွဲ၍ သူမ ရှိနေ သည်ကို မည်သူမျှ မမြင် နိုင်ချေ။ ဤကမ္ဘာတွင် ရှိ မနေဟု ဆိုနိုင်သည်။

“ ငါ့ ကတိကို ဖြည့်ဆည်း ပြီးပြီမို့ ...၊ မင်း အတွက် အချိန် ကျပြီ။ ”

အမျိုး သမီးက နူးညံ့သော အသံဖြင့်၊ သတိပေး လာသည်။ ဤ မိန်းကလေးသည် ကမ္ဘာပေါင်း များစွာကို၊ လှည့်ပတ် ရှာဖွေခဲ့ ရသော၊ အမွေ ဆက်ခံသူ စင်စစ် ဖြစ်သည်။

“ ဆရာ ... ၊ သူ ဘယ်သွား ရမှာလဲ ... ။ ”

မိန်းမပျိုက တုံ့ဆိုင်း နေသော အသံဖြင့် မေးလိုက်သည်။

“ သူ သွားသင့်တဲ့ နေရာ ... ၊ နိမ့်ကျတဲ့ ကမ္ဘာတွေ မှာတောင်၊ ခေတ်သစ် ရောက်လာ တာကို မငြင်းပယ် နိုင်ဘူး၊ သူမှာ မင်းနဲ့ ငါတို့ လိုပဲ၊ လမ်းစဉ် ရှိတယ်။ ”

အမျိုး သမီးက ပြန်ဖြေသည်။

“ ငါတို့ရဲ့ လမ်းက ဘယ်တော့မှ၊ မဆုံနိုင်ဖူး မဟုတ်လား။ ”

မိန်းမပျိုက ကူကယ်ရာ မဲ့စွာဖြင့် ထပ်မေးသည်။ အချိန် အတော် ကြာအောင် နှုတ်ဆိတ် သွားပြီးနောက်၊ အမျိုး သမီးက သက်ပြင်းချ လိုက်သည်။

“ မင်းဟာ ချစ်စရာ ကောင်းပြီး၊ စိမ်းပြာ လမင်းကို မွေးဖွား နိုင်ခဲ့တယ်၊ မင်းကိုယ်မင်း ဖုံးကွယ်ထား ရင်တောင် ကပ်ဘေးက ... ”

“ ... လွတ်မြောက် နိုင်မှာ မဟုတ် ပါဘူး၊ မင်းမှာ ငါနဲ့ ထွက်သွား ဖို့က လွဲလို့ ရွေးစရာ မရှိတာ သေချာတယ်၊ ဒီကောင်လေး အတွက် ကတော့ … ”

“ ... သူ လျှောက် နေတဲ့ လမ်းက ကောင်းကင်ဘုံကို သွားတဲ့ လမ်းပဲ၊ အဆုံး မရှိ စစ်မြေပြင် ဖြစ်တာကြောင့်၊ သူ အသက်ရှင် နိုင်ပါ့ မလား ဆိုတာ၊ ဘယ်သူမှ မသိနိုင်ဘူး၊ ကဲ ငါတို့ သွားဖို့ အချိန် ကျပြီ ... ။ ”

တုံ့ဆိုင်း နေမှန်းသိ သဖြင့်၊ စွဲမက်ဖွယ် ကောင်းသော အမျိုး သမီးက၊ မိန်းမပျိုအား အတင်း အကျပ် ခေါ်ဆောင် သွားခဲ့သည်။

မိန်းမပျိုက ငြင်းဆန်ခြင်း မပြု တော့ဘဲ၊ လှည့်ထွက် လိုက်ရာ၊ ပါးပြင် ပေါ်မှ မျက်ရည် တစ်စက်၊ လွင့်ကျ လာတော့၏။

“ ..... ။ ”

ဤသည်မှာ ပယင်း ကမ္ဘာ အတွက်၊ ကျခဲ့သော သူမ၏ နောက်ဆုံး မျက်ရည်ပင် ဖြစ်သည်။

မိုက်မဲ လွန်းသော ထိုကောင်လေးအား နောက်တစ်ကြိမ် မြင်ခွင့် ထပ်ရ နိုင်ပါ့ဦး မလား၊ သူမ မသိချေ။

ဒိုင် အဖိုးအိုက တိမ်နဂါး မြို့တော် တစ်နေရာရှိ ရှေးဟောင်း ယဇ်ပလ္လင် တစ်လုံး ဆီသို့၊ လင်းယွန် တို့အား ဦးဆောင် ခေါ်ငင် ခဲ့သည်။

ယဇ်ပလ္လင်ကို ဆန်းကြယ် လွန်းသော နဂါးအရုပ် များဖြင့် ရေးထွင်း ထားပြီး၊ အခန်း အတွင်း၌ အောင်းမေ့ဖွယ် ကမ္ဗည်းပြားများ အစီအရီ ခင်းပြ ထား၏။

အောက်ဆုံး အဆင့်တွင်၊ ပါရမီရှင် များ၏ အမည် များကို ရေးထည့် ထားသည်။

“ နဂါး ထွက်သက် ။ ”

ယဇ်ပလ္လင် ပေါ်ရှိ မီးတောက်မှာ၊ မိုးပြာ နဂါး ထွက်သက်နှင့် ဆင်တူကြောင်း၊ လင်းယွန် သတိ ထားမိသည်။

သို့ရာတွင် ယဇ်ပလ္လင်ရှိ အဆိုပါ နဂါး ထွက်သက်မှာ၊ နဂါး အရှိန် အဝါများ ပေါင်းစပ် နေ သဖြင့်၊ သူ၏ နဂါး ထွက်သက်မှ၊ ယှဉ်နိုင် စရာ အကြောင်း မရှိချေ။

မူဟန်၊ နန်းဂွန်း ဝမ်းယူ၊ ဝူရှောင်ရှင်းနှင့် အခြားသူ များမှာ၊ ဤအခမ်း အနား အောက်တွင် စိတ်မသက် မသာ ခံစား နေရ သည်။

ထိုအချိန် မှာပင် သူတို့ အမည် များကို တစ်နေရာ ရာသို့ ပေးပို့ နေသည်ဟု၊ ခံစားရ စေသော လှိုင်း အချို့၊ လေထုထဲ ပျံ့လွင့် လာသည်။

“ ခေတ်သစ်ရောက် လာတဲ့ အတွက်၊ ကောင်းကင်လမ်း ပွင့်မယ် ဆိုတာကို မင်းတို့ အရင်က ကြားဖူး ကြမယ်လို့ ထင်ပါတယ်၊ ... ”

ဒိုင် အဖိုးအိုက လေးနက်သော အသံဖြင့် ပြောကြား လာခဲ့သည်။

“ မင်းတို့ ဆယ်ယောက် လုံးက ဒီအတွက် အခွင့် အရေး ရှိတယ်၊ ဒါပေမယ့် ကန့်သတ်ချက် ရှိတယ်၊ ကောင်းကင် လမ်းကို တက်ချင် သူတွေက ... ”

“ ... ကောင်းကင်လမ်း အတွက်၊ ပယင်း တောင်မှာ အခြား နယ်မြေ တွေက မင်းတို့လို ပါရမီရှင် တွေနဲ့ ယှဉ်ပြီး၊ ခွဲတမ်း လုရ လိမ့်မယ်၊ ... ”

“ ... မြင့်မြတ်သော ကမ္ဘာက၊ ပါရမီရှင် တွေတောင် မနာလို ဖြစ်ရတဲ့၊ အခွင့် အရေး မျိုးတွေ ကောင်းကင် လမ်းမှာ ရှိတယ်၊ ... ”

“ ... ဒါကြောင့် လွယ်ကူသော လမ်း မဟုတ်တဲ့ အပြင်၊ အချိန် မရွေး သေနိုင်တယ်၊ ဘာလို့လဲ ဆိုတော့ နယ်မြေပေါင်း များစွာက ကောင်းကင်လမ်း အတွက် ပြိုင်ဆိုင် လာကြ လို့ပဲ။ ”

လူတိုင်း၏ မျက်နှာများ ပြောင်းလဲ သွားသည်။ သူတို့ ကြားလိုက် ရသော သတင်း များကြောင့်၊ မျက်ဝန်း များရှိ အံ့သြမှုအား ဖုံးကွယ် ခြင်းငှာ၊ မစွမ်းနိုင် တော့ချေ။

***

All Chapters