နတ်နဂါး ခေတ်။
Vol. 61 Ch. 850
ဒိုင် အဖိုးအို၏ အဆို အရ၊ ကြယ်ရောင်စုံ အလင်းတန်း ကြီးထဲတွင်၊ သောင်းနှင့် ချီသော ကမ္ဘာများ ရှိနေကြောင်း သိရှိ ရသည်။
ထိုကမ္ဘာ များအား ကောင်းကင် လမ်းဖြင့်၊ ဆက်သွယ် ထားသော်လည်း၊ ၎င်းကို မည်သူမျှ ရှာ မတွေ့ စေရန်၊ အချိန်တိုင်း ဖုံးကွယ် ထားသည်။
ခေတ်သစ် တစ်ခု ရောက်မှသာ လမ်းကြောင်း ပွင့်လာမည် ဖြစ်၏။ ယင်းတွင် မြင့်မြတ်သော ကမ္ဘာ ကြီးမှ ပါရမီရှင်များ ကိုပင်၊ မနာလို ဖြစ်စေသည့် အမွေ အနှစ် များနှင့်၊ ရှေးဟောင်း ရတနာများ ရှိသည်။
ကောင်းကင်လမ်း အဆုံးသည်၊ ထို မြင့်မြတ်သော ကမ္ဘာ၏ ဝင်ပေါက် ဖြစ်သော ကြောင့်၊ ၎င်း ပါရမီရှင် များမှာ၊ ကောင်းကင် လမ်းပေါ် တက်ရန်၊ နိမ့်ကျသော ကမ္ဘာ များသို့၊ ဆင်းသက် ကြသည်။
ပယင်း ကမ္ဘာဟု ခေါ်သော လင်းယွန် နေထိုင်ရာ လက်ရှိ ကမ္ဘာကြီးကို၊ ထိုသူ များက နိမ့်ကျသော နယ်မြေ အဖြစ်သာ သတ်မှတ်ပြီး၊ သူ့တို့ နေထိုင်ရာ နယ်မြေကြီး ကိုသာ ကမ္ဘာ အဖြစ် သတ်မှတ်သည်။
ထို့ကြောင့် ပါရမီရှင် များစွာအား၊ ပယင်း ကမ္ဘာကြီး ကဲ့သို့ နိမ့်ကျသော နယ်မြေ များထံ၊ စေလွှတ် ကြသည်။
“ မင်းတို့ အားလုံး လိုပဲ၊ နိမ့်ကျတဲ့ ကမ္ဘာ တွေကို ဆင်းသက် လာတဲ့၊ ပါရမီရှင် တွေက၊ မြင့်မြတ်သော ကမ္ဘာကြီးရဲ့ မဟာဂိုဏ်း ကြီးတွေထဲ ဝင်ရောက် နိုင်ဖို့ပဲ၊ ... ”
“ ... အထူး သဖြင့် ...၊ မြင့်မြတ်သော ကမ္ဘာကြီးက၊ သူတို့ရဲ့ မွေးရပ်မြေ ဖြစ်လို့၊ အဲ့ဒီ ကမ္ဘာ ကြီးမှာ သူတို့ကို ယှဉ်ပြိုင်ဖို့ ဆိုတာ မဖြစ်နိုင် ပါဘူး။ ”
ဒိုင် အဖိုးအိုက ခေတ္တရပ် လိုက်ပြီး၊
“ ဒါပေမယ့် အခုက မတူဘူး၊ ကောင်းကင် လမ်းမှာ မင်းတို့ အားလုံး အတွက်၊ အခွင့် အရေး ရှိတယ်၊ အသက် ရှင်လျက် ရုန်းထွက်နိုင် သရွေ့ တော့ ... ၊ အင်အားကြီး ဂိုဏ်းတွေ ထဲကို ဝင်ခွင့် ရမှာပါ။ ”
လွန်ခဲ့သည့် သွေးစွန်းသော ဧည့်ခံပွဲ များတွင်၊ ထိုအခွင့် အရေးမျိုး မရှိချေ။
“ မြင့်မြတ်သော ကမ္ဘာ ကြီးက ... ၊ ဘယ်လို နေရာ မျိုးလဲ ... ။ ”
ဘိုင်လိရွှမ်က မေးလိုက်သည်။ ထိုမေးခွန်း အပေါ်၊ လူတိုင်း စိတ်ဝင်စား ကြသည်။ အဆုံး၌ အဆိုပါ အကြောင်း အရာကို၊ ရိပ်ဖမ်း သံဖမ်း မျှသာ ကြားခဲ့ ရဖူးသည်။
“ အဲ့ဒီ ကမ္ဘာ ကြီးမှာ ... သန့်ရှင်းတဲ့ သားတော်၊ သမီးတော် တွေနဲ့ နတ်ဆိုးတွေ ရှင်သန် ကြတယ်၊ ပါရမီရှင် တွေက မိုးရေစက် တွေလို၊ ပေါများ လွန်းတဲ့ ကမ္ဘာပါ၊ ... ”
“ ... သူ့ကို နတ်နဂါး ခေတ်ရဲ့၊ ခွန်လွန် နယ်မြေလို့ ခေါ်တယ်၊ အဲ့ဒီမှာ ရှိတဲ့ လူတိုင်းက ထာဝရ လမ်းစဉ် နောက်ကို လိုက်ကြတယ်။ ”
ဒိုင် အဖိုးအိုက ထာဝရ လမ်းစဉ်ဟု ရည်ညွှန်းရာ၌၊ လေးနက်သော အမူ အရာဖြင့် ပြောဆို ခဲ့ပြီး၊ မျက်လုံးများ တောက်ပလာ တော့သည်။
လူတိုင်း၏ နှလုံးသား ခုန်သံများ ကျယ်လောင် လာပြီး၊ တစ်ယောက် နှလုံး ခုန်သံ၊ တစ်ယောက် ကြားလာ ရသည်။ ခွန်လွန် နယ်မြေ ကြီးနှင့် နှိုင်းယှဉ် ပါက၊ ပယင်း ကမ္ဘာမှာ၊ ရေကန် တစ်ခု မျှသာ ဖြစ်၏။
လင်းယွန်မှာ ယင်းကို သိထားပြီး ဖြစ်သော်လည်း၊ မတည်ငြိမ် နိုင်သေးချေ။ ထိုနယ်မြေတွင်၊ လွင့်မျော နေသော ရေခွက်၊ ဆုစီယာနှင့် လီဝူယု တို့က သူ့အား စောင့်ဆိုင်း နေပေသည်။
“ ပယင်း တောင်ကို မသွားခင်၊ မင်းတို့မှာ အချိန် နှစ်လ ရှိမယ်၊ နှစ်လ ပြည့်တာနဲ့ တိုက်ပွဲ ဝင်ဖို့ ငါတို့ပြန်ဆုံ ကြမယ်၊ ဒီနှစ်လကို မဖြုန်းတီး မိပါ စေနဲ့၊ ... ”
“ ... ဓားဂိုဏ်း ဖျက်ဆီး ခံရ ပြီးတဲ့နောက်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးက ပယင်း ကမ္ဘာရဲ့၊ အောက်ဆုံး အဆင့်ကို ကျဆင်း ခဲ့တယ်၊ ဆိုတာ သတိရ ကြပါ၊ ... ”
“ တိမ်နဂါး ရတနာ သိုက်က၊ အခြား နယ်မြေကြီး တွေမှာ အကြိမ်ပေါင်း များစွာ ပေါ်ခဲ့ ဖူးတယ်၊ ဒါကြောင့် သူတို့ ဘယ်လောက် အားကောင်းမယ် ဆိုတာ သံသယ ဝင်စရာ မလိုဘူး။ ”
သူ့ စကားကို ကြားပြီးနောက်၊ လူတိုင်း ရဲရင့် လာသည်။ရှောင်စီယီနှင့် နန်းဂွန်း ဝမ်းယူ တို့မှာ၊ ထိုနယ်မြေ များသို့၊ ခရီး ထွက်ဖူး ကြသဖြင့်၊ ၎င်းအား ပို၍ သိရှိ ချေသည်။
သူတို့ အတွေ့ အကြုံ များအရ၊ ကွာဟချက် မည်မျှ ကြီးမား သည်ကို၊ အားလုံးထက် နားလည် သည်။
သို့သော် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးတွင်၊ သည်တစ်ကြိမ် ရတနာသိုက် ပေါ်လာ ခဲ့သောကြောင့်၊ ရှုံးနိမ့် မည်လား မသေချာ တော့ချေ။
လင်းယွန် တည်ရှိ မှုကြောင့်၊ ၎င်းနယ်မြေ၏ ပါရမီရှင် များနှင့် ယှဉ်ပြိုင်ရန် အခွင့် အရေးအား၊ နောက်ဆုံးတွင် ရရှိ လာခဲ့သည်။
“ လင်း ယွန် ... ။ ”
ဒိုင် အဖိုးအိုက လင်းယွန်ထံ လှည့်ကြည့် လိုက်ပြီး၊
“ မဟာမိတ် အဖွဲ့ရဲ့ အခြေခံ အုတ်မြစ်က၊ တိမ်နဂါး ရတနာ သိုက်ကို မယှဉ်နိုင် ပေမယ့်၊ မှော်ဆေးလုံး၊ နည်းစနစ်နဲ့ နတ် ဘုရား ရူရ် တွေတောင် ရှိတယ်၊ ... ”
“ ... မင်းစိတ်ကြိုက် ရွေးလို့ ရတယ်၊ ပြီးတော့ ကောင်းကင်လမ်း ဝင်ခွင့် ခွဲတမ်း တစ်ခုကို၊ တောင်းဆို နိုင်တယ်။ ”
ဤသည်မှာ ကောင်းကင် လမ်းသို့၊ လင်းယွန် တစ်ယောက် သေချာပေါက် ဝင်ရောက် နိုင်မည် ဖြစ်သည်။
လင်းယွန် ကဲ့သို့ ပါရမီရှင် တစ်ဦးသည် ကောင်းကင် လမ်းပေါ် တက်ရောက် နိုင်ခြင်း မရှိခဲ့ ပါက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ တစ်ခုလုံး သာမက၊ ပယင်း ကမ္ဘာ သည်ပင် နစ်နာ သွားနိုင် ပေမည်။
လင်းယွန်က အနည်းငယ် စဉ်းစား လိုက်ပြီးနောက်၊
“ ကျေးဇူး တင်ပါတယ် ... စီနီယာ၊ ခွဲတမ်း အတွက် ယှဉ်ပြိုင် လိုက်ပါမယ်၊ မဟာမိတ် အဖွဲ့က ဂိုဏ်းတွေ ကြားမှာ၊ ... ”
“ ... အမြဲ ကြားနေ ခဲ့ ပေမယ့်၊ ငါ့ရဲ့ ဓားနန်းတော် ကိုတော့ စောင့်ရှောက် ပေးနိုင် မယ်လို့ မျှော်လင့်ရ ပါတယ်။ ”
ဒိုင် အဖိုးအို တစ်ယောက်၊ မယုံကြည် နိုင်စွာဖြင့် ပြန်ကြည့် လာသည်။ ကောင်းကင် လမ်းသို့ ဝင်ရောက်ရန်၊ လင်းယွန် အတွက် သေချာ နေသည့် အတွက်၊ ဓားနန်းတော်မှာ သူနှင့် မဆိုင် တော့ချေ။
သို့သော် ဂိုဏ်းအပေါ် အရမ်း စိုးရိမ် နေသည့် လင်းယွန်ကြောင့်၊ မဟာမိတ် အဖွဲ့သား များနှင့်၊ အချင်းချင်း ပြန်လည် ဆွေးနွေး လိုက်ကာ၊
“ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ၊ မင်းရဲ့ ကံကြမ္မာကြောင့် ဓားနန်းတော်က ဂုဏ် သိက္ခာ ရှိနေ ပါပြီ၊ ... ”
“ ... ဒီလို ကြီးမြတ်တဲ့ ဂိုဏ်းကို ဒုက္ခ ပေးရ လောက်အောင်၊ ဘယ်သူ ကမှ မိုက်မဲမှာ မဟုတ် ပါဘူး၊ ဒါပေမယ့် မင်းက တောင်းဆို လာတဲ့ အတွက်၊ မဟာမိတ် အဖွဲ့က သုံးကြိမ် ကူညီ မယ်လို့၊ ကတိ ပေးပါတယ်။ ”
“ ကျေးဇူး တင်ပါတယ် စီနီယာ ... ။ ”
ကတိ စကားကြောင့် လင်းယွန်က ဦးညွှတ် လိုက်သည်။
“ မင်းတို့ အခု ပြန်လို့ ရပြီ၊ နှစ်လ နေရင် မဟာမိတ် အဖွဲ့ရဲ့ တစ်စုံ တစ်ယောက်က ပယင်း တောင်ကို ပို့ပေး လိမ့်မယ်။ ”
ဒိုင် အဖိုးအိုက လက်ကို ဝှေ့ယမ်းပြီး၊ လူတိုင်းအား ထွက်ခွာ သွားရန် အချက်ပြ လာသည်။ သူတို့ အားလုံးက မထွက်ခွာခင် ဦးညွှတ် လိုက်ကြ၏။
“ ဒါဆို သွေးစွန်းသော ဧည့်ခံပွဲက၊ အစ ပဲပေါ့ ... ။ ”
ဝူရှောင်ရှင်းက ကူကယ်ရာ မဲ့စွာဖြင့်၊ ပြုံးလိုက်သည်။ ထိပ်ဆုံး ဆယ်ဦး အတွင်း ဝင်နိုင် ခဲ့ သော်လည်း၊ အောင်ပွဲ တစ်ပွဲမျှ မရ ခဲ့ချေ။
သူ့ အတွက် သက်ရောက်မှုမှာ၊ အရမ်း ကြီးမား ပေသည်။ တောင်းပိုင်း ရှေးဟောင်း နယ်မြေ ဖြင့်ပင်၊ လုံလောက် ပြီမို့ ကောင်းကင် လမ်းမှာ၊ သူနှင့် မဆိုင် တော့ကြောင်း နားလည် ထားသည်။
ယင်းကို မသိ ခဲ့သော် ကောင်းပေမည်။ ယခုမူ အခွင့် အရေးကို လက်လွတ် ဆုံးရှုံးရ တော့မည် ဖြစ်ရာ၊ စိတ်ပျက်စရာ ကောင်းသွား သည်။
“ ဒါပေမယ့် ... ၊ ကြိုးစားခွင့် ရှိပါ သေးတယ် ... ။ ”
ရှောင်စီယီက လေးနက်စွာ သတိပေး လိုက်သည်။
“ ငါ … ။ ”
ဝူရှောင်ရှင်းက စကားဆက် မပြောနိုင် တော့ဘဲ၊ ရှုပ်ထွေးသော ခံစားချက် များဖြင့်၊ ပြန် ကြည့်သည်။
“ ဝူရှောင်ရှင်း... ၊ နင် ဘာလို့ အားလျော့ နေရ တာလဲ၊ ငါတို့ အားလုံးက ခွန်လွန် နယ်မြေ ဆီကို ဦးတည် နေကြပြီ၊ ဒါကို လုပ်ဖို့ ခက်နေ တာလား၊ ... ”
“ ... နှစ်လ နေလို့မှ ဒီအတိုင်းပဲ ဆိုရင်၊ ပယင်း တောင်မှာ မင်းကို ငါ မတွေ့ ချင်ဘူး၊ မောင်လေး သွားရအောင် ... ။ ”
ဘိုင်လိရွှမ်က ခေါင်းညိတ် လိုက်ပြီး၊ နောက်ပါးမှ လိုက်ပါ သွားသည်။ ဝူရှောင်ရှင်း မျက်နှာမှာ မှောင်မဲလျက်၊ လေးကန်စွာ ထွက်ခွာ သွားတော့သည်။
လူတိုင်းက လေးလံ လွန်းသော ဖိအား များကြောင့်၊ လေးနက်သည့် အမူ အရာများ၊ ဖြစ်ပေါ် လာကြသည်။
စက္ကန့်တိုင်း အဖိုးတန် လှသည် ဖြစ်ရာ၊ ဆက်၍ အချိန် မဖြုန်း လိုတော့ပေ။ အဆုံးတွင် ခွဲတမ်း မရယူ နိုင်ခဲ့ သော်ငြား၊ နောင်တ များမှ၊ ကင်းလွတ် လိုကြ ပေ၏။
ယွဲ့ဝေဝေနှင့် လင်းယွန်တို့ နှစ်ဦး သည်သာ၊ ပေါ့ပေါ့ ပါးပါး စကားဆို နိုင်သည်။ သူတို့ နှစ်ဦး လုံးတွင်၊ ခွဲတမ်းကို ရယူရန်၊ ယုံကြည်မှု ရှိချေ သည်။
ကောင်းကင် လမ်းမှာ၊ ခွန်လွန် နယ်မြေမှ ဝင်ရောက်ရန် မဖြစ်နိုင် သောကြောင့်၊ ပယင်း ကမ္ဘာသို့ ယွဲ့ဝေဝေ ဆင်းလာခြင်း ဖြစ်ကြောင်း မှန်းဆ နိုင်၏။
ကောင်းကင် လမ်း၌၊ သူမ လိုအပ်သော အရာတစ်ခု ရှိကောင်း ရှိနိုင်သည်။ သို့ ဆိုပါက မည်သည့် အရာကို မဆို၊ ကူညီပေး နိုင်၏။
“ နှုတ်ဆက် ပါတယ် ... အစ်ကိုကြီး ယွန်၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ။ ”
ယွဲ့ဝေဝေက ဖြူဖျော့သော မျက်နှာဖြင့် ပြုံးကာ ဆိုသည်။ မီးလျှံ မိုးကြိုး ကြာပွတ်ကို နှိမ်နင်း ခြင်းမှ၊ ပြန်လည် ကောင်းမွန် လာခြင်း မရှိ သေးကြောင်း၊ ပြောနိုင်သည်။
လင်းယွန် အကြည့်ကြောင့်၊ ယွဲ့ဝေဝေ တစ်ယောက် ပြုံးပြ လာပြီး၊ လေးနက်သော အမူ အရာဖြင့်၊
“ ငါ အဆင်ပြေ ပါတယ်၊ နောက်ပြီး အစ်ကိုကြီးက ငါ့ အတွက် လက်စားချေ ခဲ့တယ် မဟုတ်လား၊ စိတ် မပူပါနဲ့ နောက် တစ်ခါ ယုဟိုရှင်းကို သတ်ပစ် ပါ့မယ်၊ ... ”
“ ကံကြမ္မာက တကယ်ကို နားမလည် နိုင်ဘူး၊ ပထမ အကြိမ်ဆို မတော် တဆ၊ ဒုတိယ အကြိမ်ဆို တိုက်ဆိုင်မှု အဖြစ် သတ်မှတ် နိုင်တယ်၊ ... ”
“ ... တတိယ အကြိမ် ဆိုရင်တော့ ကြောက်စရာ ကောင်းလာပြီ၊ ဒါကြောင့် နောက်တစ်ခါ ဆိုရင် သတိ ထားပါ အစ်ကိုကြီး ယွန် ... ။ ”
သေဆုံးခြင်း မရှိ ခဲ့သော ယုဟိုရှင်းကို ရည်ရွယ်ခြင်း ဖြစ်သည်။ ယင်းအား သူမ ပြော ချိန်၌ လေးနက် နေ၏။
“ ဓားဂိုဏ်း ပျက်ဆီး ခြင်းနဲ့ ပတ်သတ်ပြီး၊ ကောင်းကင် မိစ္ဆာ ခန်းမ သခင် ပြောတာတော့ အလင်း အမှောင် လမင်း ကမ္ဘာက၊ နောက်ကွယ် ကနေ ပါဝင် နေတယ်တဲ့၊ ... ”
“ ... ပြီးတော့ သူတို့ရဲ့ ကျင့်ကြံမှု နည်းစနစ်က၊ ခွန်လွန် နယ်မြေမှာ ရှိတဲ့၊ မဟာ ဂိုဏ်းကြီး တစ်ဂိုဏ်းနဲ့၊ ဆင်တူတယ် ဆိုတဲ့ ခံစားချက်ကို၊ ငါ ရနေတယ်။ ”
ယွဲ့ဝေဝေက သက်ပြင်းချ လိုက်ကာ၊
“ အစ်ကိုကြီး ယွန် ... ၊ နှစ်လ ကြာရင် ငါတို့ တွေ့မယ် ... ။ ”
-ဟု ဆိုကာ နှုတ်ဆက် လိုက်၏။
ထို့နောက် လင်းယွန်၏ အဝတ် အစား များကို၊ သပ်ရပ်စွာ ပြုပြင် ပေးပြီး၊ ပြုံးလျက် ထွက်ခွာသွား တော့သည်။
***