ရှေးဦး ခေတ်။
Vol. 61 Ch. 851
နှစ်လ ဆိုသည်မှာ၊ တိုတောင်း လှသည် မဟုတ်ချေ။ သို့သော် ကျင့်ကြံသူများ အတွက်မူ၊ နည်းပါး လှချေ၏။
လင်းယွန်က ကာကွယ်သူ မက်မွန်နှင့်၊ အခြားသူ များထံ သူ ကြားသိ ခဲ့ရ သမျှကို ဝေမျှ ပေးသည်။
ယင်းကို ပထမဆုံး အကြိမ်၊ ကြားလိုက် ရသော လူတိုင်းမှာ အံ့အားသင့် သွားသည်။ သူတို့ နေထိုင်ရာ ခေတ်ကို ‘နတ် နဂါးခေတ်’ ဟု ခေါ်တွင်ကြောင်း၊ မည်သူမျှ မသိ ကြချေ။
သည့်မတိုင်ခင် ခေတ်များ များစွာ ရှိခဲ့ပြီး၊ ခေတ်တစ်ခေတ် တိုင်းတွင်၊ အမာခံ နယ်မြေကြီး တစ်ခု ရှိသည်။ နတ်နဂါး ခေတ်၏ အမာခံ နယ်မြေမှာ၊ ခွန်လွန် ကမ္ဘာ ဖြစ်၏။
ကာကွယ်သူ မက်မွန်နှင့်၊ ကျန်သူများ တုန်လှုပ် သွားသည်။ သခင် (၁၃)နှင့်၊ ယခင် နန်းတော် သခင်မှာ၊ ခွန်လွန် ကမ္ဘာသို့၊ သွားနိုင် ချေ ရှိကြောင်း၊ ခန့်မှန်း ကြသည်။
အကြောင်း အရာ အများ စုမှာ၊ ကောင်းကင်လမ်းနှင့် ပတ်သတ်၍ စိုးရိမ်စိတ် ဝင်လာ ကြခြင်း ဖြစ်သည်။
ပယင်း ကမ္ဘာ အပြင် ဘက်ရှိ၊ အခြား ကမ္ဘာများမှာ၊ များစွာ သန်မာ ကြသည်ကို လူတိုင်း အခြေခံ အားဖြင့်၊ သိလာ ကုန်သည်။
ပယင်း ကမ္ဘာတွင်၊ စုစုပေါင်း နယ်မြေ ငါးခု ရှိပြီး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှာ တစ်ချိန်က ထိပ်ဆုံးတွင် ရပ်တည် နိုင်ခဲ့သည်။
သို့သော် ဓားဂိုဏ်း ပျက်သုဉ်း သွားခြင်း နှင့်အတူ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ၏ ဂုဏ် သတင်းမှာ၊ အခြားသော နယ်မြေ များမှ မေ့ပျောက် လုနီးပါး ဖြစ်လာသည် အထိ၊ ကျဆင်း လာသည်။
သည်ကိစ္စနှင့် ပတ်သက်ပြီး၊ လင်းယွန်အား မပေါ့ဆရန် အကြီးအကဲ တိုင်းက သတိပေး လာသည်။
လင်းယွန်က ခေါင်းညိတ် ပြလိုက်၏။ သူ့ အနေဖြင့် စိတ်မပူချေ။ ထို့နောက် မဟာချင် အင်ပါယာ အဖွဲ့သား များမှာ၊ တစ်ရက်တာ အနား ယူပြီး၊ ထွက်ခွာရန် ပြင်ဆင် ကြသည်။
နဂါးလေး အခြေ အနေကို သိချင် နေပြီ ဖြစ်သော လင်းယွန်မှ၊ ပြန်လိုက် သွားရန် ဆန္ဒ မရှိ တော့ချေ။
သူ့စိတ် ဝိညာဉ်မှာ မီးနဂါး တောင်ကုန်းထံ ရောက်ရှိ နေခဲ့သည်။ အကယ် ၍သာ မဟာချင် အင်ပါယာသို့ လိုက်သွား မိပါက၊ အချိန်များ ဖြုန်းတီး မိမည် ဖြစ်သည်။
ကာကွယ်သူ မက်မွန်နှင့် ကျန်သူ များက၊ နားလည် ပေးလာသည်။ သူတို့၏ လင်းယွန်မှာ ဓားနန်းတော်အား စောင့်ရှောက်ရန်၊ မဟာမိတ် အဖွဲ့ထံ တောင်းဆိုလျက်၊ ကောင်းကင်လမ်း ဝင်ခွင့် ခွဲတမ်းကို၊ စွန့်လွှတ် ပေးခဲ့သည်။
“ ဒီနေ့ ပြီးရင် ... ငါတို့ ပြန်မဆုံ ဖြစ်တော့ မှာကို ကြောက်မိတယ်၊ ကိုယ့်ကိုကိုယ် ဂရုစိုက် နေထိုင်ပါ၊ ဓားနန်းတော် အတွက် သိပ် စိတ်မပူ ပါနဲ့၊ ... ”
“ ... ခေတ် အဆက် ဆက်မှာ ကံကြမ္မာ မြင့်မားတဲ့ ဂိုဏ်းတွေက၊ ကပ်ဘေး အမျိုးမျိုး ကနေ လွတ်မြောက် နိုင်ပါတယ်။ ”
လင်းယွန်အား နှစ်သိမ့်ပေး ဟန်ဖြင့်၊ ကာကွယ်သူ မက်မွန်မှ ပြုံးကာ ဆိုလိုက်သည်။ လင်းယွန် အတွက်၊ ဓားနန်းတော်မှာ အရေးပါ လှပြီး၊ နှစ်သက်ဖွယ် အမှတ်တရ များစွာ ရှိသော ကြောင့်၊ သူ့အား ဝမ်းနည်းစေ ခဲ့သည်။
လင်းယွန်က ဦးညွှတ် လိုက်ပြီး၊
“ ဒီအချိန်ထိ ဂရုစိုက်ပေး လာတဲ့ အတွက်၊ ကျေးဇူး တင်ပါတယ်၊ ဓားနန်းတော်သာ မရှိရင် ဒီနေ့ လင်းယွန် ဆိုတာ ရှိမှာ မဟုတ် ပါဘူး။ ”
-ဟု နှုတ်ဆက် လိုက်တော့သည်။
ရှစ်ရက် ကြာ ပြီးနောက်၊ မီးနဂါး တောင်ကုန်း တစ်နေရာ၌၊ လင်းယွန် ထွက်ပေါ် လာသည်။
ဤ တစ်ကြိမ်တွင် အညတရ တစ်ဦး မဟုတ်တော့ဘဲ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏၊ ဘုရင် တစ်ပါး အဖြစ်၊ ပြန်လည် ရောက်ရှိ လာခြင်း ဖြစ်သည်။
တစ်ချိန်က ကြောက်ခဲ့ ရသော နတ်ဆိုး သားရဲ များမှာ၊ သူ့အား မခြိမ်းခြောက် နိုင်တော့ ချေ။ လက်ရှိ ခွန်အားဖြင့် အလွယ် တကူ သတ်ပစ် နိုင်သည်။
သို့သော် မီးနဂါး တောင်ကုန်းတွင်၊ သူကိုယ်သူ သေးနုပ်သူ တစ်ဦး အဖြစ် ခံစား နေရဆဲ ဖြစ်သည်။
လေပြေများ အတွင်း၊ ထိတ်လန့်ဖွယ် ကောင်းသော အရှိန် အဝါအား ခံစားလိုက် ရသည်။ ယင်းမှာ မရဏ နဂါး လင်းတ၏ ကောင်းကင် ဝိညာဉ် ရောင်ဝါပင် ဖြစ်သည်။
“ ပို အားကောင်း လာတယ် … ။ ”
အရှိန် အဝါနောက် လိုက်ကာ၊ တီးတိုး ရေရွတ် လိုက်မိသည်။ နဂါး သွေးကို ပိုင်ဆိုင် ထားသည့် အတွက်၊ မိုးပြာ နဂါး မူလ ပုံစံမှာ၊ ၎င်းနှင့် ပို၍ သဟဇာတ ဖြစ်လာ ပုံရ၏။
ဤအရာကို တွေးမိသော အခါတွင်၊ နဂါး လင်းတ တစ်ကောင် ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်အား၊ မည်မျှ အထိ ဆုပ်ကိုင် လာနိုင် သည်ကို၊ သိချင် သွားသည်။
“ ဟို မှာ ... ။ ”
နဂါးပျောက် တောင်စောင်း အနားမှ အဖြတ်တွင်၊ သူ့ အာရုံမှာ ဓား တစ်လက်ထံ ရောက်ရှိ သွားသည်။
ယခု အချိန်ထိ အဆိုပါ တောင်စောင်း၏ အရာရာ တိုင်းကို၊ ရှင်းရှင်း လင်းလင်း မမြင်နိုင် သေးချေ။
သို့သော် ဘိုးဘေး ဂျင်ဝူမင်၏ ဓား ရည်ရွယ်ချက်တွင်၊ ထာဝရ တည်မြဲခြင်း ပေါင်းစပ် ပါဝင်နေ ကြောင်းကို၊ နားလည် လာသည်။
“ ခရမ်းလေးနဲ့ တွေ့ပြီးရင် ...၊ ဒီနေရာ အတွက် အချိန် နည်းနည်း ပေးရမယ်။ ”
ထိုနေရာတွင် ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင်နိုင် ခဲ့သည်။ ထာဝရ နဂါးဓားအား နားလည် လာသော အခါတွင်၊ ရှေ့သို့ ထပ်လှမ်း ရန် အခွင့်အရေး မရှိဟု မပြော နိုင်ချေ၊
ထို့အပြင် ဤဒေသ၌ မည်သည့် အရာ များက၊ သူ့အား ထူးခြားသည့် ခံစားချက်များ ပေးနေ သည်ကို သိလို၏။
ထို့နောက် မျက်နှာလွှဲ လိုက်ပြီး၊ ကောင်းကင်ပေါ် နဂါး တစ်ကောင် ကဲ့သို့ ပျံတက် သွားသည်။
“ ဝှစ် ... ။ ”
ခြေလှမ်း လှမ်းလိုက် တိုင်းတွင်၊ သူ့ ခြေဖဝါး အောက်၌၊ လေဟာနယ် အတက် အကျ များကို ချန်ထား ခဲ့လေသည်။
ခြေလှမ်း ကိုးလှမ်း လှမ်းပြီးနောက်၊ မီတာ တစ်သောင်းသို့ ရောက်ရှိ သွားသည်။ တစ်နာရီ အကြာတွင် တိမ်များကြား တိုးထွက် နေသည့်၊ တောင်ထွတ် များထံ ရောက်ရှိ လာ၏။
နောက်ဆုံးတွင် သူ့ ရှေ့၌ မီးလျှံများ တောက်လောင် နေသော၊ တောင် သုံးလုံးကို မြင်လိုက် ရသည်။
တောင်ထိပ် သုံးခု၏ မြင့်မားသော အပူ ရှိန်ကြောင့်၊ တားမြစ် နယ်မြေ တစ်ရပ် ဖြစ်လာ ခဲ့သည်။ ဤနေရာသည် နဂါး မီးလျှံ သစ်သီး စိုက်ပျိုး ခဲ့ရာ၊ အရပ်လည်း ဖြစ်၏။
မြေပြင်သို့ ဆင်းသက် လိုက်သည်နှင့်၊ ကြီးမားသော အသွင် သဏ္ဍာန်ကြီး တစ်ခု ကောင်းကင်မှ ပျံသန်း လာသည်။
အတောင်ပံ များကို အမိုး တစ်ခု သဖွယ် ဖြန့်ထုတ်လျက်၊ လင်းယွန် အနား ဆင်းသက် လာခဲ့သည်။
သူ တွေးထား သည်ထက်၊ များစွာ အားကောင်း နေသောကြောင့်၊ အံ့အား သင့်စွာ ကြည့်လိုက် မိသည်။ သူက၊
“ ခရမ်းလေး ...၊ မိုးပြာ နဂါး မူလ ပုံစံကို မင်း ဘယ်လောက်ထိ ရောက်နေ ပြီလဲ။ ”
“ ဆဠမ ပုံစံ ... ၊ ငါ့ ခွန်အားက လူသား ကျင့်ကြံမှု အဆင့် အရဆို၊ ကောင်းကင် ဝိညာဉ် နယ်မြေရဲ့ တတိယ အဆင့်ပဲ။ ”
နဂါး လင်းတက ပြန်ဖြေသည်။ ကောင်းကင် ဝိညာဉ် နယ်မြေမှာ၊ ရှန်ရှင်း နယ်မြေ၏ ဒွါရ ခုနစ် ပါးနှင့် ဆက်စပ် လေသည်။
အောင်မြင်မှု တိုင်းမှ၊ ခွန်အား အရာကို အသွင် ကူးပြောင်း စေမည် ဖြစ်သော်လည်း၊ အန္တရာယ် မြင့်မား လှပေ၏။
လူ တစ်ဦး၏ အခြေခံ အုတ်မြစ် သည်သာ၊ အလွန် နက်ရှိုင်း နေပါက၊ ကြောက်မက်ဖွယ် ကောင်းကင် ကပ်ဘေးအား၊ ဆွဲဆောင် နိုင်ပေ မည်။
ယုဟိုရှင်း သည်သာ ထိုကပ်ဘေးကို ဖြတ်ကျော် ထားပြီး ဖြစ်ပါက ရလဒ်၊ ကွာခြား သွားနိုင်မည်။
ကပ်ဘေးကို ဖြတ်သန်း ဖူးသော ကောင်းကင် ဝိညာဉ် နယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦးသည်၊ ပိုးအိမ်မှ ထွက်လာသော လိပ်ပြာ နှင့်တူ၏။
ထို့နောက် ပြိုင်ပွဲ အတွင်းရှိ၊ အတွေ့ အကြုံ များကို၊ နဂါး လင်းတအား လင်းယွန်မှ မျှဝေပေး ခဲ့သည်။
“ မင်းဆီက ထွက်လာတဲ့ ရောင်ဝါက၊ ငါ့ကိုတောင် စိတ်မသက် မသာ ဖြစ်စေတာ မဆန်း ပါဘူး၊ မင်း ခန္ဓာကိုယ်မှာ ... ”
“ ... နတ်နဂါး အငွေ့ အသက် ရှိနေ တာကိုး၊ ဒီနတ်နဂါး ရောင်ဝါနဲ့ ကောင်းကင် ဝိညာဉ် နယ်မြေကို ဝင်ရောက် နိုင်တယ်၊ ... ”
“ ... ဒါပေမယ် အထက် တန်းစား နယ်မြေကြီး တွေက၊ ပါရမီရှင် တွေနဲ့ ပြိုင်ချင် ရင်တော့ ... ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေမှာ ... ”
“ ... ဒီထက် ပိုနေဖို့ လိုတယ်၊ မဟုတ်ရင် မင်းရဲ့ အုတ်မြစ်က သူတို့လို ပါရမီရှင် တွေနဲ့ ယှဉ်ပြိုင်ဖို့ ခက်လိမ့်မယ်၊ ... ”
“ ... ငါ့ မှတ်ညာဏ် အရ၊ ပယင်း ကမ္ဘာက အခြား ကမ္ဘာ တွေနဲ့ ယှဉ်ရင်၊ သာမာန် အဆင့် ပါပဲ၊ အင်အားကြီး နယ်မြေ အချို့ ဆိုရင် မြင့်မြတ်သော ကမ္ဘာ ဆီကို တိုက်ရိုက်သွား နိုင်တယ်။ ”
မြင့်မြတ်သော မဟာမိတ် အဖွဲ့ ထံမှ ထိုအကြောင်း အရာမျိုး မကြားခဲ့ ရသဖြင့်၊ အံ့ဩ သွားသည်။
လူတိုင်း ယုံကြည်ချက် မပျက်စီး စေလို သောကြောင့်၊ အချက် အလက် အချို့အား သူတို့ ထံမှ ဖုံးကွယ် လိုခြင်း ဖြစ်ပေမည်။
“ နတ်နဂါး ခေတ်ရဲ့ ခွန်လွန် နယ်မြေ အကြောင်း၊ မင်း ဘယ်လောက် သိလဲ ... ။ ”
မေးသာ မေးလိုက် ရသော်လည်း၊ မျှော်လင့်ချက် များစွာ မရှိခေျ။ အရှုံး မရှိဟု ယူဆကာ၊ မေးလိုက်ခြင်း ဖြစ်သည်။
“ ခေတ်ဟောင်း ကုန်တာနဲ့၊ ခေတ်သစ်ကို မွေးဖွား ပေးလိမ့်မယ်၊ ဒါက အရမ်း ရှည်လျားတဲ့ အတွက်၊ ငါ့ရဲ့ မှတ်ဉာဏ်တွေ ထဲမှာ ဝိုးတဝါး အဖြစ်ပဲ ကျန်တော့ တယ်၊ ... ”
“ ... ဒီမတိုင်ခင် ခေတ်ကို၊ ရှေးဦးခေတ်လို့ ခေါ်ကြတယ်၊ ရှေးဦးခေတ် ကုန်ဆုံး ချိန်မှာ မရေ မတွက် နိုင်တဲ့၊ အင်အားကြီး အဖွဲ့ အစည်းတွေ၊ နယ်မြေတွေ ပျက်စီး ပြိုလဲ ကုန်တယ်၊ ... ”
“ ... ခွန်လွန် နယ်မြေ ဆိုတဲ့၊ နယ်မြေ တစ်ခုသာ ကျန်ရှိ ခဲ့တယ်၊ သူက သူ့ကိုယ်သူ တည်မြဲ နေဖို့၊ တခြား နယ်မြေ တွေရဲ့ အပိုင်း အစ တွေကို စုပ်ယူတယ်၊ ... ”
“ ... ဒီနည်းနဲ့ ရှေးဦးခေတ် ကုန်ဆုံးပြီး၊ နတ်နဂါး ခေတ်ကို မွေးဖွား ခဲ့တာပဲ၊ အစတုန်း ကတော့ လောက စည်းမျဉ်းတွေ မရှိတဲ့၊ ... ”
“ အရိုင်းစိုင်း လွန်တဲ့ အချိန်တွေ ပါပဲ၊ ဒါပေမယ့် ရှေးဟောင်း ဆန်းကြယ် မှုတွေ နိုးထ လာပြီး၊ ဘုရင် အသစ်တွေ ထွက်ပေါ် လာခဲ့ တယ်၊ ... ”
“ နတ်နဂါး ခေတ်မှာ ကမ္ဘာ တွေက ... ၊ မိုးရေစက် တွေလို ပေါများ လွန်းတဲ့ အတွက်၊ အထက် တန်းစား နယ်မြေ နဲ့၊ ... ”
“... နိမ့်ကျသော နယ်မြေ ဆိုပြီး၊ အမျိုး အစား သတ်မှတ် လိုက်ကြတယ်၊ ပယင်း ကမ္ဘာ ကြီးက နိမ့်ကျတဲ့၊ နယ်မြေ အမျိုး အစားထဲ ပါတယ်။ ”
လင်းယွန်၏ နှလုံးသား တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ် သွားသည်။ ဤမျှသော အကြောင်း အရာ များစွာကို သိဖို့ရန်၊ တကယ် မမျှော်လင့် ထားပေ။
အဆိုပါ အချက် အလက် များသည်၊ မြတ်မြတ်သော မဟာမိတ် အဖွဲ့ပင်၊ မသိ နိုင်သည့် အရာ ဖြစ်နိုင်၏။
“ ရှေးဦးခေတ်ကို ဘယ်သူက အဆုံးသတ် သွားခဲ့ တာလဲ။ ”
“ အရမ်း ကြာနေပြီ ... ၊ ငါ့ မှတ်ဉာဏ်တွေ ထဲမှာ၊ အပိုင်းအစ တွေပဲ ရှိတော့တယ်၊ ဒါက လူ တစ်ယောက် ဆိုတာတော့ သေချာတယ်၊ ... ”
“ ... မျိုးနွယ်စု ထောင်ပေါင်း များစွာကို၊ နှိမ်နှင်းပြီး၊ ကောင်းကင် ကြီးကို ဓား တစ်ချက် တည်းနဲ့ ဖျက်ဆီး ပစ်လိုက်တဲ့၊ အဖြူဝတ် ဓားသမား တစ်ဦးပဲ၊ ... ”
“ ... ငါ့ ဘိုးဘေး တွေက၊ အဲ့ဒီ အဖြူဝတ် ဓားသမားကို ဘိုးဘေး နတ်ဘုရားလို့ ခေါ်တယ်၊ နေဦး ... ငါ ထပ် စဉ်းစား ပါရစေ၊ အိုး ... ဟုတ်တယ်၊ ဘိုးဘေး နတ်ဘုရား မိုးပြာ နဂါး။ ”
‘ဘိုဘေး နတ်ဘုရား၊ မိုးပြာ နဂါး’၊ အမည်အား ထုတ်ဖော် ပြောပြ လိုက်သော အခါတွင်၊ နဂါး လင်းတ၏ သွေး လည်ပတ်မှု၊ ကမောက် ကမ ဖြစ်လာသည်။
ထို့ကြောင့် လင်းယွန်က၊ ဆက် မမေး တော့ချေ။ အချိန် အတော်ကြာ မှသာ နဂါး လင်းတ တစ်ကောင်၊ ပြန်လည် တည်ငြိမ်သည်။
“ တောင်းပန် ပါတယ် ... ၊ အဲဒီ မှတ်ဉာဏ် တွေက အရမ်းကြာ သွားပြီ၊ ဒါက ငါ မှတ်မိတာ အကုန်ပဲ။ ”
နဂါး လင်းတက တိုးညှင်းစွာ ဆိုမိသည်။ ကမ္ဘာ တစ်ခု ပျက်သုဉ်းခြင်း အချိန် ကာလမှာ၊ ဝေးလွန်း လှသဖြင့်၊ ထိုစဉ်က တစ်စုံ တစ်ရာကို ပြန်လည် သတိရ ရန်မှာ၊ မလွယ် ကူချေ။
သို့သော် လင်းယွန်မှာ သူ၏ အသက်ကို ကယ်တင်ခဲ့ ဖူးသည့် အတွက်၊ ငြူစူခြင်း မရှိ သည်မှာ သဘာဝ ပေပင်။
ဘိုးဘေး နတ်ဘုရား မိုးပြာ နဂါးမှာ၊ အသက်ရှင် နေသေး သလားဟု တွေးတော လာမိ သော်လည်း၊ သူ မမေး တော့ချေ။
“ နဂါးလေး နိုးလာ ပြီလား ... ။ ”
အကြောင်း အရာအား ပြောင်းလဲ လိုက်သည်။
“ အင်း ... ၊ ဒါပေမယ့် … တောင်းပန် ပါတယ် … ။ ”
နဂါး လင်းတက တွေဝေ စွာဖြင့်၊ စကား ထစ်ငေါ့ သွားသည်။
“ သူ ဘယ်မှာလဲ ... ။ ”
သူ၏ ပြောင်းလဲ နေသော အဆိုပါ အမူ အရာကို အာရုံ မရဘဲ၊ လင်းယွန်က ပြုံးရွှင်သွား လေသည်။
***