← Chapters

နဂါးသွေး ရှဉ့်။

Vol. 61 Ch. 852

နဂါးသွေး ရှဉ့်။

Vol. 61 Ch. 852

လင်းယွန် အတွက်မူ၊ ဘိုးဘေး နတ်ဘုရား မိုးပြာ နဂါးထက် နဂါးလေးမှာ ပို၍ အရေးကြီး ပေသည်။

နောက်ဆုံးတွင် နဂါးလေးအား အကြွေး ကြီးကြီး တင်ခဲ့သည်။ ထို့ကြောင့် စိုးရိမ်ကြီးစွာ၊ လှည့်ပတ် ကြည့်မိသည်။

“ တောင်ထိပ်မှာ ... ။ ”

နဂါး လင်းတက မီတောင်ကြီး သုံးလုံးထံ ခေါင်းထိုး ပြသည်။ ယင်းမှာ နဂါး မီးလျှံ သစ်သီး ရှင်သန်ရာ အရပ် ဖြစ်ပြီး၊ မီးနဂါးသွေး ပါရှိသော သဘာဝ ရတနာများ ပေါက်ရောက်ရာ အရပ်လည်း ဖြစ်သည်။

သို့သော်လည်း ကြောက်မက်ဖွယ်ရာ မီး ရည်ရွယ်ချက်ကြောင့်၊ တားမြစ် နယ်မြေ ဖြစ်ခဲ့ သည်။ နဂါး လင်းတ သည်ပင် မဝင်ဝံ့ ချေ။

ဝိညာဉ်ရေး ဓား ရှိသော၊ လင်းယွန် သည်လည်း၊ သေချာပေါက် လှည့်ပြန် ရပေမည်။ ထို့ကြောင့် သူ့မှာ အံ့အားသင့် သွားသည်။

“ တကယ် အဲ့ဒီထဲ မှာလား ... ။ ”

မယုံကြည် နိုင်စွာဖြင့်၊ လင်းယွန်မှ လေချွန်သံ ပြုလိုက်သည်။ နဂါးလေးသည် ထိုနယ်မြေ၌ ရှိပါက၊ သူ့ အသံကို မှတ်မိကာ၊ တုန့်ပြန် ပေလိမ့်မည်။

တုန့် ပြန်ခြင်း မရှိသော်၊ သူ့အား အတိတ် မေ့သွားခြင်း ဖြစ်နိုင် ပေလိမ့်မည်။ စောင့်ဆိုင်း နေလျက်ဖြင့်၊ ဖြည်းဖြည်း စိုးရိမ် လာသည်။

“ အဲဒါကို စိတ်မပူ ပါနဲ့ ... ။ ”

နဂါး လင်းတက လျှို့ဝှက်သော အမူ အရာဖြင့်၊ လင်းယွန်အား နှစ်သိမ့်ပေး လာသည်။ ခဏ အကြာတွင် သူ စောင့်မျှော် နေသည့် အော်မြည်သံ တစ်သံ၊ တောင်ထိပ် ထံမှ ပဲ့တင်ထပ် လာ၏။

“ ဟီး ဟစ် ဟစ် ... ။ ”

အသံ မဆုံးခင် နဂါး ရောင်ဝါ များအား ထုတ်လွှတ်လျက်၊ ပုံရိပ် တစ်ရိပ် မြင်ကွင်းထဲ ပျံသန်း ဝင်ရောက် လာသည်။

၎င်းခန္ဓာကိုယ် ပေါ်၏၊ နဂါး အကြေးခွံ များကဲ့သို့ ကြက်သွေးရောင် မီးတောက် များက အထပ်ထပ် ဖြစ်တည် နေသည်။

( ခလောက်ခွက် ခလောက်ခွက် ... ။ ) မြင်းခွာ ရိုက်သံ။

ကြံ့ခိုင်သော အရိုး အဆစ် များတွင်၊ စွမ်းအင်များဖြင့် ပြည့်နှက် နေပြီး ဦးချိုမှာ ယခင် ကထက်၊ ပို၍ ချွန်ထက် လာ၏။

ထို့အပြင် အရှိန်အဝါ အရ၊ တစ်ပိုင်း ကောင်းကင် ဝိညာဉ် နယ်မြေ ၌သာ ဖြစ်သော် လည်း၊ ကောင်းကင် ဝိညာဉ် နယ်မြေ၊ နတ်ဆိုး သားရဲ များကို၊ အလွယ်တကူ နှိမ်နင်း နိုင်သည်။

ကောင်းကင် ဝိညာဉ် နယ်မြေသို့ ရောက်ရှိ ပြီးနောက်၊ မည်ကဲ့သို့ ဖြစ်လာ မည်ကို စိတ်ကူး မကြည့် နိုင်တော့ချေ။

“ ဟူး ... ။ ”

နဂါး လင်းတထက် ပို၍ အားကောင်းလာ မည်မှာ သေချာသည်။ နဂါး အကြေးခွံ ချပ်ဝတ် ထံမှ၊ ထိတ်လန့်ဖွယ် ဘုရင် အဆင့် ရောင်ဝါများ ပွင့်ထွက် လာကာ၊ လင်းယွန်၏ ဆံပင် များကို လေထဲ လွင့်မျော သွားစေ သဖြင့်၊ မျက်လုံးများ မှိတ်လိုက် ရသည်။

သူ သည်သာ ပို၍ သန်မာခြင်း မရှိပါက၊ လွင့်စဉ် သွားမည်မှာ သေချာ၏။ ထိတ်လန့် နေသည့် သူ့အား ကြည့်ကာ၊ နဂါးလေးက ပြုံးရယ် လိုက်သည်။

“ ဟီး ဟစ် ဟစ် ..... ။ ”

တစ်ချောင်းတည်း ခေါထွက် နေသော သွားလေး တစ်ချောင်း ထွက်ပေါ် လာချိန်၌၊ အစွမ်း ထက်သည့် ဘုရင် အဆင့် ရောင်ဝါ များမှာ၊ ချက်ချင်း ပျောက်ကွယ် သွားသည်။

ဘုရင် အဆင့်သို့ တက်လှမ်း နိုင်ခဲ့ သော်လည်း၊ ထိုသွား ခေါခေါမှာ ပြောင်းလဲ သွားခြင်း မရှိ ခဲ့ချေ။ ၎င်းမှာ အမြုတေ ဖြစ်ပုံ ရသည်။

နဂါးလေး၏ သန်မာသော ခြေထောက် များသည်၊ ရှုံ့တွ လာပြီး၊ ဗိုက် တစ်ခု တည်းသာ ဖောင်းကား လာသည်။

“ ဘုန်း ... ။ ”

ထို့ကြောင့် ဗိုက် အလေး ချိန်ကို မခံ နိုင်တော့ဘဲ၊ မြေပြင်ပေါ် လဲကျ သွားသည်။ ရုတ်တရက် ဝက် တစ်ကောင် အသွင် ပြောင်းလဲ သွားသည့် နဂါးလေး အပေါ်၊ နားမလည် နိုင်တော့ချေ။

ပြန်ထ ရပ်ရန် အကြိမ်ကြိမ် ကြိုးစား သော်လည်း၊ မအောင်မြင် ခဲ့လေရာ လင်းယွန်က ခေါင်းခါယမ်း လိုက်မိသည်။

“ အဲဒါ အတွက် စိတ်မကောင်း ပါဘူး၊ ဒီအခြေ အနေ ဖြစ်လာ လိမ့်မယ်လို့ မထင်ထား မိတာ အမှန်ပါ၊ တစ်လခွဲ အတွင်း ... ”

“ ... မီးတောင် သုံးတောင် လုံးမှာ ရှိတဲ့၊ သဘာဝ ရတနာ အားလုံးကို၊ သူ စားပစ်လု နီးပါး ပါပဲ။ ”

နဂါး လင်းတမှ ဝင်ရောက် ပြောကြား လာသည်။ ဤအခိုက်တွင် လင်းယွန် မေးစဉ်က စကား ထစ်ငေါ့ သွားရသည့် အကြောင်း အရင်းကို၊ သိလိုက် ရသည်။

အကယ်၍ သူ သည်သာ ထိုအနေ အထားတွင် ရှိနေ ပါက၊ အလားတူ ခံစား ရပေမည်။

“ ဝိညာဉ် စွမ်းအင် တွေကို ချေဖျက်ဖို့၊ နတ်ဆိုး သားရဲ တွေနဲ့ တိုက်ခိုက်ဖို့ လိုနေတယ်၊ မင်း ... မလာ သေးတော့ ငါလည်း၊ ခွင့်မပြု ရဲခဲ့ဘူး။ ”

နဂါး လင်းတက အနေခက် ဟန်ဖြင့်၊ ရှင်းပြ လာသည်။

“ ဒီအတိုင်းတော့ ထားလို့ မရဘူး၊ သူ့ကို တိုက်ခိုက်ဖို့ ခွင့်ပြု ရလိမ့်မယ်။ ”

နဂါးလေးကို ကောင်းကင် လမ်းသို့၊ ခေါ်ဆောင် သွားလို သောကြောင့်၊ ခေါင်းကိုက် လာခဲ့သည်။ ဝက် တစ်ကောင် ကိုသာ ခေါ်သွား မိပါက၊ သူ့မျက်နှာ ထားစရာ ရှိတော့မည် မဟုတ်ချေ။

နဂါး သွေးမြင်း မထနိုင် တော့ သည်ကို မြင်သော အခါ၊ နဂါး လင်းတက ကျယ်လောင်စွာ ဟောက်ပြီး၊ ကြောက်မက်ဖွယ် ရောင်ဝါအား ထုတ်လွှတ် လိုက်သည်။

နဂါး ရူရ်များ တောက်ပ လာပြီး၊ လျှပ်စီးပေါင်း များစွာဖြင့် နဂါးသွေး မြင်းထံ၊ ပစ်ထုတ် လိုက်၏။

“ မင်း ... ဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ ”

လင်းယွန်က သံသယ စိတ်ဖြင့် မေးမြန်း လိုက်စဉ်၊ လျှပ်စီးများ ပေါက်ကွဲ လာပြီး မြေပြင် ပေါ်ရှိ နဂါးလေးမှာ၊ အနီရောင် ရှဉ့် တစ်ကောင် အဖြစ် ပြောင်းလဲ သွားသည်။

ဆူဖြိုး နေသည့် ရှဉ့်ငယ် လေး၏ အသွင်ကြောင့်၊ အံဩ စရာ ကောင်းလောက် အောင် ချစ်စရာ ကောင်းပြီး၊ ဘုရင် အဆင့် အရှိန် အဝါများ ပျောက်ကွယ် သွားခဲ့သည်။

“ ဒါက နဂါး သွေးမြင်း ပိုးအိမ် ထဲက ခွဲထွက်ပြီး၊ ရလာတဲ့ သွေးသား စွမ်းရည်ပဲ၊ ပုံစံ နှစ်မျိုး ရ နိုင်ပေမယ့်၊ သူနဲ့ မရင်းနှီး တာကြောင့်၊ အသွင် ပြောင်းဖို့ အကူ အညီ အချို့ လိုအပ် ပါတယ်။ ”

အသွင်ပြောင်း လိုပါက အခြေခံ အားဖြင့်၊ ရိုက်နှက် ရမည်ဟု အဓိပ္ပါယ်ရ ပေသည်။

“ အတိ အကျ ပြောရရင်၊ ဒါက သူ့ရဲ့ ပုံစံ အမှန်ပဲ၊ နောက်ဆုံးတော့ မွေးကင်းစ ကလေး ထက် ပိုပါတယ်။ ”

နဂါး လင်းတမှ နဂါးသွေး မြင်းကို ကြည့်ကာ၊ ပြောကြား လာသည်။

( မဟုတ်ဘူး၊ ခေါနေတဲ့ သွား ကသာ သူ့ရဲ့ အဓိက သဏ္ဍာန်ပဲ။ )

လင်းယွန်က စိတ်အတွင်းမှ ငြင်းဆန် တုန့်ပြန် လိုက်သည်။ ထို့နောက် လင်းယွန်အား ထားရစ်ကာ၊ နဂါး လင်းတမှ ပြန်လည် ထွက်ခွာ သွားသည်။

လင်းယွန်က လုပ်စရာ မရှိ တော့သည့် အတွက်၊ အချိန် မဖြုန်း တော့ဘဲ ကျင့်ကြံရန် ထွက်ခွာ လာခဲ့သည်။

ပွဲ အပြီးတွင် အလွန် သိပ်သည်းသော၊ နတ်နဂါး အငွေ့ အသက် များကိုပင် ထပ်မံ ရရှိ ခဲ့သည်။ ထို့အပြင် တိမ်နဂါး ရတနာသိုက်မှ ကံကြမ္မာ ကိုယ်ခံ ပညာ နှစ်ရပ်လည်း၊ ရရှိ ထား၏။

“ ခရမ်းလေး ပြောတာ မှန်တယ်၊ ငါ့ရဲ့ ခွန်အားကို ပိုစုဆောင်း ဖိုလိုတယ်၊ ကောင်းကင် ဝိညာဉ် နယ်မြေကို ရောက်ဖို့၊ နတ်နဂါး အရှိန် အဝါကို မသုံးသင့်ဘူး၊ ... ”

“ ... အနည်း ဆုံးတော့၊ ငါက တခြား နယ်မြေ တွေရဲ့ ပါရမီရှင် တွေ ထက်တော့ မနိမ့်ကျ တော့ဘူး၊ ဒါလိုမှ မဟုတ်ရင် ငါက ယုဟိုရှင်း နောက် တစ်ယောက် ဖြစ်လာ လိမ့်မယ်။ ”

ကျင့်ကြံမှု အဆင့်၊ မြင့်ခြင်း- နိမ့်ခြင်း အပေါ်၊ အလွန် အမင်း အလေး အနက် မထား သောကြောင့်၊ အောင်မြင်မှု တစ်ခု ရယူရန် စိတ်အား ထက်သန်ခြင်း မရှိပေ။

နတ်နဂါး အရှိန် အဝါကို ကောင်းကင် ဓားသုတ္တန် ကျင့်ကြံ ရာ၌၊ အသုံးပြုရန် စဉ်းစား နိုင်သည်။

အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာများ အတွက်၊ မြောက်များ စွာသော အရင်း အမြစ် များကို၊ အသုံး ပြုရန် လိုအပ် လေသည်။ ကံ မကောင်း စွာဖြင့်၊ သူ့တွင် ကြယ်ပုလဲများ မလုံလောက် တော့ချေ။

ပြဿနာမှာ ဓားသုတ္တန် နှစ်ခုအား ရွေးချယ်ရန် ဖြစ်သည်။ တစ်ခုကို အာရုံစိုက် မိသော်၊ ကျန် တစ်ခု နှောင့်နှေး ရပေ လိမ့်မည်။

ကောင်းကင် ဓား (၁၃) လက်ကို လေ့ကျင့်မည် ဆိုသော်၊ ကောင်းကင် ဓားသုတ္တန် အား၊ ရွေးချယ်ရ ပေမည်။ သို့မဟုတ် ပါက အစွမ်း သတ္တိမှာ၊ အားနည်း သွားနိုင်သည်။

တစ်ဖက်တွင် အိုင်းရစ် ဓားသုတ္တန် ဟူသည်လည်း၊ သာမန် မဟုတ်ပေ။ ကျင့်ကြံခဲ့ သည်မှာ ကြာပြီ ဖြစ်သည်။

၎င်းအား ကောင်းကင် ဓားသုတ္တန် မှသာ ဝါးမျိုး သွားပါက၊ ဓား အစီရင်အား ခေါ်ယူနိုင် တော့မည် မဟုတ်ချေ။

“ ငါ လုပ်ရမယ် ... ။ ”

ဆုံးဖြတ် ချက်ကို အမြန်ချ လိုက်သည်။ ကောင်းကင်ဓား (၁၃) လက်သည်၊ အဆင့်မြင့် ကံကြမ္မာ ကိုယ်ခံ ပညာ တစ်ရပ် ဖြစ်သည်။ အိုင်းရစ် ဓားသုတ္တန်ထက် များစွာ အဆင့် ပိုမြင့် ၏။

ပြည့်စုံသော အစိတ် အပိုင်း များကို ရရှိမှ သာလျှင်၊ အိုင်းရစ် ဓားသုတ္တန်အား ပြန်လည် ကျင့်ကြံ ပါက၊ အချိန်နှောင်း ဦးမည် မဟုတ်ချေ။

ထို့ကြောင့် တားမြစ်ဇုန် နယ်နိမိတ်တွင် တွန့်ဆုတ်ခြင်း မရှိဘဲ၊ ကျင့်ကြံရန် ထိုင်ချလိုက် တော့သည်။

“ ကောင်းကင် ဓားသုတ္တန်မှာ၊ အဆင့် ဆယ်ဆင့် ရှိတယ်၊ ပထမ အဆင့် သုံးဆင့်က အခြေခံ အုတ်မြစ် ဆိုတော့ လွယ်မှာပါ။ ”

မျက်လုံးများ မှိတ်ချ လိုက်ပြီး၊ တီးတိုး ရေရွတ် မိသည်။ ထို့နောက် ခန္ဓာကိုယ် အတွင်းရှိ တောက်ပသော အရှိန် အဝါထံ၊ အာရုံစိုက် လိုက်သည်။

ထိုအရှိန် အဝါနှင့် ယှဉ်ပါက၊ သူ့ကိုယ့်သူ များစွာ နိမ့်ကျနေ သကဲ့သို့၊ ခံစား ရမိသည်။ ကောင်းကင် ဓားသုတ္တန်ကို ကျင့်ကြံရန်၊ အရင်း အမြစ်များ လိုအပ်ရုံ သာမက၊ မြင့်မားသော နားလည် နိုင်စွမ်းလည်း၊ လိုအပ် ချေသည်။

ထိုနှစ်ခုလုံး မလုံ လောက်သော် အပ်စိုက်မှတ်များ ဒဏ်ရာ ရရှိ သွားနိုင်သည်။ သို့သော် နတ်နဂါး၏ ရောင်ဝါမှာ၊ ယင်းကို တားဆီး ပေးသည်။

ထို့ကြောင့် ယုံကြည်မှု အပြည့်ဖြင့် ကောင်းကင် ဓားသုတ္တန်ကို၊ စတင် ဖြန့်ကျက် လိုက်ပြီး၊ မူလ စွမ်းအင် များအား အပ်စိုက်မှတ် များထံ၊ အားဖြည့် လိုက်တော့သည်။

***

All Chapters