← Chapters

ကောင်းကင် ဓားသုတ္တန်။

Vol. 61 Ch. 853

ကောင်းကင် ဓားသုတ္တန်။

Vol. 61 Ch. 853

ကောင်းကင် ဓားသုတ္တန် အတွက်၊ နတ်နဂါး ရောင်ဝါကို သန့်စင် လိုက်သည်။

၎င်းကို သန့်စင် ခြင်းဖြင့် သွေးကြော ထဲရှိ နဂါးစွမ်း (အပြာရောင်) စွမ်းအင် များကို၊ ပို၍ ကြီးထွား လာစေပြီး၊ အပ်စိုက်မှတ် များအား သန်စွမ်း သွားစေသည်။

တစ်ချိန်တည်း မှာပင်၊ ကျန်ရှိသော ပိတ်ဆို့ နေသည့် အပ်စိုက်မှတ် ငယ်များ၊ ချက်ချင်း ပွင့် ထွက်ကုန်၏။

“ နတ်နဂါး ရောင်ဝါက ကောင်းကင် ဓားသုတ္တန် အတွက် အကူအညီ အများကြီး ရတာပဲ။ ”

ဓားသုတ္တန် အသစ်ကို ကျင့်ကြံ ရာတွင်၊ လွယ်ကူ နေသဖြင့် ဝမ်းသာ ရွှင်မြူး သွားသည်။ သုံးရက် ကုန်လွန် ပြီးနောက်၊ သူ့ အနားတွင် ထက်ရှသော ဓား အလင်းများ ရုတ်တရက် ပေါက်ကွဲ လာသည်။

ဤသည်မှာ စတုတ္ထ အဆင့်သို့၊ ရောက်ရှိ သွားသော ဓားသုတ္တန်၏ လက္ခဏာ တစ်ရပ် ဖြစ်၏။

အောင်မြင်မှုများ ရရှိ မည်ကို သိထား သော်လည်း၊ သုံးရက် အတွင်း ဖြစ်လိမ့် မည်ဟု၊ မထင်ထား ခဲ့ပေ။

ယင်းမှာ အိုင်းရစ် ဓားသုတ္တန်၏ မာကျောသော အခြေခံ အုတ်မြစ်နှင့်၊ နတ်နဂါး ရောင်ဝါ တို့မှ၊ ကူညီ ပေးခြင်း ဖြစ်လေသည်။

အပြာရောင် စွမ်းအင်သည် ဒါန်တမ် အတွင်းသို့ စီးဆင်း လာပြီး၊ ခရမ်းရောင်နှင့် ပေါင်းစပ် သွားသည်။ အပြာရောင်သည် လေကို ကိုယ်စား ပြုကာ၊ ခရမ်းရောင်မှာ လျှပ်စီးကို ကိုယ်စားပြု ပေ၏။

ကောင်းကင်ဓား သုတ္တန်ကို စတုတ္ထ အဆင့်သို့ ရောက်ရှိသော အခါတွင်၊ လေ ကိုသာ မက၊ လျှပ်စီး ကိုပင် ထိန်းချုပ် နိုင်ပေမည်။

ကောင်းကင် ဓားသုတ္တန်မှာ၊ အိုင်းရစ် ဓား သုတ္တန်ထက် သာလွန်၏။ ဓားသုတ္တန် အသစ်၏ စတုတ္ထ အဆင့် ခွန်အားသည်၊ အိုင်းရစ် ဓား သုတ္တန်၊ ဒွါဒသမ အဆင့် ခွန်အားနှင့် ယှဉ်နိုင် သည်။

ယင် ယန် ကြိတ်ဆုံမှာ၊ စက်ဝိုင်း အသွင် ပြောင်းလဲ ပေါင်းစပ် သွားပြီး၊ အလယ် ဗဟို၌ ခရမ်းရောင် ပန်း တစ်ပွင့်ကို ပြတ်ထင် လာစေသည်။

သူ့၌ ရွေးချယ် ခွင့်သာ ရှိပါက၊ အိုင်းရစ် ဓား သုတ္တန်အား မစွန့် လိုချေ။ သည်အထိ ရောက်ရှိ နိုင်ခဲ့ သည်မှာ၊ ၎င်း၏ ကျေးဇူးကြောင့် ဖြစ်သည်။

ယင်းသည် ကျင့်ကြံမှု နည်းစနစ် တစ်ခု မျှသာ မဟုတ်ဘဲ၊ သူ အတွက် နှစ်သက် ခဲ့သော အမွေလည်း ဖြစ်သည်။

သို့သော် ပညာရပ်မှာ မပြည့် စုံချေ။ ပြည့်စုံသော ကံကြမ္မာ ကိုယ်ခံ ပညာကို၊ ရှန်ရှင်း သိုင်းသမား တစ်ဦးမှ ကျင့်ကြံ နိုင်သည့် အရာ မဟုတ်ကြောင်း၊ နားလည် လာသည်။

အချိန် နှစ်လသာ ကျန်တော့ သည်မို့၊ ရှင်သန်ရန် အတွက် ပြည့်စုံသော ပညာရပ် တစ်ခု လိုအပ် ပေသည်။

သို့မှသာ ခွန်လွန် နယ်မြေ၌၊ ပြည့်စုံသော အိုင်းရစ် ဓားသုတ္တန် ပညာရပ်ကို ရှာဖွေ နိုင်မည် ဖြစ်သည်။

ရုတ်တရက် မျက်ရည် တစ်စက်က၊ သူ့ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းပေါ် ကျဆင်း သွားသည်။ ဤသည်မှာ နှလုံးသားမှ မျက်ရည် တစ်စက် ဖြစ်၏။

( တောင်းပန် ပါတယ် ... ၊ ငါ့ကို နားလည် ပေးပါ၊ အနာဂတ်မှာ ပြီးဆုံးအောင် ကျင့်ကြံပြီး၊ မင်းနာမည်ကို ခွန်လွန် နယ်မြေ တစ်လျှောက်၊ ပျံ့နှံ့ စေရ ပါမယ်။ )

သူ့ ဓားအား သက်သေ ထားကာ၊ ဂုဏ်သိက္ခာ ရှိရှိ ကျိန်ဆို လိုက်သည်။ ထို့နောက် အတွေးများ ပြန်လည် စုစည်းပြီး၊ နတ်နဂါး ရောင်ဝါအား ဆက်လက် သန့်စင်နေ မိ၏။

နောက်ထပ် ခုနစ်ရက်ကြာ၊ ကုန်ဆုံး သွားပြီးနောက်၊ ကောင်းကင် ဓားသုတ္တန်မှာ ပဉ္စမ အဆင့်သို့၊ ရောက်ရှိ သွားသည်။

နဂါး နှစ်ကောင် လိမ်ယှက်နေ သကဲ့သို့၊ ခရမ်း ပြာရောင် စွမ်းအင် စီးကြောင်း ဖြစ်ပေါ် လာသည်။

ထိုစီးကြောင်း အတွင်း၌ လေ၊ လျှပ်စီးနှင့် ဓားစွမ်းအင် ပေါင်းစပ် စီးဆင်း နေသည်ကို ဝိုးတဝါး ခံစား မိသည်။

လေနှင့် လျှပ်စီး စွမ်းအင်များ ဖြာထွက် လာပြီး၊ ဓား ရောင်ခြည် များက သူ့အား သိုင်းခြုံ သွားသည်။

ကြောက်မက်ဖွယ် ကောင်းသော ဤဖြစ်စဉ်သည်၊ ချိုင့်ဝှမ်း အတွင်းရှိ လေနှင့် လျှပ်စီး စွမ်းအင်များ အားလုံးကို၊ ဆင့်ခေါ် ခဲ့သည်။

ပဉ္စမ အဆင့် ကောင်းကင် ဓားသုတ္တန်မှာ၊ ဒွါဒသမ အဆင့်ရှိ အိုင်ရစ် ဓားသုတ္တန် အပေါ်၊ ယှဉ်နိုင် ပေသည်။

နောက်ထပ် လဝက်ခန့် အကြာတွင် နတ်နဂါး ရောင်ဝါ အားလုံးကို အပြီးသတ် သန့်စင်လျက်၊ ဆဋ္ဌမ အဆင့်သို့ ရောက်ရှိ လာ၏။

ခရမ်း ပြာရောင်နှင့်၊ ဓား ရောင်ဝါများ ပြည့်သိပ် နေသော သစ်ပင်ကြီး တစ်ပင်ကို ပေါင်းစပ် ဖန်တီးနိုင် လိုက်သည်။

သစ်ပင်မှာ ကြီးထွားလာ သည်နှင့် အမျှ၊ အကိုင်း အခက်များ ပေါက်ရောက် လာကာ၊ မမြင် နိုင်အောင် ဓားရောင်ဝါဖြင့် ပိတ်ဆို့ ထားသည်။

ဆိုလို သည်မှာ ခရမ်းရောင် ပန်းပွင့် အနားတွင်၊ အောင်မြင်မှု တစ်ခုကို ဆက်၍ လုပ်ဆောင် နိုင်တော့မည် မဟုတ်ကြောင်း၊ သူ သိသည်။

“ ပျက် စီး စမ်း ... ။ ”

အတွေး တစ်ချက်ဖြင့်၊ အိုင်းရစ် ဓားသုတ္တန်၏ လည်ပတ်မှုအား၊ အဆုံးသတ် လိုက် တော့သည်။

ထိုကြောင့် ထောင်ပေါင်း များစွာသော ဓားများနှင့်၊ နှလုံးသားကို ထိုးဖောက်လိုက် သကဲ့သို့၊ နာကျင် သွားသည်။

မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားကာ၊ ပါးစပ်မှ သွေးများ စီးကျ လာ၏။ တစ်ချိန်တည်း မှာပင်၊ အိုင်းရစ် ဓားသုတ္တန်သည်၊ သူ၏ တည်ရှိ မှုအား ရုတ်သိမ်းခြင်း မရှိဘဲ၊ သစ်ပင် ကြီး၌ အကိုင်း (၁၈) ကိုင်း အဖြစ်၊ သွားရောက် ပေါင်းစပ် လိုက်သည်။

ထို့ကြောင့် ကောင်းကင် သစ်ပင်၏၊ ပြီးပြည့် စုံသော ကနဦး ပုံစံ ဖြစ်ပေါ် လာသည်။ သို့သော် ၎င်း၌ အရွက် မရှိ ခဲ့ချေ။

ကွဲပြားသော အကိုင်း (၁၈) ကိုင်းမှ၊ ဓားအလင်းများ တောက်ပ နေပြီး၊ တစ်ခုစီတွင် ကြောက်မက် ဖွယ်ရာ၊ စွမ်းရည်များ ပါရှိ၏။

( ဥပမာ အားဖြင့်၊ ကောင်းကင် သစ်ပင်သည် ကုက္ကို ပင်ကြီး ဆိုပါက၊ အိုင်းရစ် ဓားသုတ္တန်မှာ၊ ၎င်းတွင် တွယ်ကပ် နေသော ညောင်ကိုင်း (၁၈) ကိုင်း ဖြစ်လေသည်။ )

ထို့အပြင် မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်အား၊ ၎င်းဖြင့် အချိန်မရွေး ရောနှော ပစ် နိုင်သည်။

ဆဌမ အဆင့် ကောင်ကင် ဓားသုတ္တန် စွမ်းအားမှာ၊ ဒွါဒသမ အဆင့်ရှိ အိုင်းရစ် ဓား သုတ္တန်ကို ကျော်လွန် သွားခဲ့သည်။

ယင်းက သူ့အား ဝမ်းနည်း ဝမ်းသာ ဖြစ်စေ၏။ အိုင်းရစ် ဓားသုတ္တန်ကို ဖယ်ထုတ်ရန် ရပ်တန့်လိုက် ရသည့် အတွက် အထူး ဝမ်းနည်း မိသည်။

သို့သော် ၎င်းမှာ အသွင် ပြောင်းပြီး၊ ကောင်းကင် သစ်ပင်၌ တွယ်ကပ် နေသဖြင့် ဝမ်းသာ ရခြင်း ဖြစ်သည်။

ဤအခိုက် အတန့်တွင်၊ ယင်-ယန် စက်ဝိုင်း အလယ်ရှိ၊ ခရမ်းရောင် ပန်းတွင် ရောင်ခြည်များ ရုတ်တရက် တောက်ပ လာပြီး၊ ပွင့် ချပ်ပေါင်း (၁၂၀) အထိ၊ တိုးပွား လာသည်။

ကွဲပြားသော သစ်ကိုင်း (၁၈) ကိုင်းက၊ ကောင်းကင် သစ်ပင် ဆီမှ စွမ်းအင် များကို စုပ်ယူကာ၊ ခရမ်းရောင် ပန်းထံ အားဖြည့် ပေးလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ညယံတွင်၊ ထင်ရှားစွာ လင်းလက် နေသော ကြယ်တာရာများ ကဲ့သို့၊ ပွင့်ချပ်များ တောက်ပ လာသည်။

ယင်းကို မြင်ချိန်၌၊ စိတ်လှုပ်ရှား လွန်းသဖြင့် မျက်ရည်ပင် ဝဲလာ မိသည်။ ခရမ်းရောင် ပန်းက ပျောက်ကွယ် သွားခြင်း မရှိသည့် အတွက်၊ အိုင်းရစ် ဓားသုတ္တန်မှာ တည်ရှိ နေသည်ဟု အဓိပ္ပါယ် ရ လေသည်။

ထို့နောက် ကြည့်နေစဉ် မှာပင်၊ ပွင့်ချပ်များ ပြန့်ကျဲ လာပြီး၊ ကောင်းကင် သစ်ပင်တွင် ဓား အစီရင် တစ်ခု ကဲ့သို့၊ ဖုံးအုပ် ပစ်လိုက် တော့သည်။

ဆိုလို သည်မှာ ခရမ်းရောင် ပန်းသည်၊ ဓားအလင်းများ ပါဝင်သော ပွင့်ချပ်များ အဖြစ်၊ ပြောင်းလဲ သွားပြီး၊ ကောင်းကင် သစ်ပင်အား၊ အစီရင် တစ်ခု သဖွယ်၊ ဖုံးအုပ် လိုက်ခြင်း ဖြစ်သည်။

ထိုဓား အစီရင်မှာ မပြည့်စုံ လှဘဲ၊ အားနည်းချက် များဖြင့် ပြည့်နှက် နေကြောင်း၊ သူ ခံစား နိုင်သည်။

သို့သော် ငြားလည်း ခမ်းနား ထည်ဝါသော ဓားအစီရင် တစ်ခု၏ အခြေခံ ကောက်ကြောင်း တစ်ကြောင်း ဖြစ်မှန်း၊ ပြောနိုင်၏။ လက်ရှိ သူ့ နယ်ပယ် အရ၊ ထို့ထက် ပို၍ မမြင်နိုင် တော့ချေ။

“ ကောင်းကင် ဓားသုတ္တန်ကို၊ ကျင့်ကြံ ရုံနဲ့၊ ငါ့ရဲ့ အိုင်းရစ် ဓားသုတ္တန်က ဆက်လက် ဖွံ့ထွား လာနိုင်တယ်၊ ဒါဆို ဓားသေတ္တာကို သန့်စင်ဖို့ အခွင့် အရေး ရှိသေးတယ်၊ ဒါပေမယ့် ... ။ ”

ရလဒ် အနေ အဖြင့်၊ အရင်း အမြစ် နှစ်ဆခန့် ပို၍ ကုန်လာနိုင် ပေမည်။

“ သူတို့မှာ ဆက်နွှယ်တဲ့၊ ဂုဏ် သတ္တိတွေ ရှိလို့ပဲ ဖြစ်မယ်၊ ကံကြမ္မာ ကိုယ်ခံ ပညာ ... ၊ ကံကြမ္မာ ကိုယ်ခံ ပညာ ... ဒါက အရမ်းကို စိတ်ဝင်စား စရာကောင်း လာပြီ။ ”

စွန့်လွှတ်ခဲ့ သော်ငြားလည်း၊ အိုင်းရစ် ဓားသုတ္တန်မှာ ဆက်လက် တည်ရှိနေ သဖြင့်၊ အနာဂတ်တွင် အပြီးသတ် နိုင်ပေမည်။

ထိုနောက် မျက်လုံးများ ဖွင့်ကြည့် လိုက်ရာ၊ မီးတောင်ကြီး သုံးလုံးက၊ သူ့ အမြင် အာရုံ ထဲသို့ ဦးစွာ ဝင်လာ ၏။

“ ချွတ် ... ။ ”

အတွေး တစ်ချက်ဖြင့်၊ သစ်ကိုင်း တစ်ကိုင်း ကျိုးသွားကာ၊ လက်ဖဝါး ပြင်ပေါ် ကျလာ၏။

ထိုသစ်ကိုင်းတွင် လျှပ်စီးများ၊ တဖျစ်ဖျစ် ‘ထ’တောက် လာပြီး၊ နဂါး တစ်ကောင် ကဲ့သို့၊ လူးလွန့် လာသည်။

ထို့နောက် လေ စွမ်းအင်အား၊ ထပ်မံ ဆင့်ခေါ် လိုက်ရာ၊ အဆိုပါ သစ်ကိုင်းသည်၊ လေထဲ မြောက်တက် လာတော့သည်။

တစ်ချိန်တည်း မှာပင်၊ ဓားစွမ်းအင် များက၊ အဆိုပါ သစ်ကိုင်းကို အမှုန့် အဖြစ် ပြောင်းလဲ ပစ်ကာ၊ လျှပ်စီး ပင်လယ်ကြီး တစ်စင်း လက်ဖဝါး ထက်၌ ဖြစ်ပေါ် လာ၏။

“ ထာဝရ နဂါး ဓား ... ။ ”

သူ့လက်ဖဝါးကို ဖျစ်ဆုပ် လိုက်သည်နှင့်၊ လျှပ်စီး ပင်လယ်မှာ လက်ချောင်းများ အတွင်း ပြန်လည် ဝင်ရောက်ပြီး၊ ရှေ့သို့ တောက်ထုတ် ခံလိုက် ရသည်။

“ ရွှပ် ... ။ ”

တားမြစ်ဇုန် အတွင်းရှိ မီးတောင်ကြီး တစ်လုံးမှာ၊ တစ်စိတ် တပိုင်း ချက်ချင်း ပဲ့ကြွေ ကျ လာသည်။

ရုတ်ချည်း တိုက်ခိုက်မှု တစ်ခုသည်၊ ဤမျှ ပြင်းထန် နေလိမ့် မည်ဟု၊ မထင် ထား သဖြင့် သူ့အား ထိတ်လန့် သွားစေသည်။

“ ကြောက်စရာ ကောင်းလိုက်တာ၊ နတ်ဘုရား ပုံရိပ်ယောင် ဓားနဲ့၊ အိုင်းရစ် ဓား သုတ္တန် ကိုသာ သုံးလိုက်ရင်၊ ဘာဖြစ် မလဲ ဆိုတာ တွေးမိ ပါတယ်။ ”

လင်းယွန် တစ်ယောက် စိတ်ဝင် တစားဖြင့်၊ အတွေးထဲ နစ်မျော သွားတော့သည်။

***

All Chapters