နှစ်လ ။
Vol. 61 Ch. 854
အိုင်းရစ် ဓားသုတ္တန်ကို ဖြန့်ဝေ လိုက်သည့် အခိုက်၊ ခရမ်းရောင် ပန်းမှာ ပွင့်အာ ‘ကခုန်’လာ သည်။
ထို့နောက် ကောင်းကင် ဓားသုတ္တန်ကို ဆက်လက် အသက် သွင်းကာ၊ ဓားသုတ္တန် နှစ်ခု ၏ ပေါင်းစပ် မူလ စွမ်းအင်အား၊ ခန္ဓာကိုယ် အနှံ့ လည်ပတ် စေလိုက်သည်။
ချက်ချင်းပင်၊ ကြောက်မက်ဖွယ် ကောင်းသော အပြာရောင် ဓားရောင်ခြည်များ ခန္ဓာ ကိုယ်မှ ပေါက်ကွဲ ထွက်လာ၏။
လျှပ်စီးများ နှင့်အတူ၊ လေပြင်းများ တိုက်လာပြီး၊ အကန့် အသတ်မဲ့ မူလ စွမ်းအင် များ၊ လှိုင်းထလျက်၊ ခန္ဓာကိုယ် ပေါက်ကွဲ တော့မည့်ပုံ ဖြစ်ပေါ် လာသည်။
သူ့အား ဖုံးလွှမ်း နေသော၊ ခရမ်းပြာရောင် အဆင်း သဏ္ဍာန်မှ အရှိန် အဝါများ တိုးလာစဉ်၊ လက်ညိုးကို လက်မနှင့် ဖိကာ၊ တောက်ထုတ် လိုက်သည်။
“ ရွှပ် ... ။ ”
ထာဝရ နဂါးဓား အရှိန် အဝါမှာ၊ ကောင်းကင်တွင် လျှပ်စီး ကဲ့သို့ ပျံ့နှံ့ လာပြီး၊ အရိပ် တစ်ခုက သူ့ အပေါ် အုပ်မိုး သွားသည်။
“ နတ်ဘုရား ပုံရိပ်ယောင် လက်ညှိုး။ ”
ခွန်အားကို စုဆောင်း ပြီးနောက် လက်ချောင်း များကို တောက်ထုတ် လိုက်သည်။ ခရမ်းရောင် ပွင့်ချပ်ပေါင်း (၁၂၀)ကို ရောယှက် ထားသဖြင့်၊ လှပသော မြင်ကွင်း တစ်ခု ထွက်ပေါ် လာသည်။
ယခင်က အာရုံစိုက် ထားသော မီးတောင်ကြီး တစ်လုံးကို၊ ရာနှင့် ချီသော ဓား ရောင်ခြည်များ၊ ဖုံးလွှမ်း သွားခဲ့သည်။
များ မကြာခင် ဓား ရောင်ခြည်များ၊ ပြန်လည် ပျောက်ကွယ် သွားကာ၊ တောင် တစ်ခုလုံး ဖုန်မှုန့် အဖြစ်သို့၊ ပြောင်းလဲ ပျောက်ကွယ် သွားတော့၏။
ဤမျှ ထိတ်လန့်ဖွယ် မြင်ကွင်းမျိုး ဖြစ်လာလိမ့် မည်ဟု မမျှော်လင့် ထားသဖြင့်၊ နှုတ်ဆိတ်ကျ သွားသည်။
တစ်ချိန်တည်း မှာပင်၊ နတ်ဘုရား ပုံရိပ်ယောင် ဓားတွင်၊ မှတ်တမ်း တင်ထားသော အချင်းအရာ များကို ပြန်ပြောင်း သတိရ လာ မိသည်။
နတ်ဘုရား ပုံရိပ်ယောင် ဓား၏၊ စစ်မှန်သော ခွန်အားမှာ၊ ကြယ်တစ်လုံး ကိုပင် ဖျက်ဆီးနိုင် မည်ဟု ဆို၏။ ထိုစဉ်က ချဲ့ကားမှု အဖြစ်သာ ထင်ခဲ့မိ သော်လည်း၊ သူ့ အမြင် သေးသိမ် ခဲ့ပုံ ရလေသည်။
မူလ စွမ်းအင် အားလုံး နီးပါး ကုန်ဆုံး သွားသဖြင့် မူးဝေ လာပြီး၊ နဖူးမှ ချွေးများ လိမ့်ကျ လာသည်။
“ ဒါက နည်းနည်းတော့ ပင်ပန်းတယ်၊ အလွယ် တကူ ထုတ်သုံးလို့ မရဘူး၊ မဟုတ်ရင် ငါ အကူ အညီမဲ့ လာလိမ့်မယ်။ ”
ခွန်အားကို စမ်းသပ် ပြီးနောက်၊ ပြုံးလျက် တီးတိုး ရေရွတ် လိုက်သည်။ ထို့နောက် အတွေး တစ်ချက်ဖြင့် လေဆင် နှာမောင်းအား၊ ဆင့်ခေါ် လျက်၊ ဝိညာဉ်ရေး ဓားအား ပေါင်းစပ် လိုက်သည်။
“ သွား ... ။ ”
လျှပ်စီး လေဆင် နှာမောင်း ကြီးမှာ၊ မထင်မှတ် နိုင်သော အမြန်နှုန်းဖြင့်၊ စက္ကန့်ပိုင်း အတွင်း မီတာ ထောင်ဂဏန်း ထိတိုင်၊ ခရီးနှင် ခဲ့သည်။
နောက်ထပ် သုံးရက်ကြာ ပြီးနောက်၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်အား ပေါင်းစပ်ရန် ထပ်မံ ကြိုးစား လိုက်သည်။
“ ကောင်းကင်ဓား ဆယ့်သုံးလက် ကိုလည်း လေ့ကျင့်ဖို့ အချိန် ရောက်ပြီ ... ။ ”
ခေတ္တ အနားယူ ပြီးနောက်၊ စာအုပ် တစ်အုပ်ကို ထုတ်ယူကာ၊ ပြန်ဖတ် နေမိသည်။ ပထမ ဓားသုံးကွက်သည် အုတ်မြစ် အတွက် ဖြစ်ပြီး၊ စတုတ္ထ အဆင့်ကို ရောက်မှသာ စွမ်းအား ထုတ်ဖော် နိုင်မည် ဖြစ်၏။
သတ္တမ အဆင့်သို့ ရောက်ပြီးနောက်၊ စိတ်ကူး မယဉ် နိုင်သော လှုပ်ရှားမှု တစ်ခုဖြစ် လာနိုင် ပေမည်။
ဒသမ ဓားမှ စတင်ကာ၊ တားမြစ် ဓားချက်များ အဖြစ် သတ်မှတ်ပြီး၊ နောက်ဆုံး ဓားအား အလေးပေး တားမြစ် ထားသည်။
ဓားတာအိုတွင် သူ၏ အရည် အချင်းမှာ၊ အလွန် နက်နဲလှ သောကြောင့်၊ ပယင်း ကမ္ဘာ ကြီး၌၊ သူ့အား မည်သူမျှ မယှဉ် နိုင်ပေ။
ထိုစွမ်းရည်ကြောင့် ကောင်းကင် ဓားသုတ္တန်ကို၊ ဆဋ္ဌမ အဆင့်သို့ ရောက်ရှိနိုင် ခဲ့သည်။ တားမြစ် ဓားများ ကိုပင်၊ သင်ယူရန် ခက်ခဲမည် မဟုတ်ကြောင်း၊ သိရှိ လိုက်သည်။
“ ကောင်းကင် အလင်း။ ”
နည်းစနစ်ကို လေး နာရီကြာ သုံးသပ် ပြီးနောက်၊ မျက်လုံးများ ဖွင့်ကာ၊ ကြုံးဝါးလျက် ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။
ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်ပြီး၊ ကောင်းကင် သစ်ပင် ကြီးအား ဆင့်ခေါ်လျက်၊ တားမြစ်ဇုန်ထဲ ပျံသန်း သွားမိ ၏။
ကောင်းကင် သစ်ပင် ကြီးက၊ ပတ်ဝန်း ကျင်ရှိ မီးတောက် များကို ငြိမ်းသတ်ရန်၊ ဓား အလင်း များအား၊ ချက်ချင်း ထုတ်လွှတ်ပေး လာသည်။
ဤဓားတွင် ဝိညာဉ်ရေး ဓား မသုံးခဲ့ သော်လည်း၊ အဖျက် စွမ်းအားမှာ ကြောက်စရာ ကောင်း ပေသည်။
ဝိညာဉ်ရေး ဓား မပါ ရှိဘဲ၊ တားမြစ် နယ်မြေထဲ ဝင်ရောက် သွားပါက၊ သေစေနိုင် ၏။ ယခု မူကား တဟုန်းဟုန်း တောက်လောင် နေသော၊ မီး ရည်ရွယ်ချက် များကို ဓား တစ်ချက် တည်းဖြင့်၊ နှိမ်နင်း နိုင်ခဲ့သည်။
“ လေမှ အပြာရောင် သစ်သား အဖြစ် ဖွဲ့တည်ခြင်း။ ”
မီး ရည်ရွယ်ချက်များ ထပ်မံ စုဖွဲ့ နိုင်ခြင်း မရှိမီ၊ ဒုတိယ ဓားအား ထုတ်လွှတ် လိုက်၏။ မြေပြင် ပေါ်၌ ကြောက်မက်ဖွယ် ကောင်းသော လျှိုမြောင်ကြီး ဆယ်ခု ဖြစ်ပေါ် လာပြီး၊ တားမြစ် ဇုန်ပေါ်၊ ပျက်စီးလု နီးပါး ဖြစ်လာ စေသည်။
“ ကောင်းကင်ကို ခွဲ့မဲ့ အရှိန်အဝါ ... ။ ”
တတိယ ဓားကို လွှဲပြီး တိမ်များအား နှစ်ခြမ်းခွဲ ပစ်လိုက်သည်။ ဓားအလင်း များက၊ မီတာ (၁၀၀၀) အကွာရှိ၊ မီးတောက် ထိပ်ဝကို ဖြတ်တောက် သွား၏။
ယင်းမှာ တို့ဟူး တစ်တုံးကို ဓား ထက်ထက်နှင့် လှီးခံ လိုက်ရ သကဲ့သို့၊ မျက်နှာ တစ်ပြင်လုံး ချောမွေ့ ကြည်လင် လာ၏။
“ ပထမ ပုံစံ သုံးမျိုးက၊ အခြေခံ ဆိုပေမယ့်၊ သူ့ စွမ်းအားက သခင့်ဓားထက် သာလွန် နေပြီ၊ မဟာ ကြီးစိုးမှုနဲ့ မြေကမ္ဘာ ဖျက်ဆီးခြင်း၊ ကိုတော့ မမှီနိုင် သေးဘူး။ ”
ပထမဓား သုံးချက်ကို မကျွမ်းကျင် သေးသည့် အပြင်၊ ဝိညာဉ်ရေး ဓား ကိုလည်း မသုံး ခဲ့ သော်မှ၊ သခင့်ဓားထက် အစွမ်းထက် နေသည့် အပေါ်၊ လင်းယွန်မှ မကျေနပ် နိုင်သေးပေ။
ပယင်း တောင်သို့ မသွားရောက် နိုင်မီ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမ ပုံစံ များကို ဆုပ်ကိုင် လိုသည်။ ဖြစ်နိုင် ပါလျှင် တားမြစ် ဓားချက် ထဲမှ ပုံစံ တစ်ခုအား၊ ရယူထား ချင်သည်။
ထိုအတော အတွင်း၊ အလင်း အမှာင် လမင်း ကမ္ဘာရှိ၊ ယုဟိုရှင်းမှာ ဒဏ်ရာမှ ပြန်လည် သက်သာ လာခဲ့သည်။
သို့သော် ဂိုဏ်း၏ အကြီး အကဲများ အနေဖြင့်၊ စိုးရိမ် သောကများ ထင်ဟပ် နေဆဲ ဖြစ်သည်။ ဒဏ်ရာမှ ပြန်လည် သက်သာလာ သော်လည်း၊ အထွတ် အထိပ် အခြေ အနေနှင့် ဝေးကွာနေ သောကြောင့် ဖြစ်၏။
လင်းယွန်၏ လက်သီးမှာ ရက်စက် လွန်းပြီး၊ ချိနဲ့ လုနီးပါး ဖြစ်ခဲ့ ရသည်။ ဤအခြေ အနေဖြင့် ခွဲတမ်း တစ်ခု ရရှိရန်၊ မဖြစ်နိုင် တော့ချေ။
“ အမွေကို လက်ခံ ပါစေ၊ မဟုတ်ရင် သူ လုံးဝ ချိနဲ့သွား လိမ့်မယ် ... ။ ”
ဂိုဏ်းချုပ်က အကြီး အကဲ တစ်ယောက်ကို ညွှန်ကြား လိုက်သည်။
“ ဒါက သိပ် အန္တရာယ် ကြီးတယ် မဟုတ်လား။ ”
“ ယုဟိုရှင်းက ကောင်းကင် ကပ်ဘေးတောင် မဖြတ်ကျော် ရသေးဖူး၊ မအောင် မြင်ရင် နောက် တစ်ကြိမ် အမွေ ဆက်ခွင့်က ထောင်စုနှစ် တစ်ခုစာ စောင့်ဆိုင်း ရလိမ့်မယ်။ ”
“ ဒါပေမယ့် အမွေသာ လက်ခံဖို့၊ အခွင့် အရေး မရှိရင်၊ ကောင်းကင် လမ်းကို၊ သူ ဝင်နိုင် တော့မှာ မဟုတ်ဘူး။ ”
“ ဒါနဲ့ ပတ်သက်ပြီး ... ၊ မိစ္ဆာ တမန်တော်ကို မေးမြန်း သင့်တယ်။ ”
လင်းယွန်ကို လူတိုင်း ကျိန်ဆဲခြင်း ပြုလာ မိကုန်၏။ အရာအားလုံး ဤ တိရစ္ဆာန်မှ အစပြု ခဲ့သည်။
သူသာ မရှိခဲ့ ပါလျှင် ယုဟိုရှင်း ချန်ပီယံ ဖြစ်လာပြီး၊ နတ်နဂါး အငွေ့အသက်ကို သန့်စင် နိုင်မည် ဖြစ်သည်။ တိမ်နဂါး ရတနာ သိုက်မှ ရိတ်သိမ်း နိုင်ပြီးနောက်၊ ပို၍ပင် ကောင်းမွန် ပေလိမ့်မည်။
ထိုအချိန်မှာပင် ခန်းမ ထဲသို့ အကြီးအကဲ တစ်ယောက် လှမ်းဝင် လာသည်။ လူတိုင်းက မတ်တပ် ထရပ်ကာ၊
“ မင်္ဂလာပါ နတ်ဆိုး တမာန်တော် ... ။ ”၏
-ဟု နှုတ်ဆက် လိုက်ကြသည်။
နတ်ဆိုး တမန်တော် ဟူသည်၊ အင်ပါ ရီယန် တစ်ပါး ဖြစ်သော ချင်ရို့ယူ၏ ဖခင် ဖြစ်၏။ သူ့ နောက်တွင် ချင်ရို့ယူနှင့် ယုဟိုရှင်း လိုက်ပါ လာသည်။
“ ထိုင်ကြပါ မေးနေစရာ မလို ပါဘူး ... ၊ ဒီနေ့ည ယဇ်ပလ္လင်ကို ဖွင့်ပြီး၊ ယုဟိုရှင်း အမွေ ဆက်ခံ လိမ့်မယ်၊ ရလဒ် ကတော့ ... ”
“ ... သူ့ ကံကြမ္မာ ပေါ်ပဲ မူတည် ပါတယ်၊ လင်းယွန်ကို ရှုံးခဲ့ ပြီးမှတော့ ... ၊ သူ့ အတွက် ရွေးချယ်စရာ မရှိ တော့ဘူး။ ”
ထိုနာမည်ကို ကြားလိုက် သည်နှင့်၊ ယုဟိုရှင်းမှာ ချက်ချင်း ဆိုသလိုပင်၊ ရင်ဘတ် တစ်ခုလုံး အောင့်မြက် နာကျင် လာ၏။
ထိုပွဲ၌ သူ ခံစား ခဲ့ရသော အရှက် တရားသည်၊ စိတ်နေ စိတ်ထားကို အသွင် ပြောင်းခြင်း ခံရ စေသည်။
မိစ္ဆာ တမန်တော်က ဆုံးဖြတ် ချက်ကို ချပြီးပြီ ဖြစ်သောကြောင့်၊ ခန်းမ ထဲရှိ မည်သူမျှ စကား ထပ်မဆို တော့ချေ။
ထို့နောက်တွင် မိစ္ဆာ ဝိညာဉ်ကို အောင်မြင်စွာ ခေါ်ဆောင် နိုင်သဖြင့်၊ ယုဟိုရှင်း တစ်ယောက် ဒဏ်ရာ များမှ၊ ပြန်လည် ကောင်းမွန် လာသည်။
တစ်ချိန်တည်း မှာပင်၊ ကျန်းဝူကျိ အတွက်လည်း၊ အကောင်း ဆုံးသော ဝိညာဉ်ရေး ဆရာ သခင်ကို၊ ဖိတ်ခေါ် ကုသ နေခဲ့သည်။
နောက်ဆုံးရက် နီးကပ်လာ သည်နှင့် အမျှ၊ ခရမ်းရောင် မိုးကြိုး ဂိုဏ်းမှ လက်လျော့ လိုက်ရ တော့၏။
ပြန်ကောင်း လာနိုင် လျှင်ပင်၊ ကောင်းကင်လမ်း ဝင်ခွင့်ကို ရယူရန်၊ မဖြစ်နိုင် တော့ချေ။ ထို့ကြောင့် အရင်း အမြစ်များ ဆက်လက် ဖြုန်းတီး ခြင်းငှာ၊ ဆန္ဒ မရှိ တော့ခြင်း ဖြစ်သည်။
ထိပ်ဆုံး ဆယ်ယောက်မှာ၊ အခြားသော နယ်မြေရှိ ပါရမီရှင် များဖြင့် ရင်ဆိုင်ရန်၊ ခက်ခဲ မည်ကို သိသောကြောင့်၊ ပြင်းထန်စွာ ကျင့်ကြံ နေခဲ့ ကြသည်။
ဤသည်မှာ ရှားပါးသော အခွင့် အရေး တစ်ရပ် ဖြစ်၏။ ယင်းကြောင့် အရာ အားလုံး ပုံအပ်သင့် ချေပြီ။
ခွဲတမ်း တစ်ခုကို ရယူ နိုင်ရုံဖြင့်၊ ခွန်လွန် နယ်မြေရှိ၊ မဟာ အင်အားကြီး ဂိုဏ်း တစ်ဂိုဏ်း နှင့်၊ ပူးပေါင်း နိုင်မည် မဟုတ် ပါလော။
( ခွန်လွန် ဟူသော အမည်မှာ၊ တရုတ် ဒဏ္ဍာရီ၌၊ နတ် ဘုရားများ နေထိုင်ရာ၊ သုခဘုံ တစ်ခု အဖြစ်၊ ရည်ညွှန်း ကြခြင်း ဖြစ်သည်။ )
***