← Chapters

ပယင်း တောင်သို့ သွားခြင်း။

Vol. 62 Ch. 855

ပယင်း တောင်သို့ သွားခြင်း။

Vol. 62 Ch. 855

မျက်စိ တစ်မှိတ် အတွင်း နှစ်လ ကြာသွား၏။ တိမ်နဂါးမြို့ နယ်နိမိတ် အတွင်းရှိ တောင်တန်း တစ်ခု ပေါ်တွင်၊ ဝိညာဉ် စွမ်းအင် များ၊ သိပ်သည်းစွာ ရစ်သိုင်း နေသည်။

ထိုအချိန်တွင် မြေပြင် ပေါ်၌ လျှပ်စီး တစ်ချက် လက်သွားပြီး၊ ဘိုင်လိရွှမ် ထွက်ပေါ် လာ၏။ တစ်ချိန်တည်း မှာပင် နောက်ထပ် ပုံရိပ် သုံးရိပ် ဆင်းသက် လာပြီး၊ အချင်းချင်း ပြန်ကြည့် လိုက်သည်။

ထပ်မံရောက်ရှိ လာသူ သုံးဦးမှာ၊ နန်းဂွန်း ဝမ်းယူ၊ ရှောင်စီယီနှင့် မူဟန် တို့ ဖြစ်၏။ သူတို့ ကျောက်စိမ်းပြား များက၊ ဤနေရာ၌ စုရုံးရန် လမ်းညွှန် ပေးခဲ့ခြင်း ဖြစ်သည်။

“ မင်းတို့ နှစ်ယောက်က၊ နှစ်လ အတွင်း အတော်လေး အကျိုးရှိ ခဲ့ပုံ ရတယ် ... ။ ”

မူဟန်က လှမ်းကြည့်ပြီး ပြောသည်။ ဘိုင်လိရွှမ် ထံမှ ရင်းနှီးသော ဓားရောင်ဝါကို သူ ခံစား နိုင်သည်။ မျက်လုံး များတွင် နဂါး အရိပ် အယောင် များနှင့် အတူ၊ လျှပ်စီးများ လက်နေ၏။

ဤသည်မှာ နဂါးဓား အရှိန် အဝါကို၊ ဘိုင်လိရွှမ် တစ်ယောက် ဆုပ်ကိုင်ထား သည်ဟု သံသယ ရှိသော်လည်း၊ မည်မျှ ပြင်းထန် မည်အား မသိ နိုင်ချေ။

ရှောင်စီယီ အတွက်မူ ကောင်းကင် ဝိညာဉ် နယ်မြေကို အချိန် မရွေး ဝင်ရောက် နိုင်မည်ဟု ခံစား မိ၏။

သို့သော် ၎င်းကို လုပ်ဆောင်ခြင်း မပြုခဲ့ သည်မှာ၊ ရည်မှန်းချက် မည်မျှ ကြီးမားကြောင်း၊ ပြသရာ ရောက်ပေသည်။

“ မင်းနဲ့ ယှဉ်လို့ မရ မှာကို၊ ငါ ကြောက်မိတယ် ... ။ ”

ရှောင်စီယီက ပြုံးလျက်၊ မူဟန်အား တုန့်ပြန်သည်။ တိမ်နဂါး ရတနာသိုက် ထဲသို့ မဝင်မီ၊ လင်းယွန် ဓားနှင့် တူညီသော ခံစား ချက်မျိုး၊ မူဟန်မှ ပေးစွမ်း နေ၏။

“ ငါက ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် ထားတယ်လို့၊ မင်း ထင်နေတယ် မဟုတ်လား ... ။ ”

မူဟန်က ပေါ့ပေါ့ ပါးပါး ပြုံးပြ ခဲ့သော်လည်း၊ သူ့ အပြုံးမှာ နာကျင် နေပုံ ရလေသည်။

“ ငါ့ရဲ့ တစ်ပိုင်း ဝိညာဉ်ရေး ဓားကို တိုးတက်မှု အချို့ ပြုလုပ်ထား နိုင်ပါတယ်၊ ဒါပေမယ့် မပြည့်စုံ သေးဖူး၊ ... ”

“ ... ဒါက လင်းယွန်ကို ဘီလူး တစ်ကောင် အဖြစ်၊ လူတိုင်းက ဘာလို့ သတ်မှတ်လဲ ဆိုတာ ငါ နားလည် သွားပြီ။ ”

ဓားလမ်း၌ ဝေးဝေး လျှောက်လှမ်းလာ နိုင်လေလေ၊ ဝိညာဉ်ရေး ဓားအား ဆုပ်ကိုင်ရန် မည်မျှ ခက်ခဲ သည်ကို နားလည် နိုင်လေလေ ဖြစ်သည်။

ထိုအချိန်က ပြိုင်ဘက်မှာ၊ မည်မျှ ကြောက်စရာ ကောင်းခဲ့ကြောင်း၊ သူသာလျှင် သိပေ၏။

မူဟန် စကားကြောင့် ရှောင်စီယီတို့ သုံးဦးမှာ၊ အံ့သြ သွားသည်။ မူဟန်၏ လက်ရှိ ခွန်အားသည် တိမ်နဂါး ရတနာ သိုက်ထဲ မဝင်မီ၊ လင်းယွန် အဆင့်ထက် နိမ့်နေပေ သေးသည်။ ယင်းက အနည်းငယ် စိတ်ပျက်စရာ ကောင်းပေ၏။

စကား စမြည် ပြောဆို နေကြစဉ်၊ နောက်ထပ် လူ နှစ်ယောက် ထပ်မံ ရောက်ရှိ လာသည်။ ၎င်းတို့မှာ ဝူရှောင်ရှင်းနှင့် ဇိုချင်းရှန်တို့ ဖြစ်၏။

လမ်း၌ ဆုံတွေ့ ခဲ့ကြ သဖြင့်၊ အတူတူ သွားရန် ဆုံးဖြတ်လိုက် သော်လည်း၊ ခင်မင် ရင်နှီးခြင်း မရှိ သောကြောင့်၊ အချင်းချင်း စကား တစ်ခွန်းမျှ မဆိုခဲ့ ကြချေ။

“ မင်းတို့ ဘာတွေ ပြောနေကြ တာလဲ ... ။ ”

ဝူရှောင်ရှင်းက စူးစမ်း ဟန်ဖြင့် မေးမြန်း လာသည်။ မူဟန် စကားကို ပြန်လည် ဝေမျှပေး လိုက်ချိန်၌၊ ဝူရှောင်ရှင်း ခမျာ မျက်လုံးပြူး သွားမိ၏။

“ ဒီကောင်က တကယ်ကို ကြောက်စရာ ကောင်းတယ်၊ အခုဆို ဘယ်လောက်တောင် သန်မာ နေလိုက် မလဲ။ ”

-ဟု သက်ပြင်း ချကာ၊ ညည်းတွား လိုက်လေသည်။

“ ကောင်းကင်လမ်း အတွက် ခွဲတမ်းက အများကြီး မရှိဘူး၊ နယ်မြေ ငါးခု ကိုမှ ခွဲတမ်း ရှစ်ခုပဲ ရတယ်လို့ ငါ ကြားတယ်။ ”

“ အဲ့လောက် ပဲလား ... ။ ”

“ သူတို့က ဘယ်လောက်တောင် သန်မာ ကြလဲ။ ”

“ အရင် တုန်းက ယုဟိုရှင်ရဲ့ ခွန်အားက နယ်မြေ ငါးခု တိမ်နဂါး အဆင့်မှာ၊ ထိပ်ဆုံး(၅) ဦး အတွင်းပဲ ဝင်နိုင် ခဲ့တယ်၊ ကျန်းဝူကျိနဲ့ ရန်လောင်ဇီ ကတော့ ထိပ်ဆုံး ဆယ်ဦး စာရင်း ဝင်ဖို့တောင် ခက်ခဲ ခဲ့တယ်၊ ... ”

“ ... ဒီတစ်ကြိမ်တော့ ငါလည်း မပြော တက်ဖူး၊ လင်းယွန်က ငါ တစ်ခါမှ မမြင်ဖူးတဲ့ လူ တစ်ယောက် ဖြစ်နေပြီ၊ သူ့ကြောင့် ရတနာသိုက် ပေါ်လာလို့၊ ငါတို့တွေ ကံကြမ္မာ ကိုယ်ခံ ပညာ တွေတောင် ရခဲ့တယ် မဟုတ်လား … ။ ”

ရှောင်စီယီက မတင် မကျ ဆိုသည်။ ပြိုင်ပွဲ မရောက်မီ မည်သူ့ ကိုမျှ ယုံကြည်မှု မပျက်ပြား စေချင်ပေ။

နောက်ဆုံးတွင် တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးအား၊ ပယင်း ကမ္ဘာ၏ အောက်ခြေ အဆင့် အဖြစ်သာ၊ သတ်မှတ်ခံ ထားရသည် မဟုတ် ပေလော။

ယုဟိုရှင်းပင် နယ်မြေ ငါးခု တိမ်နဂါး အဆင့်၌ ထိပ်ဆုံး ငါးဦး အဆင့်သာ ဝင်ခဲ့ ပါက၊ သူတို့ အတွက် ထိပ်ဆုံး ဆယ်ဦး အဆင့် ဝင်ရန် ခက်ခဲ လာမည် ဖြစ်သည်။

ခွဲတမ်း ရှစ်ခု အတွက် ယှဉ်ပြိုင် ရန်မူ၊ အိမ်မက်သာ ဖြစ်လာနိုင် ပေမည်။ သူတို့၏ တစ်ခု တည်းသော မျှော်လင့်ချက်မှာ၊ တိမ်နဂါး ရတနာသိုက် ပေါ်လာ ခဲ့ခြင်း၊ ဖြစ်လေသည်။

လူတိုင်း တိတ်ဆိတ် သွားစဉ်၊ လျှပ်စီး လေဆင် နှာမောင်း တစ်ခု မိုးကုပ် စက်ဝိုင်း ဆီမှ၊ လျင်မြန်စွာ ချဉ်းကပ် လာသည်။

“ အဲဒါ ဘာလဲ ... ။ ”

မိုးကြိုး မုန်တိုင်း မရောက်ခင်၊ မိုးသက် လေပြင်းများ ကျရောက် လာသဖြင့်၊ လူတိုင်း စိတ် မသက် မသာ ခံစား လာရ၏။

“ မတွေ့တာ ... ကြာပြီနော်။ ”

တခဏချင်း မှာပင်၊ လျှပ်စီး လေဆင် နှာမောင်း ပျောက်ကွယ် သွားပြီး၊ အပြာရောင် ပုံရိပ် တစ်ရိပ် ကောင်းကင်မှ ဆင်းသက် လာသည်။

“ ဝှစ် ... ။ ”

သူ့၌ အချိန် မရှိတော့ သဖြင့်၊ ခရီး သွားလာရန် လေဆင် နှာမောင်းကို အသုံးပြု ခဲ့ရခြင်း ဖြစ်သည်။

“ လင်း ယွန် လား ... ။ ”

နှစ်လကြာ ပြီးနောက် လင်းယွန် တစ်ယောက် ပို၍ အားကောင်း မည်ကို ခန့်မှန်း နိုင်ကြ သော်လည်း၊ ဤမျှလောက် မဟုတ်ပေ။ လက်ရှိ လင်းယွန်မှာ သူတို့ အားလုံး အတွက်၊ နားလည် နိုင်စွမ်း မရှိဟု ခံစား လာမိ စေသည်။

“ အစ်ကိုလင်း၊ မင်းရဲ့ အင်အားက နည်းနည်းတော့ တိုးလာတယ် မဟုတ်လား။ ”

မူဟန်က လူတိုင်း၏ နှလုံးသား ထဲတွင် ရှိနေသော မေးခွန်းကို ကူကယ်ရာ မဲ့ဟန်ဖြင့်၊ မေးလိုက်သည်။

ပခုံး ပေါ်ရှိ ‘ရှဉ့်’ တစ်ကောင် ပုံစံဖြင့် ရှိနေသော နဂါးလေးအား ပွတ်သပ် လိုက်ပြီး၊ စကား တစ်ခွန်းမှ ပြန်မဖြေ ခဲ့ပေ။

လွန်ခဲ့သော နှစ်လက၊ ထာဝရ နဂါးဓား ရည်ရွယ်ချက်ဖြင့်၊ လူတိုင်းကို အလွယ် တကူ အနိုင်ယူ နိုင်ခဲ့သည်။

ဓားသုတ္တန် နှစ်ခုကို ကျင့်ကြံ ပြီးနောက်၊ ခွန်အား အရာ၌ ၎င်းတို့နားလည် နိုင်စွမ်းထက် ကျော်လွန် သွားသည်မှာ၊ သဘာဝ ပေပင်။

ကောင်းကင်ဓား (၁၃) လက်အား လေ့ကျင့်ပြီး၊ တိုက်ပွဲဝင် စွမ်းအား အပေါ် မြင့်တင် ထားနိုင် သောကြောင့်၊ အခြား နယ်မြေ များမှ၊ ပါရမီရှင် များသာ၊ သူ့ကို ဖိအား ပေးနိုင် တော့မည် ဖြစ်သည်။

“ အစ်ကိုကြီး ယွန်က အခု ... ပိုတောင် ချောလာတယ်။ ”

ရုတ်တရက် သာယာ ကြည်လင်သော ရယ်မော သံနှင့် အတူ၊ ယွဲ့ဝေဝေ တစ်ယောက် ရောက်ရှိ လာသည်။

နှစ်လ ကြာ ပြီးနောက် လင်းယွန် ပို၍ ကြည့်ကောင်း လာခြင်း ရှိ-မရှိ မပြောနိုင် သော်လည်း၊ သူမ မှာမူ သေချာပေါက် ချစ်စရာ ကောင်းလာ လေသည်။

ခဏ အကြာတွင် ယုဟိုရှင်း ရောက်ရှိ လာ၏။ ဒဏ်ရာ များမှ ပြန်လည် သက်သာ ပြီး၊ တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော ဖိအားများ၊ ပေးစွမ်း လာခဲ့သည်။

ထို့အပြင် သူ့ အရှိန် အဝါမှာ လွှမ်းမိုး ချုပ်ကိုင် လိုသော အရိပ် အယောင်မျှ ရှိတော့ဘဲ၊ ဇိုချင်းရှန် နှင့် ပို၍ တူသည်။

လူတိုင်း၏ စူးစမ်း နေသော အကြည့်ကို၊ စိတ်မ၀င်စား သကဲ့သို့၊ ယုဟိုရှင်းမှ ပြုံးလိုက် သည်။ ယင်း အစား လင်းယွန်ကို ကြည့်ပြီး၊ အဓိပ္ပါယ် မဲ့စွာ ‘တဟားဟား’ အော်ရယ် တော့၏။

တစ်ဖက်လူ ထံမှ အန္တရာယ် ရှိသော အငွေ့ အသက်ကို ခံစားလိုက် ရသဖြင့်၊ လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်မိသည်။

ဤအခိုက် အတန့်တွင်၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့၏ အကြီး အကဲ တစ်ဦးက ရွှေတောင်ပံ နတ်ဆိုး သားရဲ တစ်ကောင်ကို စီးနင်းလျက်၊ ပျံသန်း လာသည်။

သူတို့ အနား ရောက်သည်နှင့် အဆိုပါ နတ်ဆိုး သားရဲက ၎င်း၏ အတောင်ပံကို ခတ်ကာ၊ လေဟုန်စီး နေခဲ့သည်။

“ ကျန်းဝူကျိက မသေ ပေမယ့်၊ ချိနဲ့ သွားတဲ့ အတွက်၊ ခရမ်းရောင် မိုးကြိုး ဂိုဏ်းက၊ ဒီအခွင့် အရေးကို လက်လွှတ် လိုက်ပြီ ... ။ ”

ငှက်ကျော ပေါ်ရှိ လူလတ်ပိုင်း အရွယ်၊ အမျိုးသား၏၊ သတင်း စကားကြောင့် လူတိုင်း၊ လင်းယွန်ထံ ထိတ်လန့် တကြား ပြန်ကြည့် မိသည်။

“ ငါ့နာမည်က ချင်တူး၊ မင်းတို့ကို ပယင်း တောင်ကို ခေါ်သွားမယ့် သူပဲ၊ လာ ခဲ့ ကြ ... ။ ”

လူလတ်ပိုင်း အရွယ် အမျိုးသားက၊ သူ့ကိုယ်သူ မိတ်ဆက်ပြီး၊ ဝေဟင် သားရဲ ပေါ်သို့ ဖိတ်ခေါ် လိုက်သည်။

“ ဝှစ် ... ။ ”

မဆိုင်းမတွဘဲ၊ လူတိုင်းက ဝေဟင် သားရဲ၏ ကျော ပေါ်သို့ ခုန်တက် သွားကြသည်။

“ သွား ရ အောင် ... ။ ”

ချင်တူးက နတ်ဆိုး သားရဲကို ညင်သာစွာ ပုတ်လိုက်၏။ ဤဝေဟင် သားရဲ အမည်မှာ၊ ရွှေစာငှက် ဖြစ်သည်။

သူတို့၏ အတောင်ပံများ ပေါ်ရှိ ဝိညာဉ် ရေးရာ ရူရ် များကြောင့်၊ လျင်မြန်သော အရှိန်ကို ထုတ်ဖော် နိုင်သည်။

“ ဖရူး ... ။ ”

အတောင်ပံ များကို လှုပ်ခါ လိုက်တိုင်း၊ ဝိညာဉ် ရေးရာ ရူရ် များက တုန်ခါ လင်းလက် သွားတက်၏။

ရှုပ်ထွေး ပွေလီသော အစီရင် တစ်ခုဖြင့်၊ ပေါင်းစပ် မွေးဖွား လာသော နတ်ဆိုး သားရဲ တစ်ကောင်ကို ပထမဆုံး အကြိမ် တွေ့မြင် ဖူးခြင်း ဖြစ်သည်။

အခင်း အကျင်းသည် ကမ္ဘာ ပေါ်ရှိ၊ ဝိညာဉ် စွမ်းအင် အားလုံးကို ဝါးမြိုနေ သကဲ့သို့၊ လေထဲ ပျံ့နှံ့ သွားမည် ဖြစ်သည်။

ခရီးသွား နေစဉ်၊ အခြားသော နယ်မြေ များ၏၊ အကြောင်းရာ အချက် အလက် များကို၊ ချင်တူးမှ မျှဝေ ခဲ့သည်။

ပယင်းတောင် ဟူသည် လျှို့ဝှက်ချက် များဖြင့်၊ ပြည့်နှက် နေသော တောင်တစ်လုံး ဖြစ်ပြီး၊ မည်သူ မဆို တက်ရောက် နိုင်သည့် အရပ် မဟုတ်ချေ။

တောင်ခြေ ရင်း၌ ‘အဖော်မဲ့ ကောင်းကင်’ ဟူသော မြို့ တစ်မြို့ ရှိ၏။ ၎င်းမှာ ပယင်း ကမ္ဘာ ကြီး၏၊ လျှို့ဝှက် ဆန်းကျယ် လွန်းသော မြို့ တစ်မြို့လည်း ဖြစ်သည်။

စမ်းသပ်မှုများ မပြုလုပ်မီ ရက် အနည်းငယ်ခန့်၊ ထိုမြို့၌ တည်းခို ရမည် ဖြစ်၏။ ပယင်း ကမ္ဘာ ကြီးတွင် တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး အပြင်၊ မြောက်ပိုင်း ကုန်းမြေမြင့်၊ အနောက်ဘက် တောင်တန်း ဒေသ၊ အရှေ့ဘက် မြေပြန့် လွင်ပြင်နှင့် တော်ဝင် နယ်မြေတို့ ပါရှိသည်။

ပယင်း ကမ္ဘာ အောက်ခြေ အဆင့် ၌သာ ရှိသော၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ မှာမူ၊ အခြားသော နယ်မြေ လေးခု၏၊ အမေ့လျော့ခံ ဖြစ်၏။

ကျန်နယ်မြေ လေးခု၏ ပါရမီရှင် များမှာ၊ များစွာ အားကောင်း ချေသည်။ ချန်ပီယံ များက လင်းယွန်ထက် နိမ့်ကျခြင်း မရှိချေ။

ထို့ကြောင့် အင်အားကို အခြေခံ၍ ပြင်းထန်သော တိုက်ပွဲ ဖြစ်လာ မည်မှာ၊ သေချာသည်။

ချန်ပီယံ ငါးဦး အတွက်၊ ခွဲတမ်းကို ဖယ်ကျန်ထား ပြီးနောက်၊ ခွဲတမ်း (၃) ခုသာ ကျန်ရှိတော့ လေရာ၊ ကျန်သူများ အနေဖြင့် လွယ်ကူ နိုင်မည် မဟုတ်ချေ။

“ ခွဲတမ်းက ... ၊ အကန့် အသတ် ရှိတာကြောင့်၊ မင်းတို့ ထဲက အများစုကို ဖယ်ထုတ် ခံရ လိမ့်မယ်၊ ဒါပေမယ့် ... ”

“ ... ကောင်းကင် လမ်းကို မလျှောက် နိုင်ရင်တောင်၊ မင်းတို့ အတွက် အကျိုး မယုတ် နိုင်ပါဘူး၊ ပယင်း တောင်မှာ အချိန် အနည်းငယ် ဆက်လိက် ကျင့်ကြံ နေနိုင်တယ်။ ”

ချင်တူးက စကား ခဏ ရပ်ပြီး၊ လင်းယွန်ကို လှည့်ကြည့် လိုက်သည်။

“ လင်းယွန်၊ ဒါက ရှားရှား ပါးပါး အခွင့် အရေးမို့၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကို တာဝန် ယူရတဲ့၊ ... ”

“ ... မြင့်မြတ်သော မဟာမိတ် အဖွဲ့ကို အရှက် မကွဲ ပါစေနဲ့၊ ခွဲတမ်း တစ်ခု ကိုတောင် အရ မယူ နိုင်ရင်၊ ငါတို့ မျက်နှာ ထားစရာ ရှိမှာ မဟုတ်ဘူး။ ”

“ အဲ့ဒီ အတွက် ပြဿနာ မရှိ ပါဘူး။ ”

လင်းယွန်က တုန့်ပြန်သည်။ ခွဲတမ်း ရရှိရန် သူ့ကိုယ်သူ ယုံကြည်မှု ရှိပေ၏။ သို့မဟုတ် ပါက သူ့ကြောင့် ပေါ်လာသော ရတနာ သိုက်မှာ၊ အလကား ဖြစ်သွား ပေလိမ့်မည်။

“ တော်ဝင် နယ်မြေ ကသာ၊ မင်းကို ဝိုင်းဖွဲ့ဖို့ ဆန္ဒ ရှိနေ ရင်တော့ ... ၊ သေချာ နိုင်မယ် မထင် ပါဘူး။ ”

တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၏ ဂုဏ်သိက္ခာ အတွက်၊ တိုက်ပွဲဝင် နေကြခြင်း ဖြစ် သဖြင့်၊ ထိုစကားကို ကြားချိန်၌၊ လူတိုင်းက ယုဟိုရှင်းထံ ဒေါသတကြီး လှမ်းကြည့် လိုက်ကြသည်။

ရုတ်တရက် ယွဲ့ဝေဝေ၏ စကားများ ခေါင်းထဲ ဝင်လာ သောကြောင့်၊ လင်းယွန်က ယုဟိုရှင်းထံ လှမ်းကြည့် လိုက်သည်။

၎င်းကို ဖယ်ရှားပစ် ရမည် ဖြစ်ပြီး၊ သို့မဟုတ်သော် အနာဂါတ်တွင် သူ့ အတွက် ကပ်ဘေး တစ်ခု ဖြစ်လာ နိုင် ပေမည်။

“ ငါက ဒီလိုပဲ ပြောလိုက် တာပါ၊ စိတ်ထဲ မထား ကြပါနဲ့။ ”

ယုဟိုရှင်းက ပုခုံး တွန့်လျက်၊ အကြည့် များအား လျစ်လျူရှု လိုက်ပြီး၊ ပေါ့ပေါ့ ပါးပါးပင်၊ ပြုံးပြ လာလေသည်။

***

All Chapters