← Chapters

စမ်းသပ်မှု စတင်ခြင်း။

Vol. 62 Ch. 857

စမ်းသပ်မှု စတင်ခြင်း။

Vol. 62 Ch. 857

ယုဟိုရှင်း၏ အကြည့် နောက်သို့၊ ယန်မိုက လိုက်ပါ ကြည့်လိုက်သည်။ အဆုံးတွင် လင်းယွန်အား မြင်ပြီးနောက်၊ အံ့သြ သွား၏။

တစ်ဖက် လူ၏ ဓားကို အမြင် ရ သော်လည်း၊ မူဟန်ထက် ပို၍ သန်မာကြောင်း၊ သူ ခံစားနိုင် မိသည်။

“ မင်းက ... တကယ့် ဘီလူးပဲ။ ”

ယန်မို၏ မျက်လုံး များမှ အေးစက်သော အလင်းရောင်များ ပျောက်ကွယ် သွားပြီး၊

“ မင်းမှာ ဝိညာဉ်ရေး ဓား ရှိတယ် ဆိုတာ ... ၊ ငါ ... ယုံပြီ၊ အဲဒါကို လွှတ်ပြီး ငါ့ကို ခံစားခွင့် ပေးပါ။ ”

ယန်မို ကဲ့သို့ လူ တစ်ဦးမှ၊ သတ်ဖြတ် လိုသော ရောင်ဝါ ပြန်လည် ဆုတ်ခွာ စေသည့် အတွက်၊ အနောက်ဘက် တောင်တန်း ဒေသမှ ဇောင်ရွှမ်က၊ လင်းယွန်ကို လှမ်းကြည့်ကာ၊ အံ့ဩ သွားသည်။

လင်းယွန်မှာ ထင် သလောက် ရိုးရှင်းပုံ မရချေ။ အရှေ့ဘက် မြေပြန့် လွင်ပြင်မှ လူတိုင်း သည်၊ မိစ္ဆာ လမ်းစဉ်ကို ကျင့်ကြံကြ သူများ ဖြစ် သဖြင့်၊ ဒေါသကို ပိုင်ဆိုင်ထား ကြသည်။

ထို့ကြောင့် အရှိန် အဝါကို၊ ရုတ်သိမ်း ထားသော်လည်း၊ လေသံ၌ ဖော်ရွေမှု မရှိဘဲ၊ အမိန့်ပေးသံ ပေါက်နေ ခဲ့သည်။

“ လင်းယွန်... မင်း မကြား ဖူးလား၊ သခင်လေး ယန်မိုက မင်းရဲ့ ဝိညာဉ်ရေး ဓားကို မြင်ချင် နေတယ်။ ”

ယုဟိုရှင်းက ပြုံးရွှင်သော အမူ အရာဖြင့်၊ ဆိုလာသည်။ အရှေ့ဘက် မြေပြန့် လွင်ပြင်မှ ကျန် ပါရမီရှင် များမှလည်း၊ လင်းယွန်အား စိုက်ကြည့် လာကြ၏။

သူတို့ အမြင်၌ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် ရှိသော်မှ၊ လင်းယွန်မှာ နိမ့်ကျသော တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီးမှ၊ ဖြစ်နေဆဲ ပေပင်။

စိတ် အနှောင့် အယှက် ဖြစ်စေသော ယုဟိုရှင်းအား၊ လင်းယွန် ရင်၌ ချက်ချင်းပင် သတ်ပစ်ချင် စိတ်များ၊ ဖြစ်ပေါ် လာသည်။

ထို့အပြင် မိစ္ဆာ ကျင့်ကြံ သူများ အပေါ်၊ သဘောထား သေးသိမ်စွာ မုန်းတီး နေခြင်းမျိုး မရှိ သော်လည်း၊ ပြဿနာကို ဖန်တီး နေသော ယန်မိုအား၊ အမြင် မကြည် တော့ချေ။

သို့သော် ဤနေရာ၌ သတ်ဖြတ်ခြင်းကို တားမြစ် ထားသည်။ သူ့ဓား ကိုပင် မမြင်နိုင် သူ တစ်ယောက် အတွက်၊ ၎င်းအား မြည်းစမ်းရန် အရည် အချင်း မမီကြောင်း၊ အချိန် တန်က ယန်မို လာပေ လိမ့်မည်။

တစ်ဖက် လူ၏ လျစ်လျူရှုသော အသွင်ကြောင့်၊ ယန်မို တစ်ယောက် ဒေါသ ထွက်လာသည်။

“ မင်းက ပျင်းစရာ ကောင်းလိုက်တာ၊ စစ်ဆေးပွဲ ကာလ အတွင်း၊ မင်းငါ့နဲ့ မတွေ့တာ ပိုကောင်းမယ်၊ ... ”

“ ... မဟုတ်ရင် ဝိညာဉ်ရေး ဓား၊ ဆုပ်ကိုင်ထား ရင်တောင်မှ၊ မင်းက အမှိုက် ဆိုတာကို၊ ငါ ထုတ်ဖော် မိလိမ့်မယ်။ ”

သူ ထွက်သွား မှသာ မူဟန်နှင့် အခြား လူများ သက်သာရာ ရသွား ကြသည်။ ယန်မိုမှာ ကြောက်မက်ဖွယ် ကောင်းလွန်းပြီး သတ်ဖြတ် လိုသော ရည်ရွယ်ချက်မှာ၊ လူတိုင်း၏ နှလုံးသား ကို၊ အရိပ်လို မိုးထား ပေသည်။

“ ယန်မိုက မလွယ်ဘူး ... ၊ တော်ဝင် နယ်မြေရဲ့ ချန်ပီယံ ကတောင်၊ သူ့ ပြိုင်ဘက် မဖြစ် နိုင်ဘူး၊ ပယင်း တောင်မှာ မရမ်းကား ရဲပေမယ့်၊ မင်း သူ့ကို ... သတိထား ရမယ်။ ”

ချင်တူးက လေးနက်သော အမူအရာဖြင့် ပြောကြား လာသည်။ ထိုအချိန်တွင် ခြေသံများ ထပ်မံ ထွက်ပေါ် လာ၏။ ယင်းမှာ တော်ဝင် နယ်မြေ၊ ပါရမီရှင်များ ဖြစ်ပေသည်။

အဖွဲ့ကို ဦးဆောင် လာသူမှာ၊ မဟာမိတ် အဖွဲ့ဝင်၊ ဂိုကျန်းရှန် အမည်ရှိ လူလတ်ပိုင်း တစ်ဦး ဖြစ်သည်။

ဤစမ်းသပ်မှု၏ အဓိက အိမ်ရှင် ဖြစ်ပြီး၊ တာဝန်ခံ မဟာမိတ် အဖွဲ့ဝင်များ အနက်၊ ဒွါရ ခြောက်ပါးထက် မနည်း၊ ဖွင့်လှစ် ထားသော အသန်မာဆုံး ကောင်းကင် ဝိညာဉ် ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်သည်။

“ ကြည့်ရတာ လူစုံ နေပြီ ထင်တယ်။ ”

ဂိုကျန်းရှန်က လူတိုင်းကို ပေါ့ပေါ့ ပါးပါး ကြည့်ပြီး ပြုံးကာ၊

“ ကောင်းကင် လမ်းမှာ၊ မယုံနိုင် စရာ အခွင့်အရေး တွေနဲ့ ပြည့်နေတယ် ဆိုတာ၊ လူတိုင်း သိမယ်လို့ ယုံကြည်တယ်၊ ... ”

“ ... ငါတို့ရဲ့ ပယင်း ကမ္ဘာမှာ ဆိုရင်၊ ကောင်းကင် ဝိညာဉ် နယ်မြေကို ရောက်ဖို့ တောင်၊ အခက် အခဲ ရှိတယ်၊ ... ”

“ ... ဒါပေမယ့် ခွန်လွန် နယ်မြေ ကြီးက၊ အင်အားကြီး ဂိုဏ်းတွေရဲ့ အာရုံကို ဖမ်းစား နိုင်ရင်၊ အင်ပါရီယန် ဖြစ်ဖို့ ကိုတောင်၊ မင်းတို့ အတွက် လွယ်ကူ လာလိမ့်မယ်။ ”

သူ့စကား များက လူတိုင်း မျှော်လင့် နေသော အခွင့် အရေး သည်မို့၊ နှလုံးသွေးများ ပွက်ပွက်ဆူ လာကြသည်။

နောက်ဆုံးတွင် ပယင်း ကမ္ဘာ ကြီးမှာ၊ သေးငယ်လွန်း သဖြင့်၊ သူတို့ အတွက် ပျင်းစရာ ကောင်းလာ နိုင်ပေ၏။ ခွဲတမ်း ရှစ်ခုသာ ရရှိ ထားရာ၊၊ လူ အများက တိုက်ပွဲ ဝင်ရန် ဆန္ဒ ပြင်းပျလာ ကြသည်။

လင်းယွန်က ယွဲ့ဝေဝေ အနား လှမ်းတက် လိုက်ကာ၊ ဂိုကျင်းရှန် နောက်နားရှိ၊ အဖြူဝတ် လူငယ်ကို လှမ်းကြည့် လိုက်သည်။

ထိုလူငယ်မှာ နန်းဂွန်း ဝမ်းယူ ကိုပင်၊ ယှဉ်နိုင်သော လူချော တစ်ဦး ဖြစ်သည်။ ထို့ပြင် ယန်မိုထက် အားနည်းပုံ မပေါ် သောကြောင့်၊ လင်းယွန်က ပို၍ အာရုံစိုက် မိ၏။

အဆိုပါ လူငယ်သည် သူ့ ကျင့်ကြံမှုအား၊ ယန်မိုထက် ပို၍ ဖိနှိမ်ထား နိုင်ပုံ ရပြီး၊ တော်ဝင် နယ်မြေ၏ ချန်ပီယံ တစ်ပါး ဖြစ်သည်။ သူ့ နာမည်မှာ ဖန်ရှောင်ယု ဖြစ်၏။

ချင်တူး ထံမှ သူ့အကြောင်း၊ ကြားထား ဖူးသည်။ လင်းယွန်က အကြည့်ကို ပြန်လည် ဆုတ်ခွာ လိုက်ပြီး၊ အတွေးထဲ နစ်မျော သွားတော့၏။

ချန်ပီယံ တိုင်းမှာ၊ မည်သူမျှ လွယ်ကူခြင်း မရှိသောကြောင့်၊ စမ်းသပ်မှုတွင် သူ ထင်ထား သည်ထက်၊ များစွာ ခက်ခဲ နိုင်ပေမည်။

ထို့အပြင် ခွဲတမ်းမှာ ရှစ်ခု မျှသာ ဖြစ်သည်။ ယင်းကြောင့် သူ့ အကြည့် များက ယွဲ့ဝေဝေထံ ရုတ်တရက် ကျဆင်း သွား၏။

“ အစ်ကိုကြီး ယွန်၊ ခွဲတမ်းကို ငါ မရမှာ မင်းစိုးရိမ် နေတာလား။ ”

ယွဲ့ဝေဝေက လင်းယွန် အတွေးကို ခန့်မှန်း မိကာ၊ ပြုံးလျက် ပြန်မေး လိုက်သည်။

“ နည်းနည်းပါ ... ။ ”

လင်းယွန်က ပြန်ဖြေ၏။

“ ငါ့ အတွက် စိတ်မပူ ပါနဲ့ ... ၊ အစ်ကိုကြီး ယွန်၊ မင်းသာ ကောင်းကောင်း စွမ်းဆောင်နိုင် ရမယ်၊ မဟုတ်ရင် ခွဲတမ်းကို မင်းရမှာ မဟုတ်ဘူး။ ”

ယွဲ့ဝေဝေက ပြုံးလျက်၊ တုန့်ပြန် လိုက်သည်။ စကား စမြည် ပြောဆို နေစဉ်၊ ဖန်ရှောင်ယုက၊ ဂိုကျန်းရှန် အနားမှ ထွက်ခွာ လာကာ လာခဲ့သည်။

တည်နေရာပြောင်း အစီရင်ကို အသက် သွင်းရန်၊ အကြီးအကဲ များက အတူ တကွ စုရုံး အလုပ်ရှုပ် နေခဲ့ကြ သဖြင့်၊ ပြိုင်ပွဲဝင် လူငယ် များမှာ၊ အချိန် အားလပ် လာသည်။

“ မင်းက ပန်းသင်္ချိုင်း ဓားသမား လင်းယွန် မဟုတ်လား၊ မင်း ကတော့ ယွဲ့ဝေဝေ ဖြစ်မယ်၊ သူတို့ ပြောသလို မင်းက တကယ် လှတာပဲ။ ”

ဖန်ရှောင်ယု အနေဖြင့်၊ လင်းယွန်အား အသိအမှတ် ပြုခဲ့ရုံ သာမက၊ ယွဲ့ဝေဝေ အလှ ကိုလည်း၊ အလေးထား ပုံရ လေသည်။

ထို့ကြောင့် လင်းယွန်နှင့် ယွဲ့ဝေဝေမှာ၊ နှစ်ဦးသား အကြည့်ချင်း ဖလှယ်ကာ၊ ပြန်လည် ဦးညွှတ် လိုက်မိသည်။ ဖန်ရှောင်ယုမှ လင်းယွန် အပေါ်၊ အနည်းငယ် စစ်ဆေးပြီး၊

“ မင်းက ကောလ ဟာလ တွေထက် အများကြီး အားကောင်း တာပဲ။ ”

“ မင်းက ချီးကျူး လွန်း ပါပြီ။ ”

လင်းယွန်က သူ့ နှလုံးသား လေးလံသွား သလို ခံစားလိုက် ရသည်။ တစ်ဖက် လူမှာ သူ၏ လျှို့ဝှက်ချက် အချို့ကို မြင်တွေ့ ခဲ့ကြောင်း၊ နားလည် မိ၏။

ပေါ့ပေါ့ ပါးပါး နှုတ်ဆက် ပြီးနောက် ဖန်ရှောင်ယုက ပြုံးပြီး၊ တော်ဝင် နယ်မြေ အဖွဲ့ ထံသို့ ပြန်သွား ခဲ့သည်။

ထို့နောက် အကြီး အကဲ တစ်ဦးနှင့် စကားပြော နေတော့၏။ အကယ် ၍သာ တစ်စုံ တစ်ယောက် အနေဖြင့်၊ ၎င်းတို့ အနီး ရှိနေ ပါက၊ ဖန်ရှောင်ယု၏ ထိတ်လန့် နေသံကို သေချာပေါက် ကြားနိုင်မည် ဖြစ်သည်။

ဖန်ရှောင်ယုက လင်းယွန်၏ ခရမ်းရောင် နန်းတော် အတွင်းရှိ၊ ခိုင်မာ နေသော ယင်-ယန် စက်ဝိုင်းကို သတိပြု မိခဲ့ခြင်း ဖြစ်သည်။

“ အစ်ကိုကြီးရဲ့ ခွန်အားကို စစ်ဆေးဖို့ သူ လာခဲ့တာ ... ။ ”

ယွဲ့ဝေဝေက ဆိုသည်။

“ သူတို့က တကယ်ကို အများကြီး တေွးနေတယ်၊ ကောင်းကင်လမ်းကို ဝင်နိုင် ရင်တောင်၊ အသက်ရှင် နိုင်ရင်ပဲ ကံကောင်း နေပါပြီ။ ”

ဖန်ရှောင်ယု၏ နောက်ဆက်တွဲ၊ အဆိုပါ အမြင်များ ကိုမူ၊ ယွဲ့ဝေဝေမှ ပြန်လည် ဝေမျှ ပေးခြင်း မရှိ သဖြင့်၊ လင်းယွန် တစ်ယောက် မသိ ခဲ့ချေ။

သူသိ သည်မှာ၊ ဖန်ရှောင်ယု မှပင် အလေးထား လာရသည့် အတွက်၊ ယွဲ့ဝေဝေ၏ ခွန်အား အပေါ်၊ စိတ်ချ သွားခြင်း ဖြစ်သည်။

“ တည်နေရာပြောင်း အစီရင် ခင်းကျင်း ပြီးပြီ၊ စည်းမျဉ်းတွေ ကိုတော့ အားလုံး သိကြ မယ်လို့၊ ယုံကြည်တဲ့ အတွက် ထပ်မပြော တော့ဘူး၊ မင်းတို့ အခု ဝင်လို့ ရပြီ။ ”

ဂိုကျန်းရှန် စကားကို ကြားပြီးနောက်၊ ပြိုင်ပွဲ ဝင်တိုင်း ရှေ့သို့ လျှောက်လှမ်း လာခဲ့သည်။

“ မင်းတို့လည်း ဝင်လို့ ရပြီ။ ”

ချင်တူးက ခေါင်းညိတ်ကာ အချက်ပြ လိုက်သည်။ ကြုံတွေ့ ရမည့် အရာကို မသိ သောကြောင့်၊ သတိကြီး စွာဖြင့် လူတိုင်း ပြုမူ လာ၏။

လင်းယွန်က ယွဲ့ဝေဝေကို အရင်လွှတ် လိုက်ကာ၊ ယုဟိုရှင်းထံ တစ်ချက် ကြည့်သည်။ မျက်လုံးချင်း ဆုံချိန်၌၊ ယုဟိုရှင်းမှ ထူးခြားဟန် မပြချေ။

ထို့နောက် လူတိုင်း အစီရင် အတွင်း၊ ဝင်ရောက် ပျောက်ကွယ် သွားသဖြင့်၊ ဂိုကျန်းရှန် က၊

“ တောင်ထိပ် ကနေ ... ၊ သွားကြည့် ရအောင်။ ” -ဟု ဆိုလိုက်သည်။

ပယင်း တောင်၏ တောင်ထွတ်ဖျား တစ်နေရာတွင်၊ အခြားသော အစီရင် တစ်ခု ရှိသည်။

ထိုအစီရင်မှာ လက်ရှိ အစီရင်ထက် များစွာ ရှေးကျ၏။ ပြိုင်ပွဲဝင် များကို ဖယ်ထုတ် ခြင်းနှင့်၊ ရွေးချယ်ခြင်း တို့ကို ထိုအစီရင်မှ၊ အရောင် (၈) မျိုးဖြင့် တုန့်ပြန်မည် ဖြစ်သည်။

များ မကြာခင် ပြိုင်ပွဲဝင် နယ်မြေ များကို ရှင်းရှင်း လင်းလင်း မြင်နိုင်သော အစီရင် တစ်ခု လင်းလက် အသက်ဝင် လာ၏။

စမ်းသပ်ကွင်း ထဲရှိ လင်းယွန် အတွက် မှာမူ၊ အမြင် အာရုံများ ပြန်လည် ရရှိ လာချိန်တွင်၊ နံရံ အတွင်း မြှပ်နှံ ထားသော၊ မီးတိုင်များ အောက်၌၊ လမ်းကြောင်း တစ်ခုအား မြင်လိုက် ရသည်။

မိုပြာ နဂါး မူလ ပုံစံကို ထုတ်ဖော် လိုက်သည်နှင့်၊ လျှပ်စီးများ သူ့ ခန္ဓာကိုယ် အနှံ့ လင်းလက် လာ၏။

လျှောက်လှမ်း လိုက်တိုင်း၊ ဖြတ်ကျော် လာသော လေဟာနယ်မှာ ပြိုလဲ သွားသည်။ ဆိုလို သည်မှာ နောက်ပြန် ဆုတ်ရန် လမ်းမရှိ တော့ခြင်း ဖြစ်သည်။

အက်ကွဲ ကြောင်းများ လျင်မြန်စွာ ပျံ့နှံ့လာ သည်ကို မြင်သော အခါတွင်၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွားသည်။

“ ဝှစ် ... ။ ”

လက်နှစ်ဖက်ကို ဆန့်ထုတ်လျက်၊ ရွှေကျီးကန်း တစ်ကောင် အသွင် ပြေးတက်သွား လိုက်သည်။

လမ်း အဆုံး၌ ကြေးဝါ တံခါးကြီး တစ်ချပ်အား၊ ပိတ်လျက်သား တွေ့လိုက် ရသည်။ တွေးတောရန် အချိန် မရှိ တော့ သဖြင့်၊ လက်သီးချက် ပစ်ထုတ် လိုက်၏။

“ ဟိတ် ... ။ ”

တံခါး နောက်ကွယ်၌၊ မည်သည့် အရာများ စောင့်ကြို နေမည်ကို သူ မသိ သဖြင့်၊ အကြည့် များက ပို၍ စူးရှ လာတော့သည်။

စုစုပေါင်း စမ်းသပ်ခြင်း အဆင့်၊ (၃) ဆင့်ရှိ သဖြင့် ဤသည်မှာ၊ သူ ရင်ဆိုင် ရမည့် ပထမ အဆင့် ဖြစ်သည်။

ကောင်းကင် လမ်းသို့ ဝင်ရန်၊ ခွဲတမ်းကို ရယူမည် ဖြစ်သောကြောင့်၊ အတား အဆီးတိုင်း ဖြတ်ကျော် ရပေမည်။

“ ဝုန်း ... ။ ”

လက်သီး များက ကြေးတံခါး ကြီးကို မရေမတွက် နိုင်သော အပိုင်း အစများ အဖြစ်၊ ဖြိုခွဲ ပစ် လိုက်သည်။ အပိုင်း အစများ အတွင်း၌၊ သော့ တစ်ချောင်းကို တွေ့လိုက် သဖြင့်၊ လှမ်းယူ မိ၏။

ထို့နောက် တံခါးဝမှ ဖြတ်၍၊ တိုက်ခိုက် နေသော လူသုံး ဦးအား၊ လှမ်းမြင် လိုက်ရသည်။ ၎င်းတို့ (၃) ဦးမှာ တိုက်ပွဲအား ရပ်လျက်၊ လှည့်ကြည့် လာသည်။

အခန်း အတွင်း ခြေချလိုက် သည်နှင့်၊ အေးစက်စွာ လှည့်ကြည့် လာသော အကြည့် သုံးစုံကြောင့်၊ လေထုမှာ ချက်ချင်း တင်းမာ လာတော့သည်။

***

All Chapters