ပထမ အဆင့်။
Vol. 62 Ch. 858
ပယင်းတောင် ထိပ်ဖျားရှိ၊ မြင့်မြတ်သော မဟာမိတ် အဖွဲ့မှ အကြီးအကဲ များက ကြေးဝါ တံခါးကို ဖြိုခွဲ လိုက်သော လင်းယွန်ထံ၊ အာရုံစိုက် လာကြသည်။
“ တောင်ပိုင်း ရှေးဟောင်း နယ်မြေက ကောင်လေးတော့ ဒုက္ခရောက် နေပုံ ရတယ်။ ”
အနောက်ဘက် တောင်တန်း ဒေသ၏၊ တာဝန်ခံ အကြီးအကဲ ချန်းဟိုင်က ပြုံးကာ ဆိုသည်။
“ တကယ်ပဲ ... ၊ သူတို့ သုံးယောက်က လင်းယွန် အကြောင်း ကြားထား တာကြောင့်၊ အုပ်စုဖွဲ့ဖို့ စီစဉ် နေပုံပဲ။ ”
“ ဝိညာဉ်ရေး ဓားကို ဘယ်သူက လျော့တွက် ရဲမှာလဲ။ ”
“ ဒီကောင်လေးက သူ့ နယ်မြေကို နောက်တစ်ဆင့်ထိ၊ ရောက်အောင် စွမ်းဆောင် ပေးနိုင် လိမ့်မယ်၊ ... ”
“ ... အတိတ်မှာ ဆိုရင်တော့ ... ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေရဲ့ ချန်ပီယံကို ဘယ်သူမှ စိတ်ဝင်စား မိမှာ မဟုတ်ဘူး။ ”
“ ဒါက သတင်း ကောင်းပဲ ... ၊ အရင်ဆုံး ဒီဒုက္ခ ကနေ လွတ်အောင်၊ သူ လုပ်နိုင် ပါစေဦး။ ”
နယ်မြေ သုံးရပ်မှ မဟာမိတ် အကြီးအကဲ များမှာ၊ သဘာဝ အတိုင်း၊ လင်းယွန် အပေါ် ကောင်းမွန်သော အမြင် မရှိချေ။
ချင်တူးက ယင်းကို သတိထား မိပြီး၊ စိုးရွံ့ သွားသည်။ လင်းယွန်သာ ဖယ်ရှားခံ ရပါလျှင်၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေ တစ်ခုလုံး ပျက်သုဉ်း သွားနိုင်သည်။
မျက်နှာကျက် ပေါ်ရှိ ပုလဲ များကြောင့်၊ အခန်း အတွင်း လင်းထိန် နေသည်။ သတိ မမူ မိသော် ကြယ်ရောင်စုံ ကောင်းကင်ကြီး တစ်စင်း ကဲ့သို့၊ ထင်မိ စေ၏။
ခန်းမ အတွင်းရှိ၊ လူသုံးယောက်က လင်းယွန်ကို အေးစက်စွာ စိုက်ကြည့် နေဆဲ ဖြစ် သောကြောင့်၊ လေထုမှာ ပြောင်းလဲ လာသည်။
ခဏ အကြာတွင် အနောက်ဘက် တောင်တန်း ဒေသမှ အပြာဝတ် လူငယ်က၊
“ မင်းက လင်းယွန်လား၊ အဖော်မဲ့ ကောင်းကင် မြို့မှာ၊ မင်း အကြောင်း ငါကြားဖူး ထားတယ်၊ ... ”
“ ... နှစ်တစ်ထောင် အတွင်း ကောင်းကင် ဝိညာဉ် နယ်မြေ မရောက်မီ၊ ဝိညာဉ်ရေး ဓားကို ဆုပ်ကိုင် နိုင်တဲ့၊ ပါရမီရှင် ဆိုတာ ... ။ ”
“ စကား များ မနေနဲ့၊ မင်းကို ငါ မသိဘူး၊ မင်းတို့ သုံးယောက်က ငါ့ကို အုပ်စုဖွဲ့ တိုက်မို့ မဟုတ်လား၊ နာမည် ပြောပါ၊ နာမည် မရှိတဲ့ လူတွေကို ငါ စိတ်မဝင် စားဘူး။ ”
သူ့ စကား မဆုံးခင်၊ လင်းယွန်မှ ပြတ်ပြတ် သားသား စိန်ခေါ် လာသဖြင့်၊ သုံးယောက်သား ခေတ္တမျှ တိတ်ဆိတ် သွားသည်။
“ ဟား ဟား ဟား ... ညီအစ်ကို၊ မင်းက တကယ့်ကို ပွင့်ပွင့် လင်းလင်း သမားပဲ၊ ငါက အနောက်ဘက် တောင်တန်း ဒေသရဲ့၊ အဆင့် ငါး ပါရမီရှင်၊ ရှန်းဂွန် ချင်းဟောင်ပါ။ ”
အပြာဝတ် လူငယ်က ပြုံးလျက် ထုတ်ဖော် လာသည်။
“ မြောက်ပိုင်း ကုန်းမြေမြင့်ရဲ့ စတုတ္ထ အဆင့်၊ ဂွမ်လီ ... ။ ”
“ အရှေ့ဘက် မြေပြန့် လွင်ပြင်ရဲ့၊ တတိယ အဆင့်၊ ဇောင်ယု ... ။ ”
နောက်ဆုံး စကားပြော သူမှာ၊ လူသတ် ချင်စိတ် အပြည့်ဖြင့်၊ အေးစက်သော လေသံမျိုး ရှိသည်။
အကယ်၍ ဤနေ့သည် တစ်ချိန် ကသာ ဆိုပါက၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေကို ဖြုတ်ချရန်၊ လုံလောက်ကောင်း လုံလောက် ပေလိမ့်မည်။
သို့သော် လင်းယွန်နှင့် ပတ်သတ်သော သတင်း များကြောင့်၊ သူတို့ သုံးဦး အနေြဖင့်၊ သေချာမှု ရှိစေရန် လက်တွဲ မိခြင်း ဖြစ်သည်။
ရှန်းဂွန် ချင်းဟောင် မျက်နှာက၊ ချက်ချင်း လေးနက် လာပြီး၊
“ လင်းယွန် ... ၊ ငါတို့ သုံးယောက် လက်တွဲဖို့ စိတ်ကူး ထားတဲ့ အတွက်၊ မင်းမှာ အခွင့် အရေး မရှိ တော့ဘူး၊ မင်းရဲ့ ဝိညာဉ် ဓားက ပြင်းထန်တယ် ဆိုရင်တောင်၊ လက်လျော့ သင့်တယ်။ ”
“ မင်း မှားနေပြီ ... ၊ အမှိုက်တွေ လှဲထုတ် ရအောင်၊ ငါ့ ဝိညာဉ်ရေး ဓားက တံမြက်စည်း မဟုတ်ဘူး၊ ဆယ်ကြိမ် အတွင်း မင်းတို့ကို မရိုက် နိုင်ရင်၊ ငါ့ အရှုံးလို့ သတ်မှတ် လိုက်ပါ။ ”
“ ဘယ်လော်ကတောင် မောက်မာ လိုက်တဲ့ ကောင်လဲ။ ”
မျက်နှာများ နီရဲ သွားပြီး၊ မူလ စွမ်းအင်ကို ဖြန့်ထုတ်ကာ၊ လက်နက် ဆွဲကိုင်လျက် ချက်ချင်း ဝိုင်းရံ တိုက်ခိုက် လာ၏။
တိုက်ခိုက်မှု တိုင်းမှာ ပြင်းထန်လွန်း သောကြောင့်၊ လေဟာနယ် အပိုင်းပိုင်း ကွဲထွက် သွားစေ ခဲ့သည်။
ဆူညံသံ များက ခန်းမ အတွင်း ပဲ့တင်ထပ် သွား၏။ တစ်ဉီးချင်း စီ၏ အားနည်းချက် များကို လင်းယွန်မှ မြင်နေ ရသည်။
၎င်းတို့ သုံးဦးမှာ၊ တိမ်နဂါး ရတနာ သိုက်မှ ထွက်လာသော ယုဟိုရှင်းထက် အနည်းငယ် အားကောင်း ကြသည်။ သို့သော် သူ့ကို အနိုင် ယူရန် မလုံလောက် သေးခေျ။
လင်းယွန်က ဓားသုတ္တန် နှစ်ခုအား တစ်ချိန်တည်း၊ ဖြန့်ဝေ လိုက်သဖြင့်၊ ခရမ်း ပြာရောင် အဆင်းများ ထွက်ပေါ် လာသည်။
ဓားရောင်ခြည် နှစ်စင်း၊ သူ့အား လွှမ်းခြုံ သွားချိန်၌၊ လက်သီး ဆုပ်လိုက်ရာ၊ လက်မောင်း တစ်ဝိုက်၊ နဂါး တစ်ကောင် ရစ်ခွေ လာ၏။
“ ထွက် သွား စမ်း ... ။ ”
သည့်နောက် မိုးကြိုး ပစ်ချ လိုက်သကဲ့သို့၊ ကျယ်လောင်သော လေခွင်း သံများ ထွက်ပေါ် လာသည်။
ထိုလက်သီးကို ရင်ဆိုင်ရ ပြီးနောက်၊ လင်းယွန်မှာ ထင်ထား သည်ထက် ပို၍ သန်မာ လှကြောင်း၊ ဇောင်ယုတို့ သုံးဦး နားလည် လာသည်။
တိုက်ခိုက်မှုများ ပြိုကျ သွားသဖြင့်၊ ချက်ချင်း ပြန်ဆုတ်ပြီး၊ မြေပြင်ပေါ် ဆင်းသက် လိုက်ကာ၊ ထိတ်လန့် နေသော နှလုံးသား များကို၊ အမြန် ဖုံးကွယ် လိုက်ရသည်။
“ တတိယ အဆင့်၊ စတုတ္ထ အဆင့်နဲ့ ပဉ္စမ အဆင့် တဲ့လား ... ၊ တကယ့်ကို စိတ်ပျက် စရာ ပါပဲ ။ ”
လင်းယွန်က ပြိုင်ဘက် သုံးယောက်ထံ ကြည့်ပြီး၊ အထင်သေးစွာ ရေရွတ် လိုက်၏။
“ တောက် ... ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေက ကျေးတောသား၊ မင်း ဒီလို မာနကြီး ရအောင်၊ အရည်အချင်း မရှိသေး ပါဘူး။ ”
“ နောက် မဆုတ်နဲ့ ... ၊ အတူတူ သွား ရ အောင်။ ”
သုံးယောက်သား ခွန်အား အပြည့်ဖြင့်၊ နောက်တစ်ကြိမ် အားယူ လိုက်ကြ ပြန်၏။
“ ကြယ် ဖျက် ဓား ... ။ ”
ရှန်းဂွန် ချင်းဟောင် လက်ထဲရှိ ဓားမှာ၊ စတင် မြည်သံပြု လာပြီး၊ ဦးစွာ တိုက်ခိုက်လာ ခဲ့သည်။
ဓားဖျားမှ စူးရှသော အလင်းတန်း တစ်စ၊ တိုးထွက် လာကာ၊ ခန်းမ အတွင်းရှိ လေထုဖြင့်၊ ပေါင်းစပ် သွားစေသည်။
ဂွမ်လီ သည်လည်း၊ ရက်စက် ကောက်ကျစ်သော အသွင်ဖြင့်၊ တိမ် ရည်ရွယ် ချက်အား ဓားထံ ပေါင်းစပ် လိုက်သည်။
ကန့်သတ်ချက် ဆီသို့ တွန်းပို့ ထား သဖြင့်၊ တိမ် ရည်ရွယ် ချက်မှာ၊ ဝိညာဉ် ရေးဓား နီးပါး အစွမ်းထက် လာပြီး၊ ကောင်းကင်ကို နှစ်ခြမ်း ခွဲနိုင် မည်ဟု၊ ခံစား ရစေ၏။
ဇောင်ယု မှာမူ ခန္ဓာကိုယ် ကြွက်သားများ တွန့်လိမ်လျက်၊ မိစ္ဆာ အငွေ့ အသက် များကို ထုတ်လွှတ် လိုက်သည်။
ယင်းမှာ အစွမ်း ထက်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ဖြစ်ကြောင်း၊ သိမြင်နိုင် စေ၏။
“ သခင့်ဓား - တည်ငြိမ်သော ဓား။ ”
လင်းယွန်က ရှန်းဂွန် ချင်းဟောင် ရှေ့၌ ထွက်ပေါ် လာပြီး၊ လက်ချောင်း နှစ်ချောင်းကို ပူးလျက် ဓား အဖြစ် အသုံး ပြုကာ၊ လေထဲ ခုတ်ပိုင်း ချလိုက်သည်။
“ ဝှစ် ... ။ ”
ရှန်းဂွန် ချင်းဟောင်၏၊ ဓား အလင်းများ ချက်ချင်း ကွဲအက် သွားသည်။ လင်းယွန်က ရပ်တန့်ခြင်း မရှိ သေးဘဲ၊ လက်ချောင်း များကို ဆက်လက် တောက်ထုတ်ကာ၊ သူ၏ မူလ စွမ်းအင် အကာ အကွယ်အား၊ ထိုးဖောက် လာသည်။
“ ရွှပ် ... ။ ”
ထို့ကြောင့် ဓား အလင်းက ရင်ဘတ်ကို ထိမှန်ပြီး၊ သွေး တစ်လုတ် အန်ထုတ် လိုက်ရ၏။
“ ဖျက်ဆီးခြင်း မိုးတိမ်။ ”
ရှန်းဂွန် ချင်းဟောင်ကို တွန်းထုတ် နေစဉ်၊ ဂွမ်လီ၏ ဓားက လင်းယွန်ပေါ် ကျဆင်းလာ လေသည်။
ဓား ရောင်ခြည် များက သူ့အား ဝါးမျိုရန်၊ နဂါး တစ်ကောင် ကဲ့သို့ ကောင်းကင်မှ ဆင်းသက် လာတော့သည်။
“ နတ်ဘုရား ပုံရိပ်ယောင် ဓား — နှလုံးသား ချိတ်ဆက်မှု၊ ဝိညာဉ် ဓား။ ”
ကြောက်စရာ ကောင်းသော ဓားသွားကို ရပ်တန့်ရန်၊ နတ်ဘုရား ပုံရိပ်ယောင် ဓားအား ဆက်လက် အသုံးပြု လိုက်ရသည်။
ခန်းမ အတွင်းရှိ လေထုမှာ၊ ပြင်းစွာ တုန်လျက်၊ ပေါက်ကွဲ သံများ ထွက်ပေါ် လာပြီး၊ လျှပ်စီးများ လင်းလက် နေတော့၏။
ဤမြင်ကွင်းကြောင့် ဂွမ်လီမှာ၊ အံ့အားသင့် သွားသည်။
“ နတ်ဘုရား ပုံရိပ်ယောင် လက်ညိုး- အကြွင်းမဲ့ ထိမှန်ခြင်း။ ”
ယင်းကို လင်းယွန်က စိတ် မဝင်စားဘဲ၊ တိုက်ခိုက်မှု များအား ဆက်တိုက် ထုတ်ဖော် လိုက်သည်။
ခရမ်းရောင် ပွင့်ချပ် များက၊ သူ့ နောက်ကျောတွင် ပွင့်ချပ် ပင်လယ်ကြီး တစ်ခု သဖွယ်၊ စုရုံး ဖြစ်ပေါ် လာ၏။
ပွင့်ချပ် ပင်လယ် အတွင်းရှိ၊ လေနှင့် လျှပ်စီးများက၊ ဓား တစ်လက် အသွင် ပေါင်းစပ် သွားကာ၊ ဂွမ်လီအား နံရံပေါ် ချိတ်ဆွဲ ပစ်လိုက် တော့သည်။
“ အလင်း မိစ္ဆာ တိုက်ပွဲဝင် ခန္ဓာကိုယ် ... ။ ”
ဇောင်ယုက သားရဲ တစ်ကောင်လို အနား ရောက်လာသည်။ ခန္ဓာ ကိုယ်မှာ အဆ မတန် ဖောင်းပွ နေပြီး၊ လေးလံသော ဖိအားကို ထုတ်လွှတ် လာ၏။
“ ကလေးကွက် လေးတွေေ ... ။ ”
လင်းယွန်က ပြုံးလျက် သူ့ ခန္ဓာအား၊ လေထဲတွင် လှည့်ပတ်ကာ နဂါး တိုက်ပွဲဝင် ခန္ဓာ ကိုယ်ကို၊ ဖြန့်ကျက် လိုက်သည်။
“ ဝှစ် ... ။ ”
နဂါး ရူရ် ရာဂဏန်း နီးပါးသည်၊ သူ့ ခန္ဓာ ကိုယ်၌ အသက်ဝင် လာပြီး၊ ကြမ်းရှသော ရှေးဦး သားရဲ တစ်ကောင် အရှိန် အဝါမျိုး၊ ပေးစွမ်း လာ၏။
တစ်ပတ်ပြည့် သွားချိန်၌၊ ရက်စက် ကြမ်းကြုတ် လွန်းသော နဂါး တစ်ကောင် အသွင်၊ ချပ်ဝတ် တစ်ထည် ဖြစ်ပေါ် လာပေ သည်။
“ ဟိတ် ... ။ ”
ညာလက်အား ဆန့်ထုတ်ကာ၊ လေထဲ ကုပ်စွဲလိုက် သည်နှင့်၊ အပြာရောင် အဆင်းဖြင့်၊ နဂါး လက်သည်း တစ်ဖက်၊ ဇောင်ယုထံ ပျံထွက် သွားသည်။
နောက်တစက္ကန့်တွင်၊ နဂါး လက်သည်း ကြီး၏ ဖမ်းယူ ကိုင်ပေါက်ခြင်း ခံလိုက် ရသော ဇောက်ယုမှာ၊ အရိုးများ ကွဲအက်ကုန် သဖြင့်၊ နာကျင်စွာ ညည်းတွား သွားမိသည်။
ဤမြင်ကွင်းက ပယင်းတောင် ထိပ်တွင်၊ စောင့်ကြည့် နေသော မဟာမိတ် အဖွဲ့ဝင်များ အားလုံးကို၊ ထိတ်လန့် လာစေသည်။
အပျော် သဘော ဆောင်သော အကြည့် များမှာ၊ ချက်ချင်း ပျောက်ကွယ် သွားကုန်၏။ ချင်တူး သည်ပင် မျက်နှာ ပြောင်းလဲ သွားသည်။
တိမ်နဂါး ရတနာသိုက် အတွင်းမှ၊ လင်းယွန် တစ်ယောက် ကောင်းကောင်း ရိတ်သိမ်းနိုင် ခဲ့ပုံ ရ၏။
“ ကြည့်ရတာ မင်းတို့ ကောင်တွေကို၊ ငါ ပိုတွက်မိ နေပုံ ရတယ်၊ ဝိညာဉ်ရေး ဓား မဆိုနဲ့၊ ငါ့ဓား ထုတ်ဖို့တောင် မလိုဘူး။ ”
လင်းယွန်က မောက်မာ လွန်းသော အသွင်ကို၊ ပွဲစ သည်နှင့်၊ ထုတ်ပြ လာခဲ့သည်။ ပြိုင်ဘက် သုံးယောက် လုံးမှာ သနားစရာ ကောင်းသော အနေ အထားဖြင့်၊ စကား မဆိုရဲ တော့ချေ။
၎င်းတို့သည် သူတို့၏ နယ်မြေများ၌၊ ကျော်ကြားသည့် ပုဂ္ဂိုလ်များ ဖြစ်သောကြောင့်၊ ယုံကြည့်ချက် အပြည့်အ၀ ရှိလေသည်။
တောင်ပိုင်း ရှေးဟောင်း နယ်မြေရှိ၊ မည်သူ့ ကိုမျှ၊ မျက်လုံးထဲ မထည့် ခဲ့ဘဲ၊ ဝိညာဉ်ရေး ဓား ဆုပ်ကိုင် ထားသော လင်းယွန် အပေါ်ပင် မကြောက် ကြပေ။
“ မင်း အနိုင် ရတယ်။ ”
သည့်နောက် သူတို့၏ သော့ များကို လင်းယွန်ထံ ပစ်ပေး လိုက်ကြသည်။ လင်းယွန် နည်းတူပင် ကြေးဝါ တံခါးကို ဖြိုဖျက် ချိန်၌၊ သော့ တစ်ချောင်းစီ ရရှိထား ခဲ့သည်။
သော့ (၄)ချောင်း ပေါင်းစပ် လိုက်သည်နှင့်၊ နောက် အဆင့်သို့ တက်ရန်၊ သော့ တစ်ချောင်း ဖြစ်တည် လာတော့သည်။
***