ဘုရင်များ ဘယ်တော့မှ မဆုံနိုင်။
Vol. 62 Ch. 859
လင်းယွန်၏ စွမ်းဆောင်မှုသည် မြင့်မြတ်သော မဟာမိတ် အဖွဲ့ အကြီးအကဲ များကို ထိတ်လန့် စေခဲ့သည်။
မတူညီသော နယ်မြေ သုံးခုမှ ပါရမီရှင် သုံးဦးကို၊ ဝိညာဉ်ရေး ဓားပင် မသုံးဘဲ၊ လှုပ်ရှားမှု ငါးခု အတွင်း အနိုင်ယူ သွားသည်။
တောင်ပိုင်း ရှေးဟောင်း နယ်မြေ ကြီး၌ ဤသို့ ကောင်းကင်ကို အံတု နိုင်သော ဘီလူး မျိုး၊ မည်သည့် အချိန် ကတည်းက ရှိလာ ခဲ့သည် မသိချေ။
“ ချင်တူး ... ၊ လင်းယွန်ရဲ့ အသက်က (၁၈)နှစ်ပဲ ရှိသေးတယ် မဟုတ်လား၊ နယ်မြေ ငါးခုမှာ အသက် အငယ်ဆုံး ဖြစ်မယ် ထင်တယ်၊ ဒုတိယ အငယ်ဆုံး ကတော့ ဖန်ရှောင်ယုပဲ၊ သူ့ အသက်က နှစ်ဆယ် ရှိနေပြီ။ ”
ချင်တူးကို လှည့်ကြည့်ကာ ဆိုလိုက်သော စကားကြောင့်၊ ကျန်သူ များမှာ အံ့အားသင့် သွား ကြသည်။
“ အမှန် ပါပဲ ... ။ ”
ချင်းတူက ပြုံးလျက် ခေါင်းညိတ် လိုက်သည်။ လင်းယွန် စွမ်းဆောင် ရည်ကြောင့် သူအား မျက်နှာပွင့် စေသည်။
နယ်မြေ ငါးခုကို တာဝန်ယူ ရသော မဟာမိတ် အဖွဲ့သား များမှာ၊ အချင်းချင်း စည်းလုံး ညီညွှတ် ကြသော်လည်း၊ မည်သူ မဆို အားနည်းသည့် နယ်မြေ အပေါ်၊ တာဝန် မယူချင် ကြချေ။
ခေတ် အဆက်ဆက် တောင်ပိုင်း ရှေးဟောင်း နယ်မြေမှ အကြီး အကဲ များမှာ၊ အခြား နယ်မြေ လေးခု၏ လှောင်ပြောင် ခြင်းကို ခံခဲ့ ရသည်။
“ မကောင်း တော့ဘူး၊ ဒီကောင် လေးက ငါ့ ဇောင်ရွှမ် ဆီကို သွားနေပြီ။ ”
အနောက်ဘက် တောင်တန်း ဒေသ၏၊ တာဝန်ခံ အကြီး အကဲက အော်ဟစ် လာသည်။ တတိယ အဆင့် မတိုင်မီ ချန်ပီယံ နှစ်ယောက် တွေ့ဆုံခြင်း မျိုးမှာ ရှားပေ၏။
လင်းယွန်၏ ခွန်အားကို မမြင်ထား ပါက၊ ဤမျှ စိတ်လှုပ်ရှား မိမည် မဟုတ်ချေ။ အခြား နယ်မြေ၏ အကြီးအကဲ များမှာ၊ အနည်းငယ် စိတ် သက်သာရာ ရသွား ကြသည်။
ချန်ပီယံ မဟုတ် သ၍၊ လင်းယွန်ကို ရင်ဆိုင်ရ သူတိုင်း၊ ရှုံးနိမ့် မည်မှာ သေချာသည်။ အနောက်ဘက် တောင်တန်း ဒေသ၏ ဇောင်ရွှမ် သည်လည်း၊ လွယ်ကူသူ မဟုတ်ချေ။
ထို့ကြောင့် သူတို့ နှစ်ဦး တွေ့ဆုံ သွားပါက၊ အခြား သူများ အတွက် ခွဲတမ်း တစ်ခု ပိုထွက် လာနိုင် ပေမည်။
လင်းယွန်က (၄) ချောင်း ပေါင်းစပ် ပြီးနောက်၊ ကြေးဝါ တံခါးကို ဖွင့်ကာ၊ နောက် တစ်ဆင့်သို့ လှမ်းဝင် လိုက်သည်။
ရှေ့၌ မြင်လိုက် ရသည်မှာ၊ ကျယ်ဝန်းသော လမ်း ဖြစ်သည်။ ပထမ အကြိမ်တွင် ရုပ်ခန္ဓာကို စမ်းသပ်ပြီး၊ ယခု တစ်ကြိမ်၌၊ အမြင် အာရုံနှင့် ရွေ့လျားမှု အပေါ်၊ စမ်းသပ် ပေမည်။
လမ်း တစ်လျှောက်၌ လျှို့ဝှက် ယန္တရား များကို မြှပ်နှံ ထားသည်။ သို့သော် ဝိညာဉ်ရေး ဓား၏ စွမ်းပ ကားကြောင့်၊ သဘာဝ အတိုင်း ဖြတ်ကျော် လာနိုင် ခဲ့သည်။
များမကြာခင် ကြေးဝါ တံခါးပေါက် တစ်ပေါက် ရှေ့၌ ရပ်ကာ၊ စဉ်းစားခန်း ဝင်မိ သည်။
တံခါး နောက်ကွယ်၌ မတူညီသော နယ်မြေ များမှ၊ ပြိုင်ဘက်များ ရှိချေပြီ။ ကံကောင်း ပါက အားနည်း သူများ ဖြစ်နိုင်၏။
“ ကံ တရားလား ... ၊ ခွန်အား မရှိရင် အသုံး မဝင် နိုင်ပါဘူး။ ”
ထို့နောက် တံခါးကို ဖွင့်လှစ် လိုက်တော့သည်။ ခန်းမ အတွင်း အနည်းငယ် မှောင်ရိပ်သမ်း နေ၏။
“ ကျွှီ ... ။ ”
ယင်းက မျက်နှာ ကျက်တွင်၊ အမှုန် အမွှားများ ရစ်သိုင်း နေကာ၊ ပုလဲ အများ စုကို ဖုံးကွယ်ထား သောကြောင့် ဖြစ်လေသည်။
ထူးခြား နေသည်မှာ၊ တိတ်ဆိတ် နေခြင်း ဖြစ်သည်။ သူ တစ်ယောက်တည်း ရှိနေ သည်ဟု ပင်၊ ထင်မြင် လာမိ စေ၏။
အခန်း အတွင်း လှည့်ပတ်ကာ၊ ကြည့်ရှု နေသော လင်းယွန်ကို ကြည့်ပြီး၊ ပယင်းတောင် ပေါ်ရှိ လူအုပ်မှာ၊ စိတ်လှုပ်ရှား လာတော့သည်။
ချန်ပီယံ နှစ်ယောက် အနက် တစ်ယောက်မှာ၊ ဖယ်ထုတ် ခံရ တော့မည် ဖြစ်၏။
အမှောင် ထဲတွင် ဇောင်ရွှမ် ပုန်းကွယ် နေသည်ကို၊ သိထားသော ချင်တူး အနေဖြင့်၊ ပို၍ ရင်ခုန် လာတော့သည်။
“ ထူးဆန်းတယ် … ။ ”
ခန်းမ အတွင်း လှည့်ပတ် ကြည့်ပြီး၊ ဝိညာဉ်ရေး ဓားကို ဖြန့်ထုတ် လိုက်သည်။ စွမ်းအင် အတက် အကျ လှိုင်းများကို မခံစား မိသော်လည်း၊ အကြောင်း တစ်ခု ခုကြောင့် စိတ်မသက် မသာ ခံစား နေရသည်။
အသူရာ နဂါး မျက်ဝန်းကို အသုံး ပြုရန် စိတ်ကူးမိ သော်လည်း၊ ခြေစ လက်စပင် မမြင်ရ ပါက၊ ခက်ရ ပေမည်။
“ ဒီမှာ ... ဘယ်သူမှ တကယ် မရှိ ဖူးလား။ ”
ပို၍ အရေးကြီး သည်မှာ၊ ဝှက်ဖဲ တစ်ချပ်အား၊ နှစ်ကြိမ် ဆက်တိုက် မသုံး ချင်ပေ။
ထို့ကြောင့် ခန်းမ အတွင်း လှည့်ပတ် ကြည့်ရှု နေစဉ်၊ အားနည်းချက် အချို့ကို၊ ရည်ရွယ်ချက် ရှိရှိ ဖွင့်ထုတ် ခဲ့သည်။
၎င်းကို ဂရုစိုက် ထားသဖြင့်၊ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် နေကြောင်း၊ သတိထား မိမည် မဟုတ်ချေ။
ဆယ့်ငါး မိနစ် အကြာတွင်၊ လှမ်း လက်စ ခြေလှမ်း များကို၊ ရပ်ပစ် လိုက်သည်။ အခန်းထဲ မည်မျှ မရှိ သည်မှာ သေချာ၏။ သို့ မဟုတ်သော် ပြိုင်ဘက်မှ စမ်းသပ်ဆဲ ဖြစ်ကောင်း ဖြစ်နိုင် သည်။
စိတ်ချ လက်ချ ဖြစ်တော့မည့် အချိန်တွင်၊ ခေါင်းလောင်းသံ တစ်သံ ရုတ်တရက် ထွက်ပေါ် လာသည်။ ထို မြည်သံက သူ့ နားစည်ကို တဝုန်းဝုန်း လာရောက် ရိုက်ခတ်၏။
ခန်းမ တစ်ခုလုံး ကမောက် ကမ ဖြစ်စ ပြုလာပြီး၊ မြင်ကွင်း နှစ်ထပ် ဖြစ်သွားသည်။ မျက်နှာကျက် အလင်းကို ဖုံးကွယ် ထားသော၊ မြူများ လွင့်စင် သွားကာ၊ ပုံရိပ် တစ်ရိပ် ထွက်ပေါ် လာသည်။
ခေါင်းလောင်း သံကြောင့်၊ အနည်းငယ် မှင်တက် နေစဉ်၊ ထိုပုံရိပ်က လျင်မြန် လွန်သော အဟုန်ဖြင့်၊ သူ့အား တိုက်ခိုက် လာတော့သည်။
ခေါင်းလောင်း သံနှင့် အနက်ရောင် မြူ များကြောင့်၊ အမြင် အာရုံများ ဝေဝါး ရုံမျှသာ မကဘဲ၊ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက် ကိုပင် မစုစည်း နိုင်ခဲ့ပေ။
မျက်စိ မမြင်၊ နားမကြား၊ အားအင် ချိနဲ့ နေသော ဒုက္ခိတ တစ်ဦးနှင့် တူလာ၏။ ပို၍ ထိတ်လန့် စရာ ကောင်းသည်မှာ၊ မြူ ထဲမှ ရန်သူသည်၊ အချိန် ကောင်းကို စောင့်ကာ၊ ထုတ်ဖော် ထားသော အားနည်း ချက်ထံ၊ တိုက်ခိုက် လာခြင်း ဖြစ်သည်။
ဤသည်မှာ သူ့အား ချက်ချင်း သတ်ပစ် နိုင်သော လှုပ်ရှားမှု တစ်ခု ပေပင်။ ရန်သူ၏ တိုက်ခိုက်မှုက နဖူးကို ထိတော့မည့် အချိန်တွင်၊ ‘အသူရာ နဂါး မျက်လုံး’အား အသက်သွင်း လိုက်သည်။
သည့်နောက် မြူခိုး များဖြင့် ပုန်းကွယ် နေသော၊ ပြိုင်ဘက်အား မြင်နိုင် ရုံသာ မကဘဲ၊ ၎င်း၏ ဟာကွက်များ ကိုပါ၊ မြင်လိုက် ရသည်။
သို့သော် မူလ စွမ်းအင်နှင့်၊ ဝိညာဉ်ရေး ဓားကို ကန့်သတ်ခံ ထားရ သောကြောင့်၊ ရှောင်ရှားရန် နည်းလမ်း မရှိချေ။
“ အိုး ... အံ့ဩ စရာပဲ၊ မင်း ငါ့ကို မြင်ရ တယ်လား၊ ဒါလည်း ကောင်းပါတယ်၊ မင်းကို သတ်ခဲ့ တဲ့လူက၊ ဘယ်သူလဲ ဆိုတာ သိသွား တာပေါ့။ ”
ပြိုင်ဘက်က သူ့အား မြင်သော်မှ၊ ဇောင်ရွှမ်မှာ ထိတ်လန့်ခြင်း မရှိပေ။ အေးစက် သော အပြုံး တစ်ပွင့် နှင့်အတူ၊ အရှိန်ကို ထပ်မံ မြှင့်တင် လိုက်သည်။
“ ဝှစ် ... ။ ”
ထိုစဉ် ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် မီးတောက်များ၊ လျှပ်စီး စွမ်းအင် များနှင့် အတူ၊ လင်းယွန် လက်ဖဝါး ထက်၌ ထွက်ပေါ် လာသည်။
ဤသည်မှာ နဂါး ထွက်သက် ဖြစ်သည်။ ထို့ကြောင့် ဇောင်ရွှမ် တစ်ယောက် ထိတ်လန့် တုန်လှုပ် စွာဖြင့်၊ နောက်ဆုတ် လိုက်ရ၏။
တစ်ဆက်တည်း မှာပင်၊ သူ့နောက် ဆက်၍ လိုက်ပါ လာသော မီးတောက် များကို၊ ဖြိုခွဲပစ် လိုက်သည်။ သို့သော် မီးတောက်များ စွဲလောင်ခြင်း ခံလိုက် ရဆဲ ဖြစ်၏။
နဂါး ထွက်သက်က၊ ခန္ဓာကိုယ် တစ်ဝိုက်ရှိ မူလ စွမ်းအင် များကို ဝါးမျို လိုက်ကာ၊ အ၀တ် အစား အောက်ရှိ အရေပြား မှတဆင့်၊ အတွင်း အင်္ဂါ များထံ ကူးစက် လောင်ကျွမ်း လာသည်။
ထို့ကြောင့် လက်နှစ်ဖက်ကို ယမ်းခါပြီး၊ ခန္ဓာကိုယ် အတွင်း မူလ စွမ်းအင်များ ပေါက်ကွဲ စေလျက်၊ နဂါး မီးတောက်အား၊ တွန်းထုတ်ပစ် လိုက်သည်။
တစ်ချိန်တည်း မှာပင် သူ့ နောက်ကျော၌ ရွှေရောင် ခေါင်းလောင်းကြီး တစ်လုံး ဖြစ်ပေါ် လာ၏။
ထိုအချိန်တွင် လင်းယွန်၏ မျက်ဆန် အတွင်းရှိ မီးလျှံများ နေရာ၌၊ ဓား တစ်လက် အစားထိုး တောက်ပ လာခဲ့သည်။
အသက် အန္တရာယ်ဖြင့် နီးကပ်ခဲ့ သော်လည်း၊ ချန်ပီယံ ဟူသည် အလွယ်တကူ အနိုင်ယူ နိုင်သူ တစ်ဦး မဟုတ်ကြောင်း၊ ပြသ နိုင်ခဲ့သည်။
အတွေး တစ်ချက်ဖြင့်၊ ဓားကို ပြန်လည် စုစည်း နိုင်ခဲ့သည်။ ဇောင်ရွှမ်က သူ့ကို သတ်ချင် နေသဖြင့်၊ ရက်စက်မှု အပေါ်၊ အပြစ် မတင် သင့်ပေ။ သည့်အတွက် ပေးဆပ် ရပေမည်။
“ ဟား ဟား ဟား ... ၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေက ကောင်လေး၊ မင်း ငါ့ကို အနိုင်ယူ နိုင်မယ်လို့ ထင်နေလား ... ။ ”
နိမ့်ကျသော အနေ အထားဖြင့် ရှိနေ ခဲ့သော်လည်း၊ သူ့အား နဂါး မီးတောက်မှ ဒဏ်ရာ မပေးနိုင် ခဲ့ချေ။
တစ်ဖက်တွင် လုပ်ကြံ သတ်ဖြတ်မှုကို ရှောင်တိမ်း နိုင်ရုံဖြင့်၊ သူ့အား ရင်ဆိုင် နိုင်လိမ့် မည်ဟု၊ တစ်ဖက် လူက ထင်နေ ပုံရသည်။
ချန်ပီယံ နှစ်ဦး၏ တိုက်ပွဲကို၊ မဟာမိတ် အကြီး အကဲများ အားလုံး အာရုံစိုက် နေသည်။ သူတို့ အပြင်၊ ဖယ်ရှား ခံရသော ပြိုင်ပွဲဝင် အချို့ သည်ပါ၊ ရောက်ရှိ လာသည်။
ထိုသူများက အစီရင် အတွင်းရှိ တိုက်ပွဲကို ကြည့်ပြီး၊ အသက်ရှူ ကြပ်ကုန်သည်။ ချန်ပီယံ နှစ်ဦး စောစီးစွာ တွေ့ဆုံ ခြင်းဖြင့်၊ ကျန်ရစ်ခဲ့ သူများ၌၊ အခွင့် အရေး ရှိလာ နိုင်ပေမည်။
သို့သော် ပထမ အဆင့်နှင့် ဒုတိယ အဆင့်တွင်၊ ဖယ်ထုတ် ခံလိုက် ရသော မူဟန် ဝူရှောင်ရှင်း၊ ရှောင်စီယီနှင့် နန်းဂွန်း ဝမ်းယူ တိုမှာ၊ မပျော်ရွှင် ကြချေ။
“ ချန်ပီယံတွေ ဒီလောက် စောပြီး၊ မတွေ့ဆုံ ရအောင်၊ စည်းကမ်း သတ်မှတ်ချက်တွေ ရှိတယ် မဟုတ်လား။ ”
ဝူရှောင်ရှင်းက ညည်းတွား လိုက်သည်။
“ ဘုရင် အချင်းချင်း နောက်ဆုံး အကေျာ့ မတိုင်ခင်၊ မတွေ့ဆုံ ရတာ သဘာဝပါ၊ ဒါပေမယ့် ကောင်းကင်လမ်း ဝင်ခွင့် ကတော့ ဒါကို ဂရုစိုက်ပုံ မရဘူး။ ”
မူဟန်က ဝူရှောင်ရှှင်းအား တုန့်ပြန် လိုက်သည်။ ထိုစကားကို ကြားလိုက် သည်နှင့်၊ လင်းယွန်အား ရှုံးနိမ့် သွားသော၊ သုံးယောက်က ချက်ချင်း လှည့်ကြည့် လာသည်။
အထူး သဖြင့် ရှန်းဂွန် ချင်းဟောင်က၊ မူဟန်အား အထင် အမြင် သေးသေးစွာ လှမ်း ကြည့်ပြီး၊
“ တောသား တစ်ယောက်က ကိုယ့်ကိုယ်ကို ဘယ်လို အမွှန်းတင် ရမလဲ ဆိုတာ တကယ် သိတာပဲ၊ ... ”
“ ... တောင်ပိုင်း ရှေးဟောင်း နယ်မြေလို နယ်မြေက ချန်ပီယံကို၊ ဘုရင် အဖြစ် ဘယ်သူ ကများ သတ်မှတ် နေမှာလဲ ... ဟမ့် ။ ”
***