နှောင်း နောင်တ။
Vol. 62 Ch. 860
ရှန်းဂွန် ချင်းဟောင်၏ စကား များသည် မူဟန်၏ ဒေါသကို ချက်ချင်း နှိုးဆွ လိုက်သည်။ ထို့ကြောင့် နန်းဂွန်း ဝမ်းယူက၊ သူ့ ဂျူနီယာကို အချိန်မီ လှမ်းဆွဲ လိုက်ရ၏။
မြင့်မြတ်သော မဟာမိတ် အဖွဲ့မှ အကြီးအကဲ များစွာက စိုက်ကြည့် နေသဖြင့်၊ တုံ့ပြန်ရန် နည်းလမ်း မရှိချေ။
ထို့အပြင် မူဟန် အနေဖြင့် ရှန်းဂွန် ချင်းဟောင်ကို အနိုင်ယူ နိုင်မည် မဟုတ် သောကြောင့်၊ အရှက်ရ ပေလိမ့်မည်။
“ င ကြောက်လေး ... ။ ”
ရှန်းဂွန် ချင်းဟောင်က၊ အထင် အမြင် သေးစွာဖြင့် လှောင်ပြောင် သည်။ လင်းယွန်ကို ရှုံးနိမ့် ခြင်းကြောင့်၊ ဒေါသ ထွက်ပြီး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေအား အရှက် ခွဲရန် ကြိုးစား မိခြင်း ဖြစ်သည်။
“ တောင်ပိုင်း ရှေးဟောင်း နယ်မြေကြီး ဆိုတာ ပယင်း ကမ္ဘာရဲ့ အောက်ဆုံး အဆင့်မှာ၊ နှစ်ပေါင်း ထောင်ကျော် ရပ်တည် နေခဲ့တာ အစမ်းမှ မဟုတ် တော့တာ ... ၊ ”
“ ... မကြာခင် ငါတို့ အနောက်ဘက် တောင်တန်း ဒေသရဲ့၊ ချန်ပီယံ ဘယ်လောက် အားကောင်းလဲ ဆိုတာ၊ မင်းတို့လို တောသားတွေ သိရ ပါလိမ့်မယ်။ ”
“ တိရစ္ဆာန် ကောင် ... ။ ”
မူဟန်က ဒေါသထွက် နေသော်လည်း၊ မြိုသိပ် လိုက်ရသည်။ သူသာ တစ်ခုခု လုပ်ပါက၊ ရှန်းဂွန် ချင်းဟောင်၏ ထောင်ချောက် ထဲသို့ ကျရောက် သွားမည် ဖြစ်သည်။
ရှန်းဂွန် ချင်းဟောင်မှာ၊ အံကြိတ်လျက် ငြိမ်သက် သွားသော မူဟန်ကို လှမ်းကြည့်ပြီး၊ ကျေနပ် သွား၏။
သို့သော် ထိုအချိန် မှာပင် ပျစ်တွဲ စေးကပ် နေသည့်၊ အရည် အချို့ သူ့ ပါးပြင်ပေါ် ကျရောက် လာသည်။
ယင်းကို လက်ဖြင့် ‘တို့’ ကြည့် လိုက်ရာ၊ တစ်စုံ တစ်ဦး၏ ရွံစရာ ကောင်းသော တံတွေး အရည်များ ဖြစ်ကြောင်း၊ သိလိုက် ရသည်။
ချက်ချင်း မျက်နှာ ပျက်ယွင်း သွားပြီး၊
“ ငါ့ကို ဘယ်ကောင် တံတွေးနဲ့ ထွေးတာလဲ၊ ထွက်လာစမ်း ... ။ ”
-ဟု ဒေါသတကြီး အော်ဟစ် မိတော့သည်။
သူ့ အသံကြောင့် လူ များစွာက၊ လှည့်ကြည့် လာသည်။ မူဟန်နှင့် နန်းဂွန်း ဝမ်းယူပင် အံ့အားသင့် သွား၏။
“ ဘယ်ကောင်လဲ ... ၊ အခု ထွက်လာလို့ ငါ ပြောနေ တယ်လေ။ ”
ထိုသို့ အရှက် ခွဲခြင်းမျိုး တစ်ကြိမ်မျှ၊ မခံစားရ ဖူးသောကြောင့်၊ တည်ငြိမ်မှု ပျောက်ဆုံး သွားသည်။
အရူး တစ်ယောက်လို အော်ဟစ် နေစဉ်၊ နောက်ထပ် တံတွေးများ မျက်နှာပေါ် ထပ်ကျ လာ၏။
ထို့ကြောင့် ပတ်ဝန်း ကျင်ကို ဝေ့ကြည့် လိုက်ရာ၊ ရှဉ့် တစ်ကောင်မှ ပြုံးပြ နေသည်အား၊ မြင်လိုက် ရသည်။
“ တိရစ္ဆာန်ကောင် ... မင်း မဟုတ်လား၊ ငါ မင်းကို သတ်မယ် ။ ”
ချက်ချင်းပင် ဒေါသ တကြီး တိုက်ခိုက် လိုက်သည်။ သို့သော် နဂါးသွေး ရှဉ့်မှာ လျှပ်စီး ကဲ့သို့၊ အနောက်ဘက် တောင်တန်း ဒေသ၏ လူအုပ်ထဲ ပတ်ပြေး တော့သည်။
ပြေးနေ လျက်မှ နောက်ပြန် လှည့်ကြည့်ကာ၊ တံတွေးဖြင့် လှည့်ထွေး လာတက်သည်။ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ရှန်းဂွန် ချင်းဟောင် တစ်ယောက် ယောက်ယက်ခတ် လာတော့၏။
ပို၍ ဆိုးသည်မှာ နတ်ဆိုး သားရဲ တစ်ကောင်၏ ရယ်မော လှောင်ပြောင် နေသော အပြု အမူ ပေပင်။
“ အဲ့ဒါ ဘယ်သူ့ သားရဲလဲ၊ ဒီကောင် မလွယ်ဘူး၊ ဟား ဟား ဟား ... ။ ”
“ ဒါ ... လင်းယွန်ရဲ့ သားရဲ ဖြစ်မယ် ထင်တယ်၊ စမ်းသပ်ပွဲ မစခင် တုန်းက သူ့ပခုံး ပေါ်မှာ၊ တင်ထားတာ ငါ မြင်တယ်။ ”
“ ဟား ဟား ဟား၊ ဒါက ရယ်စရာ ကောင်းလိုက်တယ်၊ ရှန်းဂွန် ချင်းဟောင်ကို ကြည့်ပါဦး၊ အရူး တစ်ယောက်လို ပြေးလွှား နေရတယ်၊ ... ”
“ ... လင်းယွန်ကို ရှုံးခဲ့ ရုံတင် မကဘူး၊ နတ်ဆိုး သားရဲ တစ်ကောင်ရဲ့၊ အရှက် ခွဲခြင်း ကိုပါ ခံနေ ရတယ်။ ”
လူ အချို့၏ ရယ်မော ဝေဖန်သံ များကြောင့်၊ ရှန်းဂွန် ချင်းဟောင်မှာ ပို၍ အရှက်ရ လာသည်။
“ မင်း အခု ဘယ်ကို ပြေးမလဲ၊ ကြည့်ရအောင် ... ။ ”
ထို့ကြောင့် ရှန်းဂွန် ချင်းဟောင်က၊ ရွေ့လျားမှု နည်းစနစ်ကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်သည်။
သို့သော် ဖမ်းမိ တော့မည့် အချိန်တွင် နဂါးသွေး ရှဉ့်မှာ၊ လျှပ်စီး အသွင် ပြောင်းလဲပြီး၊ ချင်တူး ပခုံးပေါ် ရောက်ရှိ သွားသည်။
ယင်းက ရှန်းဂွန် ချင်းဟောင်၏ မျက်နှာ၊ ပြောင်းလဲ သွားကာ၊ ချက်ချင်း ကိုယ်ရှိန်သပ် လာမိ စေသည်။
နဂါးသွေး ရှဉ့်၏ တစ်ချောင်းတည်း၊ ခေါထွက် နေသော သွားနှင့် ပြုံးပြ နေသည်ကို မြင်သော အခါ၊ သည်းမခံ နိုင်သည့် အဆင့်သို့ ရောက်ရှိ လာသည်။
“ ပြန် လာ ခဲ့ ... ။ ”
ချန်ဟိုင်း၏ အသံက ရုတ်တရက် ထွက်ပေါ် လာသည်။
“ စီနီယာ ... ၊ ဒီကောင်က တံတွေးနဲ့ ထွေးတယ် ...။ ”
ရှန်းဂွန် ချင်းဟောင်က မကျေနပ် သံဖြင့် စောဒကတက် လိုက်သည်။ ထို့ကြောင့် ချန်းဟိုင် မျက်နှာမှာ ပျက်ယွင်း သွားပြီး၊
“ ပြန်လာခဲ့ ...၊ မင်း မျက်နှာကို လိပ်တစ်ကောင်လို မဝှက်ချင် သေးဖူးလား။ ”
-ဟု ဆိုလိုက်၏။
ကူကယ်ရာမဲ့ စွာဖြင့် နဂါးသွေး ရှဉ့်ထံ ကြည့်ကာ၊ လှည့်ပြန် လာမိသည်။ သို့သော် သူ ပြန်လှည့် နေစဉ်၊ တံတွေး တစ်လိပ်က နထင်ကို လာရောက် ထိမှန် ပြန်သည်။
“ ဝါး ဟား ဟား ဟား။ ”
ထိုမြင်ကွင်းကို မြင်လိုက် ရချိန်၌ လူအုပ်ကြီးမှာ တိုင်ပင် ထားခြင်း မရှိဘဲ၊ တပြိုင် နက်တည်း ရယ်မော လာကြ တော့၏။
ဒေါသကြောင့် အော့အန် လုနီးပါး ဖြစ်မိ သော်လည်း၊ ရှန်းဂွန် ချင်းဟောင်မှာ ဆက် မနေ ရဲတော့ပေ။ နဂါးသွေး ရှဉ့်၏ အထင် သေးသော အကြည့် အောက်တွင်၊ အံကြိတ်လျက် လှည့်ထွက် လာခဲ့သည်။
လူတိုင်းက ထိုအဖြစ် အပျက်အား၊ ‘သာမန်ကာ လျှံကာ’ မျှသာ ရယ်မော ကြပြီး၊ ချန်ပီယံ နှစ်ဦး၏ တိုက်ပွဲ အပေါ်သာ၊ အာရုံစိုက် ကုန်သည်။
ထို့ကြောင့် ရှန်းဂွန် ချင်းဟောင်မှာ အနည်းငယ် သက်သာရာ ရသွား၏။ သူလုပ်နိုင် သည်မှာ၊ လင်းယွန် အသတ် ခံရမည့် အချိန်ကို၊ စောင့်ကြည့် ရုံသာ ရှိချေသည်။
ချန်ပီယံ နှစ်ဦး၏ တိုက်ပွဲသည်၊ အထွတ်အထိပ်သို့ ရောက်ရှိ နေပြီမို့၊ လေထုက တင်းကြပ် လာသည်။
တဖြည်း ဖြည်းဖြင့် လင်းယွန်၏ သတ်ဖြတ်မှု အရှိန် အဝါမှာ၊ ခန်းမ အတွင်း ပြန့်နှံ့ လာတော့ သည်။
“ ကောင်လေး ... ၊ မင်းက ငါ့ စကားကို ယုံကြည် ပုံ မရဘူး ထင်တယ်။ ”
ဇောင်ရွှမ်က မျက်လုံးများ မှေးစင်းလျက်၊ လင်းယွန်ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
“ ကောင်လေး ... ။ ”
ထိုအသုံး အနှုန်းကြောင့်၊ လင်းယွန်က မျက်ခုံး ပင့်လျက် အေးစက်စွာ ပြုံးလိုက်သည်။
“ လူတွေက ငါ့ကို ဒီလို ခေါ်ရင်၊ ငါ မကြိုက်ဘူး၊ ဒါပေမယ့် အရေး မကြီး ပါဘူး၊ မင်း ငါ့ကို လုပ်ကြံတာ မအောင်မြင်တဲ့ အတွက် မင်းမှာ မျှော်လင့်ချက် မရှိ တော့ဘူး။ ”
သူ့ စကားကြောင့် ဇောင်ရွှမ်၏ အပြုံးမှာ၊ တဖြည်းဖြည်း မှိန်ဖျော့ သွားပြီး၊
“ ငါက ... တောင်ပိုင်း ရှေးဟောင်း နယ်မြေက၊ ကောင်လေး တစ်ယောက်ရဲ့ လျှော့တွက် တာကို တကယ်ပဲ ... ခံနေ ရတာ ပါလား၊ ... ”
“ ... ပယင်း ကမ္ဘာမှာ တောင်ပိုင်း ရှေးဟောင်း နယ်မြေက၊ ဘယ်အနေ အထား ရှိလဲ ဆိုတာ၊ မင်း မသိ သေးပါဘူး။ ”
ဇောင်ရွှမ်က ရှေ့သို့ တစ်လှမ်းတက် လိုက်ရုံဖြင့်၊ အနက်ရောင် မြူများ အတွင်း ပျောက်ကွယ် သွားတော့သည်။
“ ကောင်လေး လိုက်ရှာ မနေနဲ့ ငါဒီမှာ ... ။ ”
ဘယ်ဘက်၌ ဇောင်ရွှမ် အသံ ထွက်လာ သဖြင့်၊ လှည့်ကြည့် ခါနီးတွင် ညာဘက် ခြမ်းမှ၊ ရှေးဟောင်း ခေါင်းလောင်းသံ တစ်သံ ထွက်ပေါ် လာသည်။
တစ်ဖက် လူမှာ သူ့အား လျှော့တွက်ပြီး၊ တူညီသော လှည့်ကွက်ကို နှစ်ကြိမ် တိုင်တိုင် အသုံးပြု လာခဲ့၏။
ထို့ကြောင့် ဓားသုတ္တန် နှစ်ခုကို လှည့်ပတ် လိုက်ရာ၊ တောက်ပသော ဓားစက်ဝန်း တစ်ခု ထွက်ပေါ် လာသည်။
ထိုဓား စက်ဝန်းနှင့်၊ ခေါင်းလောင်း သံတို့ ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ ကြောက်မက် ဖွယ်ရာ၊ လှိုင်းများ ခန်းမ အတွင်း ပျံ့နှံ့ လာသည်။
ထို့နောက် ဇောင်ရွှမ် ထွက်ပေါ် လာပြီး၊ သူ့ တိုက်ခိုက်မှု များကို လင်းယွန်ထံ၊ ပို့လွှတ်လိုက် တော့သည်။
“ သနားစရာ ကောင်းတဲ့ လှည့်ကွက်တွေ ... ။ ”
၎င်းအတွက် ပြင်ဆင်ထား ပြီးသား ဖြစ်သဖြင့်၊ လင်းယွန်က တိမ်ပေါ် တက်လှမ်း ခြင်းကို၊ ထုတ်ဖော် လိုက်သည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ တိုက်ခိုက်မှု အတွင်းမှ လွတ်မြောက် သွားပြီး၊ လက်သီးဖြင့် ပြန်လည် ထိုးနှက် လိုက်သည်။
လက်သီးချက် တိုင်းတွင်၊ နဂါးဓား အရှိန် အဝါကို ပေါင်းစပ် ထားသဖြင့်၊ ဇောင်ရွှမ်အား ဆုတ်ခွာရန် တွန်းအား ပေးနိုင် ခဲ့သည်။
ပေါက်ကွဲ နေသည့် လက်သီး များကို ကြည့်ပြီး၊ ဇောင်ရွှမ် တစ်ယောက် မျက်လုံးပြူ သွား၏။ တစ်ဖက် လူမှာ ဤမျှ အစွမ်းထက် နေလိမ့် မည်ဟု မထင်ခဲ့ မိပေ။
ယင်းကြောင့် သူ့ခန္ဓာ ကိုယ်အား အနက်ရောင် မြူများ အတွင်း၊ ပို၍ နစ်မြုပ်စေ လိုက်သည်။
“ ကောင်လေး... ၊ မင်းက အရမ်း အားနည်း နေသေးတယ်၊ ဟား ဟား ဟား ... ။ ”
ခန်းမ အတွင်း ကြောက်မက်ဖွယ် ကောင်းသော ရယ်မော သံများ ပဲ့တင်ထပ် လာသည်။ အနက်ရောင် ‘မြူ’ များကို စုရုံး စေပြီး၊ သူ့ လက်အား ဆန့်ထုတ် လိုက်၏။
အနက်ရောင် မြူ များက၊ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာ လက်ကြီး တစ်ဖက် အဖြစ်၊ ထင်ရှား လာသည်။
အဆိုပါ အနက်ရောင် လက်ကြီးသည်၊ အလင်းများ အားလုံးကို စုပ်ယူလိုက် သဖြင့်၊ ခန်းမ အတွင်း အမှောင် ကျသွားသည်။
ထို့နောက် မယုံ နိုင်ဖွယ် ကောင်းသော အဟုန်ဖြင့်၊ လင်းယွန်၏ ဦးခေါင်း ထံသို့ တိုးဝင် လာသည်။ ဤတိုက်ခိုက် မှုသာ ထိမှန် မိပါက၊ ဦးခေါင်း ပွင့်ကာ၊ သေဆုံး ရပေမည်။
သို့သော် လင်းယွန်က ဇောင်ရွှမ်ထက် ပိုမြန်၏။ အနက်ရောင် မြူများက လက်အဖြစ် မပြောင်း လဲမီ၊ လှည့်ကြည့် လိုက်သည်။
“ ထာဝရ နဂါးဓား အရှိန်အဝါ ။ ”
ခန်းမ တစ်ခုလုံး ပြည့်နှက် သွားစေသည့် ဓားရောင်ဝါအား ထုတ်လွှတ် လိုက်သည်။ မီတာ သုံးဆယ်ခန့် ရှည်သော အပြာရောင် နဂါးကြီး တစ်ကောင်၊ သူ့ နောက်၌ ဖြစ်တည် လာပြီး၊ တည်မြဲခြင်း ရောင်ဝါ အချို့၊ တောက်ပ သွား၏။
ဝိညာဉ်ရေး ဓားကို၊ အသုံး မပြု ခဲ့ဘဲ၊ ဤရောင်ဝါဖြင့် ပေါင်းစပ် ထားသော လက်သီး တစ်ချက်အား၊ မြူ အတွင်းရှိ ဇောင်ရွှမ် ရင်ဘတ်ထံ၊ ထိုးချ လိုက်သည်။
“ ဝှစ် ... ။ ”
ဇောင်ရွှမ် တစ်ယောက် ခြေလှမ်း အနည်းငယ်ခန့် နောက်ပြန်ဆုတ် လိုက်ရသည်။ ယင်းသည် ဝိညာဉ်ရေး ဓား ပင်လော။
“ ဝိညာဉ်ရေး ဓား ရည်ရွယ်ချက်က တစ်ကယ့်ကို ကြောက်စရာ ကောင်းပါတယ်၊ ဒါပေမယ့် မင်း ငါ့ကို တားဖို့ ဒီလောက်လွယ်မှာ မဟုတ်ဘူး၊ ကံကြမ္မာ ကိုယ်ခံ ပညာ- ကောင်းကင် မှတ်စု ခေါင်းလောင်း။ ”
အလယ် အလတ် ကံကြမ္မာ ကိုယ်ခံ ပညာအား၊ ကန့်သတ် ချက်သို့ တွန်းပို့ နေစဉ်၊ သူ့ နောက်၌ ရှေးဟောင်း ခေါင်းလောင်း တစ်ခု ဖြစ်ပေါ် လာသည်။
ဝိညာရေ ဓားဟု ယူဆ မိသော ထာဝရ နဂါး ဓားကို တွန်းလှန်ရန်၊ ထိုခေါင်းလောင်း ကြီးအား ဆင့်ခေါ် လိုက်ခြင်း ဖြစ်၏။
“ ကံကြမ္မာ ကိုယ်ခံ ပညာလား၊ အဲဒါက မင်း အားကိုး နေတဲ့ ဝှက်ဖဲလား။ ”
လင်းယွန်၏ မျက်လုံးများ တောက်ပ လာပြီး၊
“ ဒါကို ... ဝိညာဉ်ရေး ဓားလို့၊ မင်း ထင်နေ တာလား ... ၊ တောင်တန်း ဒေသ ကြီးရဲ့ ဘုရင် တစ်ပါးက၊ ဝိညာဉ်ရေး ဓား ကိုတောင် မသိတဲ့၊ ဖားငယ်လေး တစ်ကောင်ပဲ ... ။ ”
အော်ဟစ် လှောင်ပြောင် ပြီးနောက်၊ ဝိညာဉ်ရေး ဓားကို ထုတ်လွှတ် ပြသ လိုက်သော အခါတွင်၊ အနက်ရောင် မြူ များကို ချက်ချင်း ပြိုကျ သွားစေသည့် ဓား အလင်းများ၊ ဖြာထွက် လာသည်။
ထို့နောက်တွင် ကြမ်းပြင် တစ်ခုလုံး တုန်ခါ သွားပြီး၊ လင်းယွန် ခန္ဓာ ကိုယ်မှ ထက်ရှသော ဓားတစ်လက် ထွက်ပေါ် လာ၏။
၎င်းသည် ကောင်းကင်နှင့် မြေကြီးအား ပေါင်းစပ် နေသည်ဟု ထင်မြင်လာ မိစေ၏။ ထို့နောက် ဇောင်ရွှမ်၏ ရှေးခေါင်းလောင်း ကြီးကို၊ ထိုးဖောက် လိုက်တော့သည်။
“ သေစမ်း ... ။ ”
ဓား အလင်းများ အောက်တွင်၊ ဇောင်ရွှမ် တစ်ယောက် ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်း လာ သည်ကို၊ သတိထား မိလိုက်၏။
“ လာ ဦး ... ။ ”
လင်းယွန်က လက်သီးကို ဖြည်ကာ၊ ဇောင်ရွှမ် လည်ပင်းကို လှမ်းကိုင် လိုက်သည်။
“ မဟုတ်ဘူး ... ၊ မဟုတ်ဘူး … ။ ”
အမြင် ရသော လက် တစ်ဖက်က၊ သူ့ လည်ပင်းအား လာရောက် ဆုပ်ကိုင် သကဲ့သို့၊ ခံစားလိုက် ရသဖြင့်၊ ဇောင်ရွှမ်မှာ ထိတ်လန့် တကြား အော်ဟစ် လိုက်သည်။
“ လူတွေက ... ၊ ငါ့ကို ကောင်လေးလို့ ခေါ်ရင် မကြိုက် ဖူးလို့၊ ငါ မင်းကို သတိပေး ခဲ့တယ် မဟုတ်လား၊ အထူး သဖြင့် မင်းလို ဝိညာဉ်ရေး ဓားတောင် မသိတဲ့၊ အမှိုက် တစ်စက ခေါ်ရင်၊ ငါ ပိုမုန်းတယ် ... ။ ”
စကားဆုံး သည်နှင့် လက်သီးဖြင့် ထိုးချ လိုက်သည်။ အမြင်အာရုံ အတွင်း တဖြည်းဖြည်း ကြီးမား လာသော လက်သီးကို ကြည့်ကာ၊ ဇောင်ရွှမ် တစ်ယောက် နောင်တများ ပြည့်နှက် လာသည်။
ကောင်းကင်လမ်း ဝင်ခွင့် မရခဲ့ လျှင်ပင်၊ သူ့ ခွန်အားဖြင့် စိတ်ပူ နေစရာ မရှိချေ။ သူ့၌ အခြား နည်းလမ်းများ ရှိပေသည်။
ယခုမူ ထို့ထက် ပို၍ မတွေးတော့ နိုင်တော့ဘဲ၊ အာကာပြင် တစ်ခုလုံး အစိတ်စိတ် အမွှာမွှာ ကွဲထွက် သွားတော့သည်။
“ အုန်း ... ။ ”
ဦးခေါင်းခွံ ကြေမွ သွားသော ခန္ဓာကိုယ် ကြီးအား၊ အမှိုက် တစ်စ ကဲ့သို့၊ နံရံထံ ပစ်ပေါက် လိုက်သည်။ ကျင့်ကြံခြင်း လမ်း၌ ရန်သူများ အပေါ်၊ သနား ငဲ့ညှာခြင်း မပြု နိုင်ချေ။
ပယင်း တောင်ထိပ် ဖျားကို၊ ဖြတ်တိုက် လာသော လေညင်းများ နှင့်အတူ၊ မဟာမိတ် အဖွဲ့ဝင် များမှာ၊ တိတ်ဆိတ်သွား တော့သည်။
***