ကံကြမ္မာ တိုက်ပွဲ။
Vol. 62 Ch. 861
ပယင်းတောင် ပေါ်ရှိ လူများ အားလုံး ခေါင်းမဲ့ နေသော အလောင်းကို ကြည့်ကာ၊ ထိတ်လန့် သွားသည်။
မြင့်မြတ်သော မဟာမိတ် အဖွဲ့၏ အမြင် အရ၊ လင်းယွန်တွင် အနိုင် ရရန်၊ အခွင့် အရေး (၅၀%) ခန့် ရှိ၏။
ထို့ကြောင့် ဇောင်ရွှမ်မှာ လင်းယွန်ကို သတ်နိုင် မည် မဟုတ်ကြောင်း သူတို့ သိသည်။ ချန်ပီယံ များတွင် နယ်မြေ တစ်ခု လုံး၏ ကံကြမ္မာ ရရှိထား သဖြင့်၊ သတ်ရန် မဆိုနှင့်၊ ပြတ်ပြတ် သားသား အနိုင်ယူ ရန်ပင်၊ မလွယ် ကူချေ။
သို့သော် လင်းယွန် မှ သတ်လိုက်သော အခါတွင်၊ မယုံ နိုင်စရာ ဖြစ်လာ ခဲ့သည်။
“ ဒါက ... ဘယ်လို ဖြစ်ရ တာလဲ။ ”
အနောက်ဘက် တောင်တန်း ဒေသ၏၊ တာဝန်ခံ ချန်းဟိုင်က အံ့အားသင့် သွားသည်။ ရလဒ် အပေါ် မယုံကြည် နိုင်ချေ။
“ သေသွား တာလား။ ”
ရှန်းဂွန် ချင်းဟောင်မှာ၊ ပါး ပိတ်ရိုက် ခံလိုက်ရ သကဲ့သို့၊ မျက်နှာ ပျက်ယွင်း လာပြီး၊ ထိတ်လန့် သွားသည် ။
လင်းယွန်သာ ဆန္ဒ ရှိပါက၊ သူ့အား သတ်ပစ်နိုင် သည်ကို၊ သိရှိ လိုက်၏။ နာကြည်း ဒေါသများ အားလုံးမှာ၊ ဟာသ ဖြစ်နေ ပေသည်။
သေခြင်း တရားနှင့် မည်မျှ နီးကပ် ခဲ့မှန်း မသိဘဲ၊ အရူး တစ်ယောက် ကဲ့သို့ ပြုမူ နေမိ သည်။
ဇောင်ယုနှင့် ဂွမ်လီ သည်လည်း၊ ကြောက်ရွံ့မှုကြောင့်၊ လေဖျား လက်ဖျားများ အေးစက် လာသည်။
“ ဟား ဟား ဟား ... ချင်တူး၊ ကြည့်ရတာ တောင်ပိုင်း ရှေးဟောင်း နယ်မြေက၊ တကယ်ကို တိုးတက် လာတော့မယ့် ပုံပဲ။ ”
ဂိုကျန်းရှန်က ပြုံးရွှင် စွာဖြင့်၊ ချင်တူးထံ ကြည့်ကာ ဆိုသည်။ ဇောင်ရွှမ်ကို သတ်နိုင်သည့် အတွက် လင်းယွန်မှာ၊ ပို၍ သန်မာ သည်ဟု ဆိုနိုင်၏။ ဖန်ရှောင်ယုထက် အားနည်း နိုင်မည် မဟုတ်ချေ။
“ သူ ကံကောင်း သွားလို့ပါ ... ။ ”
ချင်တူးက ပြုံးကာ ဖြေလိုက်သည်။ လင်းယွန်မှာ ခွဲတမ်း မရရှိ သေးသဖြင့်၊ အရာ အားလုံး မပြောနိုင် သေးချေ။
ဂိုကျန်းရှန် စကားကြောင့်၊ မဟာမိတ် အဖွဲ့ဝင်များက၊ ချင်တူးထံ လှည့်ကာ၊ ဂုဏ်ပြု စကား ပြောလာ ကြသည်။
သူတို့၏ အမြင်အရ လင်းယွန်မှာ၊ ခွဲတမ်း ရယူရန် ပြဿနာ မရှိ တော့ချေ။ ဇောင်ရွှမ်ကို သတ်ပြီးနောက်၊ ၎င်းအား မရယူ နိုင်ပါက၊ အလကား ဖြစ်သွား ပေလိမ့်မည်။
မူဟန်နှင့် အဖွဲ့သား များမှာ၊ အဆိုပါ မြင်ကွင်းကို ကြည့်ပြီး၊ ပြုံးရယ် မိကြသည်။ သူတို့အား ထုတ်ပယ်ခြင်း ခံရ သော်လည်း၊ လင်းယွန်ကြောင့် ဂုဏ်တက် စေသည်။
သူတို့ အားလုံးသည် လင်းယွန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသဖြင့်၊ အထူး ပျော်ရွှင်မိ သည်မှာ သဘာဝ ပေပင်။
တစ်ဖက်တွင် လင်းယွန်က ပို၍ အန္တရာယ် များသော လမ်းကြောင်းပေါ် ခြေချ လိုက်သည်။ ဤတစ်ကြိမ် စတုတ္ထတန်း ဝိညာဉ် ရေးရာ ဆရာ သခင်များ၊ ခင်းကျင်း ထားသည့် လျှပ်စီး အစီရင် ဖြစ်၏။
စတုတ္ထတန်း ဝိညာဉ် ရေးရာ ရူရ် များကို၊ အဆင့်မြင့် ဝိညာဉ် ရေးရာ ရူရ် များဖြင့်၊ ဖွဲ့စည်း ထားသော်လည်း၊ လင်းယွန်မှ ဖြတ်ကျော် နိုင်ခဲ့သည်။
မကြာမီ ကြေးဝါ တံခါး တစ်ချပ်ဖြင့်၊ ပိတ်နေသော လမ်း အဆုံးသို့ ရောက်ရှိ လာခဲ့ သည်။
ဤတံခါးမှာ ရွှေရောင် ငှက်များ အသွင် ရေးဆွဲ ထားသော၊ ဝိညာဉ် ရေးရာ ပန်ချီကား တစ်ချပ် ဖြစ်သည်။
“ ဝိညာဉ်ရေး ပန်းချီကား ... ။ ”
မျက်လုံး များကို မှိတ်လျက်၊ ပန်းချီကား အပေါ်၊ ပြန်လည် သုံးသပ်ကာ၊ အသက်ပြင်းပြင်း ရှူလိုက်သည်။
သည်နေရာသို့ ရောက်ရန် အချိန် အချို့ ဖြုန်းခဲ့ ရသဖြင့်၊ ပြိုင်ဘက်မှာ တံခါး နောက်သို့ ကြို၍ ရောက်ရှိ နေနိုင်သည်။
ထို့ကြောင့် လက်ကို ဝိညာဉ် ရေးရာ ပန်းချီကားပေါ်၊ တင်လိုက်သည်။ ငှက်များ ပျံတက် သွားပြီး၊ တံခါး ပွင့်လာ၏။
သတိကြီး စွာဖြင့်၊ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ တူညီသော အမှားမျိုး ထပ်မံ ကျူးလွန် မိမည် မဟုတ်ချေ။
ထို့ကြောင့် ခန်းမ အလယ်သို့၊ ရောက်ရှိရန် အချိန် အတော် ကုန်ခဲ့သည်။ ထင်မြင် ချက်မှာ မှန်ကန် နေပေပြီ။ သူ့အား စောင့်နေသူ ရှိသည်။
မျက်နှာကြက်မှ ဖြာကျ နေသော အလင်းများ အောက်တွင်၊ လူ တစ်ယောက် ရပ်နေ သည်။ ထိုသူ ထံမှ မိစ္ဆာ အငွေ့ အသက် ကို၊ ခံစား လိုက်ရ သဖြင့်၊ ယန်မို ဖြစ်မည်ဟု၊ ခန့်မှန်း မိ၏။
ယန်မို သည်လည်း၊ လင်းယွန်အား မြင်လိုက်ရ သဖြင့့်၊ အနည်းငယ် တွေဝေ အံဩ သွားသည်။
သို့သော် ပြိုင်ဘက် တိုင်းကို၊ အနိုင်ယူ နိုင်မည်ဟု ယုံကြည်ချက် ရှိလေရာ၊ မျက်နှာ ပြောင်းလဲခြင်း မရှိပေ။
“ လင်းယွန် ... ၊ ငါတို့က တိုက်ခိုက်ဖို့၊ ကံကြမ္မာ ပါလာပုံ ရတယ်၊ ကောင်းကင်လမ်း ပေါ် မတက်ခင်၊ ဝိညာဉ်ရေး ဓား၊ ဘယ်လောက် စွမ်းလဲ သိချင်တဲ့၊ ငါ့ရဲ့ ဆန္ဒတွေ ပြည့်ရပြီ။ ”
ယန်မိုက ပြုံးကာ၊ လင်းယွန်အား အလေးအနက် မထား ဟန်ဖြင့်၊ ဆိုလိုက်သည်။
“ မင်းက အရည် အချင်း မီတယ် ထင်နေလား။ ”
လင်းယွန်မှ ပြုံးလျက် မေးလာသည်။
“ ဒါပေါ့ ... ၊ မင်းက သန်မာကောင်း သန်မာနိုင် ပေမယ့် ... ၊ ငါနဲ့ တွေ့ရတာ ကံဆိုး တယ်။ ”
ယန်မိုက လျစ်လျူရှု ဟန်ဖြင့်၊ ပြောလိုက်သည်။ ဤအခိုက် အတန့်တွင် သူ့ ဝန်းကျင်၌ နက်နဲပြီး၊ နားမလည် နိုင်သော ရောင်ဝါများ တောက်ပ လာ၏။
“ သေမင်း နတ်ဘုရား ယန်မို။ ”
မဟာမိတ် အဖွဲ့သား များမှာ၊ အခန်း ထဲရှိ လင်းယွန်၏ နောက်ဆုံး ပြိုင်ဘက်ကို မြင်သော အခါတွင်၊ အံ့ဩ ကုန်ကြသည်။
“ ဘာဖြစ် နေတာလဲ၊ သူက ဘာလို့ နောက်ထပ် ချန်ပီယံနဲ့၊ ထပ်တိုး ရတာလဲ။ ”
“ ချန်ပီယံ နှစ်ယောက်နဲ့ ... ၊ ဆက်တိုက် တွေ့ဆုံ ရအောင်၊ သူ့ ကံက တကယ် ဆိုးတယ်။ ”
ထိုအချိန်တွင် ဂိုကျန်းရှန်၏ မျက်လုံးများ တဖျပ်ဖျပ် တောက်ပ လာပြီး၊ တဟားဟား အော်ဟစ် ရယ်မော လိုက်တော့သည်။
“ ဟား ဟား ဟား ... ၊ စိတ်ဝင်စားဖို့ ကောင်းတယ်၊ တစ်ချိန် တုန်းက ဓားဂိုဏ်းကို လုပ်ကြံဖို့၊ အလင်း အမှောင် လမင်း ကမ္ဘာက အခြား နယ်မြေ တွေနဲ့ ပူးပေါင်းခဲ့ ဖူးတယ်၊ ... ”
“ ... အနောက်ဘက် တောင်တန်း ဒေသနဲ့၊ အရှေ့ဘက် မြေပြန့် လွင်ပြင် တို့က၊ ဒီအရေးမှာ နက်နက် ရှိုင်းရှိုင်း ပါဝင် ပတ်သတ် ခဲ့တယ်၊ ... ”
“ ... ဒီလင်းယွန်က၊ ယုဟိုရှင်းကို သတ်လု နီးပါး ရိုက်နှက် ခဲ့ပြီး၊ တောင်ပိုင်း ရှေးဟောင်း နယ်မြေရဲ့ ချန်ပီယံ ဖြစ်လာတယ်၊ ... ”
“ ... အခု ဇောင်ရွှမ်ကို သတ်ပြီး၊ ယန်မိုနဲ့ ရင်ဆိုင် နေရတယ်၊ ဒါက ဓားဂိုဏ်းရဲ့ ကံကြမ္မာ အကြွေးကို ရယူ နေတာလို့ ငါထင်တယ်၊ ... ”
“ ... ဒီလိုသာ ဆိုရင်၊ လက်စား ချေဖို့ ယန်မိုကို သတ်ရ လိမ့်မယ်၊ သူ့အပေါ် ဓားဂိုဏ်း ရဲ့ ကံကြမ္မာက အုပ်စိုး နေပြီ။ ”
မြင့်မြတ်သော မဟာမိတ် အဖွဲ့သည် အမြဲတမ်း ကြားနေ ဖြစ်သောကြောင့်၊ ဓားဂိုဏ်း ဖျက်ဆီး ခံရခြင်း အကြောင်းကို၊ သဘာဝ ကျကျ သိထား လေသည်။
ဂိုကျန်းရှန်က သူ့ အမြင်ကို ထုတ်ဖော် လိုက်သော အခါတွင်၊ လူတိုင်းက စဉ်းစားခန်း ဝင်လာ ကုန်၏။
လင်းယွန်မှာ အခြားသော ချန်ပီယံနှင့် နှိုင်းယှဉ် ပါလျှင်၊ အခြေခံ အားဖြင့် ငရဲလမ်းကို ဖြတ်သန်း နေရ လေသည်။
“ အမှန်ပဲ ... ၊ ဒါက တကယ့် ကံကြမ္မာ လက်စား ချေပွဲ ဖြစ်ပုံ ရတယ်၊ ဓား ဂိုဏ်းရဲ့ သခင့်ဓားနဲ့ ပထမ ဓားသမား ဘွဲ့ကို ... ”
“ ... ပွဲတော်မှာ ရယူ နိုင်ခဲ့တယ်၊ ပြီးတော့ လင်းယွန်ရဲ့ ဂိုဏ်းကို၊ ဓားဂိုဏ်းရဲ့ အမွေ ဆက်ခံ တဲ့သူ တစ်ဦးက၊ တည်ထောင်ထား ခဲ့တာပဲ။ ”
ချင်တူး၏ ဖြည့်စွက် စကားကြောင့်၊ လူတိုင်း တုန်လှုပ် သွားကုန်သည်။ ဤသည်မှာ ကံကြမ္မာ ကစား ပွဲသာ ဆိုပါက၊ ယန်မို အတွက် အခြေ အနေ မကောင်း နိုင်ချေ။
“ ဟမ့် ... ၊ ဒါက ကံကြမ္မာ ကစားပွဲ ဖြစ်တော့ရော ဂရုစိုက် စရာလား၊ ငါတို့ရဲ့ ယန်မို ကို ဇောင်ရွှမ်လို အမှိုက် တစ်စက၊ ... ”
“ ... ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ၊ ဒီလင်းယွန်က ယန်မို လက်ကနေ၊ အသက် ရှင်လျက် လွတ်မြောက် နိုင်ရင် ကိုပဲ၊ လုံလောက် နေပြီ။ ”
“ အမှန်ပဲ ... ၊ သူ အသက် ရှင်လျက် ထွက်လာ နိုင်ရင် ကံကောင်းတယ်။ ”
အနောက်ဘက် တောင်တန်း ဒေသ၏ မဟာမိတ် တာဝန်ခံက၊ ဝင်ရောက် ထောက်ခံ လိုက်သည်။
သူတို့ ပြောသည်မှာ မမှား သောကြောင့်၊ အခြားသော နယ်မြေ၏ မဟာမိတ် အဖွဲ့ဝင် များမှာ၊ တိတ်ဆိတ် သွားသည်။
ယန်မိုမှာ ဇောင်ရွှမ်ထက် အားကောင်းပြီး၊ ဖန်းရှောင်ယု နီးနီး သန်မာ ပေ၏။ ပယင်းရောင် ကမ္ဘာ၌ သူနှင့် ဖန်းရှောင်ယု ခွန်အားမှာ၊ ကျန်သူ များကို ဖြတ်ချန်ထား နိုင်ခဲ့သည်။
ထို့ကြောင့် တောင်ပိုင်း ရှေးဟောင်း နယ်မြေမှ လူတိုင်း၊ စိုးရိမ် ထိတ်လန့် လာကြ သည်။
ဤစမ်းသပ် မှုတွင် ဓား ဂိုဏ်း၏ ကံကြမ္မာ၊ ပါဝင် ပတ်သတ် နေမည်ဟု၊ သူတို့ မမျှော်လင့် ထားသည်မှာ သဘာဝ ပေပင်။
***